လီဗာပူးအသင္းရဲ႕ ပြဲေတြကို ေစာင့္ၾကည့္မယ္ဆိုရင္ အန္ဖီးမွာ အနီေရာင္ အသင္းပရိသတ္ေတြ သီခ်င္းေပါင္း မ်ားစြာကို သီဆိုျပီး ကလပ္အသင္းကို အားေပးၾကတာကို ျမင္ရပါမယ္။ သမုိင္းေၾကာင္း အစဥ္အလာၾကီးမားတဲ့ လီဗာပူးဟာ အသင္းရဲ႕ ဝင္ေပါက္မွသည္ အားေပးရာ ပြဲၾကည့္စင္ေထာင့္တိုင္းမွာ ရွည္လ်ားတဲ့ သမိုင္းေၾကာင္းေတြ ရွိထားတဲ့ အသင္းျဖစ္တယ္။
အဂၤလန္မွာ ေဘာလံုးနဲ႔ ဂီတကို ေပါင္းဖက္စြာ အားေပးၾကတဲ့ ေဘာလံုးပရိသတ္ေတြထဲမွာ လီဗာပူးပရိသတ္ေတြေလာက္ အတြဲညီတဲ့ ပရိသတ္ေတြက အရမ္းေတာ့ မမ်ားပါဘူး။ ကမၻာေက်ာ္ ျဗိတိန္ ေတးဂီတအဖြဲ႔ Beatles ရဲ႕ ေပါက္ဖြားရာ မာေဆးဆိုဒ္ဟာ ဂီတနဲ႔ ပက္သက္လာရင္ အေတာ္ေလး အေျခခံေကာင္းေတြ တည္ရွိတဲ့ ေဒသလည္းျဖစ္တယ္။

လီဗာပူးအသင္းဟာ အသင္းရဲ႕ တရားဝင္သီခ်င္းအျဖစ္ “You’ll Never Walk Alone” သီခ်င္းကို တရားဝင္ သက္မွတ္ထားျပီး ကမၻာေပၚမွာ ေဘာလံုးပြဲမစခင္ ကလပ္ရဲ႕ ကိုယ္ပိုင္သီခ်င္းနဲ႔ အသင္းကို ဂုဏ္ျပဳတဲ့ ရွားရွားပါးပါးေသာ ကလပ္ေတြထဲက တစ္သင္းပါ။ တကမၻာလံုးကေန လာေရာက္ၾကတဲ့ လီဗာပူးပရိသတ္ေတြဟာ သူတို႔ သယ္ေဆာင္လာတဲ့ အထိမ္းအမွတ္ အလံေတြ၊ ပဝါေတြနဲ႔အတူ “You’ll Never Walk Alone” သီခ်င္းကို သံျပိဳင္ဆိုျပီး အသင္းကို ခြန္းအားေတြ ေပးေလ့ရွိတယ္။
အဂၤလန္မွာ အစဥ္အလာၾကီးတဲ့ ကလပ္အသင္းေတြထဲမွာ ထိပ္ဆံုးႏွစ္သင္းထဲက တစ္သင္းျဖစ္တဲ့ လီဗာပူးဟာ အသင္းပရိသတ္ေတြကို ဘယ္ေတာ့အခါမွ ပဝါနဲ႔ အလံေတြကို စီစဥ္ေပးေလ့မရွိပါဘူး။ အားလံုးေသာ ရဲရဲနီေနတဲ့ အလံေတြဟာ အသင္းပရိသတ္ေတြ ကိုယ္တိုင္ ယူေဆာင္လာၾကတာျဖစ္ျပီး ဒါက လီဗာပူး ကလပ္အသင္းရဲ႕ ထူးျခားတဲ့ အရည္အခ်င္းတစ္ရပ္လို႔ မန္ေနဂ်ာေဟာင္းၾကီး ဘင္နီတက္စ္က ညႊန္းဆိုထားဖူးပါတယ္။
ဒီႏွစ္ေတြမွာေတာ့ လီဗာပူးပရိသတ္ေတြရဲ႕ သီဆိုမႈနဲ႔အတူ ဥေရာပတစ္လႊားမွာ စကားလံုး သံုးလံုးဟာ နာမည္ၾကီးလာခဲ့တယ္။ ျပိဳင္ဘက္အသင္းတိုင္း တုပျပီးလိုက္ဆိုၾကေပမယ့္ ဘယ္အသင္းကမွ လီဗာပူးရဲ႕ သံစဥ္ေတြကို မေက်ာ္ျဖတ္ႏုိင္ေသးတဲ့ ” Allez, Allez, Allez!” ဆိုတဲ့ သီခ်င္းပါပဲ။ ဥေရာပညေတြမွာ လီဗာပူးပရိသတ္ေတြ သီဆိုတတ္သလို၊ အဂၤလန္တစ္ဝန္း အနီေရာင္ပရိသတ္ေတြ သံျပိဳင္ဆိုလာၾကတဲ့ အဆိုပါသီခ်င္းအေၾကာင္း စတင္ေပါက္ဖြားလာမႈကေတာ့ ဇာတ္လမ္းတစ္ပုဒ္ေျပာျပဖို႔ လိုလာပါလိမ့္မယ္။
