လီဗာပူး Vs မန္ယူႏိုက္တက္ | အားကစား ကေလာင္ရွင္ေတြ ဘယ္အသင္းဘက္က ရပ္ခဲ့ၾကသလဲ

[Zawgyi] တနဂၤေႏြေန႔ျဖစ္တဲ့ ဒီဇင္ဘာလ 16 ရက္ေန႔ ျမန္မာစံေတာ္ခ်ိန္ ည (10း30) နာရီမွာေတာ့ အဂၤလန္ရဲ႕ ဂုဏ္ရွိန္အၾကီးဆံုး အေနာက္ေျမာက္ဒါဘီပြဲအျဖစ္ လီဗာပူးနဲ႔ မန္ခ်က္စတာယူႏိုက္တက္တို႔ အန္ဖီးကြင္းမွာ ထိပ္တိုက္ေတြ႔ၾကမွာ ျဖစ္ပါတယ္။

ေမာ္ရင္ညိဳနဲ႔ ယာဂင္ကေလာ့ပ္ ႏွစ္ဦးလံုးဟာ ဒဏ္ရာျပႆနာေတြကို ၾကီးၾကီးမားမား ရင္ဆိုင္ေနၾကရတာျဖစ္တယ္။ ဒါေပမယ့္လို႔ ႏွစ္သင္းၾကား 16 မွတ္ထိ ကြာျခားေနတာနဲ႔အညီ အိမ္ရွင္အသင္းက အႏိုင္ရဖို႔ ၾကီးၾကီးမားမားကို ေရပန္းစားေနပါတယ္။ အဆိုပါပြဲၾကိဳ စကိုင္းရဲ႕ Soccer Saturday အဖြဲ႔သားေတြက ပြဲရဲ႕ အႏိုင္၊ အရံွဴးဟာ ျပတ္သားမယ္လို႔ ခန္႔မွန္းေပးခဲ့ၾကပါတယ္။

Charlie Nicholas

အတိတ္တုန္းကေတာ့ ဒီလိုပြဲဆိုရင္ ေမာ္ရင္ညိဳဘက္မွာပဲ ရပ္ေနက်ပါ။ ဒါေပမယ့္ ဒီတစ္ၾကိမ္ေတာ့ မဟုတ္ေတာ့ပါဘူး။ မန္စီးတီးလို တိုက္စစ္ကစားတဲ့ အသင္းေအာက္မွာ သူတို႔ ဖြတ္ဖြတ္ညက္ညက္ကို ေက်ခဲ့ျပီးပါျပီ။ ယူႏိုက္တက္အတြက္ အဓိကအခ်က္က ဒီဂီယာနဲ႔ ရပ္ဖိုဒ့္ အေကာင္းဆံုး အေနအထားမွာ ရွိေနမလားျဖစ္တယ္။ လူအေတာ္မ်ားမ်ားက ဒီပြဲအေၾကာင္း လူစာရင္းေပါင္းစပ္မႈေတြနဲ႔ အမ်ားၾကီး ေျပာၾကတယ္။ ယူႏုိက္တက္ အသင္းသားေတြထဲမွာ လီဗာပူးကို ယွဥ္ျပိဳင္ႏိုင္တာ ဒီဂီယာတစ္ဦးပဲရွိတယ္။ ဒါေပမယ့္ အယ္လီဆန္က ပိုေကာင္းေနပါတယ္။ လီဗာပူးႏိုင္ဖုိ႔ကလြဲျပီး အျခား မျမင္ပါဘူး။ လီဗာပူးကို ရပ္တန္႔ဖို႔ ယူႏိုက္တက္က ဘက္စ္ကားကြက္ၾကီးနဲ႔ ပိတ္ကစားမယ္ဆိုရင္ေတာ့ 0-0 ေလာက္ ေမွ်ာ္လင့္ႏိုင္ပါတယ္။ ဒါေပမယ့္ ျဖစ္လာမယ္ မထင္ပါဘူး။

CHARLIE PREDICTS: Liverpool 3-1 Man Utd – Milner and Mane to score.

