[Zawgyi] မန္ခ်က္စတာနံနက္ခင္းသတင္းကေတာ့ ယူႏိုက္တက္ ကစားသမား ႏွစ္ေယာက္ဟာ အဂၤလန္ကေန ထြက္ခြာျပီး လာလီဂါကလပ္ထံ ေျပာင္းေရႊ႔သင့္တယ္လို႔ သံုးသပ္လာပါတယ္။ ယခင္လေတြမွာ အိုးလ္ထရက္ဖို႔ဒ္ကေန ထြက္ခြာဖို႔ ခ်ိတ္ဆက္မႈေတြ ရွိခဲ့ၿပီး ဘာေနဗ်ဴးဟာ သူတို႔ရဲ႕ အနာဂတ္ပစ္မွတ္ ျဖစ္ႏိုင္တယ္ဆိုကာ သရဲနီအသင္းသား ႏွစ္ဦးကို ေရြးထုတ္သံုးသပ္ျပလာတာပါ။
ေႏြရာသီမွာ မန္ယူႏိုက္တက္ ကစားသမား ႏွစ္ေယာက္ဟာ ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေ႐ႊ႕ဖို႔ လုပ္ခဲ့တယ္လို႔ သရဲနီ ေတာင္ပံကစားသမားေဟာင္း Andrei Kanchelskis ကဆိုတယ္။ ေပါ့လ္ေပါ့ဘာဟာ 2016 မွာ မန္ခ်က္စတာယူႏိုက္တက္ထံ မေျပာင္းေ႐ႊ႕ခင္ စပိန္ေတာ္ဝင္အသင္းနဲ႔ ခ်ိတ္ဆက္ခဲ့ဖူးၿပီး အဲ့ဒီ္ေႏြရာသီမွာ ဘာေနဗ်ဴးကို ေရာက္ရွိႏိုင္တယ္လို႔ အမ်ားက ထင္ေၾကးေပးထားၾကတဲ့ ကစားသမားေတြထဲက တစ္ေယာက္ အပါအဝင္ျဖစ္ပါတယ္။
ကစားသမားေဟာင္းၾကီးက ” ဒီေႏြရာသီမွာ ရီးရဲလ္မက္ဒရစ္ထံ ေျပာင္းေ႐ႊ႕ဖို႔ ေပါ့ဘာ လုပ္လိမ့္မယ္လို႔ က်ေနာ္ထင္တယ္။ သူ႔ကစားပုံက ပရီးမီးယားလိဂ္ အတြက္ အံဝင္တယ္လို႔ က်ေနာ္မထင္ဘူး။ သူရဲ႕အရမ္းေတာ္တဲ့ စြမ္းရည္ေတြကို က်ေနာ္တို႔ အီတလီမွာ ဒါမွမဟုတ္ စပိန္လိဂ္မွာ ေတြ႕ပါလိမ့္မယ္။ ဘာစီလိုနာရဲ႕ ကစားပုံနဲ႔ေတာ့ သူ အဆင္မေျပႏိုင္ဘူး။ ဒါေပမယ့္ ရီးရဲလ္မက္ဒရစ္ အတြက္ သူက ၿပီးျပည့္စုံပါတယ္။ သူတို႔အတြက္ ကြင္းထဲမွာ သူ႔ကိုယ္သူ ပိုၿပီး လြတ္လြတ္လပ္လပ္ ေဖာ္ျပႏိုင္ပါလိမ့္မယ္။
ယူႏိုက္တက္ ကို ေျပာင္းေ႐ႊ႕လာၿပီးေနာက္ပိုင္း သူ႔ရဲ႕ကစားပုံနဲ႔အတူ ေျခစြမ္းတည္ၿငိမ္မႈကို သူမျပသႏိုင္ခဲ့ပါဘူး။ အခုက ေျပာင္းလဲဖို႔ အခ်ိန္တန္ပါၿပီ။ ႀကီးမားတဲ့ေအာင္ျမင္မႈကို သူလိုခ်င္တယ္ဆိုရင္ သူ႔ကစားပုံနဲ႔ အဆင္ေျပတဲ့ အသင္းတသင္းကို ရွာေဖြဖို႔ လိုအပ္ပါတယ္။ မာရာဒိုနာဟာ ဘာစီလိုနာမွာ ေကာင္းမြန္တဲ့ ေျခစြမ္း မျပႏိုင္ခဲ့ဘူး။ ဒါေပမယ့္ နာပိုလီမွာ သူဟာ ကမာၻ႔အေကာင္းဆုံး ျဖစ္လာခဲ့တယ္။ ေပါ့ဘာလဲ ဒီလိုျဖစ္ႏိုင္တယ္လို႔ က်ေနာ္ထင္ပါတယ္ ” လို႔ Kanchelskis က ေျပာပါတယ္။
