ယူနိုက်တက် ဆိုးရှားက ဖြစ်သင့်တာထက် ဝေဖန်မှုတွေ ပို ခံယူနေရတဲ့ အကြောင်း စာနာ ဖော်ထုတ်ခဲ့တဲ့ လမ်းပတ်

ယူနိုက်တက် နည်းပြ ဆိုးလ်ရှားဟာ သရဲနီ ကစားသမားဟောင်းတစ်ယောက် ဖြစ်တာကြောင့် တခါတလေ အပိုဝေဖန်မှုတွေ ခံခဲ့ရတာ ဖြစ်တယ်လို့ ချယ်ဆီးနည်းပြ ဖရန့်လမ်းပတ်က ယုံကြည်နေပါတယ်။

ချယ်ဆီး နည်းပြ လမ်းပတ်ကတော့ သူဟာလဲ ကစားသမားဘဝမှာအောင်မြင်ခဲ့တဲ့ ကလပ်မှာ နည်းပြလုပ်နေတာကြောင့် ဆိုးလ်ရှားရဲ့ အဖြစ် အပေါ် စာနာ နားလည်ပေးနိုင်နေတာ ဖြစ်ပါတယ်။

ဆိုးလ်ရှားဟာ ယူနိုက်တက် ကစားသမားဟောင်း ဖြစ်လို့သာ ဒီအလုပ်ကို ရခဲ့တာဖြစ်တယ်လို့ ဝေဖန်သူတွေက ယုံကြည်နေတာနဲ့အတူ ကလပ်ဂန္တဝင်ဂုဏ်ပုဒ်ကြောင့် သူ့အနေနဲ့ ပိုပြီး ကြမ်းတမ်းတဲ့ ဆက်ဆံမှုတွေ ခံရနိုင်တယ်လို့ အင်္ဂလန်လက်ရွေးစင်ဟောင်းက ထင်မြင်နေပါတယ်။

“ကျွန်တော်တို့အားလုံးမှာ ဆိုးတခါ ကောင်းတလှည့် အချိန်တွေရှိကြတာပါပဲ၊ ဒီအလုပ်က ခက်ခဲပင်ပန်းတယ်၊ ဆိုးလ်ရှားရဲ့ နေရာအပေါ် ကျွန်တော့်အမြင်ကို ပြောပြချင်တယ်၊ ကျွန်တော်က မေးခွန်းကို ဖြေနိုင်တယ်လို့ ယူဆပါတယ်၊ ကလပ်အတွက် မင်းက ကစားပေးခဲ့ဖူးတဲ့အခါ လူတွေက မင်းကို မတူညီတဲ့ အမြင်နဲ့ ကြည့်တတ်တယ်၊ ခက်ခဲတဲ့အချိန်တွေမှာ အဲ့ဒါတွေက သိပ်ကို ပုံမှန်မဟုတ်သလို ဖြစ်နိုင်ပြီးတော့ မင်းက ကစားသမားဟောင်းဖြစ်လို့ နည်းပြဖြစ်ရတယ်ဆိုတဲ့ အချက်ကို လွယ်လွယ် ထောက်ပြကြတယ်။

မင်းက ကစားသမားဟောင်းဆိုတဲ့ဟာကို မင်းနဲ့ မင်းလုပ်ဖို့ကြိုးစားနေတဲ့ အလုပ်တွေအားလုံးကို ဆန့်ကျင်ဖို့ အသုံးချနိုင်တယ်၊ ကျွန်တော်ဖြစ်ဖြစ် အိုလီဖြစ်ဖြစ် ဒီလမ်းကြောင်းမှာ လျှောက်နေတာ ကျွန်တော်တို့ ၂ ယောက်ပဲ မဟုတ်ပါဘူး၊ တခြားနည်းပြတွေလဲ ရှိပါတယ်၊ ဒါက ကျွန်တော့် ခံစားချက်ပေါ့။