” Allez, Allez, Allez!” သီခ်င္းရဲ႕ မူရင္းသံစဥ္ဟာ 1980 ခုႏွစ္ေတြက နာမည္ေက်ာ္ အီတလီေပါ့ ဂီတပညာရွင္ အတြဲျဖစ္တဲ့ Righeira ဂီတအဖြဲ႔ရဲ႕ သီခ်င္းပါ။ အဆိုပါ သီခ်င္းက 1985 ခုႏွစ္မွာ ထြက္ရွိခဲ့ျပီး ‘ေႏြရာသီက အဆံုးသတ္ခဲ့ျပီ’ လို႔ အဓိပၸာယ္ရတဲ့ “L’Estate Sta Finendo” သီခ်င္းပဲျဖစ္ပါတယ္။ တူရင္၊ ေနပယ္နဲ႔ မက္ဒရစ္မွာေတာ့ အဆိုပါ သီခ်င္းကေန ဆင့္ပြားလာတဲ့ ေဘာလံုးသီခ်င္းေတြ အမ်ားၾကီး ရွိပါတယ္။ ” Allez, Allez, Allez!” ကလည္း အဲ့သည္ကေနပဲ ဆင္းသက္လာခဲ့ပါတယ္။
လီဗာပူးအသင္းကို ဒီသီခ်င္းစေရာက္လာဖို႔ကေတာ့ 2016 ခုႏွစ္ ေဖေဖာ္ဝါရီကေန စတင္ခဲ့ပါတယ္။ အဲ့သည္ေန႔မွာေတာ့ ” Allez, Allez, Allez!” သံစဥ္အခ်ိဳ႕က ယူက်ဴေတြကို ေရာက္ရွိလာခဲ့တာပါ။ ဥေရာပပြဲအျဖစ္ ေဒါ့မြန္အသင္းထံ ေပၚတိုပရိသတ္ေတြ သြားေရာက္စဥ္က ဒီသီခ်င္းကို သံျပိဳင္သီဆိုခဲ့ၾကတယ္။ လီဗာပူးပရိသတ္ေတြက ” Allez, Allez, Allez!” သံျပိဳင္ေအာ္မႈကို သေဘာေတြ႔ျပီး အဆိုပါ စကားလံုးပါတဲ့ ကိုယ္ပိုင္သီခ်င္းတစ္ပုဒ္ ဆင့္ပြားဖို႔ ဆႏၵရွိခဲ့ၾကတယ္။

လီဗာပူးပရိသတ္ေတြျဖစ္တဲ့ လိုင္ယန္မယ္လိုနဲ႔ ဖီးဟိုဝတ္တို႔ဟာ သူတုိ႔ ယူက်ဴမွာ အမွတ္မထင္ ျမင္ခဲ့ရတဲ့ ” Allez, Allez, Allez!” သံျပိဳင္သီေၾကြးမႈကို စာသားအျဖစ္ ထည့္သြင္းျပီး ကလပ္အသင္း သမိုင္းေၾကာင္းေတြပါတဲ့ ကိုယ္ပိုင္စာသားေတြကို အသစ္ျပန္လည္ ေရးစပ္ခဲ့ၾကတယ္။ စာသားစပ္ရာမွာ လီဗာပူးရဲ႕ ၾကြယ္ဝတဲ့ ဥေရာပေအာင္ျမင္မႈကို အဓိက ထည့္သြင္းဖို႔ ဆံုးျဖတ္ခဲ့တယ္။ လီဗာပူးအေပၚ ခ်စ္ခင္မႈေတြ ျပည့္ႏွက္ေနတဲ့ သူတို႔ႏွစ္ဦးဟာ ဒီသီခ်င္းကို မိနစ္ပိုင္းအတြင္း စပ္ႏုိင္ခဲ့ေၾကာင္း ဝန္ခံပါတယ္။
2018 ခုႏွစ္ ေဖေဖာ္ဝါရီလမွာေတာ့ ေပၚတိုအသင္းကြင္းမွာ သြားေရာက္ယွဥ္ျပိဳင္ရစဥ္မွာေတာ့ လီဗာပူးပရိသတ္ေတြဟာ ” Allez, Allez, Allez!” သီခ်င္းကို သီဆိုဖို႔ရာ ၾကိဳတင္ေလ့က်င့္မႈေတြကို လူမႈကြန္ယက္မွာ တင္ခဲ့ပါတယ္။ ဒီသီခ်င္းကို ဘယ္သူက ေရးစပ္ပါတယ္ဆိုတာ မသိေပမယ့္ လီဗာပူးပရိသတ္ေတြက သီခ်င္းကို အတူသီဆိုဖို႔ ေလ့က်င့္မႈေတြ ျပဳလုပ္ခဲ့ၾကတယ္။
