ရိုနယ်ဒို၊ အမ်ဘတ်ပီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲ နောက်ဆက်တွဲ ကိစ္စတွေနဲ့ နံနက်ခင်း ဘောလုံးသတင်းများ

ယူအီးအက်ဖ်အေရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကိုတော့ ချန်ပီယံလိဂ်နဲ့ ယူရို ဖလားပိုင်ရှင် ဂျော်ဂျင်ဟိုက ရရှိသွားခဲ့ပြီဖြစ်ပါတယ်။

ချယ်ဆီးဂိုးသမား မန်ဒီဟာ ယူအီးအက်ဖ်အေရဲ့ တစ်နှစ်တာ အကောင်းဆုံး ဂိုးသမားဆု၊ ကန်တေက အကောင်းဆုံး ကွင်းလယ်လူဆုတို့ကို ရရှိခဲ့ပါတယ်။ ခံစစ်အတွက်တော့ ဒီယော့စ်နဲ့ တိုက်စစ်အတွက်က ဟာလန်းတို့ရရှိခဲ့ပါတယ်။

ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒိုက ဒီနွေမှာ သူအသင်းပြောင်းလိုကြောင်း စီးရီးအေကလပ်ကို တရားဝင် တောင်းဆိုလိုက်ပါပြီ။

၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အကြပ်ဆုံးသော သေမင်းတမန် အုပ်စုအဖြစ် အက်သလက်တီကို၊ လီဗာပူး၊ ပေါ်တို၊ အေစီမီလန်တို့ ပါဝင်နေတဲ့ အုပ်စုလို့ မှတ်ချက်ပေးနေကြပါတယ်။

ချန်ပီယံလိဂ် ပြိုင်ပွဲနဲ့ ယူရိုပါလိဂ်ပြိုင်တွေမှာ အဝေးကွင်းပွဲစဉ်အတွင်း သက်ဆိုင်ရာ ပရိသတ်တွေ လိုက်ပါ အားပေးခွင့်ကို ခွင့်မပြုဖို့ ယူအီးအက်ဖ်အေက စီစဉ်နေပါတယ်။

မန်စီးတီးအသင်းက စီရော်နယ်ဒိုကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် ချန်ပီယံလိဂ်မှာ မက်ဆီပါတဲ့ ပီအက်စ်ဂျီအသင်းနဲ့ ထိပ်တိုက်တွေ့မှာဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ချက်ရှိုင်းယား ရဲအဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတဲ့ ဘယ်အစွန်လူ မန်ဒီကို ကလပ်အတွက် ကစားပေးခြင်းမှ ရပ်ဆိုင်းထားပြီဖြစ်ပါတယ်။

ချယ်ဆီးအသင်းဟာ ခံစစ်မှူး ဇူးမားကို ဝက်ဟမ်းအသင်းထံ ရောင်းချရေး သဘောတူညီမှု ရခဲ့တဲ့နောက် ဆီးဗီးလာခံစစ်မှူး ကွန်ဒီကို ခေါ်ယူရေးကို အရှိန်မြင့်လာခဲ့ပြီဖြစ်ကာ မကြာခင်မှာ အပြီးသတ်နိုင်ပါတော့မယ်။

မန်စီးတီးခံစစ်မှူး ဒီယော့စ်ဟာ ယူအီးအက်ဖ်အေရဲ့ တစ်နှစ်တာ အကောင်းဆုံး ခံစစ်မှူး ဆုကို လက်ခံရရှိခဲ့ပါတယ်။ ဒီယော့စ်ကတော့ ဒီရာသီမှာလည်း အကောင်းဆုံး ကြိုးစားပါမယ်လို့ ထုတ်ပြောလာပါတယ်။

မန်စီးတီးနဲ့ ဂျူဗင်တပ်တို့ဟာ စီရော်နယ်ဒို အပြောင်းအရွှေ့ကိစ္စမှာ ပြောင်းရွှေ့ကြေး သဘောတူညီမှု မရဘူးဖြစ်နေပါတယ်။ ဆွေးနွေးမှုက ရှေ့ဆက်လာနိုင်တဲ့ အခြေအနေမှာ ရှိနေပါသေးတယ်။

