ဘာစီလိုနာ အသဲကိုခြဲျပီး ပီအက္ဂ်ီကို ေရာက္သြားခဲ့သူ ဇာဗီ ဆိုင္မြန္ဆိုတာ ဘယ္သူလဲ

ဘာစီလိုနာရဲ႕ ေက်ာ္ၾကားလွတဲ့ ကစားသမားတစ္ဦး နာမည္ ပါဝင္တဲ့ လူငယ္ေလးဟာ ကက္တလန္ကလပ္ကို စြန္႔ခြာျပီး ပဲရစ္ကလပ္ကို ေျပာင္းေရႊ႔ ကစားေတာ့မွာျဖစ္ပါတယ္။

လာမာဆီယာရဲ႕ ထင္ရွားတဲ့ ကစားသမားေလးကို ေခၚယူဖို႔ သေဘာတူညီမႈ ရအျပီးမွာ ပီအက္ဂ်ီကေတာ့ ” နယ္သာလန္ ေဘာလံုးေလာကရဲ႕ အလားအလာအေကာင္းဆံုးေတြထဲက တစ္ဦးျဖစ္သူ ဇာဗီဟာ အသက္ ၁၆ ႏွစ္သားပဲ ရွိပါေသးတယ္ ” လို႔ သတင္းထုတ္ျပန္မႈမွာ ေဖာ္ျပပါတယ္။

နည္းစနစ္ပိုင္း ထူးခၽြန္ျပီး ပြဲေတြဖတ္ႏုိင္တဲ့ အျမင္ေကာင္းေတြရွိတဲ့ လူငယ္ေလးဟာ ျပင္သစ္အသင္းရဲ႕ အကယ္ဒမီမွာ ေလ့လာမႈေတြ ဆက္လုပ္မွာျဖစ္ျပီး ပီအက္ဂ်ီနဲ႔ သံုးႏွစ္ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာပါ။ ဇာဗီဟာ ၂၀၂၂ ခုႏွစ္ထိ သက္တမ္းရွိေနတဲ့ အေတာအတြင္း စီနီယာအဆင့္ကို တက္လွမ္းႏုိင္ဖို႔ ၾကိဳးစားမွာကေတာ့ ေသခ်ာလွပါတယ္။

ဇာဗီက ” က်ေနာ္ကို ယံုၾကည္ျပီး အလားအလာေကာင္းေတြကို ေဖာ္ထုတ္ဖို႔ ကလပ္အသင္းမွာ ေခၚယူတာအတြက္ ေက်းဇူးတင္ပါတယ္။ ၾကိဳးစားျပီး ေလ့က်င့္ေရးေတြ စတင္ဖို႔ရာ မေစာင့္ႏုိင္ေအာင္ပါပဲ ” လို႔ ဆိုခဲ့ေသးတာပါ။

ဇာဗီ ဆိုင္မြန္

ဇာဗီဟာ ၂၀၀၃ ခုႏွစ္ ဧပရယ္လ ၂၁ ရက္မွာ ေမြးဖြားခဲ့ျပီး ဘာစီလိုနာပရိသတ္ျဖစ္တဲ့ ဖခင္ျဖစ္သူ ဆုိင္မြန္က ကက္တလန္ၾကယ္ပြင့္ ဇာဗီဟာနက္ဒက္စ္ရဲ႕ နာမည္ထဲက တစ္လံုးကိုယူျပီး မည့္ေခၚျခင္း ခံခဲ့ရသူပါ။ အသက္ ၇ ႏွစ္အရြယ္ ၂၀၁၀ မွာ ဘာစီလိုနာ အကယ္ဒမီထံ တက္ေရာက္ခဲ့ျပီး အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ေပးျခင္းလည္း ခံခဲ့ရပါတယ္။

ငယ္စဥ္ကတည္းက ဘာစီလိုနာဂႏၱဝင္နဲ႔ နာမည္ဆင္ေနခဲ့တာေၾကာင့္ ဇာဗီဟာ ၾကီးမားတဲ့ ဖိအားေတြကို ခံယူခဲ့ရတယ္။ သူကိုယ္တုိင္ကလည္း စပိန္ကြင္းလယ္လူၾကီး ဇာဗီကို သင္ရိုးျပဌာန္း တစ္ခုလို လိုက္နာက်င့္သံုး သင္ယူခဲ့ပါတယ္။ ကိုယ္တုိင္ ဂိုးေတြသြင္းဖို႔ထက္ ဂိုးေထာက္ပံ့မႈက ပိုအေရးပါတယ္လို႔ ခံယူတဲ့ ဇာဗီဟာ သူ႔ရဲ႕ idol ထံကလည္း အေကာင္းဆံုး သင္ယူမႈေတြ လုပ္ခဲ့တယ္။