Phil Thompson

ဒီပြဲမွာ ေမာ္ရင္ညိဳ ခံစစ္ႏွစ္ထပ္ ပိတ္ကစားတာထက္ တစ္ဦးခ်င္း လူကပ္ျပီး ပိတ္ကစားဖို႔ကို ေရြးခ်ယ္မယ္လို႔ ထင္တယ္။ သူ႔မွာက ေကာင္တာေတြေဖာက္ဖုိ႔ကို နားလည္တဲ့ လင္ဂတ္နဲ႔ ရပ္ဖိုဒ့္လို ကစားသမားေတြရွိတယ္။ ခ်ယ္ဆီးနဲ႔ ယူႏိုက္တက္ေတြမွာ သူဒီလိုလုပ္ခဲ့ျပီး အလုပ္ျဖစ္ပါတယ္။ လီဗာပူးကို ရင္ဆိုင္ကစားတိုင္း ပံုစံေကာင္းတဲ့ မာတာကလည္း ေကာင္းေကာင္းကစားႏိုင္မယ္ေတာ့ ထင္တယ္။ ကေလာ့ပ္က ခံစစ္ပိုင္း ျပႆနာေတြ ရွိထားေပမယ့္ လိုဗရန္ ျပန္ကစားႏိုင္ျပီ မီလ္နာ ညာျခမ္းက ကစားႏိုင္တယ္။ ဒါေၾကာင့္ စိတ္မပူပါဘူး။ ဒါေပမယ့္ ဒီပြဲကေတာ့ လီဗာပူးအတြက္ပဲ ျဖစ္သင့္တယ္။ သူတို႔ အႏိုင္ရလဒ္ေကာင္း ယူသြားတာကို ျမင္ရႏိုင္ပါတယ္။

PHIL PREDICTS: Liverpool 2-0 Man Utd – Mane to score twice.

Matt Le Tissier

ေမာ္ရင္ညိဳ တုိက္စစ္ဖြင့္ကစားရင္ေတာ့ အံ့ၾသမိမွာပဲ။ သူဒါမ်ိဳးကို လုပ္ဖို႔ လူေတြေမွ်ာ္လင့္ေပမယ့္ ေမာ္ရင္ညိဳက လုပ္မယ့္လူစား မဟုတ္ပါဘူး။ သူတို႔ အႏိုင္ရခ်င္ရင္ေတာ့ အရင္ဂိုးသြင္းဖို႔လိုတယ္။ ဒီရာသီ ပြဲအနည္းငယ္မွာ ျပန္လာႏိုင္ခဲ့တာေတြရွိေပမယ့္ လီဗာပူးလို ခံစစ္ေကာင္းျပီး ေကာင္တာလည္း ကစားႏိုင္တဲ့ အသင္းနဲ႔ဆိုရင္ ယူႏိုက္တက္မွာ အခြင့္အေရး မရွိပါဘူး။

MATT PREDICTS: Liverpool 3-1 Man Utd – Martial and Firmino both to score.

Paul Merson

လီဗာပူးက ရလဒ္ေကာင္းမရခဲ့ရင္ က်ေနာ္ အံ့ၾသမိမွာပဲ။ တစ္ႏိုင္ငံလံုးက ေဘာလံုးပရိသတ္ေတြလည္း အံ့ၾသၾကပါလိမ့္မယ္။ ဗုဒၶဟူးညက ယူႏုိက္တက္ရဲ႕ ခ်န္ပီယံလိဂ္ပြဲကိုၾကည့္ျပီး က်ေနာ္ ဘုရားေတာင္ တမိတယ္။ အပတ္တိုင္းမွာ သူတို႔က ဖိအားေတြနဲ႔ ကစားေနရတယ္။ မန္ခ်က္စတာယူႏိုက္တက္ ကစားသမားေတြအေနနဲ႔ သူတို႔ဘယ္လို ဖိအားေတြေအာက္မွာ ကစားေနရတယ္ဆိုတာ ခင္ဗ်ားတို႔ နားလည္ႏိုင္မွာ မဟုတ္ပါဘူး။ အဲ့သည္ေနာက္ စပိန္လိဂ္မွာ အေကာင္းဆံုးအသင္းမဟုတ္တဲ့ စပိန္အသင္းကို ရင္ဆိုင္ဖို႔နဲ႔ သူတို႔ဘာသာ ဘယ္သူေတြဆိုတာျပဖို႔ ဗလန္စီယာကို ထြက္သြားတယ္။

စပိန္ကို ယူႏိုက္တက္ ဘာဆိုတာျပသဖို႔ ထြက္သြားခဲ့တယ္။ ဘာျဖစ္လာခဲ့သလဲ? က်ေနာ္မွာ ဘုရားေရပဲ တႏိုင္ေတာ့တယ္။ ဒီပြဲကို ယူႏုိက္တက္ျမင္ဖို႔ လမ္းမျမင္ပါဘူး။ ဒါေပမယ့္ ဒီလိုေျပာလို႔ လီဗာပူးမွာ ဖိအားမရွိတာေတာ့ မဟုတ္ဘူး။ သူတို႔တိုက္စစ္မွာ ျပႆနာေတြရွိသလို အမွတ္ေပးဇယားရဲ႔ ထိပ္ဆံုးကို ဦးေဆာင္ခဲ့တာက ျခားနားတဲ့ ဖိအားေတြ ရေစခဲ့ပါျပီ။