အာဆင်နယ်ဘက်က တိုက်စစ်သမား ဝီလီယမ်ရဲ့ အပြောင်းအရွှေ့ ကိစ္စအတွက် ဘရာဇီးကလပ် ကိုရင်တီယန်နဲ့ ဆွေးနွေးမှုလုပ်နေကြောင်းကို မန်နေဂျာ အာတီတာက ဝန်ခံလိုက်ပါတယ်။

စပါးအသင်းရဲ့ ယူရိုပါလိဂ် ခြေစစ်ပွဲအတွက် ပွဲထွက်လူစာရင်းမှာ ကိန်းကို အသင်းခေါင်းဆောင်အဖြစ် ထည့်သွင်းသွားခဲ့ပါတယ်။ ဒါ့အပြင် ဂိုးသမား ဂိုလီနင်၊ ခံစစ်မှူး ရိုမဲရိုးနဲ့ တိုက်စစ်သမား ဂီးတို့ကိုလည်း ပွဲထွက်လူစာရင်းက ထည့်သူံသွားပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး အမ်ဘတ်ပီအတွက် ယူရို သန်း ၁၇၀ တန်ကြေးရှိတဲ့ ဒုတိယမြောက် ကမ်းလှမ်းမှု ပေးပို့ခဲ့ပါပြီ။ ဒါဟာ စာချုပ် ၁၀ လကျော်ပဲ ကျန်တဲ့ ကစားသမားအတွက် ပထမအကြိမ် ကမ်းလှမ်းမှုထက် ယူရို ၁၀ သန်း ပိုပေးလာခြင်းဖြစ်ပါတယ်။

ယူနိုက်တက် ကစားသမားဟောင်း ဝိန်းရွန်းနီက သူဆိုရင် မန်စီးတီးနဲ့ လီဗာပူးအသင်းတွေထဲ ပြောင်းရွှေ့ကစားဖို့ ဘယ်တော့မှ စဉ်းစားမှာ မဟုတ်ပေမယ့် ကစားသမားတိုင်းက မတူပါဘူးလို့ ထုတ်ပြောလိုက်ပါတယ်။

မာဆေးအသင်းကို အငှားထွက်ကစားနေတဲ့ ဂွမ်ဒေါင်ဇီက မာဆေးပရိသတ်တွေဟာ အာဆင်နယ် ပရိသတ်တွေလို မဟုတ်ဘဲ အသင်းကို စွမ်းဆောင်ရည်ကောင်းလာအောင် အားပေး ကူညီနိုင်သူတွေလို့ မှတ်ချက်ပေးပြီး ဂန်းနားပရိသတ်တွေကို ထိုးနှက်လိုက်ပါတယ်။

ပဲလေစ့်ဟာ ဝတ်ဖိုဒ့်အသင်း ကွင်းလယ်လူ ဝဲလ်ဟုချ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပါပြီ။ ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၆ သန်းနဲ့အတူ ပေါင် ၁၀ သန်းထိ ရောက်နိုင်မယ့် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မှာဖြစ်ပါတယ်။ ပဲလေစ့်ရဲ့ နောက်ထပ် ပစ်မှတ်ကတော့ အာဆင်နယ်မှ အန်ကတ်တီယားဖြစ်ပါတယ်။

အင်္ဂလန်အသင်းရဲ့ နိုင်ငံတကာ သီတင်းပတ်အတွက် လက်ရွေးစင်အသင်း စာရင်းမှာတော့ လိဒ်ယူနိုက်တက် တိုက်စစ်မှူး ဘမ်းဖိုဒ့်ဟာ သူ့ကစားသမားဘဝ ပထမဆုံးအကြိမ်အဖြစ် ပါဝင်လာခဲ့ပြီဖြစ်ပါတယ်။

ZAWGYI – ခ်ယ္ဆီးဂိုးသမား မန္ဒီဟာ ယူအီးအက္ဖ္ေအရဲ႕ တစ္ႏွစ္တာ အေကာင္းဆံုး ဂိုးသမားဆု၊ ကန္ေတက အေကာင္းဆံုး ကြင္းလယ္လူဆုတို႔ကို ရရွိခဲ့ပါတယ္။ ခံစစ္အတြက္ေတာ့ ဒီေယာ့စ္နဲ႔ တိုက္စစ္အတြက္က ဟာလန္းတို႔ရရွိခဲ့ပါတယ္။

