လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ချယ်ဆီးပွဲမှာ ပြိုင်ဘက်ကို တစ်ယောက် အသာဖြင့် ကစားရတဲ့ အနေအထားကို ပျော်ရွှင်မနေပါဘူး။
အကောင်းဆုံးတွေ ယှဉ်ပြိုင်ကြတဲ့ ပွဲမှာ ဘယ်အသင်းက ပိုကောင်းသလဲဆိုတာကို တန်းတူ ယှဉ်ပြိုင်တာကိုပဲ အလိုရှိတယ်လို ကလော့ပ်က ဆိုတယ်။ ရိစ်ဂျိမ်းကို အနီကဒ် ပေးတဲ့ ဖြစ်ရပ်ကို သူကိုယ်တိုင်က သဘောမတူခဲ့ဘဲ ၁၁ ယောက်ချင်း ကစားရာမှာ လီဗာပူးရဲ့ စွမ်းဆောင်ရည်က ကောင်းခဲ့တယ်လို့ သူက ဆိုပါတယ်။

ယာဂင်ကလော့ပ်က ” နှစ်ကြိမ် အပြစ်ပေးခံရတဲ့ ကိစ္စမျိုးတွေကို ကျနော် ဘယ်တုန်းကမှ မကြိုက်ဘူး။ ဒါပေမယ့် စည်းမျဉ်းတွေနဲ့ ပတ်သက်လို့ ကျနော် ပြောတာကို ဘယ်သူမှလည်း နားမထောင်ပါဘူး။ သူတို့ ဆုံးဖြတ်ချင်သလိုပဲ သူတို့တွေ ဆုံးဖြတ်ကြတာပါ။ ရိစ်ဂျိမ်းအတွက် ဆုံးဖြတ်ချက်က သိပ်ကို ပြင်းထန်ပြီး ပွဲကို ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။
ကျနေ်ာတို့ရဲ့ ပထမပိုင်း ခြေစွမ်းကို ကျနေ်ာတို့ သဘောကျပါတယ်။ ချယ်ဆီးအသင်းကို ဒုက္ခတွေ ပေးနိုင်ခဲ့တယ်။ ဒုတိယပိုင်းမှာလည်း သူတို့ကို ဒုက္ခပေးနိုင်ခဲ့တာပါပဲ။ ဒါပေမယ့်လိ့ ချယ်ဆီးက ခံစစ်ကစားပုံ ကောင်းခဲ့ပြီး သူတို့နဲ့ ထိုက်တန်တဲ့ ရမှတ်ကို ခွဲယူသွားနိုင်ခဲ့တယ်။ ကျနော်ကတော့ ပွဲကို ၁၁ ယောက်ချင်း ယှဉ်ပြိုင်ရတာကိုပဲ ပိုပြီး နှစ်သက်ပါတယ်။
နှစ်သင်း အကျိတ်အနယ် ယှဉ်ပြိုင်ပြီး ဘယ်အသင်းက ပိုသာသလဲဆိုတာကိုပဲ ကြည့်ချင်တာပါ။ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။
လီဗာပူးအသင်းက ၁၀ ယောက်ကျန် ချယ်ဆီးအသင်းကို အနိုင်မရခြင်းအတွက် မေးခွန်းထုတ်ခံရမှုတွေ ရှိပါတယ်။ ယာဂင်ကလော့ပ် လူတစ်ယောက် ထုတ်ခံရတာက ကစားပွဲကို အပြောင်းအလဲဖြစ်သွားစေတဲ့ အသာစီးကိစ္စ မဟုတ်ခဲ့တာမျိုးဟာ ဒီပွဲမှ မြင်ဖူးကြတာ မဟုတ်ဘူးလို့ တုန့်ပြန်ပါတယ်။
