ကြီး ၆ ကြီးထဲက ၃ သင်း မနိုင်ဘူးဆိုတဲ့ ဒီအပတ်ပွဲတွေအတွက် လော်ရိုးရဲ့ ခန့်မှန်းချက်များ

ဒီအပတ်မှာတော့ ပရီးမီးယားလိဂ်ပွဲကြီးပွဲကောင်းအဖြစ် ချယ်ဆီးဟာ စပါးအသင်းကို အိမ်ကွင်းမှာ ဧည့်ခံရမှာဖြစ်တယ်။ ဒီအပတ်ပွဲတွေအတွက် ဘီဘီစီမှ လော်ရိုးရဲ့ ခန့်မှန်း ရလဒ်တွေကို ဖော်ပြလိုက်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် VS ဝက်စ်ဟမ်း

အဆင့် ၄ က ဝက်စ်ဟမ်းနဲ့ အဆင့် ၇ က ယူနိုက်တက်ကြားမှာ အမှတ်ကွာဟချက်က ၂ မှတ်ပဲ ရှိနေတာနဲ့အတူ ချန်ပီယံလိဂ် ဝင်ခွင့်ပြိုင်ဆိုင်မှုက ပြင်းထန်နေပါတယ်။ ဝက်ဟမ်းထက် တစ်ပွဲလျော့ကစားထားတဲ့ ရန်းနစ်ရဲ့အသင်းဟာ ကသောင်းကနင်း အသင်းတစ်သင်း ဖြစ်နေဆဲဆိုပေမယ့် ဗုဒ္ဓဟူးနေ့က ဘရန့်ဖို့ဒ်ကို အနိုင်ယူနိုင်ခဲ့ပြီး ဒါဟာ သူတို့ရဲ့ ရာသီအတွက် အတော်လေးကို အရေးပါခဲ့ပါတယ်။

ဟမ်းမားစ်တွေကလည်း ခြေစွမ်း တည်တည်ငြိမ်ငြိမ် ရှိနေပေမယ့် အခုချိန် မန်ချက်စတာ ယူနိုက်တက်နဲ့ပွဲတွေကို ခန့်မှန်းရာမှာ သူတို့တွေ ဘယ်လို ခြေစွမ်းမျိုးနဲ့ ထွက်လာမလဲဆိုတာ မသိနိုင်အောင် ဖြစ်နေတာပါ။ သူတို့ ကစားတဲ့ပွဲတိုင်းက မတူညီတဲ့ ဇာတ်လမ်းတစ်ခုစီ ဖြစ်နေပါတယ်။

လော်ရိုးရဲ့ ခန့်မှန်းရလဒ်။ ။ မန်ချက်စတာ ယူနိုက်တက် 2-1 ဝက်စ်ဟမ်း

ဆောက်သမ်တန် VS မန်ချက်စတာစီးတီး

ဆောက်သမ်တန်ဟာ စက်တင်ဘာတုန်းက အီသီဟဒ်ကို လာကစားခဲ့တဲ့ပွဲမှာ တကယ်ကို ကောင်းမွန်ခဲ့ပြီး ကံမကောင်းလို့ ၃ မှတ်မရခဲ့ပေမယ့် ၁ မှတ်တော့ ရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီမန်စီးတီးအသင်းဟာ လွန်ခဲ့တဲ့လေးလက ကစားခဲ့တဲ့ပုံစံနဲ့ နှိုင်းယှဉ်ရင် မတူညီတဲ့ သားရဲတစ်ကောင် ဖြစ်နေပါတယ်။ သူတို့ဟာ နောက်ဆုံး လိဂ် ၁၂ ပွဲဆက် အနိုင်ရခဲ့ပြီး ထိန်းလို့မရတဲ့ အသင်းဖြစ်နေတာပါ။

စိန့်တွေဟာ ပြီးခဲ့တဲ့အပတ်က ဝုဗ်နဲ့ ပွဲမတိုင်ခင် တကယ်ကို ကောင်းမွန်တဲ့ပုံစံမှာ ရှိခဲ့တာကြောင့် စီးတီးနဲ့ပွဲမှာ တစ်ခုခု လုပ်ပြဖို့ ကြိုးစားလာမှာဖြစ်ပေမယ့် အခုချိန်မှာ ဂွာဒီယိုလာရဲ့အသင်းက အရာအားလုံးအတွက် အဖြေရှိနေတဲ့ပုံပါပဲ။

