အာဆင်နယ် အခြေအနေ အများကြီး ပြန်ကောင်းလာနေပြီလို့ ဘရိုက်တန်ကို နိုင်တဲ့ပွဲ အပြီး အာတီတာ ပြောဆို

အရန်ခုံကနေ ဝင်လာပြီး ၂၉ စက္ကန့် အကြာမှာပဲ ဂိုးသွင်းပေးခဲ့တဲ့ လာကာဇက်ကြောင့် ညက ဘရိုက်တန်ကို သွားရောက်ရင်ဆိုင်တဲ့ ပွဲမှာ အာဆင်နယ်တို့ အဖိုးတန် နိုင်ပွဲ ရခဲ့ပါတယ်။ ဒီနိုင်ပွဲ ကြောင့် အာဆင်နယ်ဟာ နှစ်ပွဲဆက် နိုင်လိုက်တာ ဖြစ်ပြီး ဒီရာသီမှာ ဒုတိယ အကြိမ်သာ ရှိပါသေးတယ်။

အာတီတာကတော့ ဘရိုက်တန်ကို နိုင်လိုက်တာက အရေးကြီးတဲ့ နိုင်ပွဲ ဖြစ်ပြီး အသင်းရဲ့ အခြေအနေက အများကြီး ပိုကောင်းလာတယ်လို့ ယုံကြည်နေပါတယ်။ ဘောက်ဆင်ဒေးက ပွဲမှာလည်း ချယ်ဆီးကို နိုင်ထားတဲ့ အာဆင်နယ်က လက်ရှိမှာတော့ အမှတ်ပေးဇယား အဆင့် ၁၃ နေရာ ရောက်လာပါတယ်။ တန်းဆင်းဇုန်နဲ့လည်း ၉ မှတ်ထိ ကွာသွားခဲ့ပါတယ်။

” ကျနော်တို့ ရလဒ်ကောင်းတွေ ရဖို့ ရုန်းကန်နေခဲ့ရတာ သိပါတယ်။ ချယ်ဆီးကို နိုင်လိုက်တာတော့ လုံး၀ ခွန်အားကြီး တစ်ရပ် ဖြစ်ခဲ့တယ်။ ဒီနေ့ပွဲမှာလည်း ဒီကို လာပြီး နောက်ထပ် နိုင်ပွဲ ယူလိုက်တာက သိပ်ကို အရေးကြီးပါတယ်။ ကျနော့်ကောင်လေးတွေ အတွက် သိပ် ဂုဏ်ယူမိပါတယ်။ ရလဒ် အတွက်လည်း ပျော်မိတယ်။

လာကာဇက် ကတော့ ခြေသိပ်ကောင်းနေတာပါ ယုံကြည်မှုလည်း အပြည့် ရှိတယ်။ ကျနော်က ဒုတိယပိုင်းမှာ အသင်းကို လန်းဆန်းမှုတွေနဲ့ ပြောင်းလဲ ပေးချင်ခဲ့တာ။ တချို့နေရာတွေမှာ သိပ် မခြိမ်းခြောက်နိုင်ဘူး ဖြစ်နေခဲ့တယ်။

အကောင်းဆုံး ဆေးကတော့ နိုင်ပွဲတွေပါပဲ။ အခုဆို မတူညီတဲ့ ကမ္ဘာ မတူညီတဲ့ ဇာတ်လမ်း တစ်ပုဒ် ဖြစ်သွားပြီ။ အခြေအနေ အများကြီး ကောင်းလာနေပါပြီ။ ” လို့ အာတီတာက ပြောဆိုခဲ့ပါတယ်။

Zawgyi – အရန္ခံုကေန ၀င္လာျပီး ၂၉ စကၠန္႔ အၾကာမွာပဲ ဂိုးသြင္းေပးခဲ့တဲ့ လာကာဇက္ေၾကာင့္ ညက ဘရိုက္တန္ကို သြားေရာက္ရင္ဆိုင္တဲ့ ပြဲမွာ အာဆင္နယ္တို႕ အဖိုးတန္ နုိင္ပြဲ ရခဲ့ပါတယ္။ ဒီနိုင္ပြဲ ေၾကာင့္ အာဆင္နယ္ဟာ နွစ္ပြဲဆက္ နိုင္လိုက္တာ ျဖစ္ျပီး ဒီရာသီမွာ ဒုတိယ အၾကိမ္သာ ရွိပါေသးတယ္။

အာတီတာကေတာ့ ဘရိုက္တန္ကို နုိင္လိုက္တာက အေရးၾကီးတဲ့ နုိင္ပြဲ ျဖစ္ျပီး အသင္းရဲ႕ အေျခအေနက အမ်ားၾကီး ပိုေကာင္းလာတယ္လို႔ ယံုၾကည္ေနပါတယ္။ ေဘာက္ဆင္ေဒးက ပြဲမွာလည္း ခ်ယ္ဆီးကို နုိင္ထားတဲ့ အာဆင္နယ္က လက္ရွိမွာေတာ့ အမွတ္ေပးဇယား အဆင့္ ၁၃ ေနရာ ေရာက္လာပါတယ္။ တန္းဆင္းဇုန္နဲ႕လည္း ၉ မွတ္ထိ ကြာသြားခဲ့ပါတယ္။

” က်ေနာ္တို႔ ရလဒ္ေကာင္းေတြ ရဖို႔ ရုန္းကန္ေနခဲ့ရတာ သိပါတယ္။ ခ်ယ္ဆီးကို နိုင္လိုက္တာေတာ့ လံုး၀ ခြန္အားၾကီး တစ္ရပ္ ျဖစ္ခဲ့တယ္။ ဒီေန႔ပြဲမွာလည္း ဒီကို လာျပီး ေနာက္ထပ္ နိုင္ပြဲ ယူလိုက္တာက သိပ္ကို အေရးၾကီးပါတယ္။ က်ေနာ့္ေကာင္ေလးေတြ အတြက္ သိပ္ ဂုဏ္ယူမိပါတယ္။ ရလဒ္ အတြက္လညး္ ေပ်ာ္မိတယ္။

လာကာဇက္ ကေတာ့ ေျခသိပ္ေကာင္းေနတာပါ ယံုၾကည္မႈလည္း အျပည့္ ရွိတယ္။ က်ေနာ္က ဒုတိယပိုင္းမွာ အသင္းကို လန္းဆန္းမႈေတြနဲ႕ ေျပာင္းလဲ ေပးခ်င္ခဲ့တာ။ တခ်ိဳ႕ေနရာေတြမွာ သိပ္ မျခိမး္ေျခာက္နုိင္ဘူး ျဖစ္ေနခဲ့တယ္။

အေကာင္းဆံုး ေဆးကေတာ့ နုိင္ပြဲေတြပါပဲ။ အခုဆို မတူညီတဲ့ ကမၻာ မတူညီတဲ့ ဇာတ္လမ္း တစ္ပုဒ္ ျဖစ္သြားျပီ။ အေျခအေန အမ်ားၾကီး ေကာင္းလာေနပါျပီ။ ” လို႔ အာတီတာက ေျပာဆိုခဲ့ပါတယ္။