ဒါပေမယ့် မင်း လုပ်လို့မရတဲ့အရာတစ်ခုက အဲ့ဒီ့အကြောင်း စောဒက တက်လို့မရတာပဲ၊ မင်းအလုပ်ကို မင်းတိုးတက်အောင် လုပ်ရုံပဲ၊ နောက်ကွယ်မှာ အိုလီ လုပ်နေတဲ့ အရာအားလုံးက ကျွန်တော် ဒီမှာ နေ့တိုင်းလုပ်နေတဲ့ အရာတွေနဲ့ အတူတူပဲဆိုတာ သေချာပါတယ်”လို့ လမ်းပတ်က ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ချန်ပီယံလိဂ် အုပ်စုအဆင့်ကနေတက်ဖို့ ၁ မှတ်သာ လိုခဲ့ပေမယ့်လဲ လိုက်ပ်ဇစ်ကို ၃-၂ နဲ့ ရှုံးကာ ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရတဲ့နောက် ဆိုးလ်ရှားရဲ့ နည်းပြအလုပ်ဟာ မေးခွန်းထုတ်စရာတွေ ထပ်ဖြစ်လာခဲ့တာပါ။ သရဲနီတွေဟာ ပြီးခဲ့တဲ့အပတ်က ပရီးမီးယားလိဂ်မှာ ဝက်စ်ဟမ်းကို နိုင်ကာ လေးပွဲဆက် အနိုင်ရလဒ်နဲ့ အဆင့် ၆ ရောက်ခဲ့တဲ့နောက် ပျော်ရွှင်နေတဲ့ စိတ်နဲ့ လိုက်ပ်ဇစ်ကို ရင်ဆိုင်ဖို့ ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ပွဲတွေအတွင်းမှာတောင် အတက်အကျတွေ ဖြစ်နေတဲ့ စွမ်းဆောင်ရည်နဲ့အတူ မတည်ငြိမ်တဲ့ ခြေစွမ်းတွေရှိခဲ့တဲ့ ယူနိုက်တက်ဟာ ဂျာမနီမှာလဲ ဆိုးရွားတဲ့ပုံစံတွေ ပြသခဲ့တာက အံ့ဩစရာတော့ မဟုတ်ခဲ့ပါဘူး။ ရှုံးပွဲတစ်ပွဲပြီးတိုင်း ဆိုးလ်ရှားအပေါ် ဝေဖန်မှုတွေ ပိုတိုးလာခဲ့သလို သူဟာ ယူနိုက်တက်ကို တိုးတက်စေမယ့်လူ မဟုတ်ဘူးဆိုတဲ့ ပြောဆိုမှုတွေတောင် ရှိလာခဲ့တာ ဖြစ်ပါတယ်။

Zawgyi – ယူႏိုက္တက္ နည္းျပ ဆိုးလ္ရွားဟာ သရဲနီ ကစားသမားေဟာင္းတစ္ေယာက္ ျဖစ္တာေၾကာင့္ တခါတေလ အပိုေဝဖန္မႈေတြ ခံခဲ့ရတာ ျဖစ္တယ္လို႔ ခ်ယ္ဆီးနည္းျပ ဖရန႔္လမ္းပတ္က ယုံၾကည္ေနပါတယ္။

ခ်ယ္ဆီး နည္းျပ လမ္းပတ္ကေတာ့ သူဟာလဲ ကစားသမားဘဝမွာေအာင္ျမင္ခဲ့တဲ့ ကလပ္မွာ နည္းျပလုပ္ေနတာေၾကာင့္ ဆိုးလ္ရွားရဲ႕ အျဖစ္ အေပၚ စာနာ နားလည္ေပးႏိုင္ေနတာ ျဖစ္ပါတယ္။

ဆိုးလ္ရွားဟာ ယူႏိုက္တက္ ကစားသမားေဟာင္း ျဖစ္လို႔သာ ဒီအလုပ္ကို ရခဲ့တာျဖစ္တယ္လို႔ ေဝဖန္သူေတြက ယုံၾကည္ေနတာနဲ႔အတူ ကလပ္ဂႏၲဝင္ဂုဏ္ပုဒ္ေၾကာင့္ သူ႔အေနနဲ႔ ပိုၿပီး ၾကမ္းတမ္းတဲ့ ဆက္ဆံမႈေတြ ခံရႏိုင္တယ္လို႔ အဂၤလန္လက္ေ႐ြးစင္ေဟာင္းက ထင္ျမင္ေနပါတယ္။

“ကြၽန္ေတာ္တို႔အားလုံးမွာ ဆိုးတခါ ေကာင္းတလွည့္ အခ်ိန္ေတြရွိၾကတာပါပဲ၊ ဒီအလုပ္က ခက္ခဲပင္ပန္းတယ္၊ ဆိုးလ္ရွားရဲ႕ ေနရာအေပၚ ကြၽန္ေတာ့္အျမင္ကို ေျပာျပခ်င္တယ္၊ ကြၽန္ေတာ္က ေမးခြန္းကို ေျဖႏိုင္တယ္လို႔ ယူဆပါတယ္၊ ကလပ္အတြက္ မင္းက ကစားေပးခဲ့ဖူးတဲ့အခါ လူေတြက မင္းကို မတူညီတဲ့ အျမင္နဲ႔ ၾကည့္တတ္တယ္၊ ခက္ခဲတဲ့အခ်ိန္ေတြမွာ အဲ့ဒါေတြက သိပ္ကို ပုံမွန္မဟုတ္သလို ျဖစ္ႏိုင္ၿပီးေတာ့ မင္းက ကစားသမားေဟာင္းျဖစ္လို႔ နည္းျပျဖစ္ရတယ္ဆိုတဲ့ အခ်က္ကို လြယ္လြယ္ ေထာက္ျပၾကတယ္။

မင္းက ကစားသမားေဟာင္းဆိုတဲ့ဟာကို မင္းနဲ႔ မင္းလုပ္ဖို႔ႀကိဳးစားေနတဲ့ အလုပ္ေတြအားလုံးကို ဆန႔္က်င္ဖို႔ အသုံးခ်ႏိုင္တယ္၊ ကြၽန္ေတာ္ျဖစ္ျဖစ္ အိုလီျဖစ္ျဖစ္ ဒီလမ္းေၾကာင္းမွာ ေလွ်ာက္ေနတာ ကြၽန္ေတာ္တို႔ ၂ ေယာက္ပဲ မဟုတ္ပါဘူး၊ တျခားနည္းျပေတြလဲ ရွိပါတယ္၊ ဒါက ကြၽန္ေတာ့္ ခံစားခ်က္ေပါ့။

ဒါေပမယ့္ မင္း လုပ္လို႔မရတဲ့အရာတစ္ခုက အဲ့ဒီ့အေၾကာင္း ေစာဒက တက္လို႔မရတာပဲ၊ မင္းအလုပ္ကို မင္းတိုးတက္ေအာင္ လုပ္႐ုံပဲ၊ ေနာက္ကြယ္မွာ အိုလီ လုပ္ေနတဲ့ အရာအားလုံးက ကြၽန္ေတာ္ ဒီမွာ ေန႔တိုင္းလုပ္ေနတဲ့ အရာေတြနဲ႔ အတူတူပဲဆိုတာ ေသခ်ာပါတယ္”လို႔ လမ္းပတ္က ေျပာဆိုခဲ့တာပဲ ျဖစ္ပါတယ္။

ယူႏိုက္တက္ဟာ ခ်န္ပီယံလိဂ္ အုပ္စုအဆင့္ကေနတက္ဖို႔ ၁ မွတ္သာ လိုခဲ့ေပမယ့္လဲ လိုက္ပ္ဇစ္ကို ၃-၂ နဲ႔ ရႈံးကာ ခ်န္ပီယံလိဂ္ကေန ထြက္ခြာခဲ့ရတဲ့ေနာက္ ဆိုးလ္ရွားရဲ႕ နည္းျပအလုပ္ဟာ ေမးခြန္းထုတ္စရာေတြ ထပ္ျဖစ္လာခဲ့တာပါ။ သရဲနီေတြဟာ ၿပီးခဲ့တဲ့အပတ္က ပရီးမီးယားလိဂ္မွာ ဝက္စ္ဟမ္းကို ႏိုင္ကာ ေလးပြဲဆက္ အႏိုင္ရလဒ္နဲ႔ အဆင့္ ၆ ေရာက္ခဲ့တဲ့ေနာက္ ေပ်ာ္႐ႊင္ေနတဲ့ စိတ္နဲ႔ လိုက္ပ္ဇစ္ကို ရင္ဆိုင္ဖို႔ ျပင္ဆင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ ပြဲေတြအတြင္းမွာေတာင္ အတက္အက်ေတြ ျဖစ္ေနတဲ့ စြမ္းေဆာင္ရည္နဲ႔အတူ မတည္ၿငိမ္တဲ့ ေျခစြမ္းေတြရွိခဲ့တဲ့ ယူႏိုက္တက္ဟာ ဂ်ာမနီမွာလဲ ဆိုး႐ြားတဲ့ပုံစံေတြ ျပသခဲ့တာက အံ့ဩစရာေတာ့ မဟုတ္ခဲ့ပါဘူး။ ရႈံးပြဲတစ္ပြဲၿပီးတိုင္း ဆိုးလ္ရွားအေပၚ ေဝဖန္မႈေတြ ပိုတိုးလာခဲ့သလို သူဟာ ယူႏိုက္တက္ကို တိုးတက္ေစမယ့္လူ မဟုတ္ဘူးဆိုတဲ့ ေျပာဆိုမႈေတြေတာင္ ရွိလာခဲ့တာ ျဖစ္ပါတယ္။