ကိုယ္တိုင္ဂိုးေတြသြင္းရင္ ေပ်ာ္ရႊင္သလို အသင္းေဖာ္ေတြ ဂိုးရေအာင္ လုပ္ေပးႏုိင္ရင္လည္း ေပ်ာ္ရႊင္တဲ့ ဇာဗီဟာ လာမာဆီယာ အကယ္ဒမီမွာေတာ့ မက္ဆီနဲ႔ ခိုင္းႏိႈင္းခံရတဲ့ထိ ေတာက္ပခဲ့ေပမယ့္ သူတို႔က ကစားဟန္ ျခားနားတဲ့ ပံုစံေတြ ပိုင္ဆိုင္ထားၾကတယ္။ ဇာဗီဟာ မက္ဆီေလာက္ေတာ့ လိမ္ေခါက္ကစားမႈေတြမွာ နည္းပါးပါတယ္။

ဇာဗီက မက္ဆီလို ေဘာလံုးလွည့္စားမႈေတြ ျပဳလုပ္ဖို႔ အားမသန္ပဲ လာမာဆီယာရဲ႕ အမွတ္အသားျဖစ္တဲ့ တီကီတာကာ ကစားဟန္မွာ ကစားကြက္တည္ဆာက္သူတာဝန္ကို ရယူေပးဖို႔ပဲ အားသန္ပါတယ္။

ဘယ္လက္ေရြးစင္အသင္းအတြက္ ကစားသလဲ

ဇာဗီ ဆုိင္မြန္ကိုေတာ့ အမ္ဒတာဒမ္မွာ ေမြးဖြားခဲ့တာျဖစ္ျပီး နယ္သာလန္ ယူ-၁၅ နဲ႔ ယူ-၁၆ အသင္းေတြအတြက္ ကိုယ္စားျပဳေပးထားပါတယ္။ အကယ္လို႔ စပိန္မွာ ေနထိုင္ျပီး ၁၀ ႏွစ္ျပည့္တဲ့အခ်ိန္ စပိန္ႏုိင္ငံသား ေလွ်ာက္မယ္ဆိုရင္လည္း စပိန္ကလပ္အတြက္ ကစားေပးႏုိင္မွာျဖစ္တယ္။ စီနီယာ လက္ေရြးစင္အသင္း မေရြးခ်ယ္ရေသးသ၍ ဇာဗီရဲ႕ လက္ေရြးစင္အသင္းက ဘယ္အသင္းျဖစ္မယ္ ခန္႔မွန္းလို႔ မရေသးပါဘူး။

Sports Home Time

[Unicode] ဘာစီလိုနာရဲ့ ကျော်ကြားလှတဲ့ ကစားသမားတစ်ဦး နာမည် ပါဝင်တဲ့ လူငယ်လေးဟာ ကက်တလန်ကလပ်ကို စွန့်ခွာပြီး ပဲရစ်ကလပ်ကို ပြောင်းရွှေ့ ကစားတော့မှာဖြစ်ပါတယ်။

လာမာဆီယာရဲ့ ထင်ရှားတဲ့ ကစားသမားလေးကို ခေါ်ယူဖို့ သဘောတူညီမှု ရအပြီးမှာ ပီအက်ဂျီကတော့ ” နယ်သာလန် ဘောလုံးလောကရဲ့ အလားအလာအကောင်းဆုံးတွေထဲက တစ်ဦးဖြစ်သူ ဇာဗီဟာ အသက် ၁၆ နှစ်သားပဲ ရှိပါသေးတယ် ” လို့ သတင်းထုတ်ပြန်မှုမှာ ဖော်ပြပါတယ်။

နည်းစနစ်ပိုင်း ထူးချွန်ပြီး ပွဲတွေဖတ်နိုင်တဲ့ အမြင်ကောင်းတွေရှိတဲ့ လူငယ်လေးဟာ ပြင်သစ်အသင်းရဲ့ အကယ်ဒမီမှာ လေ့လာမှုတွေ ဆက်လုပ်မှာဖြစ်ပြီး ပီအက်ဂျီနဲ့ သုံးနှစ် စာချုပ်ချုပ်ဆိုခဲ့တာပါ။ ဇာဗီဟာ ၂၀၂၂ ခုနှစ်ထိ သက်တမ်းရှိနေတဲ့ အတောအတွင်း စီနီယာအဆင့်ကို တက်လှမ်းနိုင်ဖို့ ကြိုးစားမှာကတော့ သေချာလှပါတယ်။

