ဒီရာသီ တန်းဆင်းဇုန်မှာ ရုန်းကန်နေရမယ့် အသင်းတွေကို ဟောကိန်းထုတ်တဲ့ ရော်ဘီ ဆားဗေ့ချ်

မန်စီးတီးက ဘန်လေကို ဂိုးပြတ် အနိုင်ရခဲ့တဲ့နောက် ဒီရာသီ တန်းဆင်းဇုန် နေရာတွေက ဘယ်အသင်းတွေ ဖြစ်မလဲဆိုတာ ဆုံးဖြတ်ပြီးသားဖြစ်လာကြောင်း ရော်ဘီ ဆားဗေ့ခ်ျက ယုံကြည်နေပါတယ်။

မန်စီးတီးဟာ အီသီဟဒ်မှာ လေးကြိမ်မြောက်အဖြစ် သူတို့ရဲ့ပြိုင်ဘက် ဘန်လေအသင်းကို ၅ ဂိုး သွင်းယူပြခဲ့သလို မာရက်ဇ်ရဲ့ လက်ဖျားခါလောက်စရာ ဟက်ထရစ်နဲ့အတူ ဘန်လေကတော့ တန်းဆင်းဇုန်ထဲ ရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။ အခုမှ ရာသီ အစောပိုင်း လေးပုံတစ်ပုံသာ ကစားရသေးပေမယ့် ဘန်လေရဲ့ အားနည်းတဲ့ပုံစံတွေကြောင့် တန်းဆင်းဇုန်နေရာမှာ ပါဝင်သွားမယ့် အသင်းတစ်သင်းဖြစ်လာကြောင်း ဆားဗေ့ချ်က ပြောပါတယ်။

စီးတီးအိမ်ကွင်းမှာ ဘန်လေတို့ ဘာကြောင့် ထပ်မံရုန်းကန်ခဲ့ရတာလဲလို့ မေးမြန်းခဲ့ရာ ဆားဗေ့ခ်ျက “ကျွန်တော် မသိပါဘူး၊ သူတို့တွေက နည်းပြအတွက် အလုပ်ကြိုးစားခဲ့ကြပေမယ့် အရည်အချင်းကတော့ ရှိမနေခဲ့ပါဘူး”လို့ ဆိုပါတယ်။

ဆင်းဒိုင်ချီရဲ့ အသင်းဟာ ဒီရာသီမှာ ဂိုးတွေသွင်းယူဖို့ ရုန်းကန်ခဲ့ရပြီး သူတို့ရဲ့ ပထမဆုံး ၉ ပွဲမှာ ၁၇ ဂိုး ပေးထားခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒီ့ စိုးရိမ်စရာ အချက်အလက်တွေကြောင့် ဘန်လေအနေနဲ့ အင်္ဂလန်ထိပ်သီးလိဂ်မှာ ဆက်လက် ရှင်သန် ကျန်ရှိနေနိုင်ဖို့အတွက် ကြိုးပမ်းရာမှာ ပိုပြီးခက်ခဲစေလိမ့်မယ်လို့ ဆားဗေ့ခ်ျက ဝန်ခံခဲ့ပါတယ်။

“ အခု ဘန်လေအတွက် ကြီးမားတဲ့ စိုးရိမ်စရာက သူတို့ဟာ ပရီးမီးယားလိဂ်မှာ ၄ ဂိုးသာ ရရှိထားတာပါ၊ အခု ဇယားအောက်ဆုံးက လေးသင်းထဲက သုံးသင်းကတော့ သေချာပေါက် တန်းဆင်းရမယ် ထင်ပါတယ်။

ဘရိုက်တန်က ၁၀ မှတ်ရ ထားတာကြောင့် ရှေ့ဆက်တိုးတက်ဖို့ လုံလောက်မှု ရှိပါတယ်၊ ဘာကြောင့်လဲဆိုတော့ သူတို့က ဂိုးတွေသွင်းနိုင်တယ်၊ တန်းဆင်းဇုန် အခြေအနေက သိကြပြီးသားဖြစ်မှာပါ၊ အခု နောက်ဆုံး ၄ သင်းထဲက ၃ သင်း ဖြစ်လိမ့်မယ်” လို့ ၎င်းက ဆိုပါတယ်။

