လိုင္လီအသင္းမန္ေနဂ်ာ ခရစ္စတိုဖီဂလ္တီယာက အသင္းရဲ႕တိုက္စစ္မႉး နီကိုးလက္စ္ပီပီဟာ လာမယ့္ ေႏြမွာ အသင္းကေန ထြက္ခြာမယ္လို႔ အတည္ျပဳေပးလိုက္ပါတယ္။ သူ႔ကို ေခၚယူႏိုင္ဖို႔ ပရီးမီးယားလိဂ္ ကလပ္အသင္းေတြနဲ႔ ဥေရာပအသင္းႀကီးေတြ စိတ္ဝင္စားေနၾကတာပါ။
အသက္ (၂၃) ႏွစ္အရြယ္ တိုင္စစ္မႉးဟာ ယခုႏွစ္မွာ လိုင္လီအတြက္ လီဂူးဝမ္းပြဲစဥ္ (၃၇) ပြဲ ကစားေပးခဲ့ပါတယ္။ သူဟာ သြင္းဂိုး (၂၂) ဂိုး ရယူေပးခဲ့ၿပီး ဂိုးေထာက္ပံ့မႈ (၁၁) ႀကိမ္ျပဳလုပ္ထားသူပါ။ ယူႏိုက္တက္က သူတို႔ရဲ႕ ဘယ္ေတာင္ပံတိုက္စစ္ ေနရာကို အားျဖည့္ဖို႔အတြက္ သူ႔ကိုေခၚယူလိုေနပါတယ္။ သူတို႔အသင္းဟာ လိုင္လီအသင္းနဲ႔ ကမ္းလွမ္းမႈေတြလည္း ျပဳလုပ္ေနၿပီ ျဖစ္ပါတယ္။
အာဆင္နယ္အသင္းကလည္း သူ႔ကို ေခၚယူလိုေနတာ ျဖစ္ေပမယ့္ လိုင္လီအသင္း သတ္မွတ္ထားတဲ့ ေျပာင္းေရြ႔ေၾကး ေပါင္သန္း (၇၀) ပမာဏဟာ အတားအဆီးတစ္ခု ျဖစ္ေနတာပါ။ လီဗာပူး၊ ခ်ယ္ဆီး နဲ႔ ဘိုင္ယန္တို႔ကလည္း သူ႔ကို စိတ္ဝင္စားမႈေတြ ႐ွိေနၿပီး ဂလ္တီယာကေတာ့ သူ႔ရဲ႕ကစားသမားကို အသင္းအားလံုးကို ထည့္သြင္းစဥ္းစားဖို႔ ေတာင္းဆိုလိုက္ပါတယ္။
” ပီပီဟာ အသင္းကေန ထြက္ခြာေတာ့မွာပါ။ ဒီကေန႔ ေဘာလံုးေလာကကေတာ့ ဒီလိုပါပဲ။ သူဟာ တကယ့္ကို ျမင့္မားတဲ့ အရည္အေသြး႐ွိတဲ့ ကစားသမား ျဖစ္ပါတယ္။ ခုခ်ိန္မွာေတာ့ သူဟာ သူ႔ရဲ႕ေနာက္ထပ္အသင္းက ဘယ္အသင္းဆိုတာ ေရြးခ်ယ္ဖို႔ ႀကီးမားတဲ့ ဆံုးျဖတ္ခ်က္ ခ်ရပါေတာ့မယ္။ ဒီကိစၥနဲ႔ ပတ္သက္ၿပီး ဥေရာပ အသင္းႀကီးေတြၾကား ၿပိဳင္ဆိုင္မႈေတြ ျဖစ္လာပါေတာ့မွာပါ။
သူ႔အေနနဲ႔ ဒီဆံုးျဖတ္ခ်က္အတြက္ လံုလံုေလာက္ေလာက္ အခ်ိန္ယူသြားမယ္လို႔ေတာ့ ကြၽန္ေတာ္ထင္ပါတယ္။ သူဒီကို ေျပာင္းလာခဲ့တုန္းကနဲ႔ ၿပီးခဲ့တဲ့ရာသီက အသင္းမွာဆက္ေနဖို႔ ဆံုးျဖတ္ခဲ့သလိုမ်ဳိးပါပဲ။ သူဟာ မွန္ကန္တဲ့ ဆံုးျဖတ္ခ်က္ေတြ ခ်ႏိုင္သူပါ။ ” လို႔ ဂလ္တီယာက ပီပီရဲ႕ အေျပာင္းအေရြ႔ ကိစၥနဲ႔ပတ္သက္ၿပီး ေျပားၾကားခဲ့တာ ျဖစ္ပါတယ္။