PAUL PREDICTS: Liverpool 2-0 Man Utd

Sports Home Time

[Unicode] တနင်္ဂနွေနေ့ဖြစ်တဲ့ ဒီဇင်ဘာလ 16 ရက်နေ့ မြန်မာစံတော်ချိန် ည (10း30) နာရီမှာတော့ အင်္ဂလန်ရဲ့ ဂုဏ်ရှိန်အကြီးဆုံး အနောက်မြောက်ဒါဘီပွဲအဖြစ် လီဗာပူးနဲ့ မန်ချက်စတာယူနိုက်တက်တို့ အန်ဖီးကွင်းမှာ ထိပ်တိုက်တွေ့ကြမှာ ဖြစ်ပါတယ်။

မော်ရင်ညိုနဲ့ ယာဂင်ကလော့ပ် နှစ်ဦးလုံးဟာ ဒဏ်ရာပြဿနာတွေကို ကြီးကြီးမားမား ရင်ဆိုင်နေကြရတာဖြစ်တယ်။ ဒါပေမယ့်လို့ နှစ်သင်းကြား 16 မှတ်ထိ ကွာခြားနေတာနဲ့အညီ အိမ်ရှင်အသင်းက အနိုင်ရဖို့ ကြီးကြီးမားမားကို ရေပန်းစားနေပါတယ်။ အဆိုပါပွဲကြို စကိုင်းရဲ့ Soccer Saturday အဖွဲ့သားတွေက ပွဲရဲ့ အနိုင်၊ အရံှူးဟာ ပြတ်သားမယ်လို့ ခန့်မှန်းပေးခဲ့ကြပါတယ်။

Charlie Nicholas

အတိတ်တုန်းကတော့ ဒီလိုပွဲဆိုရင် မော်ရင်ညိုဘက်မှာပဲ ရပ်နေကျပါ။ ဒါပေမယ့် ဒီတစ်ကြိမ်တော့ မဟုတ်တော့ပါဘူး။ မန်စီးတီးလို တိုက်စစ်ကစားတဲ့ အသင်းအောက်မှာ သူတို့ ဖွတ်ဖွတ်ညက်ညက်ကို ကျေခဲ့ပြီးပါပြီ။ ယူနိုက်တက်အတွက် အဓိကအချက်က ဒီဂီယာနဲ့ ရပ်ဖိုဒ့် အကောင်းဆုံး အနေအထားမှာ ရှိနေမလားဖြစ်တယ်။ လူအတော်များများက ဒီပွဲအကြောင်း လူစာရင်းပေါင်းစပ်မှုတွေနဲ့ အများကြီး ပြောကြတယ်။ ယူနိုက်တက် အသင်းသားတွေထဲမှာ လီဗာပူးကို ယှဉ်ပြိုင်နိုင်တာ ဒီဂီယာတစ်ဦးပဲရှိတယ်။ ဒါပေမယ့် အယ်လီဆန်က ပိုကောင်းနေပါတယ်။ လီဗာပူးနိုင်ဖို့ကလွဲပြီး အခြား မမြင်ပါဘူး။ လီဗာပူးကို ရပ်တန့်ဖို့ ယူနိုက်တက်က ဘက်စ်ကားကွက်ကြီးနဲ့ ပိတ်ကစားမယ်ဆိုရင်တော့ 0-0 လောက် မျှော်လင့်နိုင်ပါတယ်။ ဒါပေမယ့် ဖြစ်လာမယ် မထင်ပါဘူး။

CHARLIE PREDICTS: Liverpool 3-1 Man Utd – Milner and Mane to score.

