[Zawgyi] ဒီတစ္ပတ္အတြင္းမွာ ေမာ္ရီဇီယုိဆာရီရဲ႕ ေနရာမွာ ဖရန္႔လမ္းပတ္ဟာ ေရာက္ရွိလာေတာ့မွာ ျဖစ္ပါတယ္။ ခ်ယ္ဆီးအသင္းရဲ႕ ဂႏၶဝင္ ကြင္းလယ္ ကစားသမားႀကီးဟာ နည္းျပဘဝမွာ တစ္နွစ္သာျဖတ္သန္းခဲ့ၿပီး ဒါဘီ ေကာင္တီအသင္းကို Play-off ဗိုလ္လုပြဲအထိ ပို႔ေဆာင္ ေပးခဲ့ကာ အက္စ္တြန္ဗီလာအသင္းကို နွစ္ဂိုး တစ္ဂိုးျဖင့္ ရွံဳးနိမ့္ခဲ့လို႔သာ ခ်န္ပီယံရွစ္မွာ ဆက္ က်န္ရွိခဲ့တာပါ။
ယခုနွစ္ေႏြရာသီမွာ နွစ္ရာသီအေျပာင္းအေ႐ႊ႕ ပိတ္ပင္ခံထားရတာေၾကာင့္ ကစားသမားအသစ္ ေခၚယူႏိုင္ဖို႔ မျဖစ္နိုင္တဲ့ အေနအထားမွာ ခ်ဲလ္ဆီးအသင္းရဲ႕တုိက္စစ္ ကစားသမားေဟာင္း ခေရ႕ဘာေလနွင့္ ေတြ႕ဆံုၿပီး လာမည့္ရာသီ ဖရန္႔လမ္းပတ္ ျပန္ေခၚနို္င္မည့္ အငွားခ် ကစားသမား ေတြကို ေမးျမန္းခဲ့ပါတယ္။
ခေရ႕ဘာေလက လမ္းပတ္ျပန္လည္ အသံုးခ်နိုင္မယ့္ ေအာက္ပါ ကစားသမား(၅)ေယာက္တို႔ကို ESPN ကေန ေျပာျပခဲ့ပါတယ္။
အယ္ဗာရို မိုရာတာ

မည္သည့္ကစားသမားကိုမွ မေခၚယူနိုင္ခဲ့ပါက ျဖစ္လာနို္င္တဲ့ အေျခအေနေတြကို သံုးသပ္ၾကည့္ရင္ ပထမဦးစားေပးျပန္ေခၚမယ့္ ကစားသမားက အယ္ဗာရိုမိုရာတာပါ။ ယခုအခ်ိန္မွာ အက္သလက္တီကိုမက္ထရစ္နွင့္ ကစားသမားဟာ ေပ်ာ္႐ႊင္ေနၿပီး လန္ဒန္ကုိ ျပန္မလာခ်င္ဘူးဆိုတာ ကြၽန္ေတာ္တုိ႔ သိပါတယ္။
ဟီဂြာအင္ဟာ သူ႔ရဲ႕အသင္းေဟာင္းကို ျပန္သြားေတာ့မယ့္အခ်ိန္ အသင္းမွာ ေ႐ြးခ်ယ္စရာ တစ္ခုဘဲရွိပါေတာ့တယ္။ သူက အိုလီဗာဂ်ရူးပါ။ဒါေပမယ့္ ရီးရဲမက္ထရစ္ ဂ်ဴဗင္တပ္စ္အသင္းတို႔နဲ႔ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲ ကစားခဲ့ဖူးတဲ့ စပိန္အသင္းရဲ႕တိုက္စစ္ကို ဦးေဆာင္ေနတဲ့ အယ္ဗာရိုကို ျပန္ၾကည့္ရမွာပါ။ ကြၽန္ေတာ္တို႔ ျမင္ေတြ႕ခဲ့ရတာထက္ သူက ပိုေကာင္းေနပါတယ္။ လံုးဝ ၁၀၀ ရာခိုင္နႈန္းပါ။
တန္မီယို ဘာကာယိုကို

