ဒီအပတ် လီဗာပူးနဲ့ မန်စီးတီးတို့ ထိပ်တိုက်တွေ့မှု အပါအဝင် ပရီးမီးယားလိဂ် ပွဲကောင်းတွေအတွက် နာမည်ကျော် ဘောလုံးခန့်မှန်းသူ ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ချက်တွေနဲ့ ရလဒ် ခန့်မှန်းချက်တွေကို ဖော်ပြမှာဖြစ်ပါတယ်။
Tottenham Hotspur vs Everton
ပွဲချိန်။ ။ အောက်တိုဘာ ၁၅ ရက်၊ စနေနေ့ ည ၁၁ နာရီ။

ကွန်တီလက်အောက်မှာ စပါးတို့ စပြီး လုပ်ပြနေပါပြီ။ ဆွန်မပါချိန်မှာ အနေအထားကောင်းကို ယူထားနိုင်တဲ့ စပါးက ဆွန်ကို ပုံမှန်ပွဲထွက်ခွင့် ပြန်ပေးနေပြီး သူကလည်း အကောင်းဆုံး လုပ်ပြနေပါတယ်။ သူတို့ အရမ်းကြီး မကောင်းသေးဘူးဆိုရင်တောင် အမှတ်ပေးဇယား အဆင့် ၃ နေရာကို ရထားပါတယ်။
အာဆင်နယ်နဲ့ စပါးလို အသင်းတွေက ထိပ်ဆုံး ၄ သင်း ဝင်ခွင့်နေရာကို ဆက်ပြီး အာရုံစိုက်ထားသင့်ပါတယ်။ အသင်းကြီး ၂ သင်းကတော့ ထိပ်ဆုံးနေရာကို လွဲမှာဖြစ်ပြီး ကိုယ်အသင်းကို အဲ့ထဲ ပါလိုမှာ မဟုတ်ပါဘူး။ ကမ္ဘာဖလားအပြီးမှာလည်း ဆက်ကောင်းနေရပါမယ်။ ဒီလတွေထဲ တိုးတက်လာတဲ့ စပါးက ဒီပွဲကို အနိုင်ရသင့်ပါတယ်။
ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Tottenham Hotspur 2-1 Everton
Manchester United vs Newcastle
ပွဲချိန်။ ။ အောက်တိုဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့ ည ရး၃၀ နာရီ။

ဒီတလော နယူးကာဆယ် ကစားနေတာကို သဘောကျတယ်။ အရင်အပတ်က ဖူလ်ဟမ်ကို သူတို့တွေ လုံးဝ ဖျက်ဆီးခဲ့တယ်။ သူတို့ကို လေးစားရပါမယ်။ နယူးကာဆယ်မှာ ကောင်တာတွေကို အရှိန်နဲ့ ကစားနိုင်တဲ့ ကစားသမားတွေ ရှိထားပါတယ်။
အခုချိန်မှာ တန်ဟက်က ရော်နယ်ဒိုကို ပေးကစားရတော့မယ်။ ကျနော် အမြင်မှာ ရော်နယ်ဒိုက ကမ္ဘာအကောင်းဆုံး အဆုံးသတ်သမားပါ။ အဆုံးသတ် မကောင်းဘဲ ဂိုး ၇၀၀ ကို မပါဘူး။ သူ့ကို အခွင့်အရေးပေးရင် ဂိုးသွင်းမှာဖြစ်သလို ကမ္ဘာအခက်ခဲဆုံး ကိစ္စကို ခပ်လွယ်လွယ်လေး လုပ်ပြမယ့်သူပါ။
ကက်စမဲရိုးက အချိန်လိုပါတယ်။ သူ့ထံကနေ အများကြီး မြင်ရဖို့ ရှိနေပါတယ်။ ဒီပွဲက အဲဗာတန်ပွဲနဲ့ ခြားနားမှာဖြစ်ပြီး မန်ယူနိုက်တက်တို့ အကောင်းဆုံး လုပ်ပြဖို့ လိုပါတယ်။ ဒီပွဲအကြောင်း မသေချာပေမယ့် နယူးကာဆယ်အတွက် ဒီပွဲက ကြီးမားတဲ့ ပွဲစဉ် တစ်ခုပါ။
ဒီအပတ်မှာ ထိတ်လန့်သွားရမယ့် ရလဒ်မျိုး ထွက်ပေါ်မယ်လို့ ထင်ပါတယ်။ နယူးကာဆယ် ကစားသမားတွေက မန်ယူနိုက်တက်ကို နာကျင်စေပါလိမ့်မယ်။ သူတို့ မန်ယူနိုက်တက်ကို အနိုင်ယူမှာဖြစ်ပြီး အဲ့အတွက် အကောင်းဆုံး ပေးမှုတွေ လိုပါတယ်။ ကုန်ခဲ့တဲ့ သီတင်းပတ်တွေအတိုင်း ကစားနိုင်ရင် ဒီပွဲကို အတ်ဒီဟောင်တို့ အနိုင်ရပါလိမ့်မယ်။
ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Manchester United 1-2 Newcastle
Leeds United vs Arsenal
ပွဲချိန်။ ။ အောက်တိုဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့ ည ရး၃၀ နာရီ။