လက္႐ွိအခ်ိန္မွာေတာ့ အာဆင္နယ္ဟာ ျမင့္မားတဲ့ ေျပာင္းေရြ႔ေၾကးေၾကာင့္ အခက္အခဲ ႐ွိေနႏိုင္ပါတယ္။ ခ်ယ္ဆီးကလည္း အေျပာင္းအေရြ႔ ပိတ္ခံေနရၿပီး ဘိုင္ယန္ကလည္း လီရြိဳင္းဆာေနးကို ပိုမိုေခၚယူလိုေနတာပါ။ လီဗာပူးဘက္ကေတာ့ ခိုင္လံုတဲ့ ကမ္းလွမ္းမႈကို မစတင္လာခဲ့ေသးပါဘူး။ ယာဂင္ကေလာ့ပ္ အလိုရွိရင္ေတာ့ ခ်န္ပီယံလိဂ္ဝင္ခြင့္က ပီပီကို ဆြဲေဆာင္ႏိုင္မႈ ျဖစ္ႏုိင္ပါတယ္။
ဒါေၾကာင့္ ကစားသမားကို ေခၚယူလိုေၾကာင္း စိတ္ဝင္စားမႈ ျပသထားတဲ့ အသင္ေတြထဲမွာ ယူနိုက္တက္ အေနနဲ႔ ခ်န္ပီယံလိဂ္ဝင္ခြင့္ ဆံုး႐ႈံးထားေပမယ့္ ပံုမွန္ပြဲထြက္ခြင့္ေပးဖို႔ ဆြဲေဆာင္ႏိုင္မႈေၾကာင့္ ပီပီ့ကို ေခၚယူႏိုင္ဖို႔ အလားအလာ အေကာင္းဆံုး အသင္းအျဖစ္ ညႊန္းဆိုမႈေတြေတာ့ ထြက္ေပၚေနပါတယ္။
Sports Home Time

[Unicode] လိုင်လီအသင်းမန်နေဂျာ ခရစ်စတိုဖီဂလ်တီယာက အသင်းရဲ့တိုက်စစ်မှူး နီကိုးလက်စ်ပီပီဟာ လာမယ့် နွေမှာ အသင်းကနေ ထွက်ခွာမယ်လို့ အတည်ပြုပေးလိုက်ပါတယ်။ သူ့ကို ခေါ်ယူနိုင်ဖို့ ပရီးမီးယားလိဂ် ကလပ်အသင်းတွေနဲ့ ဥရောပအသင်းကြီးတွေ စိတ်ဝင်စားနေကြတာပါ။
အသက် (၂၃) နှစ်အရွယ် တိုင်စစ်မှူးဟာ ယခုနှစ်မှာ လိုင်လီအတွက် လီဂူးဝမ်းပွဲစဉ် (၃၇) ပွဲ ကစားပေးခဲ့ပါတယ်။ သူဟာ သွင်းဂိုး (၂၂) ဂိုး ရယူပေးခဲ့ပြီး ဂိုးထောက်ပံ့မှု (၁၁) ကြိမ်ပြုလုပ်ထားသူပါ။ ယူနိုက်တက်က သူတို့ရဲ့ ဘယ်တောင်ပံတိုက်စစ် နေရာကို အားဖြည့်ဖို့အတွက် သူ့ကိုခေါ်ယူလိုနေပါတယ်။ သူတို့အသင်းဟာ လိုင်လီအသင်းနဲ့ ကမ်းလှမ်းမှုတွေလည်း ပြုလုပ်နေပြီ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းကလည်း သူ့ကို ခေါ်ယူလိုနေတာ ဖြစ်ပေမယ့် လိုင်လီအသင်း သတ်မှတ်ထားတဲ့ ပြောင်းရွေ့ကြေး ပေါင်သန်း (၇၀) ပမာဏဟာ အတားအဆီးတစ်ခု ဖြစ်နေတာပါ။ လီဗာပူး၊ ချယ်ဆီး နဲ့ ဘိုင်ယန်တို့ကလည်း သူ့ကို စိတ်ဝင်စားမှုတွေ ရှိနေပြီး ဂလ်တီယာကတော့ သူ့ရဲ့ကစားသမားကို အသင်းအားလုံးကို ထည့်သွင်းစဉ်းစားဖို့ တောင်းဆိုလိုက်ပါတယ်။
