အီဒင်ဟာဇက် နေရာ အစားထိုးဖို့ ချယ်ဆီးအသင်း ခေါ်ယူသင့်တဲ့ ကစားသမား

ချယ်ဆီးအသင်းအတွက် ပြီးခဲ့တဲ့နွေက လက်လွှတ်လိုက်ရတဲ့ တိုက်စစ်ကြယ်ပွင့် အီဒင် ဟာဇက်နေရာ အစားထိုးနိုင်တဲ့ အရည်အချင်း ကောင်းတွေ ရှိတဲ့ ကစားသမား တစ်ဦးကို ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က အကြံပြုလိုက်ပါတယ်။ ၎င်း ထောကခံလိုက်တာက လီဗာကူဆင် တိုက်စစ်သမား ကိုင် ဟာဗက်ဇ်ပါ။

ဟာဗက်ဇ်ဟာ ဥရောပ အလားအလာ အကောင်းဆုံး လူငယ်ကြယ်ပွင့် ကစားသမားတွေထဲ ပါဝင်ပြီး ဒီရာသီမှာ လီဗာကူဆင် အသင်း အတွက် ၃၅ ပွဲ ကစားပြီး ၁၃ ဂိုး သွင်း၊ ၈ ဂိုး ထောက်ပံ့မှု ပြုလုပ်ထားပါတယ်။ ဟာဗက်ဇ်ကို ခေါ်ယူလိုတဲ့ ထိပ်သီး အသင်းတွေ အများအပြား ရှိပြီး ပရီးမီးယားလိဂ်မှ ရေပန်းအစားဆုံးက ယူနိုက်တက် ဖြစ်ကာ ချယ်ဆီးနဲ့ လီဗာပူးအသင်းတို့ကလည်း စောင့်ကြည့်နေကြပါတယ်။

ဘာဘာတော့ဗ်ကတော့ ကိုင်ဟာဗက်ဇ်ဟာ ချယ်ဆီးအသင်း လက်လွှတ်လိုက်ရတဲ့ ဟာဇက်နေရာ အစားထိုးနိုင်မယ့် ကစားသမားကောင်း ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

” ဟာဗက်ဇ်ကို စိတ်ဝင်စားတဲ့ အသင်းတွေ သတင်းစကားတွေက အများကြီး ရှိတယ်။ လီဗာပူး၊ ချယ်ဆီးနဲ့ တခြား အသင်းတွေက သူ့ကို အလိုရှိနေကြတယ်ပေါ့။ ဒီတော့ သူ့ အနေနဲ့ အာရုံမများဘဲ ဂရုတစိုက် ရှိနေဖို့ လိုတယ်။ ကိုယ့်ပွဲ ကိုယ် အာရုံစိုက် ကစားဖို့ လိုသေးတယ်။

သူ့ကို ချိတ်ဆက်နေတဲ့ထဲမှာ ချယ်ဆီးအသင်းကတော့ စိတ်ဝင်စားစရာပဲ ဖြစ်တယ်။ ချယ်ဆီးက ဟာဇက် ထွက်ခွာသွားပြီးနောက် အစားထိုးဖို့ ကစားသမား မခေါ်ယူရသေးဘူး။ ဟာဇက် အတိုင်း အစားဝင်ဖို့က ခက်ခဲမယ် ဆိုပေမယ့် သူ့အတွက်တော့ အခွင့်အရေး ရှိပါတယ်။ ” လို့ ဘာဘာတော့ဗ်က သ့ုးသပ် ပြောဆိုခဲ့ပါတယ်။

