ကိုပါအေမရိကျပိဳင္ပြဲကို ဒဏ္ရာေၾကာင့္ လြဲေခ်ာ္ထားတဲ့ ေနမာဟာ ဒီရက္ေတြမွာ သတင္းေတြ သိပ္မထြက္ပဲ တိုးတိုးတိတ္တိတ္ ေနေနတဲ့ ေနမာရဲ႕ သတင္းတစ္ခုက ထြက္ေပၚလာခဲ့ပါတယ္။
သူဟာ သူ႔ရဲ႕အရည္အခ်င္းေတြကို အျပည့္အဝ ျပသႏုိင္ျခင္း မရွိပဲ သိမ္ငုပ္ေနရတဲ့ ပီအက္ဂ်ီကေန ထြက္ခြာဖို႔ စိတ္ပိုင္းျဖတ္ထားဟန္ရွိျပီး အဆိုပါ ကိစၥနဲ႔ ပက္သက္လုိ႔ အသင္းေဖာ္ေဟာင္းေတြကို သတင္းေပးခဲ့ေၾကာင္းကို စပိန္သတင္းဌာနေတြက ေဖာ္ထုတ္လာခဲ့တာျဖစ္တယ္။
ဘလြန္းဒီေအာ့ဆုကို အႏုိင္ရဖို႔ဆိုတဲ့ ရည္ရြယ္ခ်က္နဲ႔ ျပင္သစ္ေျမကို ေျပာင္းခဲ့တဲ့ ေနမာဟာ ကမၻာအေကာင္းဆံုး ကစားသမားဆုအတြက္ စကားေျပာရသူမ်ားစာရင္းကေန လြဲေခ်ာ္ေနခဲ့ပါတယ္။ အသက္ ၂၇ ႏွစ္အရြယ္ ကစားသမားဟာ အသင္းေဖာ္ေဟာင္းျဖစ္သူ မက္ဆီရဲ႕ တားျမစ္မႈကို လက္ခံမိျပီျဖစ္ျပီး ဘာစီလိုနာကို ျပန္သြားဖို႔ ဆိုင္းျပင္းေနပါျပီ။
၂၀၁၇ မွာ ကမၻာစံခ်ိန္တင္ေၾကးနဲ႔ ေျပာင္းေရႊ႔ျခင္း မျပဳခဲ့စဥ္ ေနမာဟာ ကက္တလန္ကလပ္အတြက္ လိဂ္ပြဲ ၁၂၃ ပြဲ ကစားျပီး ကိုယ္တိုင္ ၆၈ ဂိုး သြင္းယူႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္လို႔ ယူရို ၂၂၂ သန္းဆိုတဲ့ ေျပာင္းေရႊ႔ေၾကးနဲ႔ ပီအက္ဂ်ီကို ေရာက္ရွိသြားခဲ့တာျဖစ္တယ္။
ဒီေႏြမွာ ေနမာကို ေခၚယူလိုတဲ့ အသင္းေတြက ယူရို သန္း ၃၀၀ ေပးရမယ္လို႔ ျပင္သစ္ကလပ္က သတင္းျပန္ထားျပီး ေနမာကေတာ့ သူ စပိန္ေျမကို ျပန္လာမယ္လို႔ ယံုၾကည္ခ်က္ရွိေၾကာင္း ဘာစီလိုနာ အသင္းသားေတြရွိတဲ့ WhatsApp group မွာ ‘စိတ္မပူနဲ႔ ငါျပန္လာေတာ့မယ္’ လို႔ သတင္းေပးခဲ့ပါတယ္။
ေနမာဟာ လုိင္ယြန္နယ္ မက္ဆီ၊ လူးဝစ္ဆြာရက္စ္တို႔အပါအဝင္ ဘာစီလိုနာ အသင္းသား အခ်ိဳ႕နဲ႔ WhatsApp group မွာ ဆက္သြယ္မႈရွိဆဲျဖစ္ျပီး ဒီရက္ေတြထိ အဆက္အသြယ္ လုပ္ေနၾကဆဲျဖစ္တယ္။ ေနမာရဲ႕ အေျပာင္းအေရႊ႔ ကိစၥေၾကာင့္ ဘာစီလိုနာဟာ အက္သလက္တီကို တိုက္စစ္သမား ဂရစ္စမန္းကို ေခၚယူဖို႔ စတင္ျခင္း မလုပ္ေသးတာလို႔လည္း သတင္းထြက္ေနပါတယ္။
ျပင္သစ္ကလပ္ဘက္က သူတို႔ရဲ႕ အဓိက တိုက္စစ္သမားကို ခပ္လြယ္လြယ္နဲ႔ ေျပာင္းေရႊ႔ခြင့္ ေပးမွာမဟုတ္လို႔ ဘာစီလိုနာနဲ႔ ပီအက္ဂ်ီဟာ ေနမာအတြက္ ေနာက္တစ္ၾကိမ္ ထိပ္တိုက္ေတြရမယ္လို႔ေတာ့ ခန္႔မွန္းထားရပါတယ္။
Sports Home Time