လီဗာပူးပရိသတ္ေတြ ေပၚတိုကြင္းမွာ သီဆိုတဲ့ သီခ်င္းတစ္ပိုင္းတစ္စဟာ အြန္းလိုင္းမွာ လွ်င္ျမန္စြာ ထြက္ေပၚလာခဲ့ျပီး အဲ့သည္ပြဲအျပီး နယူးကာဆယ္နဲ႔ပြဲမွာေတာ့ လီဗာပူးပရိသတ္ေတြက သီခ်င္းကို အေတာ္ေလး သိလာခဲ့ပါျပီ။ ေပၚတိုနဲ႔ ပထမအေက်ာ့အျပီး ဒုတိယအေက်ာ့ အိမ္ကြင္း အန္ဖီးပြဲမွာေတာ့ လီဗာပူးပရိသတ္ေတြက အဆိုပါ သီခ်င္းကို သံျပိဳင္ တီေၾကြးခဲ့ၾကပါတယ္။
အၾကမ္းထည္အဆင့္မွာ ရွိေနခဲ့တဲ့ ” Allez, Allez, Allez!” သီခ်င္းစာသားေတြကို အေခ်ာသတ္ေပးသူကေတာ့ မာေဆးဆိုဒ္သား ဂီတပညာရွင္နဲ႔ လီဗာပူးပရိသတ္ Jamie Webster ပဲျဖစ္ပါတယ္။ သူဟာ ေပၚတိုကြင္းမွာ အဲ့သည္သီခ်င္းကို လီဗာပူးပရိသတ္ေတြ သီဆိုေနတာ ၾကားခဲ့ရတယ္။ အဲ့သည္ေနာက္ သူက သံစဥ္ျပန္ထည့္ကာ သီခ်င္းရဲ႕ သံစဥ္ အနိမ့္အျမင့္အျပင္ စာသားကို ျပီးျပည့္စံုစြာ ျပန္ထည့္ရာက ဒီကေန႔ လူတိုင္းသိတဲ့ ” Allez, Allez, Allez!” သီခ်င္းအျဖစ္ ေပါက္ဖြားလာခဲ့ပါတယ္။

The New York Times သတင္းစာတိုက္ကို Jamie Webster က ရွင္းျပရာမွာ “ အန္ဖီးမွာ သီဆိုမႈ မတိုင္ခင္တည္းက ဒီသီခ်င္းကို က််ေနာ္ နားစြန္နားဖ်ား ၾကားခဲ့ရတယ္။ ဒါေပမယ့္ ေပၚတိုနဲ႔ပြဲမွာ လီဗာပူးပရိသတ္ ေကာင္ေလးေတြ သီဆိုတာက စာသားကို လူတိုင္းနားမလည္ဘူး။ ဒီေတာ့ က်ေန္ာတုိ႔ သူတို႔ရဲ႕ သီဆိုမႈကို ျပန္လည္ ဖန္တီးဖို႔ ၾကိဳးစားခဲ့ၾကတယ္။ အဲ့သည္ သီခ်င္းကို လီဗာပူးကို သယ္လာခ်င္ခဲ့တယ္ ” လို႔ ေျပာပါတယ္။
Webster အေခ်ာသတ္ခဲ့တဲ့ အဆိုပါသီခ်င္းဟာ သူကိုယ္တိုင္ သီဆိုမႈနဲ႔အတူ အန္ဖီးပြဲမတိုင္ခင္ ကလပ္ရဲ႕ ေဖ်ာ္ေျဖေပးမႈေတြမွာ ေဒသခံနဲ႔ ကမၻာတစ္လႊားက လီဗာပူးပရိသတ္ေတြၾကား ပ်ံ႔ႏွံ႔သြားေစခဲ့တယ္။ အခုခ်ိန္မွာေတာ့ သီခ်င္းရဲ႕ ဗားရွင္းဟာ Jamie Webster ေရစပ္ထားတဲ့ သံစဥ္နဲ႔ စာသားကိုပဲ အဓိက သီဆိုေနၾကျပီျဖစ္ပါတယ္။
ခ်န္ပီယံလိဂ္ ရံွဴးထြက္အဆင့္ေတြမွာ စတင္ေပါက္ဖြားလာတဲ့ ” Allez, Allez, Allez!” သီခ်င္းကို ပိုျပီး တန္ဖိုးထားဖို႔ ျဖစ္လာခဲ့တာက ခ်န္ပီယံလိဂ္ျပိဳင္ပြဲ ရံွဴးထြက္အဆင့္ေတြကို ေက်ာ္ျဖတ္ျပီး ကိဗ္က ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို တက္ေရာက္ႏိုင္ျခင္းအတြက္ အေရးပါတဲ့ တြန္းအားရေစခဲ့တဲ့ သီခ်င္းဖန္တီးသူ Jamie Webster ကို လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္ကိုယ္တိုင္ အသိအမွတ္ျပဳျခင္းပဲျဖစ္တယ္။