ကလော့ပ်က ” ဒီနေ့ ပထမပိုင်းမှာ ကျနေ်ာတို့ အခွင့်အရေးတွေ ရခဲ့ပါတယ်။ ဂိုး မသွင်းနိုင်ပေမယ့် တောင့်တင်းတဲ့ ချယ်ဆီးကို ရင်ဆိုင်ရာမှာ ကျနေ်ာတို့ရဲ့ စွမ်းဆောင်ရည်က သိပ်ကောင်းခဲ့ပါတယ်။ ချယ်ဆီးကို ရင်ဆိုင်ကစားဖို့ဆိုတာက အမြဲတမ်း ခက်ခဲပါတယ်။ ဒါပေမယ့်လို့ ပထမပိုင်း ခြေစွမ်းအပေါ် ကျနော် ပျော်ရွှင်ပါတယ်။
ဒုတိယပိုင်းမှာတော့ ၁၁ ယောက်နဲ့ ၁၀ ယောက် ဖြစ်သွားတာနဲ့ ပွဲက လွဲကူသွားတာ မဟုတ်ပါဘူး။ အထူးသဖြင့် ချယ်ဆီးလို ခံစစ်ပိုင်း စွမ်းဆောင်ရည်ကောင်းတွေ ရှိတဲ့အသင်းနဲ ယှဉ်ပြိုင်ရတာက မလွယ်ပါဘူး။ သူတို့က ခံစစ်မှာ အကောင်းဆုံး ကာကွယ်နိုင်စွမ်းတွေ ရှိခဲ့ပါတယ်။
ချယ်ဆီးက သင့်လျော်တဲ့ အပြောင်းအလဲ ပြုလုပ်ပြီး ကစားခဲ့တာပါ။ ဒါကို လေးစားဖို့လိုပါတယ်။ ကျနေ်ာတို့ ရမှတ် တစ်မှတ်ပဲ ရခဲ့ပြီး ရှေ့ဆက်သွားရဦးမှာဖြစ်ပါတယ်။ ” လို့ ပြောဆိုသွားပါတယ်။

ZAWGYI – လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ခ်ယ္ဆီးပြဲမွာ ျပိဳင္ဘက္ကို တစ္ေယာက္ အသာျဖင့္ ကစားရတဲ့ အေနအထားကို ေပ်ာ္ရႊင္မေနပါဘူး။
အေကာင္းဆံုးေတြ ယွဥ္ျပိဳင္ၾကတဲ့ ပြဲမွာ ဘယ္အသင္းက ပိုေကာင္းသလဲဆိုတာကို တန္းတူ ယွဥ္ျပိဳင္တာကိုပဲ အလိုရွိတယ္လို ကေလာ့ပ္က ဆိုတယ္။ ရိစ္ဂ်ိမ္းကို အနီကဒ္ ေပးတဲ့ ျဖစ္ရပ္ကို သူကိုယ္တုိင္က သေဘာမတူခဲ့ဘဲ ၁၁ ေယာက္ခ်င္း ကစားရာမွာ လီဗာပူးရဲ႕ စြမ္းေဆာင္ရည္က ေကာင္းခဲ့တယ္လို႔ သူက ဆိုပါတယ္။
ယာဂင္ကေလာ့ပ္က ” ႏွစ္ၾကိမ္ အျပစ္ေပးခံရတဲ့ ကိစၥမ်ိဳးေတြကို က်ေနာ္ ဘယ္တုန္းကမွ မၾကိဳက္ဘူး။ ဒါေပမယ့္ စည္းမ်ဥ္းေတြနဲ႔ ပတ္သက္လို႔ က်ေနာ္ ေျပာတာကို ဘယ္သူမွလည္း နားမေထာင္ပါဘူး။ သူတို႔ ဆံုးျဖတ္ခ်င္သလိုပဲ သူတို႔ေတြ ဆံုးျဖတ္ၾကတာပါ။ ရိစ္ဂ်ိမ္းအတြက္ ဆံုးျဖတ္ခ်က္က သိပ္ကို ျပင္းထန္ျပီး ပြဲကို ဖ်က္ဆီးခဲ့တာျဖစ္ပါတယ္။
