ယူႏိုက္တက္ရဲ႕ ဇန္နဝါရီ အေျပာင္းအေရႊ႔ အစီအစဥ္က အဆိုးဆံုးအေျခအေနကို ေရာက္ရွိလာေန

[Zawgyi] မန္ခ်က္စတာယူႏိုက္တက္ နည္းျပ ဟိုေဆးေမာ္ရင္ညိဳက လာမယ့္ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕အတြက္ အသင္းဘက္က စိတ္အားထက္သန္းျခင္းမရွိတဲ့အျပင္ လႈပ္ရွားမႈ ကင္းမဲ့ေနတာေၾကာင့္ ေဒါသေတြတိုးလာကာ အလုပ္အမႈေဆာင္အဖြဲ႕ ဒုတိယ ဥကၠဌ အဒ္ဝုဒ္ဝဒ္နဲ႔ သေဘာထား မတိုက္ဆိုင္ျခင္း ျဖစ္လာေနတယ္လုိ႔ တယ္လီဂရပ္သတင္းဌာနက ေဖာ္ျပသြားပါတယ္။

ေမာ္ရင္ညိဳက ေနာက္လမွာ ဗဟိုခံစစ္ တစ္ေယာက္ ေခၚယူဖို႔ အသည္းအသန္ ဆႏၵျပင္းျပေနတာျဖစ္ၿပီး ၿပီးခဲ့တဲ့ ေႏြရာသီတုန္းက ဗဟိုခံစစ္မွဴးတစ္ဦမွ မေခၚယူႏိုင္ခဲ့တဲ့အတြက္ ဒီရာသီမွာ ဆိုးဝါးတဲ့ ခံစစ္ေၾကာင္းက ယူႏိုက္တက္ရဲ႕ က်ဆုံးမႈကို ထင္ရွားေစတယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။ ဒါေပမယ့္ ကလပ္အသင္းရဲ႕ လက္ရွိအေနအထားအရ ေဆာင္ရာသီမွာ ကစားသမားသစ္ တစ္ဦးမွ မေခၚယူေပးဖို႔ေတာင္ ဆံုးျဖတ္လာႏိုင္ပါတယ္။

ေဆာင္းရာသီေဈးကြက္က ရက္သတၱပတ္ ႏွစ္ပတ္အတြင္း ဖြင့္လွစ္မွာျဖစ္ၿပီး နည္းျပ ေမာ္ရင္ညိဳကို ရာထူးမွာ ဆက္ၿမဲေနဖို႔ သံသယေတြရွိေနတဲ့ၾကားက ကလပ္ဘက္ကေတာ့ ဆက္လက္ထားရွိမွာျဖစ္ျပီး ေမာ္ရင္ညိဳအေပၚ ယုံၾကည္မႈကို ျပသတာျဖစ္ပါတယ္။ မၾကာေသးခင္က ယူႏိုက္တက္ဟာ ေတာ့တင္ဟမ္ နည္းျပ ပိုခ်က္တီႏိုကို လက္မွတ္ထိုးဖို႔ စိတ္ဝင္စားေနတယ္ဆိုတဲ့ သတင္းေတြ ထြက္လာခဲ့ၿပီးေနာက္ ေမာ္ရင္ညိဳရဲ႕ ေအးဂ်င့္ျဖစ္တဲ့ ေဂ်ာ့မန္ဒက္စ္က “ကလပ္ဟာ သူတို႔ရဲ႕နည္းျပအေပၚမွာ အရမ္းေက်နပ္ေနတာပါ ” လို႔ ၿပီးခဲ့တဲ့အပတ္က ေျပာခဲ့ပါတယ္။

ဒါေပမယ့္ ေမာ္ရင္ညိဳကိုယ္တိုင္က ေႏြရာသီမွာ သူ႔ရဲ႕ ဗဟိုခံစစ္ပစ္မွတ္ကို မရရွိခဲ့ၿပီးတဲ့ေနာက္ ေဆာင္းရာသီေဈးကြက္မွာ ထပ္မံျငင္းပယ္ခံရႏိုင္တာကို စိုးရိမ္ေနတာျဖစ္ပါတယ္။ ေကာင္းမြန္တဲ့ ဗဟိုခံစစ္တစ္ေယာက္ ေခၚယူႏိုင္ဖို႔ အဲရစ္ဘိုင္လီ၊ မားကို႔စ္႐ိုဂ်ိဳ နဲ႔ ဖီးလ္ဂ်ဳံးစ္ တို႔ကို ေမာ္ရင္ညိဳ က ေရာင္းထုတ္လိုေနတာပါ။ ဒါေပမယ့္ ကစားသမား အေရာင္းအဝယ္ကိစၥ အလားအလာအတြက္ အနည္းငယ္ စိုးရိမ္ေနရပါတယ္။

