[Zawgyi]
- မန္ခ်က္စတာစီးတီးအသင္းဟာ မန္ဒီေနရာမွာ အစားထိုးဖို႔ လက္စတာအသင္းမွ ဘယ္အစြန္ခံစစ္သမား ဘန္ခ်ီဝဲလ္အား ေပါင္ သန္း 50 နဲ႔ ေခၚယူဖို႔ စိတ္ဝင္စားလာေနပါတယ္။
- လီဗာပူးကေန အငွားထြက္ကစားေနတဲ့ လူငယ္ကြင္းလယ္လူ အယ္ဂ်ာရီယာဟာ စေကာ့ကလပ္မွာ မေပ်ာ္ရႊင္ျဖစ္ေနပါတယ္။ ယူရိုပါလိဂ္ပြဲမွာေတာ့ အယ္ဂ်ာရီယာ ခ်န္လွပ္ခံခဲ့ရျပီး ဒီရက္ပိုင္းအတြင္း ကစားသမားရဲ႕ အနာဂတ္ကို ရိန္းဂ်ားဘက္က ဆံုးျဖတ္ေပးဖြယ္ရွိျပီး လီဗာပူးကို ျပန္ပို႔ႏိုင္ပါတယ္။
- ယူႏိုက္တက္ရဲ႕ အေျပာင္းအေရႊ႔ဆိုင္ရာ လႈပ္ရွားမႈအားနည္းျခင္းကို ေမာ္ရင္ညိဳက အေတာ္ေလး ေဒါသထြက္ေနတယ္လို႔ သိရပါတယ္။ ေမာ္ရင္ညိဳက ကလပ္အသင္း ပံုစံေကာင္းေတြကို ျပန္ရလာေအာင္ ကစားသမားသစ္ေတြ ေခၚယူလိုျပီး ကလပ္အသင္းဘက္ကေတာ့ မန္ေနဂ်ာကို အသံုးစရိတ္ခ်ေပးဖို႔ ယံုၾကည္မႈေတြ နည္းပါးေနတာပါ။
- အီတလီဘက္က ေဖာ္ျပလာတဲ့ သတင္းေတြမွာေတာ့ ဂ်ဴဗင္တပ္ဟာ ကြင္းလယ္လူေဟာင္း ေပါ့ဘာကို ယူရို သန္း 80 နဲ႔ ျပန္ေခၚဖို႔ အဆင္သင့္ျဖစ္ေနျပီလို႔ ဆိုပါတယ္။ ယူႏိုက္တက္မွာ အထိုင္မက်ျဖစ္ေနတဲ့ ေပါ့ဘာဟာ အသင္းေျပာင္းလိုေနျပီး အသင္းေဟာင္း ဂ်ဴဗင္တပ္ထံ ျပန္သြားဖို႔ကို စိတ္ဝင္စားေနဆဲျဖစ္ပါတယ္။
- ေပၚတူဂီကလပ္ ဘင္ဖီကာကေန ပရီးမီးယားလိဂ္ ဝုဗ္အသင္းကို အငွားလာကစားေနတဲ့ တိုက္စစ္သမား Raul Jimenez ဟာ အဂၤလန္ကလပ္ထံ ေပါင္ သန္း 30 နဲ႔ အျပီးသတ္ေျပာင္းဖို႔ရာ လာမယ့္ ေႏြအေျပာင္းအေရႊ႔ထိ ေစာင့္ဆိုင္းသြားရမွာျဖစ္ပါတယ္။
- ေတာ္တင္ဟမ္နဲ႔ပြဲမတိုင္ခင္မွာ ဘာစီလိုနာတုိက္စစ္သမား ဒမ္ဘီလီဟာ ေလ့က်င့္ခ်ိန္ေတြ ေနာက္က်ခဲ့တဲ့အတြက္ အဝတ္လဲခန္းတြင္း အသင္းေဖာ္ေတြကို ေတာင္းပန္မႈ ျပဳလုပ္သြားပါတယ္။ ဒါေၾကာင့္ ပရီးမီးယားလိဂ္ထံ ေျပာင္းလာမယ့္ကိစၥေတြက ျဖစ္ႏိုင္ဖုိ႔ ပိုခဲယဥ္းလာပါျပီ။
- ေတာ္တင္ဟမ္အသင္းဟာ လာလီဂါကေန အဲဗာတန္အသင္းကို အငွားလာကစားေနတဲ့ ကြင္းလယ္လူ ဂိုးမက္စ္ကို အျပီးသတ္စာခ်ဳပ္ျဖင့္ ေခၚယူႏိုင္ဖုိ႔ ခ်ိန္ရြယ္ေနပါတယ္။ အဲဗာတန္ကလည္း ေခၚယူလိုေပမယ့္ အျပီးသတ္ေခၚယူဖို႔ေတာ့ ေႏွာင့္ေႏွးေနတာပါ။
- နယူးကာဆယ္အသင္းဟာ အသင္းရဲ႕သြင္းဂိုးျပႆနာေတြကို ေျဖရွင္းႏိုင္ဖုိ႔အတြက္ ဂ်ပန္တိုက္စစ္မွဴး Ritsu Doan ကို ေခၚယူလိုေနပါတယ္။
- ခ်န္ပီယံလိဂ္ပြဲအျဖစ္ အိမ္ကြင္းမွာ စီအက္ေကေအကို 3-0 နဲ႔ အေရးနိမ့္တဲ့ပြဲမွာ ရီးရဲမက္ဒရစ္ပရိသတ္ေတြရဲ႕ ေလွာင္ေျပာင္းျခင္းကို ခံခဲ့ရတဲ့ေနာက္ အစၥကိုဟာ မက္ဒရစ္အေျခစိုက္ ကလပ္အသင္းကေန ထြက္ခြာဖို႔ ဆံုးျဖတ္ခဲ့ျပီလို႔ သိရပါတယ္။ အစၥကိုဟာ ခ်ယ္ဆီး၊ အာဆင္နယ္အျပင္ မန္စီးတီးနဲ႔ သတင္းေတြ ထြက္ေနတာပါ။
- ယူႏိုက္တက္ဟာ အသင္းေခါင္းေဆာင္ ဗလန္စီယာကို သက္တမ္းတိုးမွာ မဟုတ္ပဲ ဇန္ဝါရီအေျပာင္းအေရႊ႔မွာ အသင္းက ထြက္ခြာလိုရင္လည္း ထြက္ခြာခြင့္ေပးဖို႔ လမ္းဖြင့္ေပးလိုက္ပါျပီ။
- ေတာ္တင္ဟမ္တိုက္စစ္မွဴး ဟယ္ရီကိန္းဟာ အကုိျဖစ္သူ ခ်ာလီကို သူ႔ရဲ႕ ေဘာလံုးဆိုင္ရာ မန္ေနဂ်ာနဲ႔ ကိုယ္စားလွယ္အျဖစ္ လက္မွတ္ထိုး ခန္႔အပ္လိုက္ပါတယ္။
- ခ်ယ္ဆီးမန္ေနဂ်ာဆာရီက အသင္းေခါင္းေဆာင္ဟာေဟးကို ဇန္နဝါရီမွာ ထြက္ခြာျပီး အာဆင္နယ္နဲ႔ လက္မွတ္ထိုးလိုက လုပ္ႏိုင္ေၾကာင့္ ခြင့္ျပဳေပးလိုက္ပါျပီ။
Sports Home Time

[Unicode]
- မန်ချက်စတာစီးတီးအသင်းဟာ မန်ဒီနေရာမှာ အစားထိုးဖို့ လက်စတာအသင်းမှ ဘယ