လီဗာပူးအသင္းဟာ ျပီးခဲ့တဲ့ ရာသီၾကိဳမွာ အေမရိကန္ကို ထြက္ခြာစဥ္ Jamie Webster ကိုပါ အတူဖိတ္ေခၚျပီး ေဖ်ာ္ေျဖေစခဲ့တယ္။ လီဗာပူးအမာခံပရိသတ္ေတြ စုေဝးေနတဲ့ ဘားမွ Jamie Webster က ” Allez, Allez, Allez!” သီခ်င္းကို သီဆိုေနခဲ့ျပီး ယာဂင္ကေလာ့ပ္ကလည္း တက္ေရာက္ကာ အဆိုပါသီခ်င္းကို သီဆိုခဲ့တာပါ။
Webster က “ ယာဂင္ကေလာပ့္ကိုယ္တုိင္ လာေရာက္အားေပးတာကို ျမင္ရတာ အရမ္းမိုက္တာေပါ့ဗ်ာ။ သူေရာက္လာမယ္ ေမွ်ာ္လင့္မထားခဲ့ဘူး။ သူက အသင္းကို ‘အဲ့ဒီမွာ ဘာလုပ္ေနၾကသလဲ’ လို႔ ေမးခဲ့တယ္။ ကလပ္က က်ေန္ာတို႔ သီခ်င္းဆိုေနတယ္ဆိုတာနဲ႔ ဒီသီခ်င္းအေၾကာင္း ေျပာျပေတာ့ သူက က်ေန္ာကို လာေတြ႔ေတာ့တာပဲ။
ယာဂင္ကေလာ့ပ္က ေမာ္ဒန္ေခတ္ရဲ႕ ရွန္ကေလပါ။ သူက ပရိသတ္ေတြနဲ႔ ရင္းရင္းႏွီးႏွီးရွိတယ္။ သူလုပ္သမွ် အားလံုးနဲ႔ ေျပာသမွ်အရာ အာလးံုးက လီဗာပူးပရိသတ္ေတြရဲ႕ ျပင္းျပမႈေတြအေၾကာင္းပါပဲ ” လို႔ ဝမ္းသာစြာ ေျပာဆိုခဲ့ပါတယ္။

ဒီကေန႔မွာေတာ့ “Allez Allez Allez” သီခ်င္းဟာ “You’ll Never Walk Alone” သီခ်င္းျပီးေနာက္ လီဗာပူးရဲ႕ လူၾကိဳက္အမ်ားဆံုးနဲ႔ အေအာင္ျမင္ဆံုး သီခ်င္း ျဖစ္လာခဲ့ပါျပီ။ မၾကာခင္မွာ မက္ဒရစ္ျမိဳ႕ရဲ႕ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ လီဗာပူးအသင္းဟာ စပါးနဲ႔ ဥေရာပခ်န္ပီယံလုရမွာျဖစ္ျပီး လီဗာပူးျမိဳ႕နဲ႔ ကမၻာတစ္လႊားက လမ္းမေတြမွာ “Allez Allez Allez” သီခ်င္းနဲ႔အတူ ေအာင္ပြဲရ လီဗာပူးအသင္းကို ဂုဏ္ျပဳေပးတဲ့ ေန႔ရက္ကို ျမင္ေတြ႔ရေစဖို႔ ဆုေတာင္းလိုက္ပါတယ္။
“Allez Allez Allez” သီခ်င္းရဲ႕ အဓိပၸာယ္ကေတာ့ ” ငါတုိ႔က ဥေရာပကို လႊမ္းမိုးေအာင္ႏိုင္ခဲ့တယ္။ ဘယ္ေတာ့မွလည္း ရပ္တန္႔မသြားခဲ့ၾကဘူး။ ပဲရစ္ကေန တူရကီထိေတာင္ ငါတုိ႔က ေအာင္ျမင္မႈေတြ အမ်ားၾကီးကို အႏုိင္ရခဲ့တယ္။ ဂႏၱဝင္ၾကီးေတြျဖစ္တဲ့ ေဘာ့ပီယာစေလ၊ ဘီလ္ရွန္ကေလတို႔နဲ႔အတူ ငါတို႔က လီဗာပူးကေန လာၾကျပီး အသင္းကို အျမဲတမ္း အားေပးေနၾကတဲ့ သစၥာရွိ လီဗာပူးပရိသတ္ေတြျဖစ္ၾကတယ္။ ၾကိဳးစားလိုက္ၾကစို႔ ” လို႔ ျဖစ္ပါတယ္။
Sports Home Time

