ၾသဂုတ္လ ၂၅ ရက္ေန႔ တနဂၤေႏြေန႔ ည ၇း၃၀ နာရီ ယွဥ္ျပိဳင္ကစားမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္ (၃) ရဲ႕ ဘုန္းေမာက္ Vs မန္စီးတီး ပြဲအတြက္ နာမည္ေက်ာ္သတင္းဌာနေတြမွ ေဘာလံုးခန္႔မွန္းသူေတြျဖစ္တဲ့ မိုက္ကယ္အိုဝင္၊ ဘီဘီစီမွ ေလာ္ရိုး၊ စကိုင္းစေပါ့မွ ခ်ာလီတို႔ရဲ႕ ပြဲၾကိဳ ခန္႔မွန္းေတြကို စုစည္း ေဖာ္ျပထားတာျဖစ္ပါတယ္။
ဘုန္းေမာက္ Vs မန္စီးတီး
ၾသဂုတ္လ ၂၅၊ တနဂၤေႏြေန႔ ည ၇း၃၀ နာရီ

ျပီးခဲ့တဲ့ စေနက မန္စီးတီး ဂိုးမရတဲ့ VAR အဆံုးအျဖတ္ဟာ တစ္ပတ္လံုး ေျပာစရာ ျဖစ္ခဲ့တာပါ။ စီးတီးက စပါးဂိုးေပါက္ကို အၾကိမ္ ၃၀ ေလာက္ ကန္သြင္းမႈ ရွိခဲ့ေပမယ့္ သေရ တစ္မွတ္နဲ႕ ေက်နပ္ခဲ့ရပါတယ္။ မန္စီးတီးဟာ အဖြင့္ပဲြမွာေတာ့ ၀က္စ္ဟမ္းကို ၅ ဂိုးျပတ္နုိင္ထားျပီး ပြဲစဥ္ ၂ စပါးနဲ႕ေတြ႔မွ အမွတ္ေလ်ာ့ထားတာပါ။ ဒီတပတ္ကေတာ့ ၂ ပြဲကစားထားခ်ိန္ ရွံဳးပြဲ မရွိေသးတဲ့ ဘုန္းေမာက္အသင္းအတြက္ ေန႔ခင္းရွည္ၾကီး ျဖစ္ပါလိမ့္မယ္။
အို၀င္ ခန္႔မွန္းရလဒ္။ ။ မန္စီးတီးက ႏွစ္ဂိုးအသာနဲ႔ အႏုိင္ရမယ္။
အရင္ေဘာလံုးရာသီတုန္းက မန္စီးတီးကုိ အိမ္ကြင္းမွာ ဧည့္ခံတုန္းက ဘုန္းေမာက္က ဂိုးေပါက္ျခိမ္းေျခာက္မႈ တစ္ၾကိမ္ေတာင္မွ မရွိခဲ့ပဲ ၁-၀ နဲ႔ အေရးနိမ့္ခဲ့တယ္။ သူတုိ႔ရဲ႕ ကစားဟန္ကို ဂုဏ္ယူေနႏုိင္ေပမယ့္ အိမ္ကြင္းမွာ အဲ့သည္လို ကစားႏုိင္ခဲ့တာကို က်ေနာ္ကေတာ့ မၾကိဳက္ပါဘူး။ ဟိုဝီက ဘာလို႔ဖြင့္မတိုက္ပဲ ခံစစ္ကစားတယ္ဆိုတာ က်ေနာ္ နားလည္တယ္။ မန္စီးတီးကို သူတို႔ ၾကိဳးစား ယွဥ္ျပိဳင္သင့္ပါတယ္။
မန္စီးတီးကလည္း တည္ကန္ေဘာေတြကေန သြင္းဂိုးေတြ ခြင့္ျပဳေပးရႏုိင္ပါတယ္။ ဒါေပမယ့္ မန္စီးတီးဟာ စပါးနဲ႔ပြဲမွာ အေတာ္ေလး ထူးခၽြန္ခဲ့ျပီး ဒီဘရိုင္းကေတာ့ အံ့မခန္းပါပဲ။ သူတို႔က သြင္းဂိုး၊ အရွိန္၊ ထူးခၽြန္မႈ အားလံုး ပိုင္ဆိုင္ထားတယ္။ ဒီပြဲကိုလည္း သက္ေသာင့္သက္သာနဲ႔ အႏိုင္ရဦးမွာပါ။
ခ်ာလီ ခန္႔မွန္းရလဒ္။ ။ ဘုန္းေမာက္ ၀-၃ မန္စီးတီး
မန္စီးတီးကေတာ့ ျပီးခဲ့တဲ့ အပတ္ VAR အဆံုးအျဖတ္ကို အမ်က္ထြက္ေနတုန္း ျဖစ္မွာပါ။ ဒီတစ္ပတ္မွာေတာ့ စီးတီးတို႔ နုိင္ပြဲ ျပန္ယူနိုင္ပါလိမ့္မယ္။ ဘုန္းေမာက္ အတြက္ ျပသနာက သူတို႔ ခံစစ္ဟာ မန္စီးတီးကို ထိန္းခ်ဳပ္နုိင္မယ့္ အေနအထား မရွိပါဘူး။ ဟို၀ီရဲ႕ အသင္းက ျပီးခဲ့တဲ့ အပတ္ ဗီလာကို နိုင္ခဲ့ေပမယ့္ ဒီတပတ္ေတာ့ အမွတ္ ရသြားစရာ မျမင္ပါဘူး။
ေလာ္ရိုး ခန္႔မွန္းရလဒ္။ ။ ဘုန္းေမာက္ ၀-၃ မန္စီးတီး
ဘုန္းေမာက္ Vs မန္စီးတီး ပြဲ ဘယ္လိုရလဒ္ေတြ ထြက္ေပၚလာမလဲလို႔ ခန္႔မွန္းေပးၾကပါဦး။
Sports Home Time

