ပရီးမီးယားလိဂ် စံချိန်တင် ခေါ်ယူမှုကြီးတွေမှာ ဗန်ဒိုက်ကလွဲလို့ အခြားသော အပြောင်းအရွှေ့တွေဟာ မျှော်လင့်သလို ဖြစ်မလာခဲ့ကြပါဘူး။ ဆန်ချို၊ ပီပီ၊ ကီပါတို့ကလည်း ပြောင်းရွှေ့ကြေး ပေါင် သန်း ၇၀ ကျော် ကုန်ကျခဲ့ပေမယ့် အောင်မြင်တဲ့ ခေါ်ယူမှုတွေ မဟုတ်ခဲ့ပါဘူး။
ပရီးမီးယားလိဂ်သမိုင်းတလျှောက် ဈေးအကြီးဆုံး ခေါ်ယူမှု ၁၀ ခုစာရင်းဟာ အောင်မြင်ခဲ့သလား? ကျရှုံးခဲ့သလား? ဆိုတာကို ဗြိတိန်သတင်းဌာန ဒေးလီးမေလ်းက အဆင့်ခွဲမှုတွေအား Sports Home Time ကနေ ဘောလုံးပရိသတ်တွေအတွက် ပြန်လည် မျှဝေပေးသွားမှာ ဖြစ်ပါပါတယ်။
- ရိုမဲလူ လူကာကူ (ပေါင် ၇၅ သန်း)
- အဲဗာတန်မှ မန်ချက်စတာယူနိုက်တက်
သူဟာ ၂၀၁၉ မှာ အင်တာမီလန်ကို မထွက်သွားခင် အိုးထရက်ဖို့ဒ်မှာ စုစုပေါင်း ၉၆ ပွဲကစား ၄၂ဂိုး သွင်းယူခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ဂိုးသွင်း ခြေစွမ်းဟာ အမြဲတမ်း မေးခွန်းထုတ်ခံခဲ့ရတယ်။ အဲ့တုန်းက ယူနိုက်တက်ဟာ တိုက်စစ်ဆင်ဖို့ ရုန်းကန်ခဲ့ရတာကြောင့် အဆုံးသတ်ဖို့ တာဝန်ယူရတဲ့ လူကာကူအတွက် အခွင့်အရေးက အနည်းငယ်ပဲ ရခဲ့တာဖြစ်ပါတယ်။
အဆင့်သတ်မှတ်ချက် – ၄/၁၀
- ဗန်ဒိုက် (ပေါင် ၇၅ သန်း)
- ဆောက်သမ်တန်မှ လီဗာပူး
ခံစစ်မှူးတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင် အပြောင်းအရွှေ့ကို ကြေညာချိန်မှာ လူအများ အံ့ဩခဲ့ကြပေမယ့် ဗန်ဒိုက်ဟာ လီဗာပူးကို ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ဖလား အောင်မြင်အောင် ပြောင်းလဲပေးခဲ့တာပါ။ ဗန်ဒိုက်ဟာ ဘလွန်းဒေါလ်ဆုပေးပွဲမှာ မက်ဆီရဲ့နောက် ဒုတိယနေရာ ရခဲ့သလို ၅ နှစ်အတွင်း ချန်ပီယံလိဂ်ဖလား ၃ ကြိမ် တက်ရောက်နိုင်တဲ့ လီဗာပူးအသင်းရဲ့ အဓိက အသင်းသားဖြစ်ပါတယ်။
အဆင့်သတ်မှတ်ချက် – ၁၀/၁၀
- မက်ဂွိုင်းယား (ပေါင် သန်း ၈၀)
- လက်စတာမှ မန်ချက်စတာ ယူနိုက်တက်