ဒီရာသီ ရှာခါ သိပ်ကောင်းနေပြီး တိုက်စစ်ကို ပိုလိုက်ခွင့်ရနေပါတယ်။ အာဆင်နယ်က ကစားသမား တစ်ဦးအပေါ် မူတည်နေတာ မဟုတ်ဘဲ ကစားသမားတိုင်း ခြေစွမ်းကောင်းပါတယ်။
ဘမ်ဝှိုက်တော့ ပုံမှန်မဟုတ်တဲ့ ညာအစွန်မှာ ကစားနေတာကြောင့် ကမ္ဘာဖလားမှာ ပါခွင့်ရမယ် မထင်ပါဘူး။ ဆာလာကို ရင်ဆိုင်ရာမှာ တိုမီယာဆုက သိပ်ကောင်းခဲ့ပါတယ်။ ဆာလာကို လုံးဝ ထိန်းချုပ်ထားနိုင်ခဲ့တယ်။
အာဆင်နယ်က နေရာတိုင်းမှာ ကစားသမားတိုင်း အကောင်းဆုံး ကစားနေတဲ့ အသင်းပါပဲ။ အခုချိန်မှာ ထိပ်ဆုံး ၄ သင်းထဲ ဝင်ဖို့ကို ဦးတည်ရမယ်။ ဒါပေမယ့် သူတို့ ဘာလုပ်နေတယ်ဆိုတာ သိပါတယ်။ ပရီးမီးယားလိဂ်မှာ ကစားနေပြီး အမှတ်ပေးဖလားကို အိပ်မက် မမက်ဘူးဆိုရင် ဘာလို့ ဒီမှာ ကစားနေမလဲ?
ဒီရာသီ အာဆင်နယ်ကစားတာ သိပ်ကောင်းတယ်။ ကုန်ခ့တဲ့ နှစ်တွေမှာ သူတို့ ဒီလိုပွဲကို နိုင်မလားဆိုတာ မသေချာဘူး။ ဒီအပတ်ပွဲကို အာဆင်နယ် မနိုင်ရင် ကျနော်တော့ အရမ်း အံ့သြမိမှာပဲ။
ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Leeds United 0-3 Arsenal
Aston Villa vs Chelsea
ပွဲချိန်။ ။ အောက်တိုဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့ ည ရး၃၀ နာရီ။

ဂရေဟမ်ပေါ်တာ လက်တလောမှာ သိပ်ကောင်းတဲ့ ရလဒ်အချို့ကို အေးအေးဆေးဆေးပဲ ရယူနေပါတယ်။ ကြီးမားတဲ့ သီတင်းပတ်တွေ ရောက်လာချိန်မှာ သူတို့က အလုပ်ကို အကောင်းဆုံး လုပ်နေပါတယ်။ ချယ်ဆီးက သူတို့နဲ့ ထိုက်တန်တာတွေကို လုပ်ပြနေတယ်။ အေစီမီလန်ကို နှစ်ပွဲဆက် အနိုင်ယူသလို ဝုဗ်ကိုလည်း သက်သောင့်သက်သာနဲ့ အနိုင်ယူခဲ့တယ်။
အရင်အပတ်ကတော့ ချယ်ဆီးတို့ ဖြုန်းတီးခဲ့ပါတယ်။ သူတို့ရဲ့ အခွင့်အရေးတွေကို အသုံးချနိုင်ခဲ့ရမှာပါ။ အက်စတွန်ဗီလာက ဒီအပတ်မှာ ခက်ခဲစေမှာဖြစ်ပေမယ့် ချယ်ဆီးက သူတို့အတွက်ဆို တောင့်တင်းလွန်းပါတယ်။
ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Aston Villa 1-3 Chelsea
Liverpool vs Manchester City
ပွဲချိန်။ ။ အောက်တိုဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့ ည ၁၀ နာရီ။

