ဖလားမရေသးတဲ့ ကေလာ့ပ္ကို မသိမသာဖဲ့ကာ စကားစစ္ထိုးမႈ စတင္လိုက္တဲ့ ေမာ္ရင္ညိဳ

[Zawgyi] အဂၤလန္အေနာက္ဒါဘီပြဲၾကိဳမွာ ယူႏိုက္တက္နည္းျပ ဟိုေဆးေမာ္ရင္ညိဳက လီဗာပူးနည္းျပ ယာဂင္ကေလာ့ပ္ကို လီဗာပူးအတြက္ သူ ယူေပးႏိုင္ခဲ့တဲ့ ေအာင္ျမင္မႈ ဆုတံဆိပ္ေတြနဲ႔ တိုင္းတာ ဆုံးျဖတ္ရလိမ့္မယ္လို႔ ေထာက္ျပခဲ့ပါတယ္။

ေမာ္ရင္ညိဳက တနဂၤေႏြေန႔ရဲ႕ အန္ဖီးလ္ကြင္းမွာ လီဗာပူးကို ရင္ဆိုင္ရမယ့္ သူ႔အသင္းဟာ ဒီရာသီ ပရီးမီးယားလိဂ္ ဖလားအတြက္ မျဖစ္ႏိုင္ေတာ့ဘူးလို႔ သူ႔ဘာသူ ေျပာခဲ့ပါတယ္။ ၿပီးခဲ့တဲ အပတ္မွာ လီဗာပူးအသင္းဟာ မန္စီးတီးကို 1 မွတ္ အသာနဲ႔ အမွတ္ေပးဇယား ထိပ္ဆုံးမွာ ဦးေဆာင္ေနခဲ့တာျဖစ္ၿပီး 2015 ေအာက္တိုဘာမွာ ကေလာ့ပ္ နည္းျပျဖစ္လာၿပီးေနာက္ပိုင္း ပထမဦးဆုံး ဖလား ေအာင္ျမင္မႈကို ရွာေဖြေနျပီျဖစ္တယ္။

ေမာ္ရင္ညိဳဟာ မႏွစ္က ဖလားလက္မဲ့နဲ႔ ရာသီသိမ္းခဲ့ၿပီး ဒီရာသီ ဖလားေျပးလမ္းမွာလဲ ကေလာ့ပ္ရဲ႕ အသင္းေနာက္ကို 16 မွတ္အထိ က်န္ေနခဲ့တာျဖစ္ေပမယ့္ သူ႔ရဲ႕ အိုးလ္ထရက္ဖို႔ဒ္ ပထမရာသီမွာေတာ့ အက္ဖ္ေအဖလား၊ ကြန္ျမဴနတီဒိုင္း နဲ႔ ယူ႐ိုပါလိဂ္ဖလားတို႔ကို ေအာင္ျမင္ခဲ့ဖူးပါတယ္။

ေမာ္ရင္ညိဳက ” အင္း။ က်ေနာ္ကေတာ့ ဆုဖလားေတြက အေရးၾကီးတယ္ထင္တယ္။ ဖလားအတြက္ တိုက္ပြဲဝင္ဖို႔ ျဖစ္လာတဲ့အခါနဲ႔ ဆုဖလားေအာင္ျမင္မႈကို ရည္မွန္းခ်က္ ထားတဲ့အခါ ဆုဖလားအႏိုင္ရမႈေတြက အေရးပါတယ္လို႔ ထင္တယ္။ တခါတေလမွာေတာ့ ဒါက ကိစၥမရွိဘူးလို႔ ေျပာလို႔ရေပမယ့္ ကိုယ့္မွာ အလားအလာရွိတဲ့အခါ ဘာကိုမွ ဖုံးကြယ္ထားလို႔မရပါဘူး။

