မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်ဆီးတို့ဟာ ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ ဆာဘစ်ဇာကို အငှားခေါ်ယူဖို့အတွက် စကားပြောနေကြပြီ ဖြစ်ပါတယ်။
ယူနိုက်တက် ကွင်းလယ်လူ အဲရစ်ဆန်ဟာ ခြေကျင်းဝတ် ဒဏ်ရာကြောင့် လအတန်ကြာ အနားယူရမှာဖြစ်ပြီး မေလ အစပိုင်းလောက်မှ ပြန်ကစားနိုင်မယ်လို့ သိရပါတယ်။
အာဆင်နယ်ဟာ ချယ်ဆီး ကွင်းလယ်လူ ဂျော်ဂျင်ဟိုကို ပေါင် ၁၂ သန်းဖြင့် ခေါ်ယူခဲ့ပြီဖြစ်ကာ တစ်နှစ်ခွဲ စာချုပ်ချုပ်ဆိုသွားမှာပါ။ စာချုပ်မှာတော့ နောက်ထပ် ၁ နှစ် ထပ်မံ သက်တမ်းတိုးခွင့် ပါဝင်ပါတယ်။
ကန်ဆယ်လိုဟာ မန်စီးတီးမှာ ပုံမှန် ပွဲထွက်ခွင့် မရတဲ့နောက် ဆိုးရွားတဲ့ အပြုအမှုတွေ ပြသခဲ့ကာ နည်းပြအဖွဲ့နဲ့ အသင်းကို အနှောက်အယှက်ဖြစ်စေမယ့် လုပ်ရပ်တွေ ရှိခဲ့တာကြောင့် ဘိုင်ယန်ထံ ရောက်ရှိခဲ့ခြင်း ဖြစ်ပါတယ်။
လီဗာပူးအသင်း ခံစစ်မှူး ကိုနာတေးဟာ တံကောက်ကြော ဒဏ်ရာကြောင့် ၃ ပတ် အနားယူရမှာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ပွဲကိုပါ လွဲချော်နိုင်ချေ ရှိနေပါတယ်။ ဒဏ်ရာကြောင့် နားနေရတဲ့ ဗန်ဒိုက်ကလည်း အဆိုပါပွဲမှာ ပါနိုင်မယ် မသေချာသေးပါဘူး။
New injury blow for Liverpool, with Ibrahima Konaté facing up to three weeks out with a hamstring injury suffered at Brighton.
Misses the Merseyside derby and faces a race to be fit for Real Madrid first leg too. Could impact Nat Phillips' hopes of leaving today.#LFC pic.twitter.com/hHcKFkuA07
— Neil Jones (@neiljonesgoal) January 31, 2023
ကွင်းလယ်လူ ကလယ်ဟာ ဟာ ချယ်ဆီးကနေ ထွက်ခွာခဲ့ရင် အဲဗာတန်ထံ ပြောင်းဖို့ထက် နယူးကာဆယ်လို အသင်းထံ ပြောင်းဖို့ ပိုမို အားသန်နေပါတယ်။
ချယ်ဆီးအသင်းဟာ ဘင်ဖီကာကနေ အန်ဇို ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ သီးသန့် ဂျက်လေယာဉ်ကိုတောင် လွတ်ခဲ့ပြီဖြစ်ကာ ညိနှိုင်းမှုကို အမြန်ဆုံး အဆုံးသတ်လိုနေပါတယ်။
မန်စီးတီးဟာ လာမယ့် နွေစျေးကွက်မှာ လက်စတာအသင်းကနေ မတ်ဒီဆန်ကို ခေါ်ယူဖို့ ပြင်ဆင်ထားခဲ့ပြီ ဖြစ်ပါတယ်။
အာဆင်နယ် ကွင်းလယ်လူ အန်နီနီဟာ ဒူးဒဏ်ရာကြောင့် ရာသီကုန်ထိ အနားယူရပြီဖြစ်ကြောင်း ကလပ်ဘက်က အတည်ပြုပါတယ်။
ဘရိုက်တန် ကွင်းလယ်လူ ကိုင်ဆီဒိုဟာ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ အာဆင်နယ် အသင်းထံ ပြောင်းရွှေ့နိုင်ချေ ရှိနေဆဲဖြစ်ပါတယ်။