ဖာမင်နိုနဲ့ နူးညက်စ်တို့က ပုံစံကောင်းတွေ ရနေပါတယ်။ တိုက်စစ်သမားတွေက လီဗာပူးကို ကယ်တင်နေတယ်။ ဒီယက်စ် ဒဏ်ရာရသွားတော့ ဘယ်ခြမ်းကို တစ်ယောက်ယောက် ဖြည့်ပေးဖို့ လိုအပ်နေတယ်။ ပွဲကြီးတွေမှာ ကစားသမားတွေ ပုံမှန်နေရာ မဟုတ်ဘဲ ကစားရတာက ခက်ခဲပေမယ့် ဒီပွဲမှာ နူးညက်စ်ကတော့ ပွဲထွက်ရမှာပါ။
ဖာမင်နို နောက်နည်းနည်းချပြီး ကစားရင် လီဗာပူးက တိုက်စစ်သမား ၄ ဦးလုံးကို ပွဲထုတ်လို့ ရပါတယ်။ အာဆင်နယ်ပွဲမှာ သူတို့ တိုက်စစ်သမား အများကြီး ထုတ်သုံးခဲ့ပြီး ကွင်းလယ်ရဲ့ အကူအညီ လိုအပ်ခဲ့တယ်။ ဖာမင်နို ပွဲထွက်က မပါချိန် တိုက်စစ်သမား ၄ ဦး ပွဲထုတ်တာက လီဗာပူးအတွက် အဆင်မပြေခဲ့ပါဘူး။
ဆာလာ အတွင်းကို ပြေးလွှားနိုင်ချိန်တွေမှာ လီဗာပူးရဲ့ ကစားဟန်က သိပ်ကောင်းပါတယ်။ ပြဿနာက နူးညက်စ်က တိုက်စစ်ပိုင်း နေရာလွတ်တွေကို အသုံးချနေတာကြောင့် ဆာလာက အဲ့လို ဝင်ပြေးတာတွေ မလုပ်နိုင်ပါဘူး။ ကလော့ပ်က ဒီပြဿနာကို ကြိုမတွေးထားဘဲ အမြန်ဆုံး ဖြေရှင်းဖို့ လိုပါတယ်။
အာဆင်နယ်ကို ရင်ဆိုင်ရာမှာ ဂိုးမက်စ်က အစွန်နေရာ ကစားခဲ့တယ်။ သူက ဖိုဒန်၊ ဂရီလစ်တိုကို ထိန်းချုပ်ဖို့ ရုန်းကန်ရမှာပါ။ ဟာလန်းက ဗန်ဒိုက်နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ပရီးမီးယားလိဂ် ထိပ်တန်း ဂိုးသွင်းရှင်ကို ထိန်းချုပ်ရတာက ခက်ခဲမှာဖြစ်သလို နှစ်ဦးလုံးအတွက် စိတ်ဝင်စားစရာ စိန်ခေါ်မှုပါပဲ။
ဒီနှစ်တွေမှာ လီဗာပူးတို့ သိပ်ကောင်းပေမယ့် ကစားသမားကောင်း အချို့ကို လက်လွတ်ရတာက ပြဿနာတွေဖြစ်စေခဲ့တယ်။ ဒီအပတ်ပွဲမှာ ဆာလာက ခြေစွမ်းပြဖို့ လိုပါတယ်။ လီဗာပူးနိုင်မယ်ထင်လားဆိုရင်တော့ မထင်ပါဘူး။ သူတို့ ဂိုးတွေ အရမ်းပေးနေရပြီး ဟာလန်းကို ရလိုက်တဲ့ မန်စီးတီးက ပွဲတွေကို နိုင်နေဆဲပါ။
လီဗာပူးက ဒီအပတ်ပွဲမှာ အနည်းဆုံး ၂ ဂိုးသွင်းမယ့် မန်စီးတီးကို ရပ်တန့်နိုင်မယ်လို့ ကျနော်တော့ မထင်ပါဘူး။
ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Liverpool 1-3 Manchester City
အခြားပွဲစဉ်တွေအတွက် ပေါမာဆန်ရဲ့ ခန့်မှန်းရလဒ်များ
- Brentford 1-2 Brighton
- Leicester 2-2 Crystal Palace
- Wolves 3-1 Nottingham Forest
- Fulham 2-1 Bournemouth
- Southampton 1-2 West Ham