ေနာက္တႏွစ္ေရာက္ရင္ အိုးလ္ထရက္ဖို႔ဒ္မွာ ဆက္ရွိေနေတာ့မွာမဟုတ္တာ ေသခ်ာတယ္လို႔ Kanchelskis ေျပာတဲ့ ေနာက္ထပ္ ကစားသမားတစ္ေယာက္က အန္သိုနီ မာရွယ္ပဲ ျဖစ္ပါတယ္။ အသက္ 23 ႏွစ္အ႐ြယ္ မာရွယ္ဟာ ပုံစံေကာင္းေတြ ျပသထားႏိုင္ေနၿပီး သူ႔ရဲ႕ေနာက္ဆုံး 11 ပြဲမွာ 7 ဂိုး သြင္းယူေပးခဲ့ပါတယ္။ မာရွယ္အေနနဲ႔ စပိန္ၿမိဳ႕ေတာ္အသင္းမွာ ခရစ္စတီယာႏို ေရာ္နယ္ဒိုရဲ႕ ေျခရာကို နင္းႏိုင္ေအာင္လုပ္ရမယ္လို႔ Kanchelskis က ယုံၾကည္ေနပါတယ္။
” မာရွယ္ဟာ ေနာက္ရာသီမွာ ယူႏိုက္တက္အတြက္ ကစားေပးေတာ့မွာမဟုတ္ပါဘူး။ ရီးရဲလ္မက္ဒရစ္ ကို ေျပာင္းေ႐ႊ႕ၿပီး ခရစ္စတီယာႏို ေရာ္နယ္ဒိုရဲ႕ လမ္းစဥ္အတိုင္း သူလိုက္လုပ္ႏိုင္တယ္လို႔ က်ေနာ္ထင္ပါတယ္။ မာရွယ္ဟာ အသက္ငယ္႐ြယ္ၿပီး သူဘာလုပ္ႏိုင္တယ္ဆိုတာကို ျပသဖို႔ စတင္ခဲ့ပါတယ္။ သူ႔ရဲ႕အျမင့္ဆုံး စြမ္းေဆာင္ရည္ကို ေရာက္ေအာင္ သူလုပ္ႏိုင္တယ္ဆိုရင္ ရီးရဲလ္မက္ဒရစ္ရဲ႕ ေနာက္ထပ္ Galactico အစီအစဥ္ အတိုင္း သူ အဲ့ဒီ့ကိုသြားၿပီး ေရာ္နယ္ဒို ေနရာကို အစားဝင္ဖို႔ အခြင့္အေရးရွိပါတယ္။ သူ႔အေနနဲ႔ မ်ားစြာသင္ယူဖို႔ လိုေသးတယ္ဆိုတာ ထင္ရွားပါတယ္။ ဒါေပမယ့္ ဒါကိုျဖစ္ေအာင္လုပ္ဖို႔ သူ႔အတြက္ အခြင့္အေရးတစ္ခုက ရွိေနပါတယ္။ ”
Sports Home Time

[Unicode] မန်ချက်စတာနံနက်ခင်းသတင်းကတော့ ယူနိုက်တက် ကစားသမား နှစ်ယောက်ဟာ အင်္ဂလန်ကနေ ထွက်ခွာပြီး လာလီဂါကလပ်ထံ ပြောင်းရွှေ့သင့်တယ်လို့ သုံးသပ်လာပါတယ်။ ယခင်လတွေမှာ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာဖို့ ချိတ်ဆက်မှုတွေ ရှိခဲ့ပြီး ဘာနေဗျူးဟာ သူတို့ရဲ့ အနာဂတ်ပစ်မှတ် ဖြစ်နိုင်တယ်ဆိုကာ သရဲနီအသင်းသား နှစ်ဦးကို ရွေးထုတ်သုံးသပ်ပြလာတာပါ။
နွေရာသီမှာ မန်ယူနိုက်တက် ကစားသမား နှစ်ယောက်ဟာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ လုပ်ခဲ့တယ်လို့ သရဲနီ တောင်ပံကစားသမားဟောင်း Andrei Kanchelskis ကဆိုတယ်။ ပေါ့လ်ပေါ့ဘာဟာ 2016 မှာ မန်ချက်စတာယူနိုက်တက်ထံ မပြောင်းရွှေ့ခင် စပိန်တော်ဝင်အသင်းနဲ့ ချိတ်ဆက်ခဲ့ဖူးပြီး အဲ့ဒီ်နွေရာသီမှာ ဘာနေဗျူးကို ရောက်ရှိနိုင်တယ်လို့ အများက ထင်ကြေးပေးထားကြတဲ့ ကစားသမားတွေထဲက တစ်ယောက် အပါအဝင်ဖြစ်ပါတယ်။