လော်ရိုးရဲ့ ခန့်မှန်းရလဒ်။ ။ ဆောက်သမ်တန် 0-2 မန်ချက်စတာစီးတီး

အာဆင်နယ် VS ဘန်လေ

ဘန်လေဟာ ပွဲပျက်တွေ အများကြီး ရှိခဲ့တဲ့နောက် မကြာခင်မှာ တစ်ပတ်ကို ၃ပွဲလောက် ကစားရတော့မှာဖြစ်ပြီး အင်အားနည်းပါးတဲ့ အသင်းတစ်သင်း ဖြစ်တာနဲ့အတူ ပြဿနာတွေ များစွာဖြစ်လာမှာပါ။ ဒါပေမယ့် အခု အဲ့ဒါက အကြောင်းမဟုတ်ပါဘူး။ ခရစ်ဝုဒ်ကို နယူးကာဆယ်ထံ ဆုံးရှုံးလိုက်ရတာက ဘန်လေအတွက် ရိုက်ခတ်မှုတစ်ခု ဖြစ်ခဲ့ပေမယ့် သူတို့ဟာ ခရစ်ဝုဒ် မရှိဘဲ ကိုင်တွယ်ဖြေရှင်းနိုင်တယ် ဆိုတာကို ဒီမှာ သက်သေပြရမှာပါ။

ဒီပွဲမှာ အံ့အားသင့်စရာ ရလဒ်တစ်ခုကို ကျွန်တော် ခန့်မှန်းသွားမှာပါ။ မနေ့က လီဗာပူးနဲ့ ကာရာဘောင်းဖလားပွဲဟာ အာဆင်နယ်ရဲ့ ဒီတစ်ပတ်အတွက် အကြီးမားဆုံးပွဲ ဖြစ်ခဲ့ပါတယ်။ ဒီပွဲကို အာရုံစိုက်မှု လျော့သွားရင်တော့ ဘန်လေဟာ သူတို့ကို ဒုက္ခပေးသွားမှာပါ။

သရေလို့ ခန့်မှန်းပါတယ်။ ဘာလို့လဲဆိုတော့ ဘန်လေက ပရီးမီးယားလိဂ်ရဲ့ သရေပွဲ ကျွမ်းကျင်သူကြီး ဖြစ်နေလို့ပါ။

လော်ရိုးရဲ့ ခန့်မှန်းရလဒ်။ ။ အာဆင်နယ် 1-1 ဘန်လေ

ခရစ္စတယ်ပဲလေ့စ် VS လီဗာပူး

အာဆင်နယ်လိုပဲ လီဗာပူးဟာ ပွဲကြီးတစ်ပွဲ ကစားခဲ့ပြီးတော့ ဒီအပတ်မှာ ပရီးမီးယားလိဂ်ပွဲကို ဆက်လက် ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဂန်းနားတွေလိုပဲ သူတို့မှာလဲ ပွဲပန်းတဲ့ အကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။ ဆာလာနဲ့ မာနေးတို့ မရှိချိန်မှာ လီဗာပူးအနေနဲ့ ပွဲတိုင်းကို ကျော်ဖြတ်နိုင်ဖို့ ပိုပြီး အလုပ်ကြိုးစားဖို့ လိုအပ်သလို ပဲလေ့စ်ရဲ့ ခံစစ်ကောင်းမွန်မှုက သူတို့ကို အခက်အခဲ တွေ့စေမှာပါ။

လော်ရိုးရဲ့ ခန့်မှန်းရလဒ်။ ။ ခရစ္စတယ်ပဲလေ့စ် 1-1 လီဗာပူး

ချယ်ဆီး VS စပါး

ချယ်ဆီးက သူတို့ရဲ့ အလုပ်ရှုပ်တဲ့ အချိန်ဇယားကို အလိုက်အထိုက် ကိုင်တွယ်သွားဖို့ပဲ ရှိပါတယ်။ သူတို့က ပုံစံကောင်းမှာ ရှိမနေပေမယ့် စပါးနဲ့ ကစားရတယ်ဆိုတဲ့ အသိက တွန်းအားပေးနိုင်မှာပါ။ ဘာလို့လဲဆိုတော့ ပထမဆုံးအနေနဲ့ သူတို့ဟာ ပြီးခဲ့တဲ့ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် နှစ်ပွဲလုံးမှာ စပါးကို အသာစီးရယူပြီး ကျော်ဖြတ်ခဲ့တာပါ။

အကျောရထားတဲ့ ချယ်ဆီးက စပါးနဲ့ ထပ်မံရင်ဆိုင်ဖို့ တက်ကြွနေမှာဖြစ်ပြီး အသင်းရဲ့ အကောင်းဆုံးပုံစံကိုပါ ထုတ်ပြနိုင်လောက်ပါတယ်။ စပါးဟာ ကွန်တီလက်အောက် ၉ ပွဲဆက် လိဂ်တစ်ပွဲမှ မရှုံးခဲ့တဲ့ မှတ်တမ်းကောင်းကို ရရှိခဲ့ပေမယ့် အဲ့ဒီ့မှတ်တမ်းဟာ တနင်္ဂနွေနေ့မှာ အဆုံးသတ်သွားပါလိမ့်မယ်။

လော်ရိုးရဲ့ ခန့်မှန်းရလဒ်။ ။ ချယ်ဆီး 2-1 စပါး

အခြားပွဲစဉ်တွေအတွက် လော်ရိုးရဲ့ ခန့်မှန်းရလဒ်

  • Watford 2-1 Norwich
  • Everton 2-1 Aston Villa
  • Brentford 0-1 Wolves
  • Leeds 2-0 Newcastle
  • Leicester 2-1 Brighton