ကိုယ္ရဲ႕အလားအလာနဲ႔ ရည္မွန္းခ်က္ၾကား ဆက္ႏြယ္မႈေတြကို ပထမရက္ကေနစၿပီး သိတယ္။ လူတိုင္းကေတာ့ သူတို႔ေအာင္ျမင္ခ်င္တယ္လို႔ ေျပာႏိုင္ပါတယ္။ ေနာက္တခုက ကိုယ့္ရည္မွန္းခ်က္ကိုေျပာရာမွာ သတိရွိရမယ္။ က်ေနာ္ အမ်ားႀကီးေတာ့ မဖတ္လို႔ မသိဘူး။ ဒါေပမယ့္ လီဗာပူးက သူတို႔ရည္မွန္းခ်က္ဟာ ပရီးမီးယားလိဂ္ ဖလားေအာင္ျမင္ဖို႔လို႔ ေျပာခဲ့တယ္လို႔ က်ေနာ္ထင္တယ္ ” လို႔ ေမာ္ရင္ညိဳက ေျပာပါတယ္။

ကေလာ့ပ္ဟာ ပရီးမီးယားလိဂ္ ဖလားအတြက္ စိန္ေခၚႏိူင္တဲ့ လီဗာပူးအသင္းျဖစ္ေအာင္တည္ေဆာက္ေနတဲ့အခ်ိန္မွာ ေမာ္ရင္ညိဳ က ယူႏိုက္တက္ ဟာ သူလိုခ်င္တဲ့ပုံစံနဲ႔ အလွမ္းေဝးေနဆဲျဖစ္တယ္လို႔ ယုံၾကည္ေနပါတယ္.

” အသင္းကို ျပန္လည္တည္ေဆာက္တဲ့အခါ ေငြေတြသုံးဖို႔ပဲ ဟုတ္ဘူး။ ေဘာလုံးအသင္းတသင္းက အဲ့ဒါထက္ပိုပါတယ္။ ေဘာလုံးတသင္းဆိုတာ ပိုက္ဆံသုံးဖို႔ပဲမ ဟုတ္ဘူး။ သူက အိမ္နဲ႔ နည္းနည္းဆင္တယ္။ အိမ္တအိမ္ဟာ ပရိေဘာဂ ေတြဝယ္႐ုံနဲ႔ မၿပီးဘူး။ အဲ့ဒီအိမ္မာ အလုပ္လုပ္ ၿပီးေတာ့ အဆင္သင့္ျဖစ္တဲ့အခါမွ ပရိေဘာဂ ဝယ္ရတယ္။ အေကာင္းဆုံးပစၥည္းေတြ ဝယ္ၿပီးတဲ့အခါ မင္းအေနနဲ႔ အံ့ၾသစရာေကာင္းေလာက္တဲ့ အိမ္မွာေနဖို႔ အဆင္သင့္ပါပဲ ” လို႔ ေမာ္ရင္ညိဳက ဆိုခဲ့ပါတယ္။

Sports Home Time

[Unicode] အင်္ဂလန်အနောက်ဒါဘီပွဲကြိုမှာ ယူနိုက်တက်နည်းပြ ဟိုဆေးမော်ရင်ညိုက လီဗာပူးနည်းပြ ယာဂင်ကလော့ပ်ကို လီဗာပူးအတွက် သူ ယူပေးနိုင်ခဲ့တဲ့ အောင်မြင်မှု ဆုတံဆိပ်တွေနဲ့ တိုင်းတာ ဆုံးဖြတ်ရလိမ့်မယ်လို့ ထောက်ပြခဲ့ပါတယ်။

မော်ရင်ညိုက တနင်္ဂနွေနေ့ရဲ့ အန်ဖီးလ်ကွင်းမှာ လီဗာပူးကို ရင်ဆိုင်ရမယ့် သူ့အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ဖလားအတွက် မဖြစ်နိုင်တော့ဘူးလို့ သူ့ဘာသူ ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ အပတ်မှာ လီဗာပူးအသင်းဟာ မန်စီးတီးကို 1 မှတ် အသာနဲ့ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဦးဆောင်နေခဲ့တာဖြစ်ပြီး 2015 အောက်တိုဘာမှာ ကလော့ပ် နည်းပြဖြစ်လာပြီးနောက်ပိုင်း ပထမဦးဆုံး ဖလား အောင်မြင်မှုကို ရှာဖွေနေပြီဖြစ်တယ်။