[Unicode] ကိုပါအမေရိကပြိုင်ပွဲကို ဒဏ်ရာကြောင့် လွဲချော်ထားတဲ့ နေမာဟာ ဒီရက်တွေမှာ သတင်းတွေ သိပ်မထွက်ပဲ တိုးတိုးတိတ်တိတ် နေနေတဲ့ နေမာရဲ့ သတင်းတစ်ခုက ထွက်ပေါ်လာခဲ့ပါတယ်။
သူဟာ သူ့ရဲ့အရည်အချင်းတွေကို အပြည့်အဝ ပြသနိုင်ခြင်း မရှိပဲ သိမ်ငုပ်နေရတဲ့ ပီအက်ဂျီကနေ ထွက်ခွာဖို့ စိတ်ပိုင်းဖြတ်ထားဟန်ရှိပြီး အဆိုပါ ကိစ္စနဲ့ ပက်သက်လို့ အသင်းဖော်ဟောင်းတွေကို သတင်းပေးခဲ့ကြောင်းကို စပိန်သတင်းဌာနတွေက ဖော်ထုတ်လာခဲ့တာဖြစ်တယ်။
ဘလွန်းဒီအော့ဆုကို အနိုင်ရဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြင်သစ်မြေကို ပြောင်းခဲ့တဲ့ နေမာဟာ ကမ္ဘာအကောင်းဆုံး ကစားသမားဆုအတွက် စကားပြောရသူများစာရင်းကနေ လွဲချော်နေခဲ့ပါတယ်။ အသက် ၂၇ နှစ်အရွယ် ကစားသမားဟာ အသင်းဖော်ဟောင်းဖြစ်သူ မက်ဆီရဲ့ တားမြစ်မှုကို လက်ခံမိပြီဖြစ်ပြီး ဘာစီလိုနာကို ပြန်သွားဖို့ ဆိုင်းပြင်းနေပါပြီ။
၂၀၁၇ မှာ ကမ္ဘာစံချိန်တင်ကြေးနဲ့ ပြောင်းရွှေ့ခြင်း မပြုခဲ့စဉ် နေမာဟာ ကက်တလန်ကလပ်အတွက် လိဂ်ပွဲ ၁၂၃ ပွဲ ကစားပြီး ကိုယ်တိုင် ၆၈ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လို့ ယူရို ၂၂၂ သန်းဆိုတဲ့ ပြောင်းရွှေ့ကြေးနဲ့ ပီအက်ဂျီကို ရောက်ရှိသွားခဲ့တာဖြစ်တယ်။
ဒီနွေမှာ နေမာကို ခေါ်ယူလိုတဲ့ အသင်းတွေက ယူရို သန်း ၃၀၀ ပေးရမယ်လို့ ပြင်သစ်ကလပ်က သတင်းပြန်ထားပြီး နေမာကတော့ သူ စပိန်မြေကို ပြန်လာမယ်လို့ ယုံကြည်ချက်ရှိကြောင်း ဘာစီလိုနာ အသင်းသားတွေရှိတဲ့ WhatsApp group မှာ ‘စိတ်မပူနဲ့ ငါပြန်လာတော့မယ်’ လို့ သတင်းပေးခဲ့ပါတယ်။
နေမာဟာ လိုင်ယွန်နယ် မက်ဆီ၊ လူးဝစ်ဆွာရက်စ်တို့အပါအဝင် ဘာစီလိုနာ အသင်းသား အချို့နဲ့ WhatsApp group မှာ ဆက်သွယ်မှုရှိဆဲဖြစ်ပြီး ဒီရက်တွေထိ အဆက်အသွယ် လုပ်နေကြဆဲဖြစ်တယ်။ နေမာရဲ့ အပြောင်းအရွှေ့ ကိစ္စကြောင့် ဘာစီလိုနာဟာ အက်သလက်တီကို တိုက်စစ်သမား ဂရစ်စမန်းကို ခေါ်ယူဖို့ စတင်ခြင်း မလုပ်သေးတာလို့လည်း သတင်းထွက်နေပါတယ်။
ပြင်သစ်ကလပ်ဘက်က သူတို့ရဲ့ အဓိက တိုက်စစ်သမားကို ခပ်လွယ်လွယ်နဲ့ ပြောင်းရွှေ့ခွင့် ပေးမှာမဟုတ်လို့ ဘာစီလိုနာနဲ့ ပီအက်ဂျီဟာ နေမာအတွက် နောက်တစ်ကြိမ် ထိပ်တိုက်တွေရမယ်လို့တော့ ခန့်မှန်းထားရပါတယ်။
Sports Home Time
