ရီးရဲလ်မက်ဒရစ်က ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပြိုင်ဘက် ချယ်ဆီးအသင်းကို အဝေးကွင်းမှာ ၃-၁ ဖြင့် အနိုင်ယူတဲ့နောက် ဘန်ဇီမာဟာ “နတ်ဘုရားပါ” ဆိုပြီး အသင်းဖော်ဟောင်း ကာဆီးလက်စ်က ချီးကျူးခဲ့ပါတယ်။
ဒီပွဲမတိုင်ခင်တည်းက ရီးရဲလ်မက်ဒရစ် ကစားသမားတွေဟာ ချယ်ဆီးအသင်းကို နေရာစုံက ထိုးနှက်နေခဲ့တာပါ။ ချယ်ဆီးဟာ လီဗာပူး၊ မန်စီးတီးတို့လောက် ကြောက်ဖို့ကောင်းတဲ့ ပြိုင်ဘက် မဟုတ်ဘူးလို့ လေတိုက်ခဲ့သလို ဒီပွဲကို လက်စားချေဖို့ မက်ဒရစ် သတင်းလုံး ငတ်မွတ်နေတယ်လို့ပါ ကြွေးကြော်ထားခဲ့တာဖြစ်တယ်။
ရီးရဲလ်မက်ဒရစ် အသင်းသားတွေဟာ ဒီပွဲကို စိတ်ပိုင်းဖြတ်ထားတဲ့ ခြေစွမ်းနဲ့ ယှဉ်ပြိုင်ခဲ့ကြချိန်မှာ ချယ်ဆီးဘက်က အမှားပေါင်း များစွာနဲ့ ပွဲကို ချဉ်းကပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဘန်ဇီမာရဲ့ hat-trick သွင်းဂိုးနဲ့အတူ ရီးရဲလ်က ကောင်းမွန်တဲ့ နိုင်ပွဲကို ယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။
ပွဲအပြီးမှာ အန်ဆယ်လော့တီက ” ဘန်ဇီမာက ဘာတွေ ခြားနားစေသလဲ? သူ့ရဲ့ ဦးဆောင်မှုပေါ့။ အခုဆိုရင် သူက ခေါင်းဆောင်ပိုင်းမှာ ပိုလာခဲ့ပါပြီ။ နေ့တိုင်းမှာ သူက ပိုပိုပြီး အရေးပါလာတယ်လို့ ခံစားရတယ်။ ပိုပိုပြီးလည်း ကောင်းလာနေပါတယ် ” လို့ ချီးကျူးခဲ့ပါတယ်။

ဘန်ဇီမာရဲ့ ထူးချွန် ခြေစွမ်းတွေကြောင့်ပဲ အသင်းဖော် မိုဒရစ်ကလည်း ချီးကျူးခဲ့တယ်။ သိသာလွန်းတဲ့ ဂုဏ်ပြုမှုအဖြစ် စတမ်းဖိုဒ့်ဘရစ်ကွင်းထဲက ရီးရဲလ်မက်ဒရစ် ပရိသတ်တွေဟာ ဘန်ဇီမာရဲ့ နာမည်ကို အော်ဟစ် အားပေးရင်း သီချင်းတွေ သီဆိုခဲ့တဲ့ လုပ်ရပ်ဖြစ်ပါတယ်။
အသင်းဖော်ဟောင်း ကာဆီးလက်စ်ကလည်း ဘန်ဇီမာဟာ အရာရာပဲဆိုတဲ့ သဘောကို တွစ်တာကနေ တစ်ဆင့် ” ဘန်ဇီမာက Spiderman ပါ။ သူက Wolverine ပဲ။ ဘန်ဇီမာဟာ မင်းအဖွားဖြစ်ပြီး သူဟာ အမေရိကန်သမ္မတလည်းဖြစ်တယ်။ ဘန်ဇီမာက မင်းနဲ့အတူ လေထီးခုန်ချတဲ့ သင်တန်းစရာ ဖြစ်သလို သူဟာ ကိုယ်စောင့်နတ်ဖြစ်တယ်။ ဘန်ဇီမာဟာ နတ်ဘုရား တစ်ပါးပါပဲ ” လို့ ချီးကျူးသွားတာဖြစ်ပါတယ်။
ဒုတိယအကျော့ ဘာနေဗျူးကွင်းမှာ ရီးရဲလ်မက်ဒရစ်နဲ့ ချယ်ဆီးတို့ ထိပ်တိုက်တွေ့ဦးမှာဖြစ်ပြီး အိမ်ရှင်အသင်းက ၂ ဂိုးအသာဖြင့် ဦးဆောင် ကစားတော့မှာ ဖြစ်ပါတယ်။