ယူႏိုက္တက္ဟာ ေတာ့တင္ဟမ္ရဲ႕ တိုဘီအယ္ဒါဝီရယ္၊ နာပိုလီရဲ႕ ကူလီဗလီ၊ အင္တာမီလန္ရဲ႕ မီလန္ စကီရီနီရာတို႔နဲ႔ ခ်ိတ္ဆက္မႈေတြ ရွိခဲ့ပါတယ္။ သီးျခားကိစၥတစ္ခုအေနနဲ႔ ဗလန္စီယာနဲ႔ပြဲကို ယူႏိုက္တက္ ဘုတ္အဖြဲ႕ အဓိလူေတြျဖစ္တဲ့ တြဲဖက္ဥကၠဌ ဂ်ိဳရယ္ ဂေလဇာ၊ ေအဗရမ္ ဂေလဇာ ဒါမွမဟုတ္ အဒ္ဝုဒ္ဝဒ္ တို႔ တစ္ေယာက္မွ လာေရာက္ မၾကည့္ရႈခဲ့တာေၾကာင့္ ေမာ္ရင္ညိဳ က စိတ္ဆိုးေနတာပါ။

” အေရးပါတဲ့ ဘုတ္အဖြဲ႕ ဒါ႐ိုက္တာေတြ တစ္ေယာက္မွ ပြဲမွာ ရွိမေနခဲ့ပါဘူး။ အေျပာင္းအေ႐ႊ႕ ကာလက နီးေနၿပီ။ ဘယ္သူမွ ဘာမွကို မသိၾကဘူး။ ကစားသမားေရာင္းဖို႔ ဝယ္ဖို႔ေတြကို သူတို႔ ဘာမွမလုပ္ၾကဘူး။ သူတို႔မွာ ကင္းေထာက္ 58 ေယာက္နဲ႔ ကင္းေထာက္ဦးစီး 3 ေယာက္ ရွိတယ္။ ဒါက အဓိပၸါယ္မရွိဘူး။ ေဘာလုံးအသင္း တစ္သင္းကို အုပ္ခ်ဳပ္ဖို႔ ဒါက နည္းလမ္းေကာင္းမဟုတ္ဘူးလို႔ ဟိုေဆးက ယုံၾကည္ေနတယ္” လို႔ ေမာ္ရင္ညိဳ နဲ႔ နီးစပ္သူ တစ္ေယာက္ကေျပာပါတယ္။

“ဗုဒၶဟူးေန႔ ညက အဒ္ဝုဒ္ဝဒ္ဟာ အေမရိကမွာ ေရာက္ေနၿပီး မန္ေနဂ်င္းဒါ႐ိုက္တာ ရစ္ခ်တ္ အာႏိုး၊ ေငြေၾကးဆိုင္ရာ အရာရွိခ်ဳပ္ ကလစ္ ဘက္တီ၊ ကုမၸဏီအရာရွိခ်ဳပ္ ေကာ္လက္တီ႐ိုခ်ီ၊ အတြင္းေရးမႉး ရီဘက္ကာ ဘရစ္တိန္တို႔ဟာ ဗလန္စီယာ မွာရွိေနခဲ့ပါတယ္။ အဒ္ဝုဒ္ဝဒ္ လက္ေအာက္မွာ သူတို႔က အေရးအႀကီးဆုံးစီနီယာေတြပါပဲ ” လို႔ ယူႏိုက္တက္ ေျပာေရးဆိုခြင့္ရွိသူက ဆိုပါတယ္။

ခ်န္ပီယံလိဂ္မွာ ဂ်ဴဗင္တပ္ က ယန္းဘြိဳင္းကို မေမွ်ာ္လင့္ပဲရႈံးနိမ့္ခဲ့တာေၾကာင့္ ယူႏိုက္တက္ တို႔အေနနဲ႔ သေရက်႐ုံနဲ႔ အုပ္စုဗိုလ္ျဖစ္ဖို႔ အခြင့္အေရး ရွိခဲ့ပါတယ္။ ဒါေပမယ့္ ဗလန္စီယာကို ရႈံးနိမ့္ခဲ့ပါတယ္။ ဒီရာသီၿပိဳင္ပြဲေတြရဲ႕ 30% မွာ ယူႏိုက္တက္ ဟာ 2-0 နဲ႔ ရွဴံးနိမ့္ခဲ့တာျဖစ္ၿပီး သူတို႔ကို 16 မွတ္ အသာနဲ႔ ဦးေဆာင္ေနတဲ့ လီဗာပူး အသင္းနဲ႔ တနဂၤေႏြေန႔ မွာ ေတြ႕ဆုံရမွာျဖစ္ပါတယ္။