၂၀၂၁-၂၀၂၂ ေဘာလံုးရာသီ ခ်န္ပီယံလိဂ္ျပိဳင္ပြဲရဲ႕ အၾကပ္ဆံုးေသာ ေသမင္းတမန္ အုပ္စုအျဖစ္ အက္သလက္တီကို၊ လီဗာပူး၊ ေပၚတို၊ ေအစီမီလန္တို႔ ပါဝင္ေနတဲ့ အုပ္စုလို႔ မွတ္ခ်က္ေပးေနၾကပါတယ္။

ဂ်ဴဗင္တပ္တိုက္စစ္မွဴး စီေရာ္နယ္ဒိုက ဒီေႏြမွာ သူအသင္းေျပာင္းလိုေၾကာင္း စီးရီးေအကလပ္ကို တရားဝင္ ေတာင္းဆိုလိုက္ပါျပီ။

ခ်န္ပီယံလိဂ္ ျပိဳင္ပြဲနဲ႔ ယူရိုပါလိဂ္ျပိဳင္ေတြမွာ အေဝးကြင္းပြဲစဥ္အတြင္း သက္ဆိုင္ရာ ပရိသတ္ေတြ လိုက္ပါ အားေပးခြင့္ကို ခြင့္မျပဳဖို႔ ယူအီးအက္ဖ္ေအက စီစဥ္ေနပါတယ္။

မန္စီးတီးအသင္းက စီေရာ္နယ္ဒိုကို ေခၚယူႏုိင္ခဲ့မယ္ဆိုရင္ ခ်န္ပီယံလိဂ္မွာ မက္ဆီပါတဲ့ ပီအက္စ္ဂ်ီအသင္းနဲ႔ ထိပ္တိုက္ေတြ႔မွာျဖစ္ပါတယ္။

ယူအီးအက္ဖ္ေအရဲ႕ တစ္ႏွစ္တာ အေကာင္းဆံုး ကစားသမားဆုကိုေတာ့ ခ်န္ပီယံလိဂ္နဲ႔ ယူရို ဖလားပိုင္ရွင္ ေဂ်ာ္ဂ်င္ဟိုက ရရွိသြားခဲ့ျပီျဖစ္ပါတယ္။

မန္စီးတီးအသင္းဟာ ခ်က္ရိႈင္းယား ရဲအဖြဲ႔က စံုစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ေနတဲ့ ဘယ္အစြန္လူ မန္ဒီကို ကလပ္အတြက္ ကစားေပးျခင္းမွ ရပ္ဆိုင္းထားျပီျဖစ္ပါတယ္။

ခ်ယ္ဆီးအသင္းဟာ ခံစစ္မွဴး ဇူးမားကို ဝက္ဟမ္းအသင္းထံ ေရာင္းခ်ေရး သေဘာတူညီမႈ ရခဲ့တဲ့ေနာက္ ဆီးဗီးလာခံစစ္မွဴး ကြန္ဒီကို ေခၚယူေရးကို အရွိန္ျမင့္လာခဲ့ျပီျဖစ္ကာ မၾကာခင္မွာ အျပီးသတ္ႏုိင္ပါေတာ့မယ္။

မန္စီးတီးခံစစ္မွဴး ဒီေယာ့စ္ဟာ ယူအီးအက္ဖ္ေအရဲ႕ တစ္ႏွစ္တာ အေကာင္းဆံုး ခံစစ္မွဴး ဆုကို လက္ခံရရွိခဲ့ပါတယ္။ ဒီေယာ့စ္ကေတာ့ ဒီရာသီမွာလည္း အေကာင္းဆံုး ၾကိဳးစားပါမယ္လို႔ ထုတ္ေျပာလာပါတယ္။

မန္စီးတီးနဲ႔ ဂ်ဴဗင္တပ္တို႔ဟာ စီေရာ္နယ္ဒို အေျပာင္းအေရႊ႔ကိစၥမွာ ေျပာင္းေရႊ႔ေၾကး သေဘာတူညီမႈ မရဘူးျဖစ္ေနပါတယ္။ ေဆြးေႏြးမႈက ေရွ႔ဆက္လာႏုိင္တဲ့ အေျခအေနမွာ ရွိေနပါေသးတယ္။

