ဂန်းနားဟောင်းကြီး မာတင်ကီယွန်က အသင်းဟောင်း မြောက်လန်ဒန်ကလပ်ရဲ့ ကွင်းလယ်မှာ ခံစစ်ကို ကျစ်လစ်စေတဲ့ တကယ့် အထိုင် ကစားသမားကောင်းတွေ ရှိနေပြီး သူတို့ ခေတ်အခါက ဗီအဲရာနဲ့ ပီတစ်တို့လို့ စိတ်ချရတဲ့ အသင်းသားတွေ ဖြစ်လာပြီလို့ ယူနိုက်တက်နဲ့ ပွဲ အပြီးမှာ ဝမ်းမြောက်စကား ဆိုခဲ့ပါတယ်။
အာဆင်နယ်နဲ့ ပတ်သတ်တဲ့ သတင်းခေါင်းစီးတွေမှာ သောမတ်စ် ပါတေးက နေရာယူနေပြီး မာတင်ကီယွန်ကတော့ ပါတေး အပြင် အတူ တွဲဖက် ကစားတဲ့ မိုဟာမက် အယ်နီတီကလည်း ကွင်းလယ်မှာ အရည်အသွေးကောင်းတွေ ထပ်ပေါင်းပေးထားတယ်လို့ ယုံကြည်နေပါတယ်။

အာဆင်နယ် အသင်းဟာ ကွင်းလယ်ပိုင်းမှာ အားနည်းလွန်းတယ် ဆိုတဲ့ ဝေဖန်မှုတွေကို နှစ်ကာလရှည် ခံယူခဲ့ရတာ ဖြစ်ပါတယ်။ နည်းပြ အာတီတာကတော့ ထို အခြေအနေကို ပညာသားပါပါ သုံးသပ် ပြင်ဆင်နိုင်ခဲ့ပြီး ရလဒ်ကောင်းတွေ မြင်ရစ ပြုလာပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နွေက ခေါ်ခဲ့တဲ့ ဘရာဇီးသား ခံစစ်မှူး ဂါဘရီရယ်လ်ကလည်း နောက်တန်းမှာ စိတ်ချထားရလောက်အောင် အထိုင်ကျနေပြီ ဆိုရမှာပါ။
ဂန်းနားဟောင်း မာတင်ကီယွန်ကတော့ အာဆင်နယ်ဟာ ပြသနာဟောင်းတွေကို ကျော်ဖြတ်နိုင်ခဲ့ပြီလို့ ဒေးလီးမေးလ် သတင်းမှာ ဝမ်းသာအားရ ဖွင့်ဟခဲ့ပါတယ်။
” ကျနော်တို့ တုန်းက အာဆင်နယ် ဂျာစီ ဝတ်ဆင် ကစားတုန်း တကယ့် အသင်းဖော်ကောင်းတွေ ရှိခဲ့တယ်။ ပက်ထရစ် ဗီအဲရာနဲ့ ပီတစ်တို့ ဗီအဲရာနဲ့ ဂီဘာတို ဆေးဗားတို့ နောက်မှာ ကစားခွင့်ရတာ တကယ့်ကို ကံကောင်းခြင်းပဲ။ ခံစစ်ရဲ့ မျက်နှာစာမှာ အဲဒီလို ကွင်းလယ်ကောင်းတွေ လိုအပ်ပါတယ်။ အခု အာဆင်နယ်မှာ အယ်နီနီနဲ့ ပါတေးတို့ က အဲဒီလို ကျစ်လစ်စွာ လုပ်ပြခဲ့ပြီ။
ဒီနွေမှာ ခေါ်ထားတဲ့ ကစားသမား ပါတေးကို အားလုံးက အာရုံကျပြီး ချီးကျူးမိကြတယ်။ ဒါပေမယ့် အယ်နီနီကလည်း ကွင်းလယ်မှာ သူ့အသင်းဖော် သစ်နဲ့ ကောင်းစွာ တွဲဖက် ကစားသွားတယ်။ အာဆင်နယ်ဟာ အခု ပရီးမီးယားလိဂ် ခံစစ် အကောင်းဆုံး အသင်းတွေထဲ ပါလာပြီ။ ဒီအတွက် အာတီတာကို ချီးကျူး ဂုဏ်ပြုရမှာပါ။ ” လို့ ကီယွန်က ပြောဆိုခဲ့ပါတယ်။