ဒီပြဲမွာ ေမာ္ရင္ညိဳက ကစားသမား အေျပာင္းအလဲလုပ္မွာျဖစ္ၿပီး ေဒးဗစ္ဒီဂီယာ၊ နီမန္ဂ်ာ မာတစ္၊ အန္ဒါဟာရဲရား၊ မားကပ္ရက္ရွ္ဖို႔ဒ္၊ ေဂ်ဆီ လင္ဂတ္၊ အက္ရွ္ေလယန္းတို႔ဟာ ပြဲထြက္စာရင္းမွာ ျပန္လည္ပါဝင္မွာပါ။ ဗလန္စီယာနဲ႔ပြဲကို ဒဏ္ရာျပသနာေၾကာင့္ လြဲေခ်ာ္ခဲ့တဲ့ ခရစ္စေမာလင္း၊ ဒီယိုဂို ဒယ္ေလာ့၊ မက္တီယို ဒါးမီးယန္းတို႔ထဲ အနည္းဆုံး တစ္ေယာက္ေတာ့ ခံစစ္မွာ ကစားႏိုင္ဖို႔လည္း ေမာ္ရင္ညိဳ က ေမွ်ာ္လင့္ေနပါတယ္။

တိုက္စစ္မွာေတာ့ အန္သိုနီ မာရွယ္က ျပန္ပါလာမွာပါ။ လုခ္ေရွာက ႂကြက္သားဒဏ္ရာေၾကာင့္ ထပ္မံ လြဲေခ်ာ္မွာျဖစ္ပါတယ္။ ဆာဂ်ီယို ႐ိုမီယို၊ ႐ိုဂ်ိဳ၊ အန္ဒရီရာ ပါရဲရား၊ ဖရက္တို႔က ပါဝင္ႏိုင္ပါတယ္။ အန္တိုနီယို ဗလန္စီယာ၊ ဂ်ဳံးစ္နဲ႔ ေပါ့ဘာတို႔က လြဲေခ်ာ္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ ဘိုင္လီနဲ႔ ဟြမ္မာတာက သူတို႔ေနရာေတြ ျပန္ရရွိဖို႔ အခြင့္အေရး ရွိၿပီး ဖယ္လိုင္နီကို အရန္ခုံကေန ပလန္ ဘီ အျဖစ္ အသုံးျပဳႏိုင္ပါတယ္။ မာရွယ္ အေနနဲ႔ ႀကံ့ခိုင္မႈ မျပည့္ဝခဲ့ရင္ေတာ့ ႐ိုမီလူ လူကာကူက ပါဝင္လာမွာ ျဖစ္ပါတယ္။

Sports Home Time

[Unicode] မန်ချက်စတာယူနိုက်တက် နည်းပြ ဟိုဆေးမော်ရင်ညိုက လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့အတွက် အသင်းဘက်က စိတ်အားထက်သန်းခြင်းမရှိတဲ့အပြင် လှုပ်ရှားမှု ကင်းမဲ့နေတာကြောင့် ဒေါသတွေတိုးလာကာ အလုပ်အမှုဆောင်အဖွဲ့ ဒုတိယ ဥက္ကဌ အဒ်ဝုဒ်ဝဒ်နဲ့ သဘောထား မတိုက်ဆိုင်ခြင်း ဖြစ်လာနေတယ်လို့ တယ်လီဂရပ်သတင်းဌာနက ဖော်ပြသွားပါတယ်။

မော်ရင်ညိုက နောက်လမှာ ဗဟိုခံစစ် တစ်ယောက် ခေါ်ယူဖို့ အသည်းအသန် ဆန္ဒပြင်းပြနေတာဖြစ်ပြီး ပြီးခဲ့တဲ့ နွေရာသီတုန်းက ဗဟိုခံစစ်မှူးတစ်ဦမှ မခေါ်ယူနိုင်ခဲ့တဲ့အတွက် ဒီရာသီမှာ ဆိုးဝါးတဲ့ ခံစစ်ကြောင်းက ယူနိုက်တက်ရဲ့ ကျဆုံးမှုကို ထင်ရှားစေတယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။ ဒါပေမယ့် ကလပ်အသင်းရဲ့ လက်ရှိအနေအထားအရ ဆောင်ရာသီမှာ ကစားသမားသစ် တစ်ဦးမှ မခေါ်ယူပေးဖို့တောင် ဆုံးဖြတ်လာနိုင်ပါတယ်။