မော်ရင်ညိုဟာ မနှစ်က ဖလားလက်မဲ့နဲ့ ရာသီသိမ်းခဲ့ပြီး ဒီရာသီ ဖလားပြေးလမ်းမှာလဲ ကလော့ပ်ရဲ့ အသင်းနောက်ကို 16 မှတ်အထိ ကျန်နေခဲ့တာဖြစ်ပေမယ့် သူ့ရဲ့ အိုးလ်ထရက်ဖို့ဒ် ပထမရာသီမှာတော့ အက်ဖ်အေဖလား၊ ကွန်မြူနတီဒိုင်း နဲ့ ယူရိုပါလိဂ်ဖလားတို့ကို အောင်မြင်ခဲ့ဖူးပါတယ်။

မော်ရင်ညိုက ” အင်း။ ကျနော်ကတော့ ဆုဖလားတွေက အရေးကြီးတယ်ထင်တယ်။ ဖလားအတွက် တိုက်ပွဲဝင်ဖို့ ဖြစ်လာတဲ့အခါနဲ့ ဆုဖလားအောင်မြင်မှုကို ရည်မှန်းချက် ထားတဲ့အခါ ဆုဖလားအနိုင်ရမှုတွေက အရေးပါတယ်လို့ ထင်တယ်။ တခါတလေမှာတော့ ဒါက ကိစ္စမရှိဘူးလို့ ပြောလို့ရပေမယ့် ကိုယ့်မှာ အလားအလာရှိတဲ့အခါ ဘာကိုမှ ဖုံးကွယ်ထားလို့မရပါဘူး။

ကိုယ်ရဲ့အလားအလာနဲ့ ရည်မှန်းချက်ကြား ဆက်နွယ်မှုတွေကို ပထမရက်ကနေစပြီး သိတယ်။ လူတိုင်းကတော့ သူတို့အောင်မြင်ချင်တယ်လို့ ပြောနိုင်ပါတယ်။ နောက်တခုက ကိုယ့်ရည်မှန်းချက်ကိုပြောရာမှာ သတိရှိရမယ်။ ကျနော် အများကြီးတော့ မဖတ်လို့ မသိဘူး။ ဒါပေမယ့် လီဗာပူးက သူတို့ရည်မှန်းချက်ဟာ ပရီးမီးယားလိဂ် ဖလားအောင်မြင်ဖို့လို့ ပြောခဲ့တယ်လို့ ကျနော်ထင်တယ် ” လို့ မော်ရင်ညိုက ပြောပါတယ်။

ကလော့ပ်ဟာ ပရီးမီးယားလိဂ် ဖလားအတွက် စိန်ခေါ်နိူင်တဲ့ လီဗာပူးအသင်းဖြစ်အောင်တည်ဆောက်နေတဲ့အချိန်မှာ မော်ရင်ညို က ယူနိုက်တက် ဟာ သူလိုချင်တဲ့ပုံစံနဲ့ အလှမ်းဝေးနေဆဲဖြစ်တယ်လို့ ယုံကြည်နေပါတယ်.

” အသင်းကို ပြန်လည်တည်ဆောက်တဲ့အခါ ငွေတွေသုံးဖို့ပဲ ဟုတ်ဘူး။ ဘောလုံးအသင်းတသင်းက အဲ့ဒါထက်ပိုပါတယ်။ ဘောလုံးတသင်းဆိုတာ ပိုက်ဆံသုံးဖို့ပဲမ ဟုတ်ဘူး။ သူက အိမ်နဲ့ နည်းနည်းဆင်တယ်။ အိမ်တအိမ်ဟာ ပရိဘောဂ တွေဝယ်ရုံနဲ့ မပြီးဘူး။ အဲ့ဒီအိမ်မာ အလုပ်လုပ် ပြီးတော့ အဆင်သင့်ဖြစ်တဲ့အခါမှ ပရိဘောဂ ဝယ်ရတယ်။ အကောင်းဆုံးပစ္စည်းတွေ ဝယ်ပြီးတဲ့အခါ မင်းအနေနဲ့ အံ့သြစရာကောင်းလောက်တဲ့ အိမ်မှာနေဖို့ အဆင်သင့်ပါပဲ ” လို့ မော်ရင်ညိုက ဆိုခဲ့ပါတယ်။

Sports Home Time