ပရီးမီးယားလိဂ်သမိုင်း အချိန်အကြာဆုံးဖွင့်မယ့် နွေဈေးကွက်ကို ဒီလကနေ စတင်ဖွင့်လှစ်မည်

UNICODE – ပရီးမီးယားလိဂ်ကတော့ လာမယ့် နွေဈေးကွက်ကို ဇူလိုင်လမှာ စတင်ဖွင့်လှစ်ဖို့ ခွင့်ပြုပေးဖို့အတွက် စာတင်မှုကို လုပ်ဆောင်ထားပြီလို့ စကိုင်းစပေါ့က ဖော်ပြသွားပါတယ်။

ပရီးမီးယားလိဂ် ကလပ် ၂၀ လုံးက ဘောလုံးရာသီ ကုန်ဆုံးမယ့် ဇူလိုင်လ ၂၇ ရက်ကနေ အောက်တိုဘလ ၅ ရက်နေ့ထိ ဖွင့်မယ့် နွေဈေးကွက်အတွက် မဲပေးမှုကို တနင်္လာနေ့က လုပ်ဆောင်ခဲ့ကြတာဖြစ်တယ်။ ဒီတစ်ကြိမ် နွေဈေးကွက်ဟာ ပရီးမီးယားလိဂ်သမိုင်းမှာ အကြာဆုံးအဖြစ် ၁၀ ပတ်ကြာ ဖွင့်ပေးထားမှာဖြစ်ပါတယ်။

ဒါအပြင် ပရီးမီးယားလိဂ်နဲ့ အင်္ဂလန်ပြည်တွင်း ကလပ်တွေကြားမှာ ကစားသမား ရောင်းထုတ်မှုနဲ့ အငှားချမှုအတွက်လည်း နောက်ထပ် ၂ ပတ် ထပ်ပြီး ဖွင့်ထားပေးဖို့ မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လို့ အောက်တိုဘာလ ၁၈ ရက်နေ့အထိ ထပ်တိုးဖွင့်မယ့် ၂ ပတ်အတွင်းမှာတော့ ပရီးမီးယားလိဂ်ကလပ်တွေ အချင်းချင်း ကစားသမား ခေယူမှုလုပ်တာမျိုးနဲ့ ပြည်ပနိုင်ငံမှ ကစားသမား ခေါ်ယူမှုလုပ်တာတွေကိုတော့ ခွင့်ပြုမှာ မဟုတ်ပါဘူး။

အဓိကအားဖြင့် ထပ်တိုး ၂ ပတ်ဟာ ပရီးမီးယားလိဂ်က အင်္ဂလန်အောက်တန်း ကလပ်တွေကို အဆင့်မြင့်တန်းက ကစားသမားတွေကို အငှားခေါ်ယူဖို့ ကိစ္စတွေ လုံဆောင်ခွင့်ပေးဖို့ ထပ်တိုးပေးခြင်းလည်း ဖြစ်ပါတယ်။

ဒီရက် သက်မှတ်ချက်ဟာ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် ပြိုင်ပွဲတွေအတွက် လူစာရင်းတင်ခြင်း မတိုင်ခင် အပြီးသတ်ဖို့လည်း ဖြစ်လာပါလိမ့်မယ်။ ဥရောပကလပ် အများအပြားကလည်း အောက်တိုဘာလ ၅ ရက်နေ့ထိ ဈေးကွက်ဖွင့်ဖို့ စီစဉ်ထားပြီဖြစ်လို့ အင်္ဂလန်အဆင့်မြင့်တန်းလိုက်အတွက်လည်း သင့်လျော်တဲ့ ရက်စွဲ ဖြစ်လာမှာ ဖြစ်ပါတယ်။

ZAWGYI – ပရီးမီးယားလိဂ္ကေတာ့ လာမယ့္ ေႏြေစ်းကြက္ကို ဇူလိုင္လမွာ စတင္ဖြင့္လွစ္ဖို႔ ခြင့္ျပဳေပးဖို႔အတြက္ စာတင္မႈကို လုပ္ေဆာင္ထားျပီလို႔ စကိုင္းစေပါ့က ေဖာ္ျပသြားပါတယ္။

ပရီးမီးယားလိဂ္ ကလပ္ ၂၀ လံုးက ေဘာလံုးရာသီ ကုန္ဆံုးမယ့္ ဇူလိုင္လ ၂၇ ရက္ကေန ေအာက္တိုဘလ ၅ ရက္ေန႔ထိ ဖြင့္မယ့္ ေႏြေစ်းကြက္အတြက္ မဲေပးမႈကို တနလၤာေန႔က လုပ္ေဆာင္ခဲ့ၾကတာျဖစ္တယ္။ ဒီတစ္ၾကိမ္ ေႏြေစ်းကြက္ဟာ ပရီးမီးယားလိဂ္သမုိင္းမွာ အၾကာဆံုးအျဖစ္ ၁၀ ပတ္ၾကာ ဖြင့္ေပးထားမွာျဖစ္ပါတယ္။

ဒါအျပင္ ပရီးမီးယားလိဂ္နဲ႔ အဂၤလန္ျပည္တြင္း ကလပ္ေတြၾကားမွာ ကစားသမား ေရာင္းထုတ္မႈနဲ႔ အငွားခ်မႈအတြက္လည္း ေနာက္ထပ္ ၂ ပတ္ ထပ္ျပီး ဖြင့္ထားေပးဖို႔ ေမွ်ာ္လင့္ႏုိင္မွာ ျဖစ္ပါတယ္။ ဒါေပမယ့္လို႔ ေအာက္တိုဘာလ ၁၈ ရက္ေန႔အထိ ထပ္တိုးဖြင့္မယ့္ ၂ ပတ္အတြင္းမွာေတာ့ ပရီးမီးယားလိဂ္ကလပ္ေတြ အခ်င္းခ်င္း ကစားသမား ေခယူမႈလုပ္တာမ်ိဳးနဲ႔ ျပည္ပႏုိင္ငံမွ ကစားသမား ေခၚယူမႈလုပ္တာေတြကိုေတာ့ ခြင့္ျပဳမွာ မဟုတ္ပါဘူး။

အဓိကအားျဖင့္ ထပ္တိုး ၂ ပတ္ဟာ ပရီးမီးယားလိဂ္က အဂၤလန္ေအာက္တန္း ကလပ္ေတြကို အဆင့္ျမင့္တန္းက ကစားသမားေတြကို အငွားေခၚယူဖို႔ ကိစၥေတြ လံုေဆာင္ခြင့္ေပးဖို႔ ထပ္တိုးေပးျခင္းလည္း ျဖစ္ပါတယ္။

ဒီရက္ သက္မွတ္ခ်က္ဟာ ခ်န္ပီယံလိဂ္နဲ႔ ယူရိုပါလိဂ္ ျပိဳင္ပြဲေတြအတြက္ လူစာရင္းတင္ျခင္း မတုိင္ခင္ အျပီးသတ္ဖို႔လည္း ျဖစ္လာပါလိမ့္မယ္။ ဥေရာပကလပ္ အမ်ားအျပားကလည္း ေအာက္တိုဘာလ ၅ ရက္ေန႔ထိ ေစ်းကြက္ဖြင့္ဖို႔ စီစဥ္ထားျပီျဖစ္လို႔ အဂၤလန္အဆင့္ျမင့္တန္းလိုက္အတြက္လည္း သင့္ေလ်ာ္တဲ့ ရက္စြဲ ျဖစ္လာမွာ ျဖစ္ပါတယ္။