ဇာဗီက ” ကျနော်ကို ယုံကြည်ပြီး အလားအလာကောင်းတွေကို ဖော်ထုတ်ဖို့ ကလပ်အသင်းမှာ ခေါ်ယူတာအတွက် ကျေးဇူးတင်ပါတယ်။ ကြိုးစားပြီး လေ့ကျင့်ရေးတွေ စတင်ဖို့ရာ မစောင့်နိုင်အောင်ပါပဲ ” လို့ ဆိုခဲ့သေးတာပါ။

ဇာဗီ ဆိုင်မွန်

ဇာဗီဟာ ၂၀၀၃ ခုနှစ် ဧပရယ်လ ၂၁ ရက်မှာ မွေးဖွားခဲ့ပြီး ဘာစီလိုနာပရိသတ်ဖြစ်တဲ့ ဖခင်ဖြစ်သူ ဆိုင်မွန်က ကက်တလန်ကြယ်ပွင့် ဇာဗီဟာနက်ဒက်စ်ရဲ့ နာမည်ထဲက တစ်လုံးကိုယူပြီး မည့်ခေါ်ခြင်း ခံခဲ့ရသူပါ။ အသက် ၇ နှစ်အရွယ် ၂၀၁၀ မှာ ဘာစီလိုနာ အကယ်ဒမီထံ တက်ရောက်ခဲ့ပြီး အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးခြင်းလည်း ခံခဲ့ရပါတယ်။

ငယ်စဉ်ကတည်းက ဘာစီလိုနာဂန္တဝင်နဲ့ နာမည်ဆင်နေခဲ့တာကြောင့် ဇာဗီဟာ ကြီးမားတဲ့ ဖိအားတွေကို ခံယူခဲ့ရတယ်။ သူကိုယ်တိုင်ကလည်း စပိန်ကွင်းလယ်လူကြီး ဇာဗီကို သင်ရိုးပြဌာန်း တစ်ခုလို လိုက်နာကျင့်သုံး သင်ယူခဲ့ပါတယ်။ ကိုယ်တိုင် ဂိုးတွေသွင်းဖို့ထက် ဂိုးထောက်ပံ့မှုက ပိုအရေးပါတယ်လို့ ခံယူတဲ့ ဇာဗီဟာ သူ့ရဲ့ idol ထံကလည်း အကောင်းဆုံး သင်ယူမှုတွေ လုပ်ခဲ့တယ်။

ကိုယ်တိုင်ဂိုးတွေသွင်းရင် ပျော်ရွှင်သလို အသင်းဖော်တွေ ဂိုးရအောင် လုပ်ပေးနိုင်ရင်လည်း ပျော်ရွှင်တဲ့ ဇာဗီဟာ လာမာဆီယာ အကယ်ဒမီမှာတော့ မက်ဆီနဲ့ ခိုင်းနှိုင်းခံရတဲ့ထိ တောက်ပခဲ့ပေမယ့် သူတို့က ကစားဟန် ခြားနားတဲ့ ပုံစံတွေ ပိုင်ဆိုင်ထားကြတယ်။ ဇာဗီဟာ မက်ဆီလောက်တော့ လိမ်ခေါက်ကစားမှုတွေမှာ နည်းပါးပါတယ်။

ဇာဗီက မက်ဆီလို ဘောလုံးလှည့်စားမှုတွေ ပြုလုပ်ဖို့ အားမသန်ပဲ လာမာဆီယာရဲ့ အမှတ်အသားဖြစ်တဲ့ တီကီတာကာ ကစားဟန်မှာ ကစားကွက်တည်ဆာက်သူတာဝန်ကို ရယူပေးဖို့ပဲ အားသန်ပါတယ်။

ဘယ်လက်ရွေးစင်အသင်းအတွက် ကစားသလဲ

ဇာဗီ ဆိုင်မွန်ကိုတော့ အမ်ဒတာဒမ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး နယ်သာလန် ယူ-၁၅ နဲ့ ယူ-၁၆ အသင်းတွေအတွက် ကိုယ်စားပြုပေးထားပါတယ်။ အကယ်လို့ စပိန်မှာ နေထိုင်ပြီး ၁၀ နှစ်ပြည့်တဲ့အချိန် စပိန်နိုင်ငံသား လျှောက်မယ်ဆိုရင်လည်း စပိန်ကလပ်အတွက် ကစားပေးနိုင်မှာဖြစ်တယ်။ စီနီယာ လက်ရွေးစင်အသင်း မရွေးချယ်ရသေးသ၍ ဇာဗီရဲ့ လက်ရွေးစင်အသင်းက ဘယ်အသင်းဖြစ်မယ် ခန့်မှန်းလို့ မရသေးပါဘူး။

Sports Home Time