ေမာ္ရင္ညိဳ ဝန္ခံေျပာဆိုလိုက္တဲ့ ယူႏိုက္တက္နဲ႔ လီဗာပူးၾကား ကြာျခားမႈ

[Zawgyi] ေမာ္ရင္ညိဳက ပိုက္ဆံေတြသံုးလိုက္တိုင္း ေအာင္ျမင္မႈေတြကို အလိုလိုရဖို႔ အာမခံခ်က္မရွိျခင္းရဲ႕ အေၾကာင္းကို ႏိႈင္းယွဥ္ျပမႈ လုပ္လာပါတယ္။ ဒါေပမယ့္လို႔ ဒီလို ႏိႈင္းယွဥ္ျပတာက ပထမဆံုးအၾကိမ္ ထုတ္ေျပာမႈေတာ့ မဟုတ္တာလည္း ေသခ်ာပါတယ္။

ခ်န္ပီယံလိဂ္မွာ ဗလန္စီယာကို အေရးနိမ့္ထားတဲ့ ယူႏိုက္တက္ဟာ ဒီအပတ္မွာေတာ့ ပရီးမီးယားလိဂ္ အမွတ္ေပးဇယားမွာ 16 မွတ္ေတာင္ကြာဟေနျခင္းကို ေလ်ာ့ခ်ဖို႔ရာ လိဂ္ဦးေဆာင္သူ လီဗာပူးအသင္းရဲ႕ အိမ္ကြင္း အန္ဖီးကို သြားေရာက္ယွဥ္ျပိဳင္ရဖို႔ရွိတယ္။ ရမွတ္ရခဲ့ရင္ေတာ့ ကြာဟခ်က္ကို ေလ်ာ့ခ်ႏိုင္မွာျဖစ္ေပမယ့္ ရမွတ္မရခဲ့ရင္ ပိုၾကီးမားတဲ့ အမွတ္ကြာဟမႈ ျဖစ္လာပါလိမ့္မယ္။

ယာဂင္ကေလာ့ပ္ရဲ႕ ျပဳျပင္ေျပာင္းလဲမႈေတြက ပံုစံေကာင္းေတြနဲ႔ ေရွ႔ဆက္ေနခ်ိန္မွာ ယူႏိုက္တက္ကေတာ့ အဆင့္ေလးအနားကို ကပ္ႏိုင္ဖုိ႔အတြက္ ရုန္းကန္ေနရဆဲျဖစ္တယ္။ ယူႏိုက္တက္နဲ႔ ထိပ္ဆံုးအသင္းေတြၾကား ဘယ္ေလာက္ေတာင္ ကြာဟေနျပီလည္းဆိုတဲ့ ေမးခြန္ကိုေတာ့ ေမာ္ရင္ညိဳက အမ်ားၾကီး ကြာေနျပီလို႔ ျပန္လည္ ေျဖဆိုပါတယ္။

ဒါ့အျပင္ ယူႏိုက္တက္နဲ႔ လီဗာပူးၾကား ေကာင္းမြန္တဲ့ အေျခအေနေတြကို ႏိႈင္းယွဥ္ရာမွာလည္း ” ေႏြအေျပာင္းအေရႊ႔မွာ သူတို႔အသင္း သံုးခဲ့တဲ့ ေျပာင္းေရႊ႔ေၾကးပဲ မဟုတ္ပါဘူး။ အေၾကာင္းရင္းေတြ အမ်ားၾကီး ရွိပါတယ္။ ေဘာလံုးအသင္းဆိုတာ အဲ့တာထက္ပိုတယ္။ ေဘာလံုးအသင္းဆိုတာ အိမ္တစ္အိမ္လိုပါပဲ။

အိမ္ဆိုတာက ပရိေဘာက အသစ္ေတြ ဝယ္ဖို႔ပဲ မဟုတ္ပါဘူး။ အိမ္တြင္းမွာ အလုပ္ေတြလုပ္ဖို႔လည္း လိုတယ္။ အလုပ္ေတြလုပ္လို႔ အိမ္အဆင္သင့္ျဖစ္ျပီဆိုရင္ ပရိေဘာကေတြ စဝယ္ႏိုင္ပါျပီ။ အေကာင္းဆံုး ပရိေဘာဂေတြ ဝယ္ဖို႔ ေငြေတြသံုးႏိုင္ျပီ။ ဒါဆိုရင္ေတာ့ သိပ္ခမ္းနားတဲ့အိမ္မွာ မင္းတို႔ ေနႏိုင္ျပီေပါ့ ” လို႔ ဆိုပါတယ္။