အာဆင္နယ္ဘက္က တိုက္စစ္သမား ဝီလီယမ္ရဲ႕ အေျပာင္းအေရႊ႔ ကိစၥအတြက္ ဘရာဇီးကလပ္ ကိုရင္တီယန္နဲ႔ ေဆြးေႏြးမႈလုပ္ေနေၾကာင္းကို မန္ေနဂ်ာ အာတီတာက ဝန္ခံလိုက္ပါတယ္။

စပါးအသင္းရဲ႕ ယူရိုပါလိဂ္ ေျခစစ္ပြဲအတြက္ ပြဲထြက္လူစာရင္းမွာ ကိန္းကို အသင္းေခါင္းေဆာင္အျဖစ္ ထည့္သြင္းသြားခဲ့ပါတယ္။ ဒါ့အျပင္ ဂိုးသမား ဂိုလီနင္၊ ခံစစ္မွဴး ရိုမဲရိုးနဲ႔ တိုက္စစ္သမား ဂီးတို႔ကိုလည္း ပြဲထြက္လူစာရင္းက ထည့္သံူသြားပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာ ပီအက္စ္ဂ်ီအသင္း တိုက္စစ္မွဴး အမ္ဘတ္ပီအတြက္ ယူရို သန္း ၁၇၀ တန္ေၾကးရွိတဲ့ ဒုတိယေျမာက္ ကမ္းလွမ္းမႈ ေပးပို႔ခဲ့ပါျပီ။ ဒါဟာ စာခ်ဳပ္ ၁၀ လေက်ာ္ပဲ က်န္တဲ့ ကစားသမားအတြက္ ပထမအၾကိမ္ ကမ္းလွမ္းမႈထက္ ယူရို ၁၀ သန္း ပိုေပးလာျခင္းျဖစ္ပါတယ္။

ယူႏုိက္တက္ ကစားသမားေဟာင္း ဝိန္းရြန္းနီက သူဆိုရင္ မန္စီးတီးနဲ႔ လီဗာပူးအသင္းေတြထဲ ေျပာင္းေရႊ႔ကစားဖို႔ ဘယ္ေတာ့မွ စဥ္းစားမွာ မဟုတ္ေပမယ့္ ကစားသမားတိုင္းက မတူပါဘူးလို႔ ထုတ္ေျပာလိုက္ပါတယ္။

မာေဆးအသင္းကို အငွားထြက္ကစားေနတဲ့ ဂြမ္ေဒါင္ဇီက မာေဆးပရိသတ္ေတြဟာ အာဆင္နယ္ ပရိသတ္ေတြလို မဟုတ္ဘဲ အသင္းကို စြမ္းေဆာင္ရည္ေကာင္းလာေအာင္ အားေပး ကူညီႏုိင္သူေတြလို႔ မွတ္ခ်က္ေပးျပီး ဂန္းနားပရိသတ္ေတြကို ထိုးႏွက္လိုက္ပါတယ္။

ပဲေလစ့္ဟာ ဝတ္ဖိုဒ့္အသင္း ကြင္းလယ္လူ ဝဲလ္ဟုခ်္ကို ေခၚယူဖို႔ သေဘာတူညီမႈ ရခဲ့ပါျပီ။ ကနဦး ေျပာင္းေရႊ႔ေၾကး ေပါင္ ၆ သန္းနဲ႔အတူ ေပါင္ ၁၀ သန္းထိ ေရာက္ႏုိင္မယ့္ ေျပာင္းေရႊ႔ေၾကးနဲ႔ ေခၚယူႏုိင္မွာျဖစ္ပါတယ္။ ပဲေလစ့္ရဲ႕ ေနာက္ထပ္ ပစ္မွတ္ကေတာ့ အာဆင္နယ္မွ အန္ကတ္တီယားျဖစ္ပါတယ္။

အဂၤလန္အသင္းရဲ႔ ႏုိင္ငံတကာ သီတင္းပတ္အတြက္ လက္ေရြးစင္အသင္း စာရင္းမွာေတာ့ လိဒ္ယူႏုိက္တက္ တိုက္စစ္မွဴး ဘမ္းဖိုဒ့္ဟာ သူ႔ကစားသမားဘဝ ပထမဆံုးအၾကိမ္အျဖစ္ ပါဝင္လာခဲ့ျပီျဖစ္ပါတယ္။