အေကာင္းဆံုး ကစားသမား၊ အေကာင္းဆံုး ျပိဳင္ဘက္ေတြအေၾကာင္း ေျပာျပတဲ့ ေနမာ

[Zawgyi] ဘရာဇီး တိုက္စစ္သမား ေနမာက သူရင္ဆိုင္ခဲ့ရတဲ့ အေကာင္းဆံုး ျပိဳင္ဘက္ေတြထဲ ရာမိုစ့္၊ ဗဲဒက္စ္တို႔ကို ထည့္သြင္းျခင္းနဲ႔အတူ အေကာင္းဆံုး တြဲဘက္ေတြအေၾကာင္းကိုပါ ေျဖဆိုေပးမႈ လုပ္ခဲ့ပါတယ္။

ကမၻာစံခ်ိန္တင္ ေျပာင္းေရႊ႔ေၾကးရွင္ ေနမာဟာ ၂၀၁၇ ခုႏွစ္မွာ ဘာစီလိုနာကေန ပီအက္ဂ်ီကို ေပါင္ သန္း ၂၀၀ နဲ႔ ေျပာင္းေရႊ႔ခဲ့သူပါ။ ဒါေပမယ့္လည္း သူေျဖဆိုတဲ့ အမွတ္တရေတြ အမ်ားအျပားဟာ ဘာစီလိုနာ ကစားသမားဘဝမွာ ျဖစ္ျပီး အသင္းေဟာင္းအေပၚ သံေဃာဇဥ္ ၾကီးမားေနဆဲျဖစ္ပါတယ္။

ေနမာက သူရင္ဆုိင္ဖူးတဲ့ အေကာင္းဆံုး ျပိဳင္ဘက္အျဖစ္ ရာမိုစ့္ကို ေရြးခ်ယ္ခဲ့ပါတယ္။ ” က်ေနာ္ ရင္ဆုိင္ကစားဖူးတဲ့ အေကာင္းဆံုး ကစားသမားကေတာ့ ဆာဂ်ီယို ရာမိုစ့္ပါ။ ဘာလို႔လည္းဆိုေတာ့ သူက ထူးခၽြန္တဲ့ ခံစစ္မွဴးပါ။ ပိုေျပာရရင္ ဂိုးေတြလည္း သြင္းႏုိင္တယ္။ သူက ရင္ဆိုင္ကစားဖို႔ ခက္ခဲတဲ့ ကစားသမားပါ ” လို႔ ဆိုပါတယ္။

သူကိုယ္တုိင္ တြဲဘက္ကစားရင္ ဘယ္ေတာ့မွ မရံွဴးႏုိင္ဘူးလို႔ ယံုၾကည္တာကေတာ့ ပီအက္ဂ်ီစတား အမ္ဘာေပနဲ႔ ဘာစီလိုနာစတား မက္ဆီတုိ႔ျဖစ္ပါတယ္။ ေနမာကပဲ အျမန္ဆံုး ကစားသမားအျဖစ္ အမ္ဘာေပကို ေရြးခ်ယ္ခဲ့ျပီး တြဲဘက္ကစားဖူးတဲ့ အေကာင္းဆံုး ကစားသမားအျဖစ္ေတာ့ မက္ဆီကို ေရြးခ်ယ္ခဲ့ပါတယ္။

ေနမာဟာ ကစားသမားဘဝ ေမ့မရတဲ့ အခိုက္အတန္႔ ႏွစ္ခုအေၾကာင္းကိုလည္း ေျပာျပခဲ့ပါေသးတယ္။ တစ္ခုကေတာ့ ဘရာဇီးအသင္းနဲ႔ အိုလံပစ္မွာ အႏုိင္ရခဲ့ျခင္းျဖစ္ျပီး ေနာက္ထပ္ တစ္ခုကေတာ့ ပီအက္ဂ်ီကို ခ်န္ပီယံလိဂ္မွာ ၆ ဂိုးျပတ္ အႏိုင္ရခဲ့တဲ့ပြဲ ျဖစ္ပါတယ္လို႔ ေျဖဆိုပါတယ္။

ေမးခြန္ေတြထဲကမွ အေကာင္းဆံုး သူငယ္ခ်င္းအျဖစ္ေတာ့ ဘရာဇီးအစြန္လူ ဒန္နီအဲဗက္စ္ကို ေရြးခ်ယ္ခဲ့ပါတယ္။ သူငယ္ခ်င္းေကာင္းေတြ အမ်ားၾကီးရွိေပမယ့္ ကစားသမားအျဖစ္ေတာ့ အဲဗက္စ္ဟာ သူ႔အတြက္ စံျပနဲ႔ သူငယ္ခ်င္းျဖစ္ျပီး ဖြင့္ဖတ္လို႔ကို မကုန္ႏုိင္တဲ့ ဗဟုသုတ ဟင္းေလးအိုးၾကီးအျဖစ္လည္း တင္စားခဲ့ပါေသးတယ္။

ေနမာကပဲ ဘရာဇီးရဲ႕ အနာဂတ္အျဖစ္ ရီးရဲလ္မက္ဒရစ္ လူငယ္တုိက္စစ္သမား ဗင္နီးစီးရက္ကို အသိအမွတ္ျပဳခဲ့ျပီး အနာဂတ္မွာ ဘလြန္းဒီေအာ့ဆုကိုပါ အႏုိင္ရမယ့္ ကစားသမားအျဖစ္ ေထာက္ခံေပးသြားခဲ့ပါတယ္။ ေနမာကပဲ ဗင္နီးဆီးရက္အေနနဲ႔ သူေအာင္ျမင္လိုမႈေတြ အားလံုးကို အႏိုင္ရပါေစေၾကာင္း ဆုေတာင္းေပးခဲ့ပါတယ္။

Sports Home Time

\

[Unicode] ဘရာဇီး တိုက်စစ်သမား နေမာက သူရင်ဆိုင်ခဲ့ရတဲ့ အကောင်းဆုံး ပြိုင်ဘက်တွေထဲ ရာမိုစ့်၊ ဗဲဒက်စ်တို့ကို ထည့်သွင်းခြင်းနဲ့အတူ အကောင်းဆုံး တွဲဘက်တွေအကြောင်းကိုပါ ဖြေဆိုပေးမှု လုပ်ခဲ့ပါတယ်။

ကမ္ဘာစံချိန်တင် ပြောင်းရွှေ့ကြေးရှင် နေမာဟာ ၂၀၁၇ ခုနှစ်မှာ ဘာစီလိုနာကနေ ပီအက်ဂျီကို ပေါင် သန်း ၂၀၀ နဲ့ ပြောင်းရွှေ့ခဲ့သူပါ။ ဒါပေမယ့်လည်း သူဖြေဆိုတဲ့ အမှတ်တရတွေ အများအပြားဟာ ဘာစီလိုနာ ကစားသမားဘဝမှာ ဖြစ်ပြီး အသင်းဟောင်းအပေါ် သံဃောဇဉ် ကြီးမားနေဆဲဖြစ်ပါတယ်။

နေမာက သူရင်ဆိုင်ဖူးတဲ့ အကောင်းဆုံး ပြိုင်ဘက်အဖြစ် ရာမိုစ့်ကို ရွေးချယ်ခဲ့ပါတယ်။ ” ကျနော် ရင်ဆိုင်ကစားဖူးတဲ့ အကောင်းဆုံး ကစားသမားကတော့ ဆာဂျီယို ရာမိုစ့်ပါ။ ဘာလို့လည်းဆိုတော့ သူက ထူးချွန်တဲ့ ခံစစ်မှူးပါ။ ပိုပြောရရင် ဂိုးတွေလည်း သွင်းနိုင်တယ်။ သူက ရင်ဆိုင်ကစားဖို့ ခက်ခဲတဲ့ ကစားသမားပါ ” လို့ ဆိုပါတယ်။

သူကိုယ်တိုင် တွဲဘက်ကစားရင် ဘယ်တော့မှ မရံှူးနိုင်ဘူးလို့ ယုံကြည်တာကတော့ ပီအက်ဂျီစတား အမ်ဘာပေနဲ့ ဘာစီလိုနာစတား မက်ဆီတို့ဖြစ်ပါတယ်။ နေမာကပဲ အမြန်ဆုံး ကစားသမားအဖြစ် အမ်ဘာပေကို ရွေးချယ်ခဲ့ပြီး တွဲဘက်ကစားဖူးတဲ့ အကောင်းဆုံး ကစားသမားအဖြစ်တော့ မက်ဆီကို ရွေးချယ်ခဲ့ပါတယ်။

နေမာဟာ ကစားသမားဘဝ မေ့မရတဲ့ အခိုက်အတန့် နှစ်ခုအကြောင်းကိုလည်း ပြောပြခဲ့ပါသေးတယ်။ တစ်ခုကတော့ ဘရာဇီးအသင်းနဲ့ အိုလံပစ်မှာ အနိုင်ရခဲ့ခြင်းဖြစ်ပြီး နောက်ထပ် တစ်ခုကတော့ ပီအက်ဂျီကို ချန်ပီယံလိဂ်မှာ ၆ ဂိုးပြတ် အနိုင်ရခဲ့တဲ့ပွဲ ဖြစ်ပါတယ်လို့ ဖြေဆိုပါတယ်။

မေးခွန်တွေထဲကမှ အကောင်းဆုံး သူငယ်ချင်းအဖြစ်တော့ ဘရာဇီးအစွန်လူ ဒန်နီအဲဗက်စ်ကို ရွေးချယ်ခဲ့ပါတယ်။ သူငယ်ချင်းကောင်းတွေ အများကြီးရှိပေမယ့် ကစားသမားအဖြစ်တော့ အဲဗက်စ်ဟာ သူ့အတွက် စံပြနဲ့ သူငယ်ချင်းဖြစ်ပြီး ဖွင့်ဖတ်လို့ကို မကုန်နိုင်တဲ့ ဗဟုသုတ ဟင်းလေးအိုးကြီးအဖြစ်လည်း တင်စားခဲ့ပါသေးတယ်။

နေမာကပဲ ဘရာဇီးရဲ့ အနာဂတ်အဖြစ် ရီးရဲလ်မက်ဒရစ် လူငယ်တိုက်စစ်သမား ဗင်နီးစီးရက်ကို အသိအမှတ်ပြုခဲ့ပြီး အနာဂတ်မှာ ဘလွန်းဒီအော့ဆုကိုပါ အနိုင်ရမယ့် ကစားသမားအဖြစ် ထောက်ခံပေးသွားခဲ့ပါတယ်။ နေမာကပဲ ဗင်နီးဆီးရက်အနေနဲ့ သူအောင်မြင်လိုမှုတွေ အားလုံးကို အနိုင်ရပါစေကြောင်း ဆုတောင်းပေးခဲ့ပါတယ်။

Sports Home Time