ေမာ္ရင္ညိဳ ဆိုလိုတာဟာ ကလပ္အသင္းက ေငြသံုးေနဖို႔တင္မဟုတ္ပဲ အသင္းရဲ႕ အုပ္ခ်ဳပ္ေရးအဖြဲ႔ကလည္း အလုပ္ေတြလုပ္ဖို႔ လိုတယ္လို႔ ဆိုလိုဟန္ရွိတယ္။ အသင္းတြင္း ေငြေၾကးဆိုင္ရာနဲ႔ အုပ္ခ်ဳပ္ေရးဆိုင္ရာေတြကို တည္ျငိမ္ေအာင္ အရင္လုပ္ရမယ္ အဲ့တာျပီးမွ အေျပာင္းအေရႊ႔အတြက္ ေငြသံုးတာက ေအာင္ျမင္မႈေတြရဖို႔ အေျခခံျဖစ္တယ္လို႔ ဆိုလိုဟန္ရွိပါတယ္။

ယူႏိုက္တက္ဟာ ကစားသမားေခၚယူမႈကိစၥေတြမွာ လြတ္လပ္စြာ လုပ္ပိုင္ခြင့္မရွိပဲ ထိန္းခ်ဳပ္ခံရမႈ မ်ားျပားတယ္လို႔ေတာ့ သတင္းထြက္ထားတာျဖစ္တယ္။ လီဗာပူးအသင္းဟာ လိုအပ္လိုရွိရင္ အယ္လီဆန္နဲ႔ ဗန္ဒိုက္တို႔ကို စံခ်ိန္တင္ ေျပာင္းေရႊ႔ေၾကးေပးဖို႔ ဝန္မေလးသလို ကလပ္အသင္း အုပ္ခ်ဳပ္ေရးအဖြဲ႔ကလည္း မန္ေနဂ်ာကို တိုက္ရိုက္ေထာက္ခံေပးပါတယ္။ ယူႏိုက္တက္ကေတာ့ ကစားသမားေခၚယူမႈေတြမွာ မန္ေနဂ်ာထက္ ေစ်းကြက္သေဘာကို လိုက္ေနတယ္လို႔ သံသယရွိစရာပါ။

ဒါေပမယ့္လို႔ ယူႏိုက္တက္ကို ေမာ္ရင္ညိဳ ကိုယ္တြယ္တဲ့ေနာက္ပိုင္း အသံုးျပဳတဲ့ အသံုးစရိတ္ဟာ ပရီးမီးယားလိဂ္မွာေတာ့ မန္စီးတီးျပီးေနာက္ အျမင့္ဆံုးျဖစ္ပါတယ္။ ဒါေၾကာင့္ ေမာ္ရင္ညိဳရဲ႕ ႏိႈင္းယွဥ္ခ်က္က ဘာကိုဆိုလိုတယ္ဆိုတာကို ကလပ္အသင္း တာဝန္ရွိသူေတြက ပိုရွင္းလင္းစြာ နားလည္လိမ့္မယ္လို႔ ယူဆရပါတယ္။

Sports Home Time

[Unicode] မော်ရင်ညိုက ပိုက်ဆံတွေသုံးလိုက်တိုင်း အောင်မြင်မှုတွေကို အလိုလိုရဖို့ အာမခံချက်မရှိခြင်းရဲ့ အကြောင်းကို နှိုင်းယှဉ်ပြမှု လုပ်လာပါတယ်။ ဒါပေမယ့်လို့ ဒီလို နှိုင်းယှဉ်ပြတာက ပထမဆုံးအကြိမ် ထုတ်ပြောမှုတော့ မဟုတ်တာလည်း သေချာပါတယ်။

ချန်ပီယံလိဂ်မှာ ဗလန်စီယာကို အရေးနိမ့်ထားတဲ့ ယူနိုက်တက်ဟာ ဒီအပတ်မှာတော့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ 16 မှတ်တောင်ကွာဟနေခြင်းကို လျော့ချဖို့ရာ လိဂ်ဦးဆောင်သူ လီဗာပူးအသင်းရဲ့ အိမ်ကွင်း အန်ဖီးကို သွားရောက်ယှဉ်ပြိုင်ရဖို့ရှိတယ်။ ရမှတ်ရခဲ့ရင်တော့ ကွာဟချက်ကို လျော့ချနိုင်မှာဖြစ်ပေမယ့် ရမှတ်မရခဲ့ရင် ပိုကြီးမားတဲ့ အမှတ်ကွာဟမှု ဖြစ်လာပါလိမ့်မယ်။

ယာဂင်ကလော့ပ်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေက ပုံစံကောင်းတွေနဲ့ ရှေ့ဆက်နေချိန်မှာ ယူနိုက်တက်ကတော့ အဆင့်လေးအနားကို ကပ်နိုင်ဖို့အတွက် ရုန်းကန်နေရဆဲဖြစ်တယ်။ ယူနိုက်တက်နဲ့ ထိပ်ဆုံးအသင်းတွေကြား ဘယ်လောက်တောင် ကွာဟနေပြီလည်းဆိုတဲ့ မေးခွန်ကိုတော့ မော်ရင်ညိုက အများကြီး ကွာနေပြီလို့ ပြန်လည် ဖြေဆိုပါတယ်။