[Unicode] သြဂုတ်လ ၂၅ ရက်နေ့ တနင်္ဂနွေနေ့ ည ရး၃၀ နာရီ ယှဉ်ပြိုင်ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ် (၃) ရဲ့ ဘုန်းမောက် Vs မန်စီးတီး ပွဲအတွက် နာမည်ကျော်သတင်းဌာနတွေမှ ဘောလုံးခန့်မှန်းသူတွေဖြစ်တဲ့ မိုက်ကယ်အိုဝင်၊ ဘီဘီစီမှ လော်ရိုး၊ စကိုင်းစပေါ့မှ ချာလီတို့ရဲ့ ပွဲကြို ခန့်မှန်းတွေကို စုစည်း ဖော်ပြထားတာဖြစ်ပါတယ်။
ဘုန်းမောက် Vs မန်စီးတီး
သြဂုတ်လ ၂၅၊ တနင်္ဂနွေနေ့ ည ရး၃၀ နာရီ

ပြီးခဲ့တဲ့ စနေက မန်စီးတီး ဂိုးမရတဲ့ VAR အဆုံးအဖြတ်ဟာ တစ်ပတ်လုံး ပြောစရာ ဖြစ်ခဲ့တာပါ။ စီးတီးက စပါးဂိုးပေါက်ကို အကြိမ် ၃၀ လောက် ကန်သွင်းမှု ရှိခဲ့ပေမယ့် သရေ တစ်မှတ်နဲ့ ကျေနပ်ခဲ့ရပါတယ်။ မန်စီးတီးဟာ အဖွင့်ပွဲမှာတော့ ဝက်စ်ဟမ်းကို ၅ ဂိုးပြတ်နိုင်ထားပြီး ပွဲစဉ် ၂ စပါးနဲ့တွေ့မှ အမှတ်လျော့ထားတာပါ။ ဒီတပတ်ကတော့ ၂ ပွဲကစားထားချိန် ရှုံးပွဲ မရှိသေးတဲ့ ဘုန်းမောက်အသင်းအတွက် နေ့ခင်းရှည်ကြီး ဖြစ်ပါလိမ့်မယ်။
အိုဝင် ခန့်မှန်းရလဒ်။ ။ မန်စီးတီးက နှစ်ဂိုးအသာနဲ့ အနိုင်ရမယ်။
အရင်ဘောလုံးရာသီတုန်းက မန်စီးတီးကို အိမ်ကွင်းမှာ ဧည့်ခံတုန်းက ဘုန်းမောက်က ဂိုးပေါက်ခြိမ်းခြောက်မှု တစ်ကြိမ်တောင်မှ မရှိခဲ့ပဲ ၁-၀ နဲ့ အရေးနိမ့်ခဲ့တယ်။ သူတို့ရဲ့ ကစားဟန်ကို ဂုဏ်ယူနေနိုင်ပေမယ့် အိမ်ကွင်းမှာ အဲ့သည်လို ကစားနိုင်ခဲ့တာကို ကျနော်ကတော့ မကြိုက်ပါဘူး။ ဟိုဝီက ဘာလို့ဖွင့်မတိုက်ပဲ ခံစစ်ကစားတယ်ဆိုတာ ကျနော် နားလည်တယ်။ မန်စီးတီးကို သူတို့ ကြိုးစား ယှဉ်ပြိုင်သင့်ပါတယ်။
မန်စီးတီးကလည်း တည်ကန်ဘောတွေကနေ သွင်းဂိုးတွေ ခွင့်ပြုပေးရနိုင်ပါတယ်။ ဒါပေမယ့် မန်စီးတီးဟာ စပါးနဲ့ပွဲမှာ အတော်လေး ထူးချွန်ခဲ့ပြီး ဒီဘရိုင်းကတော့ အံ့မခန်းပါပဲ။ သူတို့က သွင်းဂိုး၊ အရှိန်၊ ထူးချွန်မှု အားလုံး ပိုင်ဆိုင်ထားတယ်။ ဒီပွဲကိုလည်း သက်သောင့်သက်သာနဲ့ အနိုင်ရဦးမှာပါ။
ချာလီ ခန့်မှန်းရလဒ်။ ။ ဘုန်းမောက် ဝ-၃ မန်စီးတီး
မန်စီးတီးကတော့ ပြီးခဲ့တဲ့ အပတ် VAR အဆုံးအဖြတ်ကို အမျက်ထွက်နေတုန်း ဖြစ်မှာပါ။ ဒီတစ်ပတ်မှာတော့ စီးတီးတို့ နိုင်ပွဲ ပြန်ယူနိုင်ပါလိမ့်မယ်။ ဘုန်းမောက် အတွက် ပြသနာက သူတို့ ခံစစ်ဟာ မန်စီးတီးကို ထိန်းချုပ်နိုင်မယ့် အနေအထား မရှိပါဘူး။ ဟိုဝီရဲ့ အသင်းက ပြီးခဲ့တဲ့ အပတ် ဗီလာကို နိုင်ခဲ့ပေမယ့် ဒီတပတ်တော့ အမှတ် ရသွားစရာ မမြင်ပါဘူး။
လော်ရိုး ခန့်မှန်းရလဒ်။ ။ ဘုန်းမောက် ဝ-၃ မန်စီးတီး
ဘုန်းမောက် Vs မန်စီးတီး ပွဲ ဘယ်လိုရလဒ်တွေ ထွက်ပေါ်လာမလဲလို့ ခန့်မှန်းပေးကြပါဦး။
Sports Home Time
