အက်စတွန်ဗီလာပွဲမှာ ယူနိုက်တက်အတွက် ရလာတဲ့ ပင်နယ်တီကို ဘရူနို ဖာနန်ဒက်စ် တာဝန်ယူ ကန်သွင်းခဲ့ပေမယ့် လွဲချော်ခဲ့တဲ့နောက် နောက်ပွဲတွေမှာ ယူနိုက်တက်ရဲ့ ပင်နယ်တီကို ဘယ်သူက တာဝန်ယူမလဲဆိုတာက မေးခွန်းတစ်ခု ဖြစ်လာခဲ့တယ်။
ပွဲချိန် နောက်ဆုံး မိနစ်မှာ ယူနိုက်တက်ဟာ ပင်နယ်တီ ရခဲ့တာဖြစ်ပြီး တိုက်စစ်သမား ရော်နယ်ဒိုကို ကျော်ကာ ကွင်းအတွင်း အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူနေတဲ့ ဘရူနိုက အဆုံးသတ်ပေးဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမယ့်လို့ သူ့ရဲ့ ကန်ချက်က ဂိုးဘားတန်းအပေါ်ကို အတော်လေး ကျော်တက်သွားခဲ့တာဖြစ်ပါတယ်။
ပေါ်တူဂီ လက်ရွေးစင်အသင်းအတွက်အပြင် ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်တို့မှာပါ ပင်နယ်တီ ကန်သွင်းသူအဖြစ် တာဝန်ယူနေတဲ့ ရော်နယ်ဒိုဟာ ယူနိုက်တက်မှာတော့ ဘရူနိုရဲ့နောက် ဒုတိယဦးစားပေးအဖြစ်ပဲ တာဝန်ယူရဖွယ်ရှိတယ်။ ပုံမှန်အားဖြင့်တော့ ဘရူနိုက ယူနိုက်တက်ရဲ့ အဓိက ပင်နယ်တီ ကန်သွင်းသူဆိုပေမယ့် သမ္ဘာအရတော့ ရော်နယ်ဒိုရဲ့ မှတ်တမ်းတွေဟာ ပိုမို ကောင်းမွန်မှုရှိတာ ဖြစ်ပါတယ်။
ပွဲအပြီး ရော်နယ်ဒို ပင်နယ်တီ ကန်ခွင့်မရဘဲ ဖာနန်ဒက်စ် အဆုံးသတ်ဖို့ တာဝန်ယူခဲ့မှုအတွက် မေးမြန်းခံရချိန်မှာ ဆိုးရှားက
‘ ကစားသမားတွေရဲ့ တုန့်ပြန်မှုအပေါ် မူတည်ပြီး ဒီကိစ္စတွေအတွက် ဆုံးဖြတ်ချက်တွေကို လုပ်ရမှာဖြစ်ပါတယ်။ ဘရူနိုက သိပ်ကို ထူးချွန်ပါတယ်။ သူက သိပ်ကောင်းတဲ့ ပင်နယ်တီ တာဝန်ယူသူတစ်ဦး ဖြစ်ပါတယ်။ သူက အပတ်တိုင်းရဲ့ နေ့တိုင်းမှာ ကလပ်နဲ့ အသင်းအတွက် ကြိုးစားပေးနေသူဖြစ်ပါတယ်။ တစ်ခါတစ်လေတော့လည်း ကိုယ်ရဲ့ နည်းလမ်းအတိုင်း အလုပ်မဖြစ်တာတွေ ရှိပါတယ်။
ကျနော် ပြောခဲ့သလိုပဲ ဘရူနိုက သိပ်ကို ထူးချွန်ပါတယ်။ နောက်ပြီး စီရော်နယ်ဒိုကလည်း ကမ္ဘာပေါ်မှာ ပင်နယ်တီကနေ သွင်းဂိုး ရယူမှု အမြင့်ဆုံး ကစားသမားဖြစ်ပါတယ်။ ကျနေ်ာတို့က သိပ်ကောင်းတဲ့ ပင်နယ်တီ အဆုံးသတ်သူတွေကို ပိုင်ဆိုင်ထားတာပါ။ ကျနေ်ာတို့အတွက် ရမှတ်တစ်မှတ် ရနိုင်တဲ့ အခွင့်အရေးကို လွဲချော်ခဲ့တာတင်ပဲ ဖြစ်ပါတယ်။ ’ လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်ပရိသတ်တွေကတော့ ကလပ်ရဲ့ ပင်နယ်တီတွေကို ရော်နယ်ဒို ကန်သွင်းတာကိုပဲ လိုချင်ကြပြီး နောက်အကြိမ်တွေမှာ တိုက်စစ်သမားကို ကန်ခွင့်ပေးသင့်တယ်လို့ မှတ်ချက်ပြုနေကြပါတယ်။