အာဆင်နယ်ဟာ အိုးထရက်ဖို့ဒ်မှာ ကာလရှည် အနိုင်မရတဲ့ မှတ်တမ်းဆိုး အပြင် ကြီး ၆ ကြီး အသင်းတွေနဲ့ တွေ့တိုင်း နိုင်ပွဲ မယူနိုင်တာ ကြာပြီ ဖြစ်တဲ့ မှတ်တမ်းကိုပါ တခါတည်း ချိုးဖျက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Zawgyi – ဂန္းနားေဟာင္းၾကီး မာတင္ကီယြန္က အသင္းေဟာင္း ေျမာက္လန္ဒန္ကလပ္ရဲ႕ ကြင္းလယ္မွာ ခံစစ္ကို က်စ္လစ္ေစတဲ့ တကယ့္ အထိုင္ ကစားသမားေကာင္းေတြ ရွိေနျပီး သူတို႔ ေခတ္အခါက ဗီအဲရာနဲ႕ ပီတစ္တို႔လို႔ စိတ္ခ်ရတဲ့ အသင္းသားေတြ ျဖစ္လာျပီလို႔ ယူနုိက္တက္နဲ႕ ပြဲ အျပီးမွာ ၀မ္းေျမာက္စကား ဆိုခဲ့ပါတယ္။
အာဆင္နယ္နဲ႕ ပတ္သတ္တဲ့ သတင္းေခါင္းစီးေတြမွာ ေသာမတ္စ္ ပါေတးက ေနရာယူေနျပီး မာတင္ကီယြန္ကေတာ့ ပါေတး အျပင္ အတူ တြဲဖက္ ကစားတဲ့ မိုဟာမက္ အယ္နီတီကလည္း ကြင္းလယ္မွာ အရည္အေသြးေကာင္းေတြ ထပ္ေပါင္းေပးထားတယ္လို႔ ယံုၾကည္ေနပါတယ္။
အာဆင္နယ္ အသင္းဟာ ကြင္းလယ္ပိုင္းမွာ အားနည္းလြန္းတယ္ ဆိုတဲ့ ေ၀ဖန္မႈေတြကို နွစ္ကာလရွည္ ခံယူခဲ့ရတာ ျဖစ္ပါတယ္။ နည္းျပ အာတီတာကေတာ့ ထို အေျခအေနကို ပညာသားပါပါ သံုးသပ္ ျပင္ဆင္နိုင္ခဲ့ျပီး ရလဒ္ေကာင္းေတြ ျမင္ရစ ျပဳလာျပီ ျဖစ္ပါတယ္။ ျပီးခဲ့တဲ့ ေႏြက ေခၚခဲ့တဲ့ ဘရာဇီးသား ခံစစ္မွဴး ဂါဘရီရယ္လ္ကလည္း ေနာက္တန္းမွာ စိတ္ခ်ထားရေလာက္ေအာင္ အထိုင္က်ေနျပီ ဆိုရမွာပါ။
ဂန္းနားေဟာင္း မာတင္ကီယြန္ကေတာ့ အာဆင္နယ္ဟာ ျပသနာေဟာငး္ေတြကို ေက်ာ္ျဖတ္နုိင္ခဲ့ျပီလို႔ ေဒးလီးေမးလ္ သတင္းမွာ ၀မ္းသာအားရ ဖြင့္ဟခဲ့ပါတယ္။
” က်ေနာ္တို႔ တုန္းက အာဆင္နယ္ ဂ်ာစီ ၀တ္ဆင္ ကစားတုန္း တကယ့္ အသင္းေဖာ္ေကာင္းေတြ ရွိခဲ့တယ္။ ပက္ထရစ္ ဗီအဲရာနဲ႕ ပီတစ္တို႔ ဗီအဲရာနဲ႕ ဂီဘာတို ေဆးဗားတို႔ ေနာက္မွာ ကစားခြင့္ရတာ တကယ့္ကို ကံေကာင္းျခင္းပဲ။ ခံစစ္ရဲ႕ မ်က္နွာစာမွာ အဲဒီလို ကြင္းလယ္ေကာင္းေတြ လိုအပ္ပါတယ္။ အခု အာဆင္နယ္မွာ အယ္နီနီနဲ႕ ပါေတးတို႔ က အဲဒီလို က်စ္လစ္စြာ လုပ္ျပခဲ့ျပီ။
ဒီေႏြမွာ ေခၚထားတဲ့ ကစားသမား ပါေတးကို အားလံုးက အာရံုက်ျပီး ခ်ီးက်ဴးမိၾကတယ္။ ဒါေပမယ့္ အယ္နီနီကလည္း ကြင္းလယ္မွာ သူ႔အသင္းေဖာ္ သစ္နဲ႕ ေကာင္းစြာ တြဲဖက္ ကစားသြားတယ္။ အာဆင္နယ္ဟာ အခု ပရီးမီးယားလိဂ္ ခံစစ္ အေကာင္းဆံုး အသင္းေတြထဲ ပါလာျပီ။ ဒီအတြက္ အာတီတာကို ခ်ီးက်ဴး ဂုဏ္ျပဳရမွာပါ။ ” လို႔ ကီယြန္က ေျပာဆိုခဲ့ပါတယ္။
အာဆင္နယ္ဟာ အိုးထရက္ဖို႔ဒ္မွာ ကာလရွည္ အနုိင္မရတဲ့ မွတ္တမ္းဆိုး အျပင္ ၾကီး ၆ ၾကီး အသင္းေတြနဲ႕ ေတြ႔တိုင္း နိုင္ပြဲ မယူနုိင္တာ ၾကာျပီ ျဖစ္တဲ့ မွတ္တမး္ကိုပါ တခါတည္း ခ်ိဳးဖ်က္နိုင္ခဲ့တာ ျဖစ္ပါတယ္။