Phil Thompson

ဒီပွဲမှာ မော်ရင်ညို ခံစစ်နှစ်ထပ် ပိတ်ကစားတာထက် တစ်ဦးချင်း လူကပ်ပြီး ပိတ်ကစားဖို့ကို ရွေးချယ်မယ်လို့ ထင်တယ်။ သူ့မှာက ကောင်တာတွေဖောက်ဖို့ကို နားလည်တဲ့ လင်ဂတ်နဲ့ ရပ်ဖိုဒ့်လို ကစားသမားတွေရှိတယ်။ ချယ်ဆီးနဲ့ ယူနိုက်တက်တွေမှာ သူဒီလိုလုပ်ခဲ့ပြီး အလုပ်ဖြစ်ပါတယ်။ လီဗာပူးကို ရင်ဆိုင်ကစားတိုင်း ပုံစံကောင်းတဲ့ မာတာကလည်း ကောင်းကောင်းကစားနိုင်မယ်တော့ ထင်တယ်။ ကလော့ပ်က ခံစစ်ပိုင်း ပြဿနာတွေ ရှိထားပေမယ့် လိုဗရန် ပြန်ကစားနိုင်ပြီ မီလ်နာ ညာခြမ်းက ကစားနိုင်တယ်။ ဒါကြောင့် စိတ်မပူပါဘူး။ ဒါပေမယ့် ဒီပွဲကတော့ လီဗာပူးအတွက်ပဲ ဖြစ်သင့်တယ်။ သူတို့ အနိုင်ရလဒ်ကောင်း ယူသွားတာကို မြင်ရနိုင်ပါတယ်။

PHIL PREDICTS: Liverpool 2-0 Man Utd – Mane to score twice.

Matt Le Tissier

မော်ရင်ညို တိုက်စစ်ဖွင့်ကစားရင်တော့ အံ့သြမိမှာပဲ။ သူဒါမျိုးကို လုပ်ဖို့ လူတွေမျှော်လင့်ပေမယ့် မော်ရင်ညိုက လုပ်မယ့်လူစား မဟုတ်ပါဘူး။ သူတို့ အနိုင်ရချင်ရင်တော့ အရင်ဂိုးသွင်းဖို့လိုတယ်။ ဒီရာသီ ပွဲအနည်းငယ်မှာ ပြန်လာနိုင်ခဲ့တာတွေရှိပေမယ့် လီဗာပူးလို ခံစစ်ကောင်းပြီး ကောင်တာလည်း ကစားနိုင်တဲ့ အသင်းနဲ့ဆိုရင် ယူနိုက်တက်မှာ အခွင့်အရေး မရှိပါဘူး။

MATT PREDICTS: Liverpool 3-1 Man Utd – Martial and Firmino both to score.

Paul Merson

လီဗာပူးက ရလဒ်ကောင်းမရခဲ့ရင် ကျနော် အံ့သြမိမှာပဲ။ တစ်နိုင်ငံလုံးက ဘောလုံးပရိသတ်တွေလည်း အံ့သြကြပါလိမ့်မယ်။ ဗုဒ္ဓဟူးညက ယူနိုက်တက်ရဲ့ ချန်ပီယံလိဂ်ပွဲကိုကြည့်ပြီး ကျနော် ဘုရားတောင် တမိတယ်။ အပတ်တိုင်းမှာ သူတို့က ဖိအားတွေနဲ့ ကစားနေရတယ်။ မန်ချက်စတာယူနိုက်တက် ကစားသမားတွေအနေနဲ့ သူတို့ဘယ်လို ဖိအားတွေအောက်မှာ ကစားနေရတယ်ဆိုတာ ခင်ဗျားတို့ နားလည်နိုင်မှာ မဟုတ်ပါဘူး။ အဲ့သည်နောက် စပိန်လိဂ်မှာ အကောင်းဆုံးအသင်းမဟုတ်တဲ့ စပိန်အသင်းကို ရင်ဆိုင်ဖို့နဲ့ သူတို့ဘာသာ ဘယ်သူတွေဆိုတာပြဖို့ ဗလန်စီယာကို ထွက်သွားတယ်။

စပိန်ကို ယူနိုက်တက် ဘာဆိုတာပြသဖို့ ထွက်သွားခဲ့တယ်။ ဘာဖြစ်လာခဲ့သလဲ? ကျနော်မှာ ဘုရားရေပဲ တနိုင်တော့တယ်။ ဒီပွဲကို ယူနိုက်တက်မြင်ဖို့ လမ်းမမြင်ပါဘူး။ ဒါပေမယ့် ဒီလိုပြောလို့ လီဗာပူးမှာ ဖိအားမရှိတာတော့ မဟုတ်ဘူး။ သူတို့တိုက်စစ်မှာ ပြဿနာတွေရှိသလို အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးကို ဦးဆောင်ခဲ့တာက ခြားနားတဲ့ ဖိအားတွေ ရစေခဲ့ပါပြီ။

PAUL PREDICTS: Liverpool 2-0 Man Utd

Sports Home Time