လာမယ့္ရာသီ အစမွာတင္ ျပိဳင္ဆုိင္မႈ ျပင္းထန္သြားေတာ့မယ့္ မန္စီးတီးနဲ႔ လီဗာပူး

မန္စီးတီးက အက္ဖ္ေအဖလား ဗုိလ္လုပြဲမွာ ဝတ္ဖို႔ဒ္ကို အႏုိင္ယူျပီးေနာက္ ျပည္တြင္းဖလား သံုးလံုးကို အႏုိင္ရခဲ့သလို အဂၤလန္ျပည္တြင္းမွာ ျပည္တြင္းဖလားအားလံုး အႏုိင္ရတဲ့ စံခ်ိန္ကိုလည္း ရယူသြားခဲ့တယ္။

မန္စီးတီးဟာ ျပည္တြင္းဖလားေတြအျပင္ ရာသီစ ၾသဂုတ္လက ခ်ယ္ဆီးနဲ႔ ယွဥ္ျပိဳင္ကစားတဲ့ ကြန္ျမဴနတီဒိုင္းကိုလည္း အႏုိင္ရခဲ့ပါေသးတယ္။ 2018-2019 ေဘာလံုးရာသီမွာ အဂၤလန္ရဲ႕ အေကာင္းဆံုးအသင္းအျဖစ္ ဆုဖလားအားလံုး အႏုိင္ရခဲ့တဲ့ မန္စီးတီးဟာ လာမယ့္ရာသီ အစမွာတင္ပဲ ျပင္းထန္တဲ့ ျပိဳင္ဆိုင္မႈကို ရင္ဆိုင္သြားရေတာ့မွာ ျဖစ္ပါတယ္။

အဂၤလန္မွာ အစဥ္အလာအားျဖင့္ ပရီးမီးယားလိဂ္ ခ်န္ပီယံနဲ႔ အက္ဖ္ေအဖလား ခ်န္ပီယံတုိ႔ဟာ ရာသီအစမွာ ပထမဆံုးပြဲအျဖစ္ ကြန္ျမဴနတီဒိုင္းကို ယွဥ္ျပိဳင္ရတဲ့ထံုးစံ ရွိထားခဲ့တယ္။ ဒါေပမယ့္လို႔ ဒီရာသီမွာ ဖလားႏွစ္ခုလံုးကို အႏုိင္ရထားတဲ့အသင္းက မန္စီးတီးျဖစ္လို႔ လာမယ့္ ရာသီမွာေတာ့ ကြန္ျမဴနတီဒိုင္းကို မန္စီးတီးနဲ႔ အမွတ္ေပးျပိဳင္ပြဲ ဒုတိယေနရာမွာ ရပ္တည္ခဲ့တဲ့ လီဗာပူးတို႔ ဝင္ဘာေလမွာ ယွဥ္ျပိဳင္သြားရမွာျဖစ္ပါတယ္။

မန္စီးတီးဟာ အမွတ္ေပးဖလားကို လီဗာပူးထက္ တစ္မွတ္သာနဲ႔ ရယူခဲ့တာျဖစ္ျပီး မာေဆးဆိုဒ္သားေတြရဲ႕ အသဲကို ခြဲခဲ့တာပါ။ လီဗာပူးကလည္း မန္စီးတီးရဲ႕ ခ်န္ပီယံလိဂ္အိပ္မက္ကို မႏွစ္က ကြာတားဖိုင္နယ္အဆင့္မွာ ဖယ္ထုတ္ေပးခဲ့ျပီး ဒီရာသီမွာ ဗိုလ္လုပြဲထိ တက္ေရာက္သြားခဲ့ျပန္ပါျပီ။

ဒီဘက္ႏွစ္ေတြမွာ ႏွစ္သင္းဟာ ကမၻာအေကာင္းဆံုး မန္ေနဂ်ာေတြ၊ အသင္းသားေတြနဲ႔အတူ ျပိဳင္ဆိုင္မႈေတြ ျပင္းထန္လာခဲ့တယ္။ ေနာက္ဆံုးအားျဖင့္လည္း မန္စီးတီးက လီဗာပူးအသင္းရဲ႕ နာမည္ေက်ာ္ Allez Allez Allez သီခ်င္းကို ဖ်က္ဆိုမႈအတြက္ ႏွစ္သင္းပရိသတ္ေတြၾကား ရန္မီးပြားမႈေတြ ျမင့္တက္ထားခဲ့ပါတယ္။