ဗန်ဒိုက်ကို ကျော်ပြီး ဈေးအကြီးဆုံး နောက်ခံလူဖြစ်ခဲ့တဲ့ မက်ဂွိုင်းယားဟာ သူ့တန်ကြေးနဲ့ ထိုက်တန်မှုကို ပြသဖို့ ရုန်းကန်ခဲ့ရပါတယ်။ ပထမ ၂ ရာသီမှာ သူဟာ ယူနိုက်တက်အတွက် မိနစ်တိုင်းနီးပါး ပါဝင်ကစားခဲ့ပါတယ်။ တန်ဟက်လက်ထက် ယူနိုက်တက်မှာ သူ့ရဲ့နေရာ၊ အသင်းခေါင်းဆောင် ရာထူးတွေက ဆက်တိုက် မေးခွန်းထုတ်ခံခဲ့ရပြီးနောက် ဒီရာသီမှာ အရံအဆင့်ကို လျှော့ချခံခဲ့ရပါတယ်။
အဆင့်သတ်မှတ်ချက် ၄/၁၀
- ဒါဝင်နူညက် (ပေါင် ၈၅ သန်း)
- ဘင်ဖီကာမှ လီဗာပူး
ဒီရာသီ ၂၅ ပွဲမှာ ၁၀ ဂိုးသွင်းယူခဲ့ပေမယ့် သူ့အနေနဲ့ အဲ့ထက်နှစ်ဆ ရသင့်တယ်လို့ ပြောလို့ရပါတယ်။ သူ့ရှေ့မှာ ကြီးမားတဲ့အနာဂတ် ရှိနေဆဲဖြစ်ပြီး အဆုံးသတ်ပိုင်း စွမ်းရည် ပိုကောင်းလာရင်၊ ကလော့ပ်ရဲ့ နည်းစနစ်မှာ ပိုမို အံဝင်လာမယ် ဆိုရင် အန္တရာယ်ကြီးတဲ့ ကစားသမား ဖြစ်လာပါလိမ့်မယ်။
အဆင့်သတ်မှတ်ချက် – ၅/၁၀
- အန်တိုနီ (ပေါင် ၈၅ သန်း)
- အေဂျက်မှ မန်ချက်တာ ယူနိုက်တက်
ဒီရာသီ ပြိုင်ပွဲစုံ ၂၂ ပွဲမှာ ၅ဂိုးသွင်း၊ ၁ဂိုး ဖန်တီးပေးထားတဲ့ အန်တိုနီရဲ့ ခြေစွမ်းဟာ ဒီနောက်ပိုင်းမှာ တိုက်ရိုက် ဝေဖန်ခံရမှုတွေ ရှိနေပါတယ်။ သူ့ကစားပုံက အမြဲတမ်း ခန့်မှန်းရလွယ်ကူနေခဲ့တယ်။ ဒါပေမယ့် တန်ဟက်ရဲ့ သဘောကျမှုကို ရထားတာမို့ သူ့ကိုယ်သူ သက်သေပြဖို့၊ ယူနိုက်တက်ရဲ့ ကစားပုံနဲ့ ပိုအံဝင်အောင်လုပ်ဖို့ အခွင့်အရေးတွေ အများကြီးရဦးမှာပါ။
အဆင့်သတ်မှတ်ချက် – ၅/၁၀
- မိုင်ခေလို မူဒရက်ခ် (ပေါင် ၈၈ သန်း)
- ရှက်တာဒိုးနတ်မှ ချယ်ဆီး
လီဗာပူးနဲ့ ဂိုးမရှိသရေပွဲမှာ သူပါဝင်ကစးခဲ့ရတဲ့ တဖြတ်လေးနဲ့ပဲ သူ့မှာ အရည်အချင်းရှိသူ ဆိုတာ မြင်သာစေပါတယ်။ ဒါပေမယ့် နေရာပြိုင်ဆိုင်မှုတွေ သိပ်ပြင်းထန်နေမယ့် ချယ်ဆီးမှာ သူ အပြည့်အဝ အထိုင်ကျဖို့တော့ အချိန်ယူရပါလိမ့်မယ်။ ကလပ်ကိုရောက်တာ ၂ပတ်လောက်ပဲ ရှိသေးလို့ သူ့ကို အဆင့်သတ်မှတ်ပေးဖို့က စောလွန်းနေပါသေးတယ်။
ကိုင်ဟားဗတ် (ပေါင် ၈၉ သန်း)
လေဗာကူဆင်မှ ချယ်ဆီး
