UNICODE – အာဆင်နယ်မန်နေဂျာ အာတီတာက ပွဲအပြီးမှာတော့ အသင်းရဲ့ စွမ်းဆောင်ရည်နဲ့ ပက်သက်ပြီး စကားပြောမှု လုပ်သွားခဲ့ပါတယ်။
ပွဲအစ ၆ မိနစ်မှာတင် ကွင်းလယ်လူ ရှာခါ ဒဏ်ရာကြောင့် လူစားလဲခဲ့ရပြီး သိပ်မကြာခင်မှာပဲ မာရီကလည်း ဒေးဗစ်လူးဝစ်နဲ့ လူစားလဲခဲ့ရတာဖြစ်တယ်။ လူးဝစ်က ပွဲအဖြေကို ပြောင်းလဲစေခဲ့သူလို့တောင် ဆိုနိုင်ပြီး သူ့ရဲ့ အမှားတွေကနေ အာဆင်နယ်က သွင်းဂိုး ၂ ဂိုး ပေးခဲ့ရတာဖြစ်တယ်။
မန်နေဂျာ အာတီတာက ပြောရာမှာ ” ပထမဆုံး မိနစ်တည်းက အားလုံးက မှားနေခဲ့ပါတယ်။ မတော်တဆ ဖြစ်နိုင်တဲ့ ကိစ္စတွေအားလုံး ဒီကနေ့မှာ ဖြစ်ခဲ့တယ်လို့တောင် ထင်ပါတယ်။ ဒဏ်ရာရကြတဲ့ ကစားသမားတွေက ကြွက်သား ဒဏ်ရာတွေ ရကြတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ဒေးဗစ်လူးဝစ်က ပွင့်ပွင့်လင်းလင်းနဲ့ ဒဲ့တိုးသမားဖြစ်ပါတယ်။ သူ့နဲ့ ပက်သက်ပြီး ကျနော်ရဲ့ အမြင်က မပြောင်းလဲပါဘူး။ ဒီကနေ့ညမှာ သူက ခက်ခဲတဲ့ စွမ်ဆောင်ရည် ပြသခဲ့ပေမယ့်လည်း သူ့အပေါ်မှာ အမြင် မပြောင်းသေးပါဘူး။ ” လို့ ပြောဆိုခဲ့တာဖြစ်တယ်။
အာဆင်နယ်ဟာ အထောင်တိုက်စစ်သမားအဖြစ် အူဘာမီယန်ကို ပွဲထုတ်ပေမယ့်လည်း သူ့ကို ဖန်တီးမှုတွေ မလုပ်ပေးနိုင်ခဲ့ပါဘူး။ အထူးသဖြင့် ကွင်းလယ်နဲ့ တောင်ပံတွေက တိုက်စစ်မှာ ပြေးလမ်းပြနေတဲ့ အူဘာမီယန်ကို ဖန်တီးမှုအစား တောင်ပံချိန်း ကစားမှုတွေကိုပဲ လုပ်ခဲ့ခြင်းက ဂါဘွန်တိုက်စစ်သမားကို စိတ်ပျက်စေခဲ့ပါတယ်။
လူစာရင်းမှာ အိုဇေးကို အရန်မှာတောင် မထည့်ခဲ့ခြင်းကို အာတီတာက ” သူ့ကို မထည့်တာ နည်းစနစ် အကြောင်းရင်းကြောင့်ပါ ” လို့ အဖြေပေးခဲ့တယ်။
လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်ခြင်းနဲ့ ပက်သက်လို့တော့ ” အားလုံးကို နောက်တစ်ကြိမ် အတူတကွ လုပ်ဆောင်စေခဲ့တာက အားကောင်းတဲ့ အကြောင်းကြားမှု ဖြစ်လိမ့်မယ် ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။
မန်စီးတီးကို ဂိုးပြတ် အရေးနိမ့်ခဲ့ခြင်းကြောင့် အာဆင်နယ်ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် အိပ်မက်ဟာ မှေးမှိန်ခဲ့ပြီဖြစ်သလို ကြီး ၆ ကြီးနဲ့ နောက်ဆုံး ယှဉ်ပြိုင်ကစားထားတဲ့ ၂၆ ပွဲမှာ တစ်ပွဲမှ မနိုင်တဲ့ မှတ်တမ်းဆိုးကို ပိုမို ရှည်ကြာစေခဲ့ပါတယ်။