ဆောင်းရာသီဈေးကွက်က ရက်သတ္တပတ် နှစ်ပတ်အတွင်း ဖွင့်လှစ်မှာဖြစ်ပြီး နည်းပြ မော်ရင်ညိုကို ရာထူးမှာ ဆက်မြဲနေဖို့ သံသယတွေရှိနေတဲ့ကြားက ကလပ်ဘက်ကတော့ ဆက်လက်ထားရှိမှာဖြစ်ပြီး မော်ရင်ညိုအပေါ် ယုံကြည်မှုကို ပြသတာဖြစ်ပါတယ်။ မကြာသေးခင်က ယူနိုက်တက်ဟာ တော့တင်ဟမ် နည်းပြ ပိုချက်တီနိုကို လက်မှတ်ထိုးဖို့ စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့ပြီးနောက် မော်ရင်ညိုရဲ့ အေးဂျင့်ဖြစ်တဲ့ ဂျော့မန်ဒက်စ်က “ကလပ်ဟာ သူတို့ရဲ့နည်းပြအပေါ်မှာ အရမ်းကျေနပ်နေတာပါ ” လို့ ပြီးခဲ့တဲ့အပတ်က ပြောခဲ့ပါတယ်။

ဒါပေမယ့် မော်ရင်ညိုကိုယ်တိုင်က နွေရာသီမှာ သူ့ရဲ့ ဗဟိုခံစစ်ပစ်မှတ်ကို မရရှိခဲ့ပြီးတဲ့နောက် ဆောင်းရာသီဈေးကွက်မှာ ထပ်မံငြင်းပယ်ခံရနိုင်တာကို စိုးရိမ်နေတာဖြစ်ပါတယ်။ ကောင်းမွန်တဲ့ ဗဟိုခံစစ်တစ်ယောက် ခေါ်ယူနိုင်ဖို့ အဲရစ်ဘိုင်လီ၊ မားကို့စ်ရိုဂျို နဲ့ ဖီးလ်ဂျုံးစ် တို့ကို မော်ရင်ညို က ရောင်းထုတ်လိုနေတာပါ။ ဒါပေမယ့် ကစားသမား အရောင်းအဝယ်ကိစ္စ အလားအလာအတွက် အနည်းငယ် စိုးရိမ်နေရပါတယ်။

ယူနိုက်တက်ဟာ တော့တင်ဟမ်ရဲ့ တိုဘီအယ်ဒါဝီရယ်၊ နာပိုလီရဲ့ ကူလီဗလီ၊ အင်တာမီလန်ရဲ့ မီလန် စကီရီနီရာတို့နဲ့ ချိတ်ဆက်မှုတွေ ရှိခဲ့ပါတယ်။ သီးခြားကိစ္စတစ်ခုအနေနဲ့ ဗလန်စီယာနဲ့ပွဲကို ယူနိုက်တက် ဘုတ်အဖွဲ့ အဓိလူတွေဖြစ်တဲ့ တွဲဖက်ဥက္ကဌ ဂျိုရယ် ဂလေဇာ၊ အေဗရမ် ဂလေဇာ ဒါမှမဟုတ် အဒ်ဝုဒ်ဝဒ် တို့ တစ်ယောက်မှ လာရောက် မကြည့်ရှုခဲ့တာကြောင့် မော်ရင်ညို က စိတ်ဆိုးနေတာပါ။

” အရေးပါတဲ့ ဘုတ်အဖွဲ့ ဒါရိုက်တာတွေ တစ်ယောက်မှ ပွဲမှာ ရှိမနေခဲ့ပါဘူး။ အပြောင်းအရွှေ့ ကာလက နီးနေပြီ။ ဘယ်သူမှ ဘာမှကို မသိကြဘူး။ ကစားသမားရောင်းဖို့ ဝယ်ဖို့တွေကို သူတို့ ဘာမှမလုပ်ကြဘူး။ သူတို့မှာ ကင်းထောက် 58 ယောက်နဲ့ ကင်းထောက်ဦးစီး 3 ယောက် ရှိတယ်။ ဒါက အဓိပ္ပါယ်မရှိဘူး။ ဘောလုံးအသင်း တစ်သင်းကို အုပ်ချုပ်ဖို့ ဒါက နည်းလမ်းကောင်းမဟုတ်ဘူးလို့ ဟိုဆေးက ယုံကြည်နေတယ်” လို့ မော်ရင်ညို နဲ့ နီးစပ်သူ တစ်ယောက်ကပြောပါတယ်။