ဇြန္လ 2 ရက္ေန႔မွာ ယွဥ္ျပိဳင္ကစားမယ့္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ လီဗာပူးအသင္း ခ်န္ပီယံလိဂ္ဖလား အႏုိင္ရခဲ့ရင္ အဂၤလန္ျပည္တြင္းခ်န္ပီယံနဲ႔ ဥေရာပခ်န္ပီယံအသင္းၾကား ျပိဳင္ဆိုင္မႈက ျပင္းထန္စြာပဲ ကြန္ျမဴနတီးဒိုင္းပြဲအေပၚ ပံုက်သြားေတာ့မွာပါ။ ဒီပြဲဟာ ပရီးမီးယားလိဂ္ကို လႊမ္းမိုးဖို႔ ၾကိဳးစားေနတဲ့ ဂြာဒီယိုလာနဲ႔ ကေလာ့ပ္ၾကားက မွတ္တမ္းတစ္ခုအျဖစ္ စိုက္ထူမယ့္ ပြဲလည္း ျဖစ္လာပါတယ္။

မန္စီးတီးက ကြန္ျမဴနတီဒိုင္းကို သံုးႏွစ္ဆက္တုိက္ အႏုိင္ရဖို႔ ၾကိဳးစားမွာျဖစ္ျပီး လီဗာပူးအသင္းကလည္း 2006 ခုႏွစ္ေနာက္ပိုင္း ပထမဆံုးအၾကိမ္အျဖစ္ ျပန္လည္အႏုိင္ရဖို႔ ၾကိဳးစားမွာပါ။ လီဗာပူးဟာ ကြန္ျမဴနတီဒိုင္းကို ေနာက္ဆံုးအၾကိမ္အျဖစ္ 2006 က ခ်ယ္ဆီးနဲ႔ ယွဥ္ျပိဳင္ခဲ့ျပီး အႏုိင္ရခဲ့ပါတယ္။

လာမယ့္ရာသီ ကြန္ျမဴနတီဒိုင္းပြဲအတြက္ တရားဝင္ရက္ ထြက္မလာေသးေပမယ့္ အက္ဖ္ေအဘက္ကေတာ့ ၾသဂုတ္လ 4 ရက္၊ တနဂၤေႏြေန႔ကို ဒိုင္းလုပြဲေန႔အျဖစ္ သက္မွတ္ေပးဖြယ္ ရွိေနပါတယ္။

Sports Home Time

[Unicode] မန်စီးတီးက အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ဝတ်ဖို့ဒ်ကို အနိုင်ယူပြီးနောက် ပြည်တွင်းဖလား သုံးလုံးကို အနိုင်ရခဲ့သလို အင်္ဂလန်ပြည်တွင်းမှာ ပြည်တွင်းဖလားအားလုံး အနိုင်ရတဲ့ စံချိန်ကိုလည်း ရယူသွားခဲ့တယ်။

မန်စီးတီးဟာ ပြည်တွင်းဖလားတွေအပြင် ရာသီစ သြဂုတ်လက ချယ်ဆီးနဲ့ ယှဉ်ပြိုင်ကစားတဲ့ ကွန်မြူနတီဒိုင်းကိုလည်း အနိုင်ရခဲ့ပါသေးတယ်။ 2018-2019 ဘောလုံးရာသီမှာ အင်္ဂလန်ရဲ့ အကောင်းဆုံးအသင်းအဖြစ် ဆုဖလားအားလုံး အနိုင်ရခဲ့တဲ့ မန်စီးတီးဟာ လာမယ့်ရာသီ အစမှာတင်ပဲ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုကို ရင်ဆိုင်သွားရတော့မှာ ဖြစ်ပါတယ်။