[Unicode] လီဗာပူးအသင်းရဲ့ ပွဲတွေကို စောင့်ကြည့်မယ်ဆိုရင် အန်ဖီးမှာ အနီရောင် အသင်းပရိသတ်တွေ သီချင်းပေါင်း များစွာကို သီဆိုပြီး ကလပ်အသင်းကို အားပေးကြတာကို မြင်ရပါမယ်။ သမိုင်းကြောင်း အစဉ်အလာကြီးမားတဲ့ လီဗာပူးဟာ အသင်းရဲ့ ဝင်ပေါက်မှသည် အားပေးရာ ပွဲကြည့်စင်ထောင့်တိုင်းမှာ ရှည်လျားတဲ့ သမိုင်းကြောင်းတွေ ရှိထားတဲ့ အသင်းဖြစ်တယ်။
အင်္ဂလန်မှာ ဘောလုံးနဲ့ ဂီတကို ပေါင်းဖက်စွာ အားပေးကြတဲ့ ဘောလုံးပရိသတ်တွေထဲမှာ လီဗာပူးပရိသတ်တွေလောက် အတွဲညီတဲ့ ပရိသတ်တွေက အရမ်းတော့ မများပါဘူး။ ကမ္ဘာကျော် ဗြိတိန် တေးဂီတအဖွဲ့ Beatles ရဲ့ ပေါက်ဖွားရာ မာဆေးဆိုဒ်ဟာ ဂီတနဲ့ ပက်သက်လာရင် အတော်လေး အခြေခံကောင်းတွေ တည်ရှိတဲ့ ဒေသလည်းဖြစ်တယ်။

လီဗာပူးအသင်းဟာ အသင်းရဲ့ တရားဝင်သီချင်းအဖြစ် “You’ll Never Walk Alone” သီချင်းကို တရားဝင် သက်မှတ်ထားပြီး ကမ္ဘာပေါ်မှာ ဘောလုံးပွဲမစခင် ကလပ်ရဲ့ ကိုယ်ပိုင်သီချင်းနဲ့ အသင်းကို ဂုဏ်ပြုတဲ့ ရှားရှားပါးပါးသော ကလပ်တွေထဲက တစ်သင်းပါ။ တကမ္ဘာလုံးကနေ လာရောက်ကြတဲ့ လီဗာပူးပရိသတ်တွေဟာ သူတို့ သယ်ဆောင်လာတဲ့ အထိမ်းအမှတ် အလံတွေ၊ ပဝါတွေနဲ့အတူ “You’ll Never Walk Alone” သီချင်းကို သံပြိုင်ဆိုပြီး အသင်းကို ခွန်းအားတွေ ပေးလေ့ရှိတယ်။
အင်္ဂလန်မှာ အစဉ်အလာကြီးတဲ့ ကလပ်အသင်းတွေထဲမှာ ထိပ်ဆုံးနှစ်သင်းထဲက တစ်သင်းဖြစ်တဲ့ လီဗာပူးဟာ အသင်းပရိသတ်တွေကို ဘယ်တော့အခါမှ ပဝါနဲ့ အလံတွေကို စီစဉ်ပေးလေ့မရှိပါဘူး။ အားလုံးသော ရဲရဲနီနေတဲ့ အလံတွေဟာ အသင်းပရိသတ်တွေ ကိုယ်တိုင် ယူဆောင်လာကြတာဖြစ်ပြီး ဒါက လီဗာပူး ကလပ်အသင်းရဲ့ ထူးခြားတဲ့ အရည်အချင်းတစ်ရပ်လို့ မန်နေဂျာဟောင်းကြီး ဘင်နီတက်စ်က ညွှန်းဆိုထားဖူးပါတယ်။
ဒီနှစ်တွေမှာတော့ လီဗာပူးပရိသတ်တွေရဲ့ သီဆိုမှုနဲ့အတူ ဥရောပတစ်လွှားမှာ စကားလုံး သုံးလုံးဟာ နာမည်ကြီးလာခဲ့တယ်။ ပြိုင်ဘက်အသင်းတိုင်း တုပပြီးလိုက်ဆိုကြပေမယ့် ဘယ်အသင်းကမှ လီဗာပူးရဲ့ သံစဉ်တွေကို မကျော်ဖြတ်နိုင်သေးတဲ့ ” Allez, Allez, Allez!” ဆိုတဲ့ သီချင်းပါပဲ။ ဥရောပညတွေမှာ လီဗာပူးပရိသတ်တွေ သီဆိုတတ်သလို၊ အင်္ဂလန်တစ်ဝန်း အနီရောင်ပရိသတ်တွေ သံပြိုင်ဆိုလာကြတဲ့ အဆိုပါသီချင်းအကြောင်း စတင်ပေါက်ဖွားလာမှုကတော့ ဇာတ်လမ်းတစ်ပုဒ်ပြောပြဖို့ လိုလာပါလိမ့်မယ်။
