ဒီတပတ် ကြားရက် ပရီးမီးယားလိဂ် ပွဲစဉ်တွေ အတွက် ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ဖြစ်တဲ့ ခရစ်ဆက်တန် က အခုလို သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။
Liverpool vs West Ham United
ပွဲချိန်။ ။ အောက်တိုဘာ ၂ဝ ရက်၊ ကြာသပတေးနေ့၊ နံနက် ၁ နာရီ။

ကျနော်က ဒီတလော လီဗာပူး ပရိသတ်တွေဆီက ပြင်းထန်တဲ့ ဝေဖန်မှုတွေ ခံနေရပါတယ်။
ဒါပေမယ့် ပွဲပြီးတဲ့ချိန် ပရိသတ်တွေ ဒီလို ပြောကြတာ ပေါက်ကွဲကြတာ ကျနော် သဘောကျပါတယ်။ မန်ချက်စတာ စီးတီးကို အနိုင်ယူပြီးမှ သူတို့ လာပြောတာ ပါးနပ်ရာကျပါတယ်။ ဒါပေမယ့် ယေဘူယျအားဖြင့် ပြောမယ်ဆိုရင် ပွဲမတိုင်ခင်မှာ ကျနော် ခန့်မှန်းထားတဲ့ အနေအထား အတိုင်းပဲ ရှိနေခဲ့တာပါ။
ဒါပေမယ့် လီဗာပူး စီးတီးကို ရင်ဆိုင် ကစားသွားပုံက လုံးဝ အထင်မကြီးဘဲ မနေနိုင်လောက်အောင်ပါပဲ။ အထူးသဖြင့် သူတို့ ခံစစ်လိုင်းက အကောင်းဆုံး အနေအထား ရှိနေခဲ့တယ်။
ပွဲချိန် ဒုတိယပိုင်းမှာ လီဗာပူး ပရိသတ်တွေက သူတို့ အသင်းကို တကယ်ကြီး တွန်းအားပေးနိုင်၊ အန်းဖီးမှာ တက်ကြွစေနိုင်ခဲ့တဲ့ အခိုက်အတန့်လည်း ရှိခဲ့တယ်။
လီဗာပူးက လမ်းကြောင်းမှန်ပေါ် ဆက်သွားနိုင်မယ် လို့ ကျနော် ထင်တယ်။ ဝက်စ်ဟမ်း ခံစစ်ကလည်း အခြေအနေ မကောင်းဘူး ဆိုတော့ လီဗာပူးအတွက် ပိုတောင် အထောက်အကူ ဖြစ်ဦးမယ်။ ဒါပေမယ့် Gianluca Scamacca က တစ်ဂိုးလောက်တော့ သွင်းပါလိမ့်မယ်။
ခရစ်ဆက်တန် ခန့်မှန်းရလဒ်။ ။ Liverpool 3-1 West Ham United
Brentford vs Chelsea
ပွဲချိန်။ ။ အောက်တိုဘာ ၂ဝ ရက်၊ ကြာသပတေးနေ့၊ နံနက် ၁ နာရီ။

တနင်္ဂနွေနေ့က အက်စတွန်ဗီလာကို ရင်ဆိုင်ရာမှာ ချယ်ဆီးတို့ အသာရခဲ့ပေမယ့် ဒီပွဲမှာတော့ ရမှတ် ဆုံးရှုံးမယ်လို့ ထင်ပါတယ်။
ဘရန့်ဖိုဒ့်အသင်းနဲ့ ပတ်သက်ပြီး ဘာတွေ မျှော်လင့်ရမယ်ဆိုတာ မသိပေမယ့် ဘရိုက်တန်ကို ရင်ဆိုင်ရတဲ့ပွဲမှာ သူတို့ တိုက်စစ် ပုံစံကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။ အဲ့ပွဲတုန်းကလို စွမ်းဆောင်ရည် ပြသနိုင်မယ်ဆိုရင် ဒီပွဲမှာ သူတို့ ရလဒ် တစ်ခုခုရပါလိမ့်မယ်။ အထူးသဖြင့် ချယ်ဆီးတို့ ပုံစံကောင်းရဖို့ ကြိုးစားနေရတဲ့ ဒီလိုအခြေအနေမှာပေါ့။
ခရစ်ဆက်တန်ရဲ့ ရလဒ်ခန့်မှန်းချက်။ ။ Brentford 1-1 Chelsea
Manchester United vs Tottenham Hotspur
ပွဲချိန်။ ။ အောက်တိုဘာ ၂ဝ ရက်၊ ကြာသပတေးနေ့၊ နံနက် ၁း၄၅ နာရီ။
မန်ချက်စတာ ယူနိုက်တက်က နယူးကာဆယ်နဲ့ ပွဲမှာ ကံဖေးမမှု ခံခဲ့ရပါတယ်။ ဒီတပတ် စပါးနဲ့ ပွဲမှာတော့ ဇာတ်ကြောင်းက တူညီတော့မှာ မဟုတ်ဘူး။ ဟယ်ရီကိန်းက အခွင့်အရေး ရလာရင် ရအောင် အသုံးချတတ်တဲ့ ကစားသမားမျိုးပါ။
တဖက်မှာတော့ ယူနိုက်တက်ဟာ နယူးကာဆယ်နဲ့ ပွဲမှာ အစွယ် မရှိတဲ့ ပုံစံမျိုး တွေ့ခဲ့ရတယ်။ သူတို့က ဖျားနာနေတဲ့ အဲရစ်ဆန် မပါခဲ့ဘူး၊ ဒီအပတ် ပွဲလည်း မသေချာသေးဘူး။ စပါးကို ရင်ဆိုင်ဖို့ အသင်းဟောင်း အကြောင်း သိတဲ့ အဲရစ်ဆန်ကို ယူနိုက်တက်တို့ လိုပါလိမ့်မယ်။
ဒါပေမယ့် အဲရစ်ဆန် ပါဝင် ကစားတယ် ဆိုရင်တောင် ကျနေ်ာကတော့ အန်တိုနီယို ကွန်တီရဲ့ တော့တင်ဟမ် ရဲ့ ကောင်တာတိုက်စစ်နဲ့ နိုင်ပွဲ ယူသွားမယ်လို့ မှန်းချင်ပါတယ်။ ကိန်းကလည်း ပင်နယ်တီ ထပ်ရအောင် ယူပြီး ဝင်အောင်လည်း သွင်းသွားနိုင်သေးတယ်။
ခရစ်ဆက်တန် ခန့်မှန်းရလဒ်။ ။ Manchester United 1-3 Tottenham Hotspur
အခြားပွဲစဉ်များအတွက် ခရစ်ဆက်တန် ခန့်မှန်းရလဒ်များ
- Brighton 2-0 Nottingham Forest
- Crystal 1-1 Palace Wolves
- Bournemouth 2-1 Southampton
- Newcastle United 2-0 Everton
- Fulham 1-1 Aston Villa
- Leicester City 1-4 Leeds United