အင်္ဂလန်မှာ အစဉ်အလာအားဖြင့် ပရီးမီးယားလိဂ် ချန်ပီယံနဲ့ အက်ဖ်အေဖလား ချန်ပီယံတို့ဟာ ရာသီအစမှာ ပထမဆုံးပွဲအဖြစ် ကွန်မြူနတီဒိုင်းကို ယှဉ်ပြိုင်ရတဲ့ထုံးစံ ရှိထားခဲ့တယ်။ ဒါပေမယ့်လို့ ဒီရာသီမှာ ဖလားနှစ်ခုလုံးကို အနိုင်ရထားတဲ့အသင်းက မန်စီးတီးဖြစ်လို့ လာမယ့် ရာသီမှာတော့ ကွန်မြူနတီဒိုင်းကို မန်စီးတီးနဲ့ အမှတ်ပေးပြိုင်ပွဲ ဒုတိယနေရာမှာ ရပ်တည်ခဲ့တဲ့ လီဗာပူးတို့ ဝင်ဘာလေမှာ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

မန်စီးတီးဟာ အမှတ်ပေးဖလားကို လီဗာပူးထက် တစ်မှတ်သာနဲ့ ရယူခဲ့တာဖြစ်ပြီး မာဆေးဆိုဒ်သားတွေရဲ့ အသဲကို ခွဲခဲ့တာပါ။ လီဗာပူးကလည်း မန်စီးတီးရဲ့ ချန်ပီယံလိဂ်အိပ်မက်ကို မနှစ်က ကွာတားဖိုင်နယ်အဆင့်မှာ ဖယ်ထုတ်ပေးခဲ့ပြီး ဒီရာသီမှာ ဗိုလ်လုပွဲထိ တက်ရောက်သွားခဲ့ပြန်ပါပြီ။

ဒီဘက်နှစ်တွေမှာ နှစ်သင်းဟာ ကမ္ဘာအကောင်းဆုံး မန်နေဂျာတွေ၊ အသင်းသားတွေနဲ့အတူ ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာခဲ့တယ်။ နောက်ဆုံးအားဖြင့်လည်း မန်စီးတီးက လီဗာပူးအသင်းရဲ့ နာမည်ကျော် Allez Allez Allez သီချင်းကို ဖျက်ဆိုမှုအတွက် နှစ်သင်းပရိသတ်တွေကြား ရန်မီးပွားမှုတွေ မြင့်တက်ထားခဲ့ပါတယ်။

ဇွန်လ 2 ရက်နေ့မှာ ယှဉ်ပြိုင်ကစားမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ လီဗာပူးအသင်း ချန်ပီယံလိဂ်ဖလား အနိုင်ရခဲ့ရင် အင်္ဂလန်ပြည်တွင်းချန်ပီယံနဲ့ ဥရောပချန်ပီယံအသင်းကြား ပြိုင်ဆိုင်မှုက ပြင်းထန်စွာပဲ ကွန်မြူနတီးဒိုင်းပွဲအပေါ် ပုံကျသွားတော့မှာပါ။ ဒီပွဲဟာ ပရီးမီးယားလိဂ်ကို လွှမ်းမိုးဖို့ ကြိုးစားနေတဲ့ ဂွာဒီယိုလာနဲ့ ကလော့ပ်ကြားက မှတ်တမ်းတစ်ခုအဖြစ် စိုက်ထူမယ့် ပွဲလည်း ဖြစ်လာပါတယ်။

မန်စီးတီးက ကွန်မြူနတီဒိုင်းကို သုံးနှစ်ဆက်တိုက် အနိုင်ရဖို့ ကြိုးစားမှာဖြစ်ပြီး လီဗာပူးအသင်းကလည်း 2006 ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြန်လည်အနိုင်ရဖို့ ကြိုးစားမှာပါ။ လီဗာပူးဟာ ကွန်မြူနတီဒိုင်းကို နောက်ဆုံးအကြိမ်အဖြစ် 2006 က ချယ်ဆီးနဲ့ ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရခဲ့ပါတယ်။

လာမယ့်ရာသီ ကွန်မြူနတီဒိုင်းပွဲအတွက် တရားဝင်ရက် ထွက်မလာသေးပေမယ့် အက်ဖ်အေဘက်ကတော့ သြဂုတ်လ 4 ရက်၊ တနင်္ဂနွေနေ့ကို ဒိုင်းလုပွဲနေ့အဖြစ် သက်မှတ်ပေးဖွယ် ရှိနေပါတယ်။

Sports Home Time