” Allez, Allez, Allez!” သီချင်းရဲ့ မူရင်းသံစဉ်ဟာ 1980 ခုနှစ်တွေက နာမည်ကျော် အီတလီပေါ့ ဂီတပညာရှင် အတွဲဖြစ်တဲ့ Righeira ဂီတအဖွဲ့ရဲ့ သီချင်းပါ။ အဆိုပါ သီချင်းက 1985 ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ‘နွေရာသီက အဆုံးသတ်ခဲ့ပြီ’ လို့ အဓိပ္ပာယ်ရတဲ့ “L’Estate Sta Finendo” သီချင်းပဲဖြစ်ပါတယ်။ တူရင်၊ နေပယ်နဲ့ မက်ဒရစ်မှာတော့ အဆိုပါ သီချင်းကနေ ဆင့်ပွားလာတဲ့ ဘောလုံးသီချင်းတွေ အများကြီး ရှိပါတယ်။ ” Allez, Allez, Allez!” ကလည်း အဲ့သည်ကနေပဲ ဆင်းသက်လာခဲ့ပါတယ်။
လီဗာပူးအသင်းကို ဒီသီချင်းစရောက်လာဖို့ကတော့ 2016 ခုနှစ် ဖေဖော်ဝါရီကနေ စတင်ခဲ့ပါတယ်။ အဲ့သည်နေ့မှာတော့ ” Allez, Allez, Allez!” သံစဉ်အချို့က ယူကျူတွေကို ရောက်ရှိလာခဲ့တာပါ။ ဥရောပပွဲအဖြစ် ဒေါ့မွန်အသင်းထံ ပေါ်တိုပရိသတ်တွေ သွားရောက်စဉ်က ဒီသီချင်းကို သံပြိုင်သီဆိုခဲ့ကြတယ်။ လီဗာပူးပရိသတ်တွေက ” Allez, Allez, Allez!” သံပြိုင်အော်မှုကို သဘောတွေ့ပြီး အဆိုပါ စကားလုံးပါတဲ့ ကိုယ်ပိုင်သီချင်းတစ်ပုဒ် ဆင့်ပွားဖို့ ဆန္ဒရှိခဲ့ကြတယ်။

လီဗာပူးပရိသတ်တွေဖြစ်တဲ့ လိုင်ယန်မယ်လိုနဲ့ ဖီးဟိုဝတ်တို့ဟာ သူတို့ ယူကျူမှာ အမှတ်မထင် မြင်ခဲ့ရတဲ့ ” Allez, Allez, Allez!” သံပြိုင်သီကြွေးမှုကို စာသားအဖြစ် ထည့်သွင်းပြီး ကလပ်အသင်း သမိုင်းကြောင်းတွေပါတဲ့ ကိုယ်ပိုင်စာသားတွေကို အသစ်ပြန်လည် ရေးစပ်ခဲ့ကြတယ်။ စာသားစပ်ရာမှာ လီဗာပူးရဲ့ ကြွယ်ဝတဲ့ ဥရောပအောင်မြင်မှုကို အဓိက ထည့်သွင်းဖို့ ဆုံးဖြတ်ခဲ့တယ်။ လီဗာပူးအပေါ် ချစ်ခင်မှုတွေ ပြည့်နှက်နေတဲ့ သူတို့နှစ်ဦးဟာ ဒီသီချင်းကို မိနစ်ပိုင်းအတွင်း စပ်နိုင်ခဲ့ကြောင်း ဝန်ခံပါတယ်။
2018 ခုနှစ် ဖေဖော်ဝါရီလမှာတော့ ပေါ်တိုအသင်းကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရစဉ်မှာတော့ လီဗာပူးပရိသတ်တွေဟာ ” Allez, Allez, Allez!” သီချင်းကို သီဆိုဖို့ရာ ကြိုတင်လေ့ကျင့်မှုတွေကို လူမှုကွန်ယက်မှာ တင်ခဲ့ပါတယ်။ ဒီသီချင်းကို ဘယ်သူက ရေးစပ်ပါတယ်ဆိုတာ မသိပေမယ့် လီဗာပူးပရိသတ်တွေက သီချင်းကို အတူသီဆိုဖို့ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ကြတယ်။