က်ေန္ာတို႔ရဲ႕ ပထမပိုင္း ေျခစြမ္းကို က်ေန္ာတို႔ သေဘာက်ပါတယ္။ ခ်ယ္ဆီးအသင္းကို ဒုကၡေတြ ေပးႏုိင္ခဲ့တယ္။ ဒုတိယပိုင္းမွာလည္း သူတို႔ကို ဒုကၡေပးႏုိင္ခဲ့တာပါပဲ။ ဒါေပမယ့္လိ႔ ခ်ယ္ဆီးက ခံစစ္ကစားပံု ေကာင္းခဲ့ျပီး သူတို႔နဲ႔ ထိုက္တန္တဲ့ ရမွတ္ကို ခြဲယူသြားႏုိင္ခဲ့တယ္။ က်ေနာ္ကေတာ့ ပြဲကို ၁၁ ေယာက္ခ်င္း ယွဥ္ျပိဳင္ရတာကိုပဲ ပိုျပီး ႏွစ္သက္ပါတယ္။
ႏွစ္သင္း အက်ိတ္အနယ္ ယွဥ္ျပိဳင္ျပီး ဘယ္အသင္းက ပိုသာသလဲဆိုတာကိုပဲ ၾကည့္ခ်င္တာပါ။ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။
လီဗာပူးအသင္းက ၁၀ ေယာက္က်န္ ခ်ယ္ဆီးအသင္းကို အႏုိင္မရျခင္းအတြက္ ေမးခြန္းထုတ္ခံရမႈေတြ ရွိပါတယ္။ ယာဂင္ကေလာ့ပ္ လူတစ္ေယာက္ ထုတ္ခံရတာက ကစားပြဲကို အေျပာင္းအလဲျဖစ္သြားေစတဲ့ အသာစီးကိစၥ မဟုတ္ခဲ့တာမ်ိဳးဟာ ဒီပြဲမွ ျမင္ဖူးၾကတာ မဟုတ္ဘူးလို႔ တုန္႔ျပန္ပါတယ္။
ကေလာ့ပ္က ” ဒီေန႔ ပထမပိုင္းမွာ က်ေန္ာတို႔ အခြင့္အေရးေတြ ရခဲ့ပါတယ္။ ဂိုး မသြင္းႏုိင္ေပမယ့္ ေတာင့္တင္းတဲ့ ခ်ယ္ဆီးကို ရင္ဆိုင္ရာမွာ က်ေန္ာတို႔ရဲ႕ စြမ္းေဆာင္ရည္က သိပ္ေကာင္းခဲ့ပါတယ္။ ခ်ယ္ဆီးကို ရင္ဆိုင္ကစားဖို႔ဆိုတာက အျမဲတမ္း ခက္ခဲပါတယ္။ ဒါေပမယ့္လို႔ ပထမပိုင္း ေျခစြမ္းအေပၚ က်ေနာ္ ေပ်ာ္ရႊင္ပါတယ္။
ဒုတိယပိုင္းမွာေတာ့ ၁၁ ေယာက္နဲ႔ ၁၀ ေယာက္ ျဖစ္သြားတာနဲ႔ ပြဲက လြဲကူသြားတာ မဟုတ္ပါဘူး။ အထူးသျဖင့္ ခ်ယ္ဆီးလို ခံစစ္ပိုင္း စြမ္းေဆာင္ရည္ေကာင္းေတြ ရွိတဲ့အသင္းနဲ ယွဥ္ျပိဳင္ရတာက မလြယ္ပါဘူး။ သူတို႔က ခံစစ္မွာ အေကာင္းဆံုး ကာကြယ္ႏုိင္စြမ္းေတြ ရွိခဲ့ပါတယ္။
ခ်ယ္ဆီးက သင့္ေလ်ာ္တဲ့ အေျပာင္းအလဲ ျပဳလုပ္ျပီး ကစားခဲ့တာပါ။ ဒါကို ေလးစားဖို႔လိုပါတယ္။ က်ေန္ာတို႔ ရမွတ္ တစ္မွတ္ပဲ ရခဲ့ျပီး ေရွ႔ဆက္သြားရဦးမွာျဖစ္ပါတယ္။ ” လို႔ ေျပာဆိုသြားပါတယ္။
