[Zawgyi] ဒန္းနစ္ဆြာရက္ဇ္ဟာ ဇန္နဝါရီ ေဈးကြက္မွာ ဘာစီလိုနာ အသင္းကေန ထြက္ခြာမွာျဖစ္ၿပီး သူ႔ကိုေခၚယူဖို႔ကို ပရီးမီးယားလိဂ္ ကလပ္ေတြျဖစ္တဲ့ ခ်ယ္ဆီးနဲ႔ အာဆင္နယ္ တို႔က အၿပိဳင္ႀကိဳးစားေနၾကတာပါ။ ဘာစီလိုနာ နည္းျပ အားနက္စ္တို ဗယ္ဗာဒီက အသင္းရဲ႕ ဦးစားေပး ကစားသမားအျဖစ္ သူ႔ကို မေ႐ြးခ်ယ္ခဲ့တာေၾကာင့္ ပုံမွန္ပြဲကစားခ်ိန္ပိုမိုရရွိဖို႔ အတြက္ ႏူးကမ့္ ကေန ထြက္ခြာဖို႔ ဒီတပတ္မွာပဲ ဆုံးျဖတ္ခ်က္ခ်ခဲ့တာ ျဖစ္ပါတယ္။
ဘာစီလိုနာအသင္းနဲ႔ နည္းျပ ဗယ္ဗာဒီတို႔က ေက်နပ္စရာ ကမ္းလွမ္းမႈရရင္ သူ႔ကို ထြက္ခြာခြင့္ျပဳဖို႔ ဆႏၵရွိေနတာျဖစ္ၿပီး ဒန္းနစ္ကလဲ ဒီ ေဆာင္းရာသီမွာ အသင္းသစ္ ရွာေဖြဖို႔ သူ႔ရဲ႕ဆုံးျဖတ္ခ်က္ကို ေဖာ္ျပခဲ့ၿပီးျဖစ္ပါတယ္။ သူ႔ကို စာခ်ဳပ္ခ်ဳပ္ႏိူင္ဖို႔ ႀကိဳးစားတဲ့ၿပိဳင္ပြဲမွာေတာ့ ခ်ယ္ဆီးနဲ႔ အာဆင္နယ္ လန္ဒန္ကလပ္ႏွစ္ခုက ဦးေဆာင္ေနကာ ကစားသမားရဲ႕ကိုယ္စားလွယ္နဲ႔ ဒီကလပ္ေတြၾကား အဆက္အသြယ္ ရွိထားပါတယ္။
ဒန္းနစ္ဆြာရက္ဇ္ ဟာ ဘာစီလိုနာ မေရာက္ခင္ မန္စီးတီးမွာ လူငယ္ကစားသမားအျဖစ္ ၂ ႏွစ္ေနခဲ့ဖူးသူ ျဖစ္တာေၾကာင့္ ယခုတဖန္ ပရီးမီးယားလိဂ္ ကိုပဲ ျပန္လာဖို႔ စိတ္အားထက္သန္ေနတာျဖစ္ပါတယ္။

အသက္ ၂၄ ႏွစ္အ႐ြယ္ ကြင္းလယ္ဖန္တီးရွင္ ဒန္းနစ္ဆြာရက္ဇ္က ဆီဗီလာမွာ အငွားထြက္ကစားစဥ္ အူႏိုင္းအမ္မရီနဲ႔ ဆုံဖူးၿပီး အမ္မရီက ကစားသမားရဲ႕ အရည္အခ်င္းေတြကို သိျမင္ၿပီး သူ ျဖစ္ပါတယ္။ ဘာစီလိုနာအသင္းက ေဈးျဖတ္ေပးထားတဲ့ ေျပာင္းေ႐ႊ႕ေၾကးပမာဏက အာဆင္နယ္အတြက္ အဆင္ေျပၿပီး ရမ္ေဆးေနရာ အစားထိုးဖို႔ ကစားသမားလည္း ရရွိႏိုင္တာ ျဖစ္သြားမွာပါ။
ဒန္းနစ္ဆြာရက္ဇ္ ရဲ႕လက္ရွိစာခ်ဳပ္ဟာ သက္တမ္းကုန္ဖို႔ 18 လ က်န္ပါေသးတယ္။ Independent က သတင္းအရေတာ့ ကစားသမားရဲ႕ ေအးဂ်င့္ေတြအေနနဲ႕ အေျပာင္းအေရႊ႕မတိုင္ခင္ အခ်ိန္မ်ားမ်ားစားစား မရွိေတာ့တာေၾကာင့္ ဆြာရက္စ္ကို ပရီးမီးယားလိဂ္ ကလပ္ အာဆင္နယ္အသင္းဆီ ေပါင္ ၁၄ သန္းနဲ႕ ၀ယ္ဖို႔ ကမ္းလွမ္းထားတယ္လိုု႔ သိရပါတယ္။
ဆြာရက္ဇ္ ကို ပထမဆုံး လိုက္ခဲ့တာက ခ်ယ္ဆီးအသင္းပါ။ ကစားသမားအေနနဲ႕ စတန္းဖို႔ဒ္ဘရစ္ခ်္ က ေမာ္ရီဇီယို ဆာရီလက္ေအာက္မွာ ေနရာမရ ျဖစ္ေနမွာ မဟုတ္ေပမယ့္လဲ အာဆင္နယ္ မွာ အူႏိုင္းအမ္မရီရဲ႕ကစားပုံက သူနဲ႔ ပိုၿပီးအဆင္ေျပႏိုင္ပါတယ္။
Sports Home Time