ZAWGYI – အာဆင္နယ္မန္ေနဂ်ာ အာတီတာက ပြဲအျပီးမွာေတာ့ အသင္းရဲ႕ စြမ္းေဆာင္ရည္နဲ႔ ပက္သက္ျပီး စကားေျပာမႈ လုပ္သြားခဲ့ပါတယ္။
ပြဲအစ ၆ မိနစ္မွာတင္ ကြင္းလယ္လူ ရွာခါ ဒဏ္ရာေၾကာင့္ လူစားလဲခဲ့ရျပီး သိပ္မၾကာခင္မွာပဲ မာရီကလည္း ေဒးဗစ္လူးဝစ္နဲ႔ လူစားလဲခဲ့ရတာျဖစ္တယ္။ လူးဝစ္က ပြဲအေျဖကို ေျပာင္းလဲေစခဲ့သူလို႔ေတာင္ ဆိုႏုိင္ျပီး သူ႔ရဲ႕ အမွားေတြကေန အာဆင္နယ္က သြင္းဂိုး ၂ ဂိုး ေပးခဲ့ရတာျဖစ္တယ္။
မန္ေနဂ်ာ အာတီတာက ေျပာရာမွာ ” ပထမဆံုး မိနစ္တည္းက အားလံုးက မွားေနခဲ့ပါတယ္။ မေတာ္တဆ ျဖစ္ႏုိင္တဲ့ ကိစၥေတြအားလံုး ဒီကေန႔မွာ ျဖစ္ခဲ့တယ္လို႔ေတာင္ ထင္ပါတယ္။ ဒဏ္ရာရၾကတဲ့ ကစားသမားေတြက ၾကြက္သား ဒဏ္ရာေတြ ရၾကတာလည္း ျဖစ္ေကာင္းျဖစ္ႏုိင္ပါတယ္။
ေဒးဗစ္လူးဝစ္က ပြင့္ပြင့္လင္းလင္းနဲ႔ ဒဲ့တိုးသမားျဖစ္ပါတယ္။ သူ႔နဲ႔ ပက္သက္ျပီး က်ေနာ္ရဲ႕ အျမင္က မေျပာင္းလဲပါဘူး။ ဒီကေန႔ညမွာ သူက ခက္ခဲတဲ့ စြမ္ေဆာင္ရည္ ျပသခဲ့ေပမယ့္လည္း သူ႔အေပၚမွာ အျမင္ မေျပာင္းေသးပါဘူး။ ” လို႔ ေျပာဆိုခဲ့တာျဖစ္တယ္။
အာဆင္နယ္ဟာ အေထာင္တုိက္စစ္သမားအျဖစ္ အူဘာမီယန္ကို ပြဲထုတ္ေပမယ့္လည္း သူ႔ကို ဖန္တီးမႈေတြ မလုပ္ေပးႏုိင္ခဲ့ပါဘူး။ အထူးသျဖင့္ ကြင္းလယ္နဲ႔ ေတာင္ပံေတြက တိုက္စစ္မွာ ေျပးလမ္းျပေနတဲ့ အူဘာမီယန္ကို ဖန္တီးမႈအစား ေတာင္ပံခ်ိန္း ကစားမႈေတြကိုပဲ လုပ္ခဲ့ျခင္းက ဂါဘြန္တိုက္စစ္သမားကို စိတ္ပ်က္ေစခဲ့ပါတယ္။
လူစာရင္းမွာ အိုေဇးကို အရန္မွာေတာင္ မထည့္ခဲ့ျခင္းကို အာတီတာက ” သူ႔ကို မထည့္တာ နည္းစနစ္ အေၾကာင္းရင္းေၾကာင့္ပါ ” လို႔ အေျဖေပးခဲ့တယ္။
လူမ်ိဳးေရးခြဲျခားမႈကို ဆန္႔က်င္ျခင္းနဲ႔ ပက္သက္လို႔ေတာ့ ” အားလံုးကို ေနာက္တစ္ၾကိမ္ အတူတကြ လုပ္ေဆာင္ေစခဲ့တာက အားေကာင္းတဲ့ အေၾကာင္းၾကားမႈ ျဖစ္လိမ့္မယ္ ” လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။
မန္စီးတီးကို ဂိုးျပတ္ အေရးနိမ့္ခဲ့ျခင္းေၾကာင့္ အာဆင္နယ္ရဲ႕ ခ်န္ပီယံလိဂ္ဝင္ခြင့္ အိပ္မက္ဟာ ေမွးမွိန္ခဲ့ျပီျဖစ္သလို ၾကီး ၆ ၾကီးနဲ႔ ေနာက္ဆံုး ယွဥ္ျပိဳင္ကစားထားတဲ့ ၂၆ ပြဲမွာ တစ္ပြဲမွ မႏုိုင္တဲ့ မွတ္တမ္းဆိုးကို ပိုမို ရွည္ၾကာေစခဲ့ပါတယ္။