လီဗာပူးပရိသတ်တွေ ပေါ်တိုကွင်းမှာ သီဆိုတဲ့ သီချင်းတစ်ပိုင်းတစ်စဟာ အွန်းလိုင်းမှာ လျှင်မြန်စွာ ထွက်ပေါ်လာခဲ့ပြီး အဲ့သည်ပွဲအပြီး နယူးကာဆယ်နဲ့ပွဲမှာတော့ လီဗာပူးပရိသတ်တွေက သီချင်းကို အတော်လေး သိလာခဲ့ပါပြီ။ ပေါ်တိုနဲ့ ပထမအကျော့အပြီး ဒုတိယအကျော့ အိမ်ကွင်း အန်ဖီးပွဲမှာတော့ လီဗာပူးပရိသတ်တွေက အဆိုပါ သီချင်းကို သံပြိုင် တီကြွေးခဲ့ကြပါတယ်။
အကြမ်းထည်အဆင့်မှာ ရှိနေခဲ့တဲ့ ” Allez, Allez, Allez!” သီချင်းစာသားတွေကို အချောသတ်ပေးသူကတော့ မာဆေးဆိုဒ်သား ဂီတပညာရှင်နဲ့ လီဗာပူးပရိသတ် Jamie Webster ပဲဖြစ်ပါတယ်။ သူဟာ ပေါ်တိုကွင်းမှာ အဲ့သည်သီချင်းကို လီဗာပူးပရိသတ်တွေ သီဆိုနေတာ ကြားခဲ့ရတယ်။ အဲ့သည်နောက် သူက သံစဉ်ပြန်ထည့်ကာ သီချင်းရဲ့ သံစဉ် အနိမ့်အမြင့်အပြင် စာသားကို ပြီးပြည့်စုံစွာ ပြန်ထည့်ရာက ဒီကနေ့ လူတိုင်းသိတဲ့ ” Allez, Allez, Allez!” သီချင်းအဖြစ် ပေါက်ဖွားလာခဲ့ပါတယ်။

The New York Times သတင်းစာတိုက်ကို Jamie Webster က ရှင်းပြရာမှာ “ အန်ဖီးမှာ သီဆိုမှု မတိုင်ခင်တည်းက ဒီသီချင်းကို ကျျနော် နားစွန်နားဖျား ကြားခဲ့ရတယ်။ ဒါပေမယ့် ပေါ်တိုနဲ့ပွဲမှာ လီဗာပူးပရိသတ် ကောင်လေးတွေ သီဆိုတာက စာသားကို လူတိုင်းနားမလည်ဘူး။ ဒီတော့ ကျနေ်ာတို့ သူတို့ရဲ့ သီဆိုမှုကို ပြန်လည် ဖန်တီးဖို့ ကြိုးစားခဲ့ကြတယ်။ အဲ့သည် သီချင်းကို လီဗာပူးကို သယ်လာချင်ခဲ့တယ် ” လို့ ပြောပါတယ်။
Webster အချောသတ်ခဲ့တဲ့ အဆိုပါသီချင်းဟာ သူကိုယ်တိုင် သီဆိုမှုနဲ့အတူ အန်ဖီးပွဲမတိုင်ခင် ကလပ်ရဲ့ ဖျော်ဖြေပေးမှုတွေမှာ ဒေသခံနဲ့ ကမ္ဘာတစ်လွှားက လီဗာပူးပရိသတ်တွေကြား ပျံ့နှံ့သွားစေခဲ့တယ်။ အခုချိန်မှာတော့ သီချင်းရဲ့ ဗားရှင်းဟာ Jamie Webster ရေစပ်ထားတဲ့ သံစဉ်နဲ့ စာသားကိုပဲ အဓိက သီဆိုနေကြပြီဖြစ်ပါတယ်။
ချန်ပီယံလိဂ် ရံှူးထွက်အဆင့်တွေမှာ စတင်ပေါက်ဖွားလာတဲ့ ” Allez, Allez, Allez!” သီချင်းကို ပိုပြီး တန်ဖိုးထားဖို့ ဖြစ်လာခဲ့တာက ချန်ပီယံလိဂ်ပြိုင်ပွဲ ရံှူးထွက်အဆင့်တွေကို ကျော်ဖြတ်ပြီး ကိဗ်က ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်နိုင်ခြင်းအတွက် အရေးပါတဲ့ တွန်းအားရစေခဲ့တဲ့ သီချင်းဖန်တီးသူ Jamie Webster ကို လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်ကိုယ်တိုင် အသိအမှတ်ပြုခြင်းပဲဖြစ်တယ်။
လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ ရာသီကြိုမှာ အမေရိကန်ကို ထွက်ခွာစဉ် Jamie Webster ကိုပါ အတူဖိတ်ခေါ်ပြီး ဖျော်ဖြေစေခဲ့တယ်။ လီဗာပူးအမာခံပရိသတ်တွေ စုဝေးနေတဲ့ ဘားမှ Jamie Webster က ” Allez, Allez, Allez!” သီချင်းကို သီဆိုနေခဲ့ပြီး ယာဂင်ကလော့ပ်ကလည်း တက်ရောက်ကာ အဆိုပါသီချင်းကို သီဆိုခဲ့တာပါ။
Webster က “ ယာဂင်ကလောပ့်ကိုယ်တိုင် လာရောက်အားပေးတာကို မြင်ရတာ အရမ်းမိုက်တာပေါ့ဗျာ။ သူရောက်လာမယ် မျှော်လင့်မထားခဲ့ဘူး။ သူက အသင်းကို ‘အဲ့ဒီမှာ ဘာလုပ်နေကြသလဲ’ လို့ မေးခဲ့တယ်။ ကလပ်က ကျနေ်ာတို့ သီချင်းဆိုနေတယ်ဆိုတာနဲ့ ဒီသီချင်းအကြောင်း ပြောပြတော့ သူက ကျနေ်ာကို လာတွေ့တော့တာပဲ။
ယာဂင်ကလော့ပ်က မော်ဒန်ခေတ်ရဲ့ ရှန်ကလေပါ။ သူက ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီးရှိတယ်။ သူလုပ်သမျှ အားလုံးနဲ့ ပြောသမျှအရာ အာလးုံးက လီဗာပူးပရိသတ်တွေရဲ့ ပြင်းပြမှုတွေအကြောင်းပါပဲ ” လို့ ဝမ်းသာစွာ ပြောဆိုခဲ့ပါတယ်။

ဒီကနေ့မှာတော့ “Allez Allez Allez” သီချင်းဟာ “You’ll Never Walk Alone” သီချင်းပြီးနောက် လီဗာပူးရဲ့ လူကြိုက်အများဆုံးနဲ့ အအောင်မြင်ဆုံး သီချင်း ဖြစ်လာခဲ့ပါပြီ။ မကြာခင်မှာ မက်ဒရစ်မြို့ရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ လီဗာပူးအသင်းဟာ စပါးနဲ့ ဥရောပချန်ပီယံလုရမှာဖြစ်ပြီး လီဗာပူးမြို့နဲ့ ကမ္ဘာတစ်လွှားက လမ်းမတွေမှာ “Allez Allez Allez” သီချင်းနဲ့အတူ အောင်ပွဲရ လီဗာပူးအသင်းကို ဂုဏ်ပြုပေးတဲ့ နေ့ရက်ကို မြင်တွေ့ရစေဖို့ ဆုတောင်းလိုက်ပါတယ်။
“Allez Allez Allez” သီချင်းရဲ့ အဓိပ္ပာယ်ကတော့ ” ငါတို့က ဥရောပကို လွှမ်းမိုးအောင်နိုင်ခဲ့တယ်။ ဘယ်တော့မှလည်း ရပ်တန့်မသွားခဲ့ကြဘူး။ ပဲရစ်ကနေ တူရကီထိတောင် ငါတို့က အောင်မြင်မှုတွေ အများကြီးကို အနိုင်ရခဲ့တယ်။ ဂန္တဝင်ကြီးတွေဖြစ်တဲ့ ဘော့ပီယာစလေ၊ ဘီလ်ရှန်ကလေတို့နဲ့အတူ ငါတို့က လီဗာပူးကနေ လာကြပြီး အသင်းကို အမြဲတမ်း အားပေးနေကြတဲ့ သစ္စာရှိ လီဗာပူးပရိသတ်တွေဖြစ်ကြတယ်။ ကြိုးစားလိုက်ကြစို့ ” လို့ ဖြစ်ပါတယ်။
Sports Home Time