ကိုင်ဟာဗက်ဇ်က ဘွန်ဒစ်လီဂါတွေ ပြန်စပြီးနောက် ဝါဒါဘရီမင်ကို ၄-၂ နဲ့ နိုင်ခဲ့တဲ့ လီဗာကူဆင် အတွ့် ၂ ဂိုး သွင်းကာ ခြေစွမ်းပြခဲ့ပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းအတြက္ ျပီးခဲ့တဲ့ေႏြက လက္လႊတ္လိုက္ရတဲ့ တိုက္စစ္ၾကယ္ပြင့္ အီဒင္ ဟာဇက္ေနရာ အစားထိုးနုိင္တဲ့ အရည္အခ်င္း ေကာင္းေတြ ရွိတဲ့ ကစားသမား တစ္ဦးကို ပရီးမီးယားလိဂ္ တိုက္စစ္မွဴးေဟာင္း ဘာဘာေတာ့ဗ္က အၾကံျပဳလိုက္ပါတယ္။ ၄င္း ေထာကခံလိုက္တာက လီဗာကူဆင္ တိုက္စစ္သမား ကိုင္ ဟာဗက္ဇ္ပါ။

ဟာဗက္ဇ္ဟာ ဥေရာပ အလားအလာ အေကာင္းဆံုး လူငယ္ၾကယ္ပြင့္ ကစားသမားေတြထဲ ပါ၀င္ျပီး ဒီရာသီမွာ လီဗာကူဆင္ အသင္း အတြက္ ၃၅ ပြဲ ကစားျပီး ၁၃ ဂိုး သြင္း၊ ၈ ဂိုး ေထာက္ပံ့မႈ ျပဳလုပ္ထားပါတယ္။ ဟာဗက္ဇ္ကို ေခၚယူလိုတဲ့ ထိပ္သီး အသင္းေတြ အမ်ားအျပား ရွိျပီး ပရီးမီးယားလိဂ္မွ ေရပန္းအစားဆံုးက ယူနိုက္တက္ ျဖစ္ကာ ခ်ယ္ဆီးနဲ႕ လီဗာပူးအသင္းတို႕ကလည္း ေစာင့္ၾကည့္ေနၾကပါတယ္။

ဘာဘာေတာ့ဗ္ကေတာ့ ကိုင္ဟာဗက္ဇ္ဟာ ခ်ယ္ဆီးအသင္း လက္လႊတ္လိုက္ရတဲ့ ဟာဇက္ေနရာ အစားထိုးနုိင္မယ့္ ကစားသမားေကာင္း ျဖစ္တယ္လို႔ ယံုၾကည္ေနပါတယ္။

” ဟာဗက္ဇ္ကို စိတ္၀င္စားတဲ့ အသင္းေတြ သတင္းစကားေတြက အမ်ားၾကီး ရွိတယ္။ လီဗာပူး၊ ခ်ယ္ဆီးနဲ႕ တျခား အသင္းေတြက သူ႔ကို အလိုရွိေနၾကတယ္ေပါ့။ ဒီေတာ့ သူ႔ အေနနဲ႕ အာရံုမမ်ားဘဲ ဂရုတစိုက္ ရွိေနဖုို႔ လိုတယ္။ ကိုယ့္ပြဲ ကိုယ္ အာရံုစိုက္ ကစားဖို႔ လိုေသးတယ္။

သူ႔ကို ခ်ိတ္ဆက္ေနတဲ့ထဲမွာ ခ်ယ္ဆီးအသင္းကေတာ့ စိတ္၀င္စားစရာပဲ ျဖစ္တယ္။ ခ်ယ္ဆီးက ဟာဇက္ ထြက္ခြာသြားျပီးေနာက္ အစားထိုးဖို႔ ကစားသမား မေခၚယူရေသးဘူး။ ဟာဇက္ အတိုင္း အစား၀င္ဖို႔က ခက္ခဲမယ္ ဆိုေပမယ့္ သူ႔အတြက္ေတာ့ အခြင့္အေရး ရွိပါတယ္။ ” လို႔ ဘာဘာေတာ့ဗ္က သ့ုးသပ္ ေျပာဆိုခဲ့ပါတယ္။

ကိုင္ဟာဗက္ဇ္က ဘြန္ဒစ္လီဂါေတြ ျပန္စျပီးေနာက္ ၀ါဒါဘရီမင္ကို ၄-၂ နဲ႕ နုိင္ခဲ့တဲ့ လီဗာကူဆင္ အတြ႕္ ၂ ဂိုး သြင္းကာ ေျခစြမ္းျပခဲ့ပါတယ္။