မန်စီးတီးကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ဖိုင်နယ်မှာ တစ်လုံးတည်းသော အဆုံးအဖြတ် ဂိုးကို သွင်းယူခဲ့သူ ဖြစ်ပါတယ်။ နည်းပြ အပြောင်းအလဲတွေ အတွင်း ကိုင်ဟားဗတ် ရုန်းကန်ခဲ့ရပါတယ်။ ဒီရာသီမှာ သူ့ရဲ့ခြေစွမ်းက မေးခွန်းထုတ်ခံခဲ့ရပြီး ၆ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ လူသစ်တွေ များစွာ ရောက်လာပေမယ့် ချယ်ဆီးရဲ့ အနာဂတ်မှာ ဟားဗတ် ပါဝင်နေဆဲ ဖြစ်နေမှာပါ။
အဆင့်သတ်မှတ်ချက် – ၇/၁၀
- ပေါလ်ပေါ့ဘာ (ပေါင် ၈၉ သန်း)
- ဂျူဗင်တပ်မှ မန်ချက်စတာယူနိုက်တက်
၂၀၁၇ လိဂ်ဖလားနဲ့ ယူရိုပါလိဂ်ဟာ အိုးထရက်ဖို့ဒ်မှာ ၆နှစ်အတွင်း သူရခဲ့သမျှ အကုန်ပါပဲ။ မတည်ငြိမ်တဲ့ ခြေစွမ်း၊ ဒဏ်ရာပြဿနာတွေကြောင့် ဒုတိယအကြိမ် အိမ်ပြန်ခရီးက မချောမွေ့ခဲ့ပါဘူး။ ယူနိုက်တက်အတွက် ဗိုင်းရပ်စ်လို ကစားသမား အဖြစ် ညွှန်းဆိုခဲ့ရပြီး သူထွက်ခွာသွားတာကို ဘယ်သူမှ မလွမ်းတာကို ကြည့်ရင် မန်ချက်စတာမှာ ကျရှုံးခဲ့တယ်ဆိုတာ မြင်သာပါလိမ့်မယ်။
အဆင့်သတ်မှတ်ချက် – ၄/၁၀
- ရိုမဲလူ လူကာကူ (ပေါင် ၉၈ သန်း)
- အင်တာမီလန်မှ ချယ်ဆီး
မီလန်မှာ အထင်ကြီးစရာ ၂နှစ် ခြေစွမ်းကြောင့် ပိုကောင်းတဲ့ ကစားသမားအဖြစ် အင်္ဂလန်ကို ပြန်လာဖို့ မျှော်လင့်ခဲ့ပေမယ့် တူချယ်လက်အောက် ချယ်ဆီးမှာ လုံးဝ အံမဝင်ခဲ့သလို ကြံ့ခိုင်မှုပိုင်းမှာပါ ရုန်းကန်ခဲ့ရပါတယ်။ ချယ်ဆီးမှ မပျော်တော့ဘူးလို့ ထုတ်ပြောခဲ့ကာ မြန်မြန်ဖြစ်လာတဲ့ အကွဲအပြဲတွေကြောင့် ပရီးမီးယားလိဂ်ရဲ့ ဈေးအကြီးဆုံး ကျရှုံးမှုလို့ သတ်မှတ်ရပါမယ်။
အဆင့်သတ်မှတ်ချက် – ၁/၁၀
- ဂျက်ဂရီးလစ်ရှ် (ပေါင် သန်း ၁၀၀)
- အက်စ်တွန်ဗီလာမှ မန်ချက်စတာ စီးတီး
၂ ရာသီအတွင်း ၆၄ ပွဲမှာ သူဟာ ၈ ဂိုးသွင်း၊ ၈ ဂိုး ဖန်တီးမှုသာ လုပ်နိုင်ခဲ့ပါတယ်။ ဗီလာမှာတုန်းက အရာအားလုံးဟာ သူ့ကိုတည်ပြီး လည်ပတ်ခဲ့ပေမယ့် စီးတီးမှာတော့ လိုက်လျောညီထွေဖြစ်ဖို့ ခက်ခဲတယ်လို့ သူကိုယ်တိုင် ဝန်ခံခဲ့ပါတယ်။ ဒီရာသီမှာ သူ့ခြေစွမ်း တိုတက်လာခဲ့ပေမယ့် ဂွာဒီယိုလာအနေနဲ့ သူ့ကို ရေရှည်ပလန်တွေမှာ ထည့်သွင်းထားလား စောင့်ကြည့်ရပါလိမ့်မယ်။
အဆင့်သတ်မှတ်ချက် – ၆/၁၀
