ချန်ပီယံလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့် မဲခွဲမှုရလဒ်တွေ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒီအဆင့်မှာတော့ ဖိုင်နယ်ထိ ရောက်ရှိသွားမယ့် လမ်းကြောင်းကိုပါ တခါတည်း ထွက်ပေါ်စေပါတယ်။
လက်ရှိ ချန်ပီယံ ရီးရဲလ်မက်ဒရစ်က မနှစ်ကလိုပဲ ချယ်ဆီးနဲ့ ထပ်မံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ရီးရဲလ် vs ချယ်ဆီး အတွဲက ကျော်ဖြတ်နိုင်တဲ့ အသင်းဟာ မန်စီးတီး vs ဘိုင်ယန်မြူးနစ် အတွဲက အနိုင်ရမယ့် အသင်းနဲ့ ထိပ်တိုက်တွေ့ပါမယ်။
အခြားအတွဲမှာတော့ စီးရီးအေအတွဲ ထိပ်တိုက်တွေ့မှုအဖြစ် အေစီမီလန် vs နာပိုလီတို့ တွေ့ဆုံနေပါတယ်။ ၎င်းအတွဲကနေ အနိုင်ရတဲ့အသင်းက ဘင်ဖီကာ vs အင်တာမီလန် အတွဲက တက်လာမယ့် အသင်းနဲ့ ထိပ်တိုက်တွေ့ဦးမှာ ဖြစ်ပါတယ်။
ကွာတားဖိုင်နယ် အတွဲ ၄ တွဲ
- ရီးရဲလ်မက်ဒရစ် vs ချယ်ဆီး
- ဘင်ဖီကာ vs အင်တာမီလန်
- မန်စီးတီး vs ဘိုင်ယန်မြူးနစ်
- အေစီမီလန် vs နာပိုလီ
The top half of the Champions League bracket is stacked ? pic.twitter.com/NHFeDLwfMK
— B/R Football (@brfootball) March 17, 2023
ဆီမီးဖိုင်နယ်အဆင့် လမ်းကြောင်း
- ရီးရဲလ် – ချယ်ဆီး vs မန်စီးတီး – ဘိုင်ယန်
- အေစီမီလန် – နာပိုလီ vs ဘင်ဖီကာ – အင်တာမီလန်
ဘယ်အချိန်မှာ ကွာတားအဆင့် ပွဲတွေကို ယှဉ်ပြိုင်မှာလဲ?
ဧပရယ်လနဲ့ မေလမှာ ကွာတားနဲ့ ဆီမီးအဆင့် ပွဲတွေကို ယှဉ်ပြိုင်ကာ ဗိုလ်လုပွဲကိုတော့ ဇွန်လ ၁၀ ရက်နေ့ တူရကီနိုင်ငံ အစ္စတန်ဘူလ်မှာ ယှဉ်ပြိုင်မှာပဲ ဖြစ်ပါတယ်။
