ပရီးမီးယားလိဂ်မန်နေဂျာဟောင်း အာဆင်ဝင်းဂါးက လီဗာပူးနဲ့ အင်တာမီလန်တို့ရဲ့ ချန်ပီယံလိဂ်ပွဲမှာ ဆန်းချက် အထုတ်ခံရအောင် ဖာဘင်ညိုက ဟန်ဆောင်ခဲ့တယ်လို့ စွပ်စွဲလိုက်ပါတယ်။
အင်တာတိုက်စစ်သမားဟာ ဒုတိယပိုင်းမှာ ဖာဘင်ညိုကို ဘောလုံးဖျက်ပုံ ကြမ်းတမ်းခဲ့တာအတွက် ဒုတိယအဝါကဒ် ရခဲ့ပြီး ကွင်းထဲက ထွက်ခွာခဲ့ရတာပါ။ သူမထွက်ခွာခင် မိနစ်ပိုင်းမှာ မာတီနက်စ်က အင်တာမီလန်အတွက် ဦးဆောင်ဂိုး သွင်းယူထားတာဖြစ်လို့ ဆန်းချက်ဖြစ်ရပ်ဟာ စီးရီးအေကလပ်ကို အထိနာစေခဲ့ပါတယ်။
beIN SPORTS မှာ အာဆင်ဝင်းဂါး ပြောခဲ့တာက ‘ ဟန်ဆောင်မှုနဲ့ ပါးနပ်မှုကြားကနေ လုပ်သွားခဲ့တာပေါ့။ ဖာဘင်ညိုက ဟန်ဆောင်ခဲ့တယ်၊ သူက ဖြစ်တာထက် ပိုခံစားရသလို လုပ်ပြခဲ့တယ်။ သူ နာတော့ နာသွားမှာပါ၊ ဆန်းချက်ရဲ့ ဖျက်ပေါက်က သူ့ကို ထိခဲ့ပါတယ်။ ဖာဘင်ညို ဟန်ဆောင်ပါတယ်လို့တော့ လုံးဝကြီး ပြောလို့ မရပါဘူး။
ဖာဘင်ညိုက ခပ်မြန်မြန်လေး ပြန်ထလို့ ရပါတယ်။ ဒါက အဲ့လို ပြစ်ဒဏ်တွေထဲက တစ်ခုလောက်တင်ပါ။ ကြားနေအမြင်နဲ့ ကြည့်မယ်ဆိုရင် ဖာဘင်ညိုက ဖြစ်တာထက် နည်းနည်းပိုလုပ်ပြခဲ့တာပါ။ မင်းအသင်းရဲ့ အသင်းသားအနေနဲ့ဆိုရင် ဒါကို ပါးနပ်တာလို့ ပြောရမှာပါ။ ဆန်းချက်က ဖာဘင်ညိုကို နာကျင်စေဖို့ မရည်ရွယ်ပါဘူး၊ သူက ဘောလုံးကို အရင်ထိခဲ့တာပါ ‘ လို့ ဆိုခဲ့တာဖြစ်တယ်။
ဒီမှတ်ချက်ပေးခဲ့ပေမယ့် နှစ်သင်းမှာ ကွာတားဖိုင်နယ်ကို တက်ရောက်ဖို့ ထိုက်တန်တဲ့ အသင်းက လီဗာပူးဖြစ်တယ်လို့လည်း ထောက်ခံခဲ့ပါတယ်။
ဆန်းချက်နဲ့ ပတ်သက်လို့ ဒိုင်ဆုံးဖြတ်ချက်က များလွန်းတယ်ဆိုတာကို အွန်နရီ၊ ကာရေဂါနဲ့ ဖာဒီနန်တို့ကလည်း မှတ်ချက်ပေးပါတယ်။ ဒုတိယအဝါကဒ်ဟာ ဆန်းချက် မရသင့်တဲ့ ပြစ်ဒဏ်လို့ သူတို့ ပြောပေမယ့် ပထမအဝါကဒ်မှာတည်းက အနီမဖြစ်ခဲ့တာက ဆန်းချက် ကံကောင်းခဲ့တာဖြစ်ပါတယ်။
သီယာဂိုကို ဆန်းချက် အဝင်ကြမ်းခဲ့တဲ့ ဖြစ်ရပ်မှာ အနီကဒ်ပြခံရသင့်ပေမယ့် အဝါကဒ်ပဲ ရခဲ့တာက ကံကောင်းခဲ့တယ်လို့ လီဗာပူးမန်နေဂျာ ကလော့ပ်က ဆိုခဲ့တယ်။ ချီလီသားရဲ့ ပြင်းထန်တဲ့ ရှင်းထုတ်ပုံဟာ ဆိုးရွားတယ်လို့ သူက ဆိုပါတယ်။
ပထမအဝါကဒ်နဲ့ ပတ်သက်လို့ ကလော့ပ်က “ ပြစ်ဒဏ်အတွက် ကဒ်ပြခံရချိန် အခြားကာလာ (အနီကဒ်) မရခဲ့တာ သူအတော်လေး ကံကောင်းခဲ့တယ်။ ပြင်းပြစွာ အားထုတ်တာက ကောင်းပါတယ်။ ဒါပေမယ့် ဒီလို ဖြတ်ထုတ်မှုတွေမှာတော့ ပြင်းပြမှုက အကူအညီမဖြစ်ပါဘူး ” လို့ ကလော့ပ်က တုန့်ပြန်ခဲ့တာ ဖြစ်ပါတယ်။