ZAWGYI – အက္စတြန္ဗီလာပြဲမွာ ယူႏုိက္တက္အတြက္ ရလာတဲ့ ပင္နယ္တီကို ဘရူႏို ဖာနန္ဒက္စ္ တာဝန္ယူ ကန္သြင္းခဲ့ေပမယ့္ လြဲေခ်ာ္ခဲ့တဲ့ေနာက္ ေနာက္ပြဲေတြမွာ ယူႏုိက္တက္ရဲ႕ ပင္နယ္တီကို ဘယ္သူက တာဝန္ယူမလဲဆိုတာက ေမးခြန္းတစ္ခု ျဖစ္လာခဲ့တယ္။
ပြဲခ်ိန္ ေနာက္ဆံုး မိနစ္မွာ ယူႏုိက္တက္ဟာ ပင္နယ္တီ ရခဲ့တာျဖစ္ျပီး တိုက္စစ္သမား ေရာ္နယ္ဒိုကို ေက်ာ္ကာ ကြင္းအတြင္း အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူေနတဲ့ ဘရူႏိုက အဆံုးသတ္ေပးဖို႔ ၾကိဳးစားခဲ့တာပါ။ ဒါေပမယ့္လို႔ သူ႔ရဲ႕ ကန္ခ်က္က ဂိုးဘားတန္းအေပၚကို အေတာ္ေလး ေက်ာ္တက္သြားခဲ့တာျဖစ္ပါတယ္။
ေပၚတူဂီ လက္ေရြးစင္အသင္းအတြက္အျပင္ ရီးရဲလ္မက္ဒရစ္နဲ႔ ဂ်ဴဗင္တပ္တို႔မွာပါ ပင္နယ္တီ ကန္သြင္းသူအျဖစ္ တာဝန္ယူေနတဲ့ ေရာ္နယ္ဒိုဟာ ယူႏုိက္တက္မွာေတာ့ ဘရူႏိုရဲ႕ေနာက္ ဒုတိယဦးစားေပးအျဖစ္ပဲ တာဝန္ယူရဖြယ္ရွိတယ္။ ပံုမွန္အားျဖင့္ေတာ့ ဘရူႏိုက ယူႏုိက္တက္ရဲ႕ အဓိက ပင္နယ္တီ ကန္သြင္းသူဆိုေပမယ့္ သမၻာအရေတာ့ ေရာ္နယ္ဒိုရဲ႕ မွတ္တမ္းေတြဟာ ပိုမို ေကာင္းမြန္မႈရွိတာ ျဖစ္ပါတယ္။
ပြဲအျပီး ေရာ္နယ္ဒို ပင္နယ္တီ ကန္ခြင့္မရဘဲ ဖာနန္ဒက္စ္ အဆံုးသတ္ဖို႔ တာဝန္ယူခဲ့မႈအတြက္ ေမးျမန္းခံရခ်ိန္မွာ ဆိုးရွားက
‘ ကစားသမားေတြရဲ႕ တုန္႔ျပန္မႈအေပၚ မူတည္ျပီး ဒီကိစၥေတြအတြက္ ဆံုးျဖတ္ခ်က္ေတြကို လုပ္ရမွာျဖစ္ပါတယ္။ ဘရူႏိုက သိပ္ကို ထူးခၽြန္ပါတယ္။ သူက သိပ္ေကာင္းတဲ့ ပင္နယ္တီ တာဝန္ယူသူတစ္ဦး ျဖစ္ပါတယ္။ သူက အပတ္တိုင္းရဲ႕ ေန႔တိုင္းမွာ ကလပ္နဲ႔ အသင္းအတြက္ ၾကိဳးစားေပးေနသူျဖစ္ပါတယ္။ တစ္ခါတစ္ေလေတာ့လည္း ကိုယ္ရဲ႕ နည္းလမ္းအတိုင္း အလုပ္မျဖစ္တာေတြ ရွိပါတယ္။
က်ေနာ္ ေျပာခဲ့သလိုပဲ ဘရူႏိုက သိပ္ကို ထူးခၽြန္ပါတယ္။ ေနာက္ျပီး စီေရာ္နယ္ဒိုကလည္း ကမၻာေပၚမွာ ပင္နယ္တီကေန သြင္းဂိုး ရယူမႈ အျမင့္ဆံုး ကစားသမားျဖစ္ပါတယ္။ က်ေန္ာတို႔က သိပ္ေကာင္းတဲ့ ပင္နယ္တီ အဆံုးသတ္သူေတြကို ပိုင္ဆိုင္ထားတာပါ။ က်ေန္ာတို႔အတြက္ ရမွတ္တစ္မွတ္ ရႏုိင္တဲ့ အခြင့္အေရးကို လြဲေခ်ာ္ခဲ့တာတင္ပဲ ျဖစ္ပါတယ္။ ’ လို႔ ဆိုသြားခဲ့တာျဖစ္ပါတယ္။
ယူႏုိက္တက္ပရိသတ္ေတြကေတာ့ ကလပ္ရဲ႕ ပင္နယ္တီေတြကို ေရာ္နယ္ဒို ကန္သြင္းတာကိုပဲ လိုခ်င္ၾကျပီး ေနာက္အၾကိမ္ေတြမွာ တိုက္စစ္သမားကို ကန္ခြင့္ေပးသင့္တယ္လို႔ မွတ္ခ်က္ျပဳေနၾကပါတယ္။