ဘန်လေဟာ နောက်လာမယ့် အပတ်တွေမှာ အဲဗာတန်၊ အာဆင်နယ်တို့နဲ့ ခက်ခဲတဲ့ ပွဲစဉ်တွေ ကစားရမှာဖြစ်ပြီး ကစားသမားတွေအနေနဲ့ သူတို့ရဲ့ကံကြမ္မာကို ပြောင်းလဲဖို့အတွက် စည်းစည်းလုံးလုံး ကြိုးစားဖို့ အရေးကြီးတယ်လို့ ဆားဗေ့ခ်ျက ထောက်ပြခဲ့ပါတယ်။

“ ဘန်လေအတွက် ဒါက နာကျင်စရာ ဖြစ်စေမှာပါ၊ အီသီဟဒ်မှာ လာကစားရတာက မလွယ်ပါဘူး၊ ဒါက လွယ်ကူတဲ့ပွဲလို့တာ့ မပြောချင်ပါဘူး၊ ဘာလို့လဲဆိုတော့ ဒိုင်ချီက သူသွားတဲ့ နေရာတိုင်းမှာ ပြိုင်ဆိုင်ချင်နေမှာပါ။

စီးတီးရဲ့ အရည်အသွေးကသာ ဘန်လေအတွက် ကြီးမားလွန်းနေခဲ့တာပါ၊ သူတို့ ဆက်ပြီး တိုက်ပွဲဝင်သွားမှာပါ၊ ဒိုင်ချီက ရာသီတိုင်း အောင်မြင်ပါတယ်၊ ဘန်လေက ပရီးမီးယားလိဂ်မှာ ရှိတဲ့အချိန်တိုင်း အဲ့ဒါက အောင်မြင်မှုပါပဲ” လို့ ဆားဗေ့ခ်ျက ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။

ZAWGYI – မန္စီးတီးက ဘန္ေလကို ဂိုးျပတ္ အႏိုင္ရခဲ့တဲ့ေနာက္ ဒီရာသီ တန္းဆင္းဇုန္ ေနရာေတြက ဘယ္အသင္းေတြ ျဖစ္မလဲဆိုတာ ဆုံးျဖတ္ၿပီးသားျဖစ္လာေၾကာင္း ေရာ္ဘီ ဆားေဗ့ခ္်က ယုံၾကည္ေနပါတယ္။

မန္စီးတီးစာ အီသီဟဒ္မွာ ေလးႀကိမ္ေျမာက္အျဖစ္ သူတို႔ရဲ႕ၿပိဳင္ဘက္ ဘန္ေလအသင္းကို ၅ ဂိုး သြင္းယူျပခဲ့သလို မာရက္ဇ္ရဲ႕ လက္ဖ်ားခါေလာက္စရာ ဟက္ထရစ္နဲ႔အတူ ဘန္ေလကေတာ့ တန္းဆင္းဇုန္ထဲ ေရာက္ရွိသြားခဲ့ၿပီျဖစ္ပါတယ္။ အခုမွ ရာသီ အေစာပိုင္း ေလးပုံတစ္ပုံသာ ကစားရေသးေပမယ့္ ဘန္ေလရဲ႕ အားနည္းတဲ့ပုံစံေတြေၾကာင့္ တန္းဆင္းဇုန္ေနရာမွာ ပါဝင္သြားမယ့္ အသင္းတစ္သင္းျဖစ္လာေၾကာင္း ဆားေဗ့ခ်္က ေျပာပါတယ္။

စီးတီးအိမ္ကြင္းမွာ ဘန္ေလတို႔ ဘာေၾကာင့္ ထပ္မံ႐ုန္းကန္ခဲ့ရတာလဲလို႔ ေမးျမန္းခဲ့ရာ ဆားေဗ့ခ္်က “ကြၽန္ေတာ္ မသိပါဘူး၊ သူတို႔ေတြက နည္းျပအတြက္ အလုပ္ႀကိဳးစားခဲ့ၾကေပမယ့္ အရည္အခ်င္းကေတာ့ ရွိမေနခဲ့ပါဘူး”လို႔ ဆိုပါတယ္။

