မန်ချက်စတာ ယူနိုက်တက်နဲ့မှ တွေ့ရလေခြင်း လို့ ညည်းညူသွားတဲ့ ဘာစီလိုနာ နည်းပြ ဇာဗီ

ယူရိုပါလိဂ် ၁၆ သင်းအဆင့် မတိုင်ခင် play-off ပွဲစဥ်တွေအတွက် မဲခွဲမှုမှာ ယူနိုက်တက်နဲ့ ဘာစီလိုနာတို့ ထိပ်တိုက်တွေ့ခဲ့ပြီ ဖြစ်ပါတယ်။

ယူရိုပါလိဂ်ဖလား အနိုင်ရမယ်လို့ ရေပန်းစားနေတဲ့ ကလပ်နှစ်သင်း ထိပ်တိုက်တွေ့တဲ့ ဒီပွဲစဉ်ဟာ play-off အဆင့်အတွက် စိတ်လှုပ်ရှားစရာ အကောင်းဆုံး ပွဲစဉ် ဖြစ်လာခဲ့ပါတယ်။ ဘာစီလိုနာ နည်းပြဇာဗီကတော့ ပြိုင်ဘက်က ယူနိုက်တက် ဖြစ်နေတာကို ပျော်ရွှင်ခဲ့ခြင်း မရှိပါဘူး။

” ယူရိုပါလိဂ် မဲခွဲတာ မန်ချက်စတာ ယူနိုက်တက်နဲ့ တွေ့တယ်? ဒီတခါလည်း ကျနော်တို့ တွေ့စရာ ပြိုင်ဘက်တွေထဲကမှ အခက်ခဲဆုံး ကို တွေ့တာပဲ၊ သေချာ ကောင်းကောင်း ကစားမှ ဖြစ်မယ်။

မန်ချက်စတာ ယူနိုက်တက်က အသင်းကောင်း တစ်သင်းပါ။ တန်ဟက် တာဝန်ယူတည်းက အများကြီး တိုးတက်လာနေတယ်။ တစ်ဦးချင်းစီ အရလည်း ထူးချွန်တဲ့ ကစားသမားကောင်းတွေ အများကြီး ရှိထားတယ်။

သမိုင်း အစဉ်အလာကောင်းလည်း ရှိတဲ့ အသင်း ဖြစ်ပြီး အများကြီး တိုးတက်လာနေတာပါ၊ ရှိတဲ့ သူတွေ့လည်း ကစားသမားကောင်းတွေ။ ဒါက ကျနော်တို့ အတွက်တော့ အဆိုးဆုံး မဲခွဲရလဒ် ပါပဲ။

ကျနော့် ကစားသမားတွေကတော့ မန်ချက်စတာ ယူနိုက်တက်နဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်လို့ တက်ကြွနေပါလိမ့်မယ်။ ဘာကာ က ယူရိုပါလိဂ် တစ်ခါမှ မရဖူးပါဘူး။ ဒါက စိန်ခေါ်မှု တစ်ခုပဲ။ ကျနော်တို့ ကြိုးစားပြီး ဗိုလ်စွဲဖို့ ရည်မှန်းချက်ထား ယှဉ်ပြိုင်မှာပါ။ ” လို့ ဇာဗီက ပြောဆိုခဲ့ပါတယ်။

ဘာစီလိုနာက မန်ချက်စတာ ယူနိုက်တက်နဲ့ နောက်ဆုံး ရင်ဆိုင်ခဲ့တာ ၂၀၁၉ တုန်းက ဖြစ်ပြီး ထိုစဉ်က မက်ဆီ အသင်းမှာ ရှိခဲ့သေးပါတယ်။

ဒီတကြိမ် ထိပ်တိုက်တွေ့တဲ့ ယူရိုပါလိဂ် ၃၂ သင်း ရှုံးထွက်အဆင့်ကတော့ လာမယ့် ဖေဖော်ဝါရီကျမှ ကစားရမှာ ဖြစ်ပါတယ်။