ကစားသမားဟောင်းကြီးက ” ဒီနွေရာသီမှာ ရီးရဲလ်မက်ဒရစ်ထံ ပြောင်းရွှေ့ဖို့ ပေါ့ဘာ လုပ်လိမ့်မယ်လို့ ကျနော်ထင်တယ်။ သူ့ကစားပုံက ပရီးမီးယားလိဂ် အတွက် အံဝင်တယ်လို့ ကျနော်မထင်ဘူး။ သူရဲ့အရမ်းတော်တဲ့ စွမ်းရည်တွေကို ကျနော်တို့ အီတလီမှာ ဒါမှမဟုတ် စပိန်လိဂ်မှာ တွေ့ပါလိမ့်မယ်။ ဘာစီလိုနာရဲ့ ကစားပုံနဲ့တော့ သူ အဆင်မပြေနိုင်ဘူး။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ် အတွက် သူက ပြီးပြည့်စုံပါတယ်။ သူတို့အတွက် ကွင်းထဲမှာ သူ့ကိုယ်သူ ပိုပြီး လွတ်လွတ်လပ်လပ် ဖော်ပြနိုင်ပါလိမ့်မယ်။
ယူနိုက်တက် ကို ပြောင်းရွှေ့လာပြီးနောက်ပိုင်း သူ့ရဲ့ကစားပုံနဲ့အတူ ခြေစွမ်းတည်ငြိမ်မှုကို သူမပြသနိုင်ခဲ့ပါဘူး။ အခုက ပြောင်းလဲဖို့ အချိန်တန်ပါပြီ။ ကြီးမားတဲ့အောင်မြင်မှုကို သူလိုချင်တယ်ဆိုရင် သူ့ကစားပုံနဲ့ အဆင်ပြေတဲ့ အသင်းတသင်းကို ရှာဖွေဖို့ လိုအပ်ပါတယ်။ မာရာဒိုနာဟာ ဘာစီလိုနာမှာ ကောင်းမွန်တဲ့ ခြေစွမ်း မပြနိုင်ခဲ့ဘူး။ ဒါပေမယ့် နာပိုလီမှာ သူဟာ ကမ္ဘာ့အကောင်းဆုံး ဖြစ်လာခဲ့တယ်။ ပေါ့ဘာလဲ ဒီလိုဖြစ်နိုင်တယ်လို့ ကျနော်ထင်ပါတယ် ” လို့ Kanchelskis က ပြောပါတယ်။
နောက်တနှစ်ရောက်ရင် အိုးလ်ထရက်ဖို့ဒ်မှာ ဆက်ရှိနေတော့မှာမဟုတ်တာ သေချာတယ်လို့ Kanchelskis ပြောတဲ့ နောက်ထပ် ကစားသမားတစ်ယောက်က အန်သိုနီ မာရှယ်ပဲ ဖြစ်ပါတယ်။ အသက် 23 နှစ်အရွယ် မာရှယ်ဟာ ပုံစံကောင်းတွေ ပြသထားနိုင်နေပြီး သူ့ရဲ့နောက်ဆုံး 11 ပွဲမှာ 7 ဂိုး သွင်းယူပေးခဲ့ပါတယ်။ မာရှယ်အနေနဲ့ စပိန်မြို့တော်အသင်းမှာ ခရစ်စတီယာနို ရော်နယ်ဒိုရဲ့ ခြေရာကို နင်းနိုင်အောင်လုပ်ရမယ်လို့ Kanchelskis က ယုံကြည်နေပါတယ်။
” မာရှယ်ဟာ နောက်ရာသီမှာ ယူနိုက်တက်အတွက် ကစားပေးတော့မှာမဟုတ်ပါဘူး။ ရီးရဲလ်မက်ဒရစ် ကို ပြောင်းရွှေ့ပြီး ခရစ်စတီယာနို ရော်နယ်ဒိုရဲ့ လမ်းစဉ်အတိုင်း သူလိုက်လုပ်နိုင်တယ်လို့ ကျနော်ထင်ပါတယ်။ မာရှယ်ဟာ အသက်ငယ်ရွယ်ပြီး သူဘာလုပ်နိုင်တယ်ဆိုတာကို ပြသဖို့ စတင်ခဲ့ပါတယ်။ သူ့ရဲ့အမြင့်ဆုံး စွမ်းဆောင်ရည်ကို ရောက်အောင် သူလုပ်နိုင်တယ်ဆိုရင် ရီးရဲလ်မက်ဒရစ်ရဲ့ နောက်ထပ် Galactico အစီအစဉ် အတိုင်း သူ အဲ့ဒီ့ကိုသွားပြီး ရော်နယ်ဒို နေရာကို အစားဝင်ဖို့ အခွင့်အရေးရှိပါတယ်။ သူ့အနေနဲ့ များစွာသင်ယူဖို့ လိုသေးတယ်ဆိုတာ ထင်ရှားပါတယ်။ ဒါပေမယ့် ဒါကိုဖြစ်အောင်လုပ်ဖို့ သူ့အတွက် အခွင့်အရေးတစ်ခုက ရှိနေပါတယ်။ ”
Sports Home Time
