ယူနိုက်တက်ဟာ ဒေါ့မွန်တိုက်စစ်သမား ဆန်ချိုအတွက် ပေါင် ၇၂.၉ သန်း အကုန်အကျခံ ခေါ်ယူခဲ့ပြီးနောက် နောက်ထပ် ပစ်မှတ်အဖြစ် ရီးရဲလ်မက်ဒရစ် ခံစစ်မှူး ဗာရိန်းအတွက် ကြိုးစားမှု စတင်နေကြောင်း တယ်လီဂရပ်က ဖော်ပြလာခဲ့ပါပြီ။
ယူနိုက်တက်က ကာလရှည် ကြိုးစားထားရတဲ့ ဆန်ချိုကို ယူရိုပြိုင်ပွဲအပြီးမှာ ဆေးစစ်မှု ပြုလုပ်မှာဖြစ်တယ်။ တိုက်စစ်ပိုင်းက ကျေနပ်စရာဖြစ်လာတဲ့နောက် ဆိုးရှားက ခံစစ်ပိုင်းပြင်ဆင်ရေးတွေမှာ အာရုံစိုက်ဖို့ ဦးတည်လာခဲ့ပြီး ရီးရဲလ်မက်ဒရစ် ခံစစ်မှူး ဗာရိန်းကို ဦးစားပေးအဖြစ် ရွေးချယ်ထားပါတယ်။
မနှစ်က တစ်ရာသီလုံး ပွဲကစားပေးထားနိုင်ခဲ့တဲ့ မက်ဂွဲရား ရာသီကုန်ခါနီး ဒဏ်ရာရခဲ့ရာက ယူနိုက်တက်ရဲ့ စွမ်းဆောင်ရည်တွေ ထိုးကျခဲ့ကာ ယူရိုပါလိဂ် ဗိုလ်လုပွဲပါ အရေးနိမ့်ခဲ့ပါတယ်။ ခံစစ်မှာက မကြာခဏ ဒဏ်ရာရတတ်တဲ့ ဘိုင်လီ၊ တွမ်ဇီဘီ၊ ဖီးဂျုံးလို ခံစစ်မှူးတွေပဲ ရှိတာကြောင့် မက်ဂွဲရား၊ လင်ဒီအော့နည်းတူ ခံစစ်အတွက် အားကိုးနိုင်ဖို့ ဗာရိန်းကို မန်နေဂျာဆိုးရှားက သဘောတွေ့ထားတာဖြစ်တယ်။
ရီးရဲလ်မက်ဒရစ်က အသင်းခေါင်းဆောင် ရာမိုစ့်ကို လက်လွတ်ထားရချိန်မှာ ဗာရိန်းကိုလည်း လက်မလွတ်လိုသေးဘဲ ထိုက်တန်တဲ့ ပြောင်းရွှေ့ကြေးရမှပဲ လက်လွတ်လိုပါတယ်။ ၎င်းတို့နဲ့ စာချုပ် ၁ နှစ်ပဲ ကျန်ရှိတဲ့ ဗာရိန်းအတွက် ယူရို သန်း ၆၀ ထိ ရလိုမှုဟာ ဆန်ချိုအတွက် စံချိန်တင်ကြေး ပေးရမှာဖြစ်လို့ နောက်ထပ် အသုံးစရိတ်ကြီးတွေ ထုတ်ဖို့ ခက်ခဲနေတဲ့ ယူနိုက်တက်အတွက် ပြဿနာဖြစ်လာပါတယ်။
ရီးရဲလ်မက်ဒရစ်ဘက်ကလည်း မန်နေဂျာအန်ဆယ်လော့တီအတွက် ကစားသမားသစ် ခေါ်ယူပေးဖို့ရာ အသုံးစရိတ် လိုအပ်နေတာပါ။ ဗာရိန်းကို လက်လွတ်ရမယ်ဆိုရင် ဗီလာရီးရဲလ်မှ တောရက်စ်ကို ပြန်ခေါ်ဖို့ ရီးရဲလ်မက်ဒရစ်က ပစ်မှတ်ထားထားတာဖြစ်တယ်။
ယူနိုက်တက်ကလည်း တောရက်စ်ကို သဘောကျပေမယ့် စပိန်သား ခံစစ်မှူးက လာလီဂါမှာပဲ ဆက်ကစားလိုနေတယ်လို့ သိရပါတယ်။