“ဗုဒ္ဓဟူးနေ့ ညက အဒ်ဝုဒ်ဝဒ်ဟာ အမေရိကမှာ ရောက်နေပြီး မန်နေဂျင်းဒါရိုက်တာ ရစ်ချတ် အာနိုး၊ ငွေကြေးဆိုင်ရာ အရာရှိချုပ် ကလစ် ဘက်တီ၊ ကုမ္ပဏီအရာရှိချုပ် ကော်လက်တီရိုချီ၊ အတွင်းရေးမှူး ရီဘက်ကာ ဘရစ်တိန်တို့ဟာ ဗလန်စီယာ မှာရှိနေခဲ့ပါတယ်။ အဒ်ဝုဒ်ဝဒ် လက်အောက်မှာ သူတို့က အရေးအကြီးဆုံးစီနီယာတွေပါပဲ ” လို့ ယူနိုက်တက် ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

ချန်ပီယံလိဂ်မှာ ဂျူဗင်တပ် က ယန်းဘွိုင်းကို မမျှော်လင့်ပဲရှုံးနိမ့်ခဲ့တာကြောင့် ယူနိုက်တက် တို့အနေနဲ့ သရေကျရုံနဲ့ အုပ်စုဗိုလ်ဖြစ်ဖို့ အခွင့်အရေး ရှိခဲ့ပါတယ်။ ဒါပေမယ့် ဗလန်စီယာကို ရှုံးနိမ့်ခဲ့ပါတယ်။ ဒီရာသီပြိုင်ပွဲတွေရဲ့ 30% မှာ ယူနိုက်တက် ဟာ 2-0 နဲ့ ရှူံးနိမ့်ခဲ့တာဖြစ်ပြီး သူတို့ကို 16 မှတ် အသာနဲ့ ဦးဆောင်နေတဲ့ လီဗာပူး အသင်းနဲ့ တနင်္ဂနွေနေ့ မှာ တွေ့ဆုံရမှာဖြစ်ပါတယ်။

ဒီပွဲမှာ မော်ရင်ညိုက ကစားသမား အပြောင်းအလဲလုပ်မှာဖြစ်ပြီး ဒေးဗစ်ဒီဂီယာ၊ နီမန်ဂျာ မာတစ်၊ အန်ဒါဟာရဲရား၊ မားကပ်ရက်ရှ်ဖို့ဒ်၊ ဂျေဆီ လင်ဂတ်၊ အက်ရှ်လေယန်းတို့ဟာ ပွဲထွက်စာရင်းမှာ ပြန်လည်ပါဝင်မှာပါ။ ဗလန်စီယာနဲ့ပွဲကို ဒဏ်ရာပြသနာကြောင့် လွဲချော်ခဲ့တဲ့ ခရစ်စမောလင်း၊ ဒီယိုဂို ဒယ်လော့၊ မက်တီယို ဒါးမီးယန်းတို့ထဲ အနည်းဆုံး တစ်ယောက်တော့ ခံစစ်မှာ ကစားနိုင်ဖို့လည်း မော်ရင်ညို က မျှော်လင့်နေပါတယ်။

တိုက်စစ်မှာတော့ အန်သိုနီ မာရှယ်က ပြန်ပါလာမှာပါ။ လုခ်ရှောက ကြွက်သားဒဏ်ရာကြောင့် ထပ်မံ လွဲချော်မှာဖြစ်ပါတယ်။ ဆာဂျီယို ရိုမီယို၊ ရိုဂျို၊ အန်ဒရီရာ ပါရဲရား၊ ဖရက်တို့က ပါဝင်နိုင်ပါတယ်။ အန်တိုနီယို ဗလန်စီယာ၊ ဂျုံးစ်နဲ့ ပေါ့ဘာတို့က လွဲချော်မယ်လို့ မျှော်လင့်ရပါတယ်။ ဘိုင်လီနဲ့ ဟွမ်မာတာက သူတို့နေရာတွေ ပြန်ရရှိဖို့ အခွင့်အရေး ရှိပြီး ဖယ်လိုင်နီကို အရန်ခုံကနေ ပလန် ဘီ အဖြစ် အသုံးပြုနိုင်ပါတယ်။ မာရှယ် အနေနဲ့ ကြံ့ခိုင်မှု မပြည့်ဝခဲ့ရင်တော့ ရိုမီလူ လူကာကူက ပါဝင်လာမှာ ဖြစ်ပါတယ်။

Sports Home Time