” ပီပီဟာ အသင်းကနေ ထွက်ခွာတော့မှာပါ။ ဒီကနေ့ ဘောလုံးလောကကတော့ ဒီလိုပါပဲ။ သူဟာ တကယ့်ကို မြင့်မားတဲ့ အရည်အသွေးရှိတဲ့ ကစားသမား ဖြစ်ပါတယ်။ ခုချိန်မှာတော့ သူဟာ သူ့ရဲ့နောက်ထပ်အသင်းက ဘယ်အသင်းဆိုတာ ရွေးချယ်ဖို့ ကြီးမားတဲ့ ဆုံးဖြတ်ချက် ချရပါတော့မယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဥရောပ အသင်းကြီးတွေကြား ပြိုင်ဆိုင်မှုတွေ ဖြစ်လာပါတော့မှာပါ။
သူ့အနေနဲ့ ဒီဆုံးဖြတ်ချက်အတွက် လုံလုံလောက်လောက် အချိန်ယူသွားမယ်လို့တော့ ကျွန်တော်ထင်ပါတယ်။ သူဒီကို ပြောင်းလာခဲ့တုန်းကနဲ့ ပြီးခဲ့တဲ့ရာသီက အသင်းမှာဆက်နေဖို့ ဆုံးဖြတ်ခဲ့သလိုမျိုးပါပဲ။ သူဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်သူပါ။ ” လို့ ဂလ်တီယာက ပီပီရဲ့ အပြောင်းအရွေ့ ကိစ္စနဲ့ပတ်သက်ပြီး ပြေားကြားခဲ့တာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ အာဆင်နယ်ဟာ မြင့်မားတဲ့ ပြောင်းရွေ့ကြေးကြောင့် အခက်အခဲ ရှိနေနိုင်ပါတယ်။ ချယ်ဆီးကလည်း အပြောင်းအရွေ့ ပိတ်ခံနေရပြီး ဘိုင်ယန်ကလည်း လီရွိုင်းဆာနေးကို ပိုမိုခေါ်ယူလိုနေတာပါ။ လီဗာပူးဘက်ကတော့ ခိုင်လုံတဲ့ ကမ်းလှမ်းမှုကို မစတင်လာခဲ့သေးပါဘူး။ ယာဂင်ကလော့ပ် အလိုရှိရင်တော့ ချန်ပီယံလိဂ်ဝင်ခွင့်က ပီပီကို ဆွဲဆောင်နိုင်မှု ဖြစ်နိုင်ပါတယ်။
ဒါကြောင့် ကစားသမားကို ခေါ်ယူလိုကြောင်း စိတ်ဝင်စားမှု ပြသထားတဲ့ အသင်တွေထဲမှာ ယူနိုက်တက် အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးထားပေမယ့် ပုံမှန်ပွဲထွက်ခွင့်ပေးဖို့ ဆွဲဆောင်နိုင်မှုကြောင့် ပီပီ့ကို ခေါ်ယူနိုင်ဖို့ အလားအလာ အကောင်းဆုံး အသင်းအဖြစ် ညွှန်းဆိုမှုတွေတော့ ထွက်ပေါ်နေပါတယ်။
Sports Home Time