ZAWGYI – ယူႏုိက္တက္ဟာ ေဒါ့မြန္တိုက္စစ္သမား ဆန္ခ်ိဳအတြက္ ေပါင္ ၇၂.၉ သန္း အကုန္အက်ခံ ေခၚယူခဲ့ျပီးေနာက္ ေနာက္ထပ္ ပစ္မွတ္အျဖစ္ ရီးရဲလ္မက္ဒရစ္ ခံစစ္မွဴး ဗာရိန္းအတြက္ ၾကိဳးစားမႈ စတင္ေနေၾကာင္း တယ္လီဂရပ္က ေဖာ္ျပလာခဲ့ပါျပီ။
ယူႏုိက္တက္က ကာလရွည္ ၾကိဳးစားထားရတဲ့ ဆန္ခ်ိဳကို ယူရိုျပိဳင္ပြဲအျပီးမွာ ေဆးစစ္မႈ ျပဳလုပ္မွာျဖစ္တယ္။ တိုက္စစ္ပိုင္းက ေက်နပ္စရာျဖစ္လာတဲ့ေနာက္ ဆိုးရွားက ခံစစ္ပိုင္းျပင္ဆင္ေရးေတြမွာ အာရံုစိုက္ဖို႔ ဦးတည္လာခဲ့ျပီး ရီးရဲလ္မက္ဒရစ္ ခံစစ္မွဴး ဗာရိန္းကို ဦးစားေပးအျဖစ္ ေရြးခ်ယ္ထားပါတယ္။
မႏွစ္က တစ္ရာသီလံုး ပြဲကစားေပးထားႏုိင္ခဲ့တဲ့ မက္ဂြဲရား ရာသီကုန္ခါနီး ဒဏ္ရာရခဲ့ရာက ယူႏုိက္တက္ရဲ႕ စြမ္းေဆာင္ရည္ေတြ ထိုးက်ခဲ့ကာ ယူရိုပါလိဂ္ ဗိုလ္လုပြဲပါ အေရးနိမ့္ခဲ့ပါတယ္။ ခံစစ္မွာက မၾကာခဏ ဒဏ္ရာရတတ္တဲ့ ဘိုင္လီ၊ တြမ္ဇီဘီ၊ ဖီးဂ်ံဳးလို ခံစစ္မွဴးေတြပဲ ရွိတာေၾကာင့္ မက္ဂြဲရား၊ လင္ဒီေအာ့နည္းတူ ခံစစ္အတြက္ အားကိုးႏုိင္ဖို႔ ဗာရိန္းကို မန္ေနဂ်ာဆိုးရွားက သေဘာေတြ႔ထားတာျဖစ္တယ္။
ရီးရဲလ္မက္ဒရစ္က အသင္းေခါင္းေဆာင္ ရာမိုစ့္ကို လက္လြတ္ထားရခ်ိန္မွာ ဗာရိန္းကိုလည္း လက္မလြတ္လိုေသးဘဲ ထိုက္တန္တဲ့ ေျပာင္းေရႊ႔ေၾကးရမွပဲ လက္လြတ္လိုပါတယ္။ ၄င္းတို႔နဲ႔ စာခ်ဳပ္ ၁ ႏွစ္ပဲ က်န္ရွိတဲ့ ဗာရိန္းအတြက္ ယူရို သန္း ၆၀ ထိ ရလိုမႈဟာ ဆန္ခ်ိဳအတြက္ စံခ်ိန္တင္ေၾကး ေပးရမွာျဖစ္လို႔ ေနာက္ထပ္ အသံုးစရိတ္ၾကီးေတြ ထုတ္ဖို႔ ခက္ခဲေနတဲ့ ယူႏုိက္တက္အတြက္ ျပႆနာျဖစ္လာပါတယ္။
ရီးရဲလ္မက္ဒရစ္ဘက္ကလည္း မန္ေနဂ်ာအန္ဆယ္ေလာ့တီအတြက္ ကစားသမားသစ္ ေခၚယူေပးဖို႔ရာ အသံုးစရိတ္ လိုအပ္ေနတာပါ။ ဗာရိန္းကို လက္လြတ္ရမယ္ဆိုရင္ ဗီလာရီးရဲလ္မွ ေတာရက္စ္ကို ျပန္ေခၚဖို႔ ရီးရဲလ္မက္ဒရစ္က ပစ္မွတ္ထားထားတာျဖစ္တယ္။
ယူႏုိက္တက္ကလည္း ေတာရက္စ္ကို သေဘာက်ေပမယ့္ စပိန္သား ခံစစ္မွဴးက လာလီဂါမွာပဲ ဆက္ကစားလိုေနတယ္လို႔ သိရပါတယ္။