ဒါ့အပြင် ယူနိုက်တက်နဲ့ လီဗာပူးကြား ကောင်းမွန်တဲ့ အခြေအနေတွေကို နှိုင်းယှဉ်ရာမှာလည်း ” နွေအပြောင်းအရွှေ့မှာ သူတို့အသင်း သုံးခဲ့တဲ့ ပြောင်းရွှေ့ကြေးပဲ မဟုတ်ပါဘူး။ အကြောင်းရင်းတွေ အများကြီး ရှိပါတယ်။ ဘောလုံးအသင်းဆိုတာ အဲ့တာထက်ပိုတယ်။ ဘောလုံးအသင်းဆိုတာ အိမ်တစ်အိမ်လိုပါပဲ။

အိမ်ဆိုတာက ပရိဘောက အသစ်တွေ ဝယ်ဖို့ပဲ မဟုတ်ပါဘူး။ အိမ်တွင်းမှာ အလုပ်တွေလုပ်ဖို့လည်း လိုတယ်။ အလုပ်တွေလုပ်လို့ အိမ်အဆင်သင့်ဖြစ်ပြီဆိုရင် ပရိဘောကတွေ စဝယ်နိုင်ပါပြီ။ အကောင်းဆုံး ပရိဘောဂတွေ ဝယ်ဖို့ ငွေတွေသုံးနိုင်ပြီ။ ဒါဆိုရင်တော့ သိပ်ခမ်းနားတဲ့အိမ်မှာ မင်းတို့ နေနိုင်ပြီပေါ့ ” လို့ ဆိုပါတယ်။

မော်ရင်ညို ဆိုလိုတာဟာ ကလပ်အသင်းက ငွေသုံးနေဖို့တင်မဟုတ်ပဲ အသင်းရဲ့ အုပ်ချုပ်ရေးအဖွဲ့ကလည်း အလုပ်တွေလုပ်ဖို့ လိုတယ်လို့ ဆိုလိုဟန်ရှိတယ်။ အသင်းတွင်း ငွေကြေးဆိုင်ရာနဲ့ အုပ်ချုပ်ရေးဆိုင်ရာတွေကို တည်ငြိမ်အောင် အရင်လုပ်ရမယ် အဲ့တာပြီးမှ အပြောင်းအရွှေ့အတွက် ငွေသုံးတာက အောင်မြင်မှုတွေရဖို့ အခြေခံဖြစ်တယ်လို့ ဆိုလိုဟန်ရှိပါတယ်။

ယူနိုက်တက်ဟာ ကစားသမားခေါ်ယူမှုကိစ္စတွေမှာ လွတ်လပ်စွာ လုပ်ပိုင်ခွင့်မရှိပဲ ထိန်းချုပ်ခံရမှု များပြားတယ်လို့တော့ သတင်းထွက်ထားတာဖြစ်တယ်။ လီဗာပူးအသင်းဟာ လိုအပ်လိုရှိရင် အယ်လီဆန်နဲ့ ဗန်ဒိုက်တို့ကို စံချိန်တင် ပြောင်းရွှေ့ကြေးပေးဖို့ ဝန်မလေးသလို ကလပ်အသင်း အုပ်ချုပ်ရေးအဖွဲ့ကလည်း မန်နေဂျာကို တိုက်ရိုက်ထောက်ခံပေးပါတယ်။ ယူနိုက်တက်ကတော့ ကစားသမားခေါ်ယူမှုတွေမှာ မန်နေဂျာထက် ဈေးကွက်သဘောကို လိုက်နေတယ်လို့ သံသယရှိစရာပါ။

ဒါပေမယ့်လို့ ယူနိုက်တက်ကို မော်ရင်ညို ကိုယ်တွယ်တဲ့နောက်ပိုင်း အသုံးပြုတဲ့ အသုံးစရိတ်ဟာ ပရီးမီးယားလိဂ်မှာတော့ မန်စီးတီးပြီးနောက် အမြင့်ဆုံးဖြစ်ပါတယ်။ ဒါကြောင့် မော်ရင်ညိုရဲ့ နှိုင်းယှဉ်ချက်က ဘာကိုဆိုလိုတယ်ဆိုတာကို ကလပ်အသင်း တာဝန်ရှိသူတွေက ပိုရှင်းလင်းစွာ နားလည်လိမ့်မယ်လို့ ယူဆရပါတယ်။

Sports Home Time