[Unicode] ဒန်းနစ်ဆွာရက်ဇ်ဟာ ဇန်နဝါရီ ဈေးကွက်မှာ ဘာစီလိုနာ အသင်းကနေ ထွက်ခွာမှာဖြစ်ပြီး သူ့ကိုခေါ်ယူဖို့ကို ပရီးမီးယားလိဂ် ကလပ်တွေဖြစ်တဲ့ ချယ်ဆီးနဲ့ အာဆင်နယ် တို့က အပြိုင်ကြိုးစားနေကြတာပါ။ ဘာစီလိုနာ နည်းပြ အားနက်စ်တို ဗယ်ဗာဒီက အသင်းရဲ့ ဦးစားပေး ကစားသမားအဖြစ် သူ့ကို မရွေးချယ်ခဲ့တာကြောင့် ပုံမှန်ပွဲကစားချိန်ပိုမိုရရှိဖို့ အတွက် နူးကမ့် ကနေ ထွက်ခွာဖို့ ဒီတပတ်မှာပဲ ဆုံးဖြတ်ချက်ချခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းနဲ့ နည်းပြ ဗယ်ဗာဒီတို့က ကျေနပ်စရာ ကမ်းလှမ်းမှုရရင် သူ့ကို ထွက်ခွာခွင့်ပြုဖို့ ဆန္ဒရှိနေတာဖြစ်ပြီး ဒန်းနစ်ကလဲ ဒီဆောင်းရာသီမှာ အသင်းသစ် ရှာဖွေဖို့ သူ့ရဲ့ဆုံးဖြတ်ချက်ကို ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ သူ့ကို စာချုပ်ချုပ်နိူင်ဖို့ ကြိုးစားတဲ့ပြိုင်ပွဲမှာတော့ ချယ်ဆီးနဲ့ အာဆင်နယ် လန်ဒန်ကလပ်နှစ်ခုက ဦးဆောင်နေကာ ကစားသမားရဲ့ကိုယ်စားလှယ်နဲ့ ဒီကလပ်တွေကြား အဆက်အသွယ် ရှိခဲ့ပါတယ်။
ဒန်းနစ်ဆွာရက်ဇ် ဟာ ဘာစီလိုနာ မရောက်ခင် မန်စီးတီးမှာ လူငယ်ကစားသမားအဖြစ် ၂ နှစ်နေခဲ့ဖူးသူ ဖြစ်တာကြောင့် ယခုတဖန် ပရီးမီးယားလိဂ် ကိုပဲ ပြန်လာဖို့ စိတ်အားထက်သန်နေတာဖြစ်ပါတယ်။
အသက် ၂၄ နှစ်အရွယ် ကွင်းလယ်ဖန်တီးရှင် ဒန်းနစ်ဆွာရက်ဇ်က ဆီဗီလာမှာ အငှားထွက်ကစားစဉ် အူနိုင်းအမ်မရီနဲ့ ဆုံဖူးပြီး အမ်မရီက ကစားသမားရဲ့ အရည်အချင်းတွေကို သိမြင်ပြီး သူ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းက ဈေးဖြတ်ပေးထားတဲ့ ပြောင်းရွှေ့ကြေးပမာဏက အာဆင်နယ်အတွက် အဆင်ပြေပြီး ရမ်ဆေးနေရာ အစားထိုးဖို့ ကစားသမားလည်း ရရှိနိုင်တာ ဖြစ်သွားမှာပါ။
ဒန်းနစ်ဆွာရက်ဇ် ရဲ့လက်ရှိစာချုပ်ဟာ သက်တမ်းကုန်ဖို့ 18 လ ကျန်ပါသေးတယ်။ Independent က သတင်းအရတော့ ကစားသမားရဲ့ အေးဂျင့်တွေအနေနဲ့ အပြောင်းအရွှေ့မတိုင်ခင် အချိန်များများစားစား မရှိတော့တာကြောင့် ဆွာရက်စ်ကို ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်အသင်းဆီ ပေါင် ၁၄ သန်းနဲ့ ဝယ်ဖို့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။
ဆွာရက်ဇ် ကို ပထမဆုံး လိုက်ခဲ့တာက ချယ်ဆီးအသင်းပါ။ ကစားသမားအနေနဲ့ စတန်းဖို့ဒ်ဘရစ်ချ် က မော်ရီဇီယို ဆာရီလက်အောက်မှာ နေရာမရ ဖြစ်နေမှာ မဟုတ်ပေမယ့်လဲ အာဆင်နယ် မှာ အူနိုင်းအမ်မရီရဲ့ကစားပုံက သူနဲ့ ပိုပြီးအဆင်ပြေနိုင်ပါတယ်။
Sports Home Time
