ခရစ်ဆက်တန် ထောက်ပြတဲ့ မိုဒရစ်၊ ခရူးစ်၊ ဗယ်ဗာဒီ၊ ချူဝါမန်နီ တို့ကို ရင်ဆိုင်ဖို့ ချယ်ဆီး ကွင်းလယ်မှာ သေချာပေါက် ထည့်သွင်းရမယ့် ကွင်းလယ်လူ

ချယ်ဆီးအသင်းဟာ ဒီညမှာ ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပကျော့ ရင်ဆိုင် ကစားရတော့မှာ ဖြစ်ပါတယ်။

နည်းပြ လမ်းပတ် ပြန်ကိုင်တွယ်တဲ့ ပထမပွဲ ဝုဗ်နဲ့ ပွဲကတော့ အခြေမလှခဲ့ပါဘူး။ ဝါရင့် သုံးသပ်သူ တစ်ဦး ဖြစ်တဲ့ ခရစ်ဆက်တန်ကတော့ ချယ်ဆီးဟာ ရီးရဲလ်နဲ့ ပွဲမှာ လူကာ မိုဒရစ်ကို တားဆီးဖို့ ကွင်းလယ် ကစားသမား ကန်တေ ကို ထည့်ဖြစ်အောင် ထည့်သုံးရမယ်လို့ သတိပေး တိုက်တွန်းလိုက်ပါတယ်။

” ပြီးခဲ့တဲ့ ရှုံးထွက်အဆင့်မှာ လီဗာပူး ကွင်းလယ်ဟာ ရီးရဲလ်မက်ဒရစ်ရဲ့ လွှမ်းမိုးခြင်း ခံခဲ့ရပါတယ်။ ချယ်ဆီးက ဒါမျိုး အဖြစ်ခံလို့ မရဘူး။ အန်ဂိုလို ကန်တေ က ဒီပွဲ မတိုင်ခင် ထရိန်နင် ပြန်ဆင်းနေနိုင်ပြီး ဒါက ကြီးမားတဲ့ အင်အား တစ်ရပ်ပါပဲ။

လွန်ခဲ့တဲ့ ၂နှစ်က ချယ်ဆီး ဟာ ရီးရဲလ်ကို ဆီမီးဖိုင်နယ်မှာ အနိုင်ယူ ကျော်ဖြတ်ခဲ့စဉ်က ကန်တေ ဟာ နှစ်ကျော့လုံး ပွဲစဉ် အကောင်းဆုံး ကစားသမား ဆုတွေ ရခဲ့တာပါ။ နောက်ပြီး မန်စီးတီးနဲ့ ဖိုင်နယ်ပွဲမှာရောပဲ။

ရီးရဲလ်က လူကာမိုဒရစ်၊ တိုနီ ခရူးစ်၊ ဖက်ဒရီကို ဗယ်ဗာဒီ၊ ကာမာဗင်ဂါနဲ့ ချူဝါမန်နီ တို့လို အလန်းစား ကွင်းလယ်နဲ့ အင်အား သိပ်တောင့်ပါတယ်။ ကန်တေကပဲ သူတို့ကို ဟန့်တားနိုင်မှာပါ။

ဒဏ်ရာကနေ ပြန်လာတဲ့ သူ့ကို ထည့် ကစားဖို့ ဆိုတာကလည်း စွန့်စားရတာပဲ။ ဒါပေမယ့် သူက မိုဒရစ်နဲ့ အဖွဲ့ဆီက ဘောလုံး ဖြတ်ယူနိုင်မယ့် တကယ့် ထိပ်တန်း တစ်ယောက် ဖြစ်နေတယ်။ ” လို့ သုံးသပ်ထားပါတယ်။

ဒါ့အပြင် တိုက်စစ်မှူး အူဘာမီးယန်းကို ယခင် နည်းပြ ပေါ်တာ ရှိစဉ်က ချန်ပီယံလိဂ် လူစာရင်းကနေ ဖယ်ထုတ် ခဲ့တာကြောင့် ဒီပွဲ မပါဝင်နိုင်တာ အတွက်လည်း ဆက်တန်က နှမြောနေပြီး အူဘာသာ ပါဝင် ကစားနိုင်ရင် သက်ရောက်မှုကြီး ရှိနိုင်တယ်လို့လည်း ဆိုခဲ့ပါတယ်။