ဆင္းဒိုင္ခ်ီရဲ႕ အသင္းဟာ ဒီရာသီမွာ ဂိုးေတြသြင္းယူဖို႔ ႐ုန္းကန္ခဲ့ရၿပီး သူတို႔ရဲ႕ ပထမဆုံး ၉ ပြဲမွာ ၁၇ ဂိုး ေပးထားခဲ့ရတာျဖစ္ပါတယ္။ အဲ့ဒီ့ စိုးရိမ္စရာ အခ်က္အလက္ေတြေၾကာင့္ ဘန္ေလအေနနဲ႔ အဂၤလန္ထိပ္သီးလိဂ္မွာ ဆက္လက္ ရွင္သန္ က်န္ရွိေနႏိုင္ဖို႔အတြက္ ႀကိဳးပမ္းရာမွာ ပိုၿပီးခက္ခဲေစလိမ့္မယ္လို႔ ဆားေဗ့ခ္်က ဝန္ခံခဲ့ပါတယ္။

“ အခု ဘန္ေလအတြက္ ႀကီးမားတဲ့ စိုးရိမ္စရာက သူတို႔ဟာ ပရီးမီးယားလိဂ္မွာ ၄ ဂိုးသာ ရရွိထားတာပါ၊ အခု ဇယားေအာက္ဆုံးက ေလးသင္းထဲက သုံးသင္းကေတာ့ ေသခ်ာေပါက္ တန္းဆင္းရမယ္ ထင္ပါတယ္။

ဘ႐ိုက္တန္က ၁၀ မွတ္ရ ထားတာေၾကာင့္ ေရွ႕ဆက္တိုးတက္ဖို႔ လုံေလာက္မႈ ရွိပါတယ္၊ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔က ဂိုးေတြသြင္းႏိုင္တယ္၊ တန္းဆင္းဇုန္ အေျခအေနက သိၾကၿပီးသားျဖစ္မွာပါ၊ အခု ေနာက္ဆုံး ၄ သင္းထဲက ၃ သင္း ျဖစ္လိမ့္မယ္” လို႔ ၎က ဆိုပါတယ္။

ဘန္ေလဟာ ေနာက္လာမယ့္ အပတ္ေတြမွာ အဲဗာတန္၊ အာဆင္နယ္တို႔နဲ႔ ခက္ခဲတဲ့ ပြဲစဥ္ေတြ ကစားရမွာျဖစ္ၿပီး ကစားသမားေတြအေနနဲ႔ သူတို႔ရဲ႕ကံၾကမၼာကို ေျပာင္းလဲဖို႔အတြက္ စည္းစည္းလုံးလုံး ႀကိဳးစားဖို႔ အေရးႀကီးတယ္လို႔ ဆားေဗ့ခ္်က ေထာက္ျပခဲ့ပါတယ္။

“ ဘန္ေလအတြက္ ဒါက နာက်င္စရာ ျဖစ္ေစမွာပါ၊ အီသီဟဒ္မွာ လာကစားရတာက မလြယ္ပါဘူး၊ ဒါက လြယ္ကူတဲ့ပြဲလို႔တာ့ မေျပာခ်င္ပါဘူး၊ ဘာလို႔လဲဆိုေတာ့ ဒိုင္ခ်ီက သူသြားတဲ့ ေနရာတိုင္းမွာ ၿပိဳင္ဆိုင္ခ်င္ေနမွာပါ။

စီးတီးရဲ႕ အရည္အေသြးကသာ ဘန္ေလအတြက္ ႀကီးမားလြန္းေနခဲ့တာပါ၊ သူတို႔ ဆက္ၿပီး တိုက္ပြဲဝင္သြားမွာပါ၊ ဒိုင္ခ်ီက ရာသီတိုင္း ေအာင္ျမင္ပါတယ္၊ ဘန္ေလက ပရီးမီးယားလိဂ္မွာ ရွိတဲ့အခ်ိန္တိုင္း အဲ့ဒါက ေအာင္ျမင္မႈပါပဲ” လို႔ ဆားေဗ့ခ္်က ေျပာဆိုခဲ့တာပဲျဖစ္ပါတယ္။