ခ်ဲလ္ဆီးမွာ စိတ္ပ်က္စရာေျခစြမ္းေတြ ႀကံဳေနရခ်ိန္ ေအစီမီလန္အသင္းမွာေတာ့ သူ႔ကိုေထာက္ခံ အားေပး ရမွာပါ။ ဒါေပမယ့္ ေဘာလံုးကသူ႔ရဲ႕ ဦးေခါင္းထက္မွာ ရွိေနခ်ိန္ ၿပိဳင္ပြဲတြင္းမွာ b,f ကစားသမားကိုမဆို ကာကြယ္နိုင္စြမ္း ရွိတယ္ ဆိုတာ ကြၽန္ေတာ္တို႔သိပါတယ္။
မန္ေနဂ်ာ တစ္ေယာက္ေနရာက ၾကည့္ရင္ ဒီအခ်က္ကို ေစာင့္ၾကည့္ရမွာပါ။ သူဟာ ပရီးမီးယားလိဂ္မွာ ကစားနိုင္တယ္ဆိုတာ ကြၽန္ေတာ္တို႔သိပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ေသခ်ာမေတြ႕ရျခင္းေတာ့ မရွိေသးပါဘူး။
ဖက္ကီယို တိုမိုရီ
ကတ္ဇူးမားရဲ႕ အဲဗာတန္ကို အငွား ထြက္ကစားျခင္းက အခြင့္အေရးတစ္ခုလို႔ပဲ ေျပာရမလား။ကြၽန္ေတာ္ တိုမိုရီကို ေသခ်ာေစာင့္ၾကည့္ေနပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူဟာ ဒါဘီရဲ႕ တစ္နွစ္တာ အေကာင္းဆံုး ကစားသမား ျဖစ္တာေၾကာင့္ပါ။
ကြၽန္ေတာ္ သူ႔ကိုေကာင္းေကာင္းသိပါတယ္။ ဖရန္႔လမ္းပတ္ရဲ႕ လက္ေအာက္မွာ ေကာင္းစြာ အလုပ္လုပ္ခဲ့သူ တစ္ေယာက္ျဖစ္ပါတယ္။ ကြၽန္ေတာ္မွန္းဆၾကည့္ရရင္ ပြဲထြက္ခြင့္မရခဲ့ရင္ေတာင္ လူစာရင္းမွာ သူ ပါဝင္လာဖို႔ရွိပါတယ္။ ဒီနွစ္ထဲမွာ လူငယ္ကစားသမားေတြရဲ႕ အခြင့္အေရးေတြ တစ္ခ်ိန္တည္းမွာ ရရွိၾကပါလိမ့္မယ္။
ေမဆြန္ေမာင့္

ကြၽန္ေတာ္ေမဆြန္ေမာက္ကို တိုမိုရီကဲ့သို႔ပဲ တူညီတဲ့အေၾကာင္းျပခ်က္ေတြနဲ႔ ၫႊန္ျပခ်င္ပါတယ္။ ဖရန္႔ လမ္းပတ္နဲ႔ ေဂ်ာ္ဒီေမာရစ္တို႔ လက္ေအာက္မွာႀကီးျပင္းခဲ့တဲ့ ဒါဘီအသင္းမွာ အရမ္းေကာင္းခဲ့ၿပီး အလားအလာ ေကာင္းေတြ ပိုင္ဆိုင္ထားတဲ့ လူငယ္ကစားသမားေလးကို ေကာင္းေကာင္းသိပါတယ္။
အေျပာင္းအေ႐ႊ႕ကိစၥေၾကာင့္ ပြဲထြက္ဆယ့္တစ္ေယာက္စာရင္းမွာ မပါဝင္လာနိုင္ေတာင္ လူငယ္ေတြ အခြင့္အေရး ရလာနိုင္ပါတယ္။ လမ္းပတ္အတြက္ ေ႐ြးခ်ယ္ခြင့္လည္း ရွိပါတယ္။
မစ္ခ်ီဘက္ရွဴ၀ါရီ

တန္မီေအဘရာဟမ္ ထက္ ပိုၿပီးအေတြ႕အႀကံဳ ရွိတယ္ဆိုတာ အခ်က္အလက္ေတြက ၫႊန္ျပေနပါတယ္။ တန္မီက ခ်န္ပီယံရွစ္မွာ ေကာင္းေကာင္း ေျခစြမ္းျပခဲ့တယ္။ဘက္ရွဴ၀ါရီက သူ အငွားသြားကစားခဲ့တဲ့ ေနရာတိုင္းမွာ ပိုၿပီး လုပ္ျပနိင္ခဲ့ပါတယ္။
Sports Home Time

[Unicode] ဒီတစ်ပတ်အတွင်းမှာ မော်ရီဇီယိုဆာရီရဲ့ နေရာမှာ ဖရန့်လမ်းပတ်ဟာ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ချယ်ဆီးအသင်းရဲ့ ဂန္ဓဝင် ကွင်းလယ် ကစားသမားကြီးဟာ နည်းပြဘဝမှာ တစ်နှစ်သာဖြတ်သန်းခဲ့ပြီး ဒါဘီ ကောင်တီအသင်းကို Play-off ဗိုလ်လုပွဲအထိ ပို့ဆောင် ပေးခဲ့ကာ အက်စ်တွန်ဗီလာအသင်းကို နှစ်ဂိုး တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့လို့သာ ချန်ပီယံရှစ်မှာ ဆက် ကျန်ရှိခဲ့တာပါ။
ယခုနှစ်နွေရာသီမှာ နှစ်ရာသီအပြောင်းအရွှေ့ ပိတ်ပင်ခံထားရတာကြောင့် ကစားသမားအသစ် ခေါ်ယူနိုင်ဖို့ မဖြစ်နိုင်တဲ့ အနေအထားမှာ ချဲလ်ဆီးအသင်းရဲ့တိုက်စစ် ကစားသမားဟောင်း ခရေ့ဘာလေနှင့် တွေ့ဆုံပြီး လာမည့်ရာသီ ဖရန့်လမ်းပတ် ပြန်ခေါ်နိုင်မည့် အငှားချ ကစားသမား တွေကို မေးမြန်းခဲ့ပါတယ်။
ခရေ့ဘာလေက လမ်းပတ်ပြန်လည် အသုံးချနိုင်မယ့် အောက်ပါ ကစားသမား(၅)ယောက်တို့ကို ESPN ကနေ ပြောပြခဲ့ပါတယ်။
အယ်ဗာရို မိုရာတာ

မည်သည့်ကစားသမားကိုမှ မခေါ်ယူနိုင်ခဲ့ပါက ဖြစ်လာနိုင်တဲ့ အခြေအနေတွေကို သုံးသပ်ကြည့်ရင် ပထမဦးစားပေးပြန်ခေါ်မယ့် ကစားသမားက အယ်ဗာရိုမိုရာတာပါ။ ယခုအချိန်မှာ အက်သလက်တီကိုမက်ထရစ်နှင့် ကစားသမားဟာ ပျော်ရွှင်နေပြီး လန်ဒန်ကို ပြန်မလာချင်ဘူးဆိုတာ ကျွန်တော်တို့ သိပါတယ်။
ဟီဂွာအင်ဟာ သူ့ရဲ့အသင်းဟောင်းကို ပြန်သွားတော့မယ့်အချိန် အသင်းမှာ ရွေးချယ်စရာ တစ်ခုဘဲရှိပါတော့တယ်။ သူက အိုလီဗာဂျရူးပါ။ဒါပေမယ့် ရီးရဲမက်ထရစ် ဂျူဗင်တပ်စ်အသင်းတို့နဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ကစားခဲ့ဖူးတဲ့ စပိန်အသင်းရဲ့တိုက်စစ်ကို ဦးဆောင်နေတဲ့ အယ်ဗာရိုကို ပြန်ကြည့်ရမှာပါ။ ကျွန်တော်တို့ မြင်တွေ့ခဲ့ရတာထက် သူက ပိုကောင်းနေပါတယ်။ လုံးဝ ၁၀၀ ရာခိုင်နှုန်းပါ။
တန်မီယို ဘာကာယိုကို

ချဲလ်ဆီးမှာ စိတ်ပျက်စရာခြေစွမ်းတွေ ကြုံနေရချိန် အေစီမီလန်အသင်းမှာတော့ သူ့ကိုထောက်ခံ အားပေး ရမှာပါ။ ဒါပေမယ့် ဘောလုံးကသူ့ရဲ့ ဦးခေါင်းထက်မှာ ရှိနေချိန် ပြိုင်ပွဲတွင်းမှာ b,f ကစားသမားကိုမဆို ကာကွယ်နိုင်စွမ်း ရှိတယ် ဆိုတာ ကျွန်တော်တို့သိပါတယ်။
မန်နေဂျာ တစ်ယောက်နေရာက ကြည့်ရင် ဒီအချက်ကို စောင့်ကြည့်ရမှာပါ။ သူဟာ ပရီးမီးယားလိဂ်မှာ ကစားနိုင်တယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ သေချာမတွေ့ရခြင်းတော့ မရှိသေးပါဘူး။
ဖက်ကီယို တိုမိုရီ
ကတ်ဇူးမားရဲ့ အဲဗာတန်ကို အငှား ထွက်ကစားခြင်းက အခွင့်အရေးတစ်ခုလို့ပဲ ပြောရမလား။ကျွန်တော် တိုမိုရီကို သေချာစောင့်ကြည့်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ သူဟာ ဒါဘီရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဖြစ်တာကြောင့်ပါ။
ကျွန်တော် သူ့ကိုကောင်းကောင်းသိပါတယ်။ ဖရန့်လမ်းပတ်ရဲ့ လက်အောက်မှာ ကောင်းစွာ အလုပ်လုပ်ခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ ကျွန်တော်မှန်းဆကြည့်ရရင် ပွဲထွက်ခွင့်မရခဲ့ရင်တောင် လူစာရင်းမှာ သူ ပါဝင်လာဖို့ရှိပါတယ်။ ဒီနှစ်ထဲမှာ လူငယ်ကစားသမားတွေရဲ့ အခွင့်အရေးတွေ တစ်ချိန်တည်းမှာ ရရှိကြပါလိမ့်မယ်။
မေဆွန်မောင့်

ကျွန်တော်မေဆွန်မောက်ကို တိုမိုရီကဲ့သို့ပဲ တူညီတဲ့အကြောင်းပြချက်တွေနဲ့ ညွှန်ပြချင်ပါတယ်။ ဖရန့် လမ်းပတ်နဲ့ ဂျော်ဒီမောရစ်တို့ လက်အောက်မှာကြီးပြင်းခဲ့တဲ့ ဒါဘီအသင်းမှာ အရမ်းကောင်းခဲ့ပြီး အလားအလာ ကောင်းတွေ ပိုင်ဆိုင်ထားတဲ့ လူငယ်ကစားသမားလေးကို ကောင်းကောင်းသိပါတယ်။
အပြောင်းအရွှေ့ကိစ္စကြောင့် ပွဲထွက်ဆယ့်တစ်ယောက်စာရင်းမှာ မပါဝင်လာနိုင်တောင် လူငယ်တွေ အခွင့်အရေး ရလာနိုင်ပါတယ်။ လမ်းပတ်အတွက် ရွေးချယ်ခွင့်လည်း ရှိပါတယ်။
မစ်ချီဘက်ရှူဝါရီ

တန်မီအေဘရာဟမ် ထက် ပိုပြီးအတွေ့အကြုံ ရှိတယ်ဆိုတာ အချက်အလက်တွေက ညွှန်ပြနေပါတယ်။ တန်မီက ချန်ပီယံရှစ်မှာ ကောင်းကောင်း ခြေစွမ်းပြခဲ့တယ်။ဘက်ရှူဝါရီက သူ အငှားသွားကစားခဲ့တဲ့ နေရာတိုင်းမှာ ပိုပြီး လုပ်ပြနိင်ခဲ့ပါတယ်။
Sports Home Timed
