- Millwall vs Everton
- Brighton vs West Brom
- Bristol City vs Bolton
- Man City vs Burnley
- Barnet vs Brentford
- Portsmouth vs QPR
- Arsenal vs Man Utd
Sports Home Time
[Unicode] အက်ဖ်အေဖလား စတုတ္ထအဆင့် မဲခွဲရလဒ်က ထွက်ပေါ်လာခဲ့ပါပြီ။ အာဆင်နယ်နဲ့ ယူနိုက်တက်ဟာ 2015 ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အက်ဖ်အေဖလားမှာ ထိပ်တိုက်တွေ့ကြပြီဖြစ်ပါတယ်။ အူနိုင်းအမ်မရီနဲ့ ဆိုးရှားဆိုတဲ့ မန်နေဂျာသစ်တွေဟာ သက်ဆိုင်ရာ ကလပ်တွေနဲ့ နှစ်ကျော့ ယှဉ်ပြိုင်ရမယ့် ဖလားပြိုင်ပွဲအဆင့်အတွက် ပြင်ဆင်ရမှာပါ။
နှစ်သင်း နောက်ဆုံးတွေ့ဆုံထားတာက လွန်ခဲ့တဲ့ 4 နှစ်က အိုထရတ်ဖိုဒ့်မှာဖြစ်ပြီး အာဆင်နယ်က မွန်ရီရဲလ်၊ ဝဲလ်ဘတ်ရဲ့ သွင်းဂိုးတွေနဲ့အတူ အနိုင်ရခဲ့တာဖြစ်ပါတယ်။
လက်ရှိချန်ပီယံ ချယ်ဆီးအသင်းက ရှက်ဖီးအသင်းနဲ့ ထိပ်တိုက်တွေ့ခဲ့ပြီး မန်စီးတီးကတော့ အိမ်ကွင်းမှာ ဘန်လေအသင်းကို ယှဉ်ပြိုင်သွားရမှာဖြစ်တယ်။ စပါးအသင်းကတော့ အက်ဖ်အေဖလားမှာပဲ လန်ဒန်ဒါဘီပွဲအပြင် ပဲလေစ့်အသင်းရဲ့ အိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်ထားတဲ့ လီဗာပူးကတော့ အဝေးကွင်းမှာ ဝုဗ်နဲ့ ယှဉ်ပြိုင်စဉ် အရန်ကစားသမား အများအပြားကို ပွဲထုတ်ခဲ့ပြီး ပွဲကို အရေးမသာစွာပဲ ရံှူးနိမ့်ခဲ့ပါတယ်။ ဒါကြောင့် ယာဂင်ကလော့ပ်လက်ထက် စတုတ္ထအဆင့်ကို မကျော်တဲ့ အက်ဖ်အေဖလား မှတ်တမ်းဆိုးကို ဆက်လက် ပိုင်ဆိုင်သွားပါတယ်။
ပရီးမီးယားလိဂ် ချန်ပီယံဟောင်း လက်စတာကို ဖြုတ်ချခဲ့တဲ့ Newport အသင်းကတော့ စတုတ္ထအဆင့်မှာ ကြီး 6 ကြီး အသင်းနဲ့ တွေ့လိုတယ်လို့ ဝန်ခံထားပေမယ့် သူတို့ဆန္ဒအတိုင်း ဖြစ်မလာခဲ့ပဲ မက်ဒယ်ဘရော့အသင်း အိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
FA Cup fourth round draw in full
- Swansea City vs Gillingham
- AFC Wimbledon vs West Ham
- Shrewsbury or Stoke vs Wolves
- Millwall vs Everton
- Brighton vs West Brom
- Bristol City vs Bolton
- Accrington vs Derby or Southampton
- Doncaster Rovers vs Oldham
- Chelsea vs Sheffield Weds or Luton
- Newcastle or Blackburn vs Watford
- Middlesbrough vs Newport
- Man City vs Burnley
- Barnet vs Brentford
- Portsmouth vs QPR
- Arsenal vs Man Utd
- Crystal Palace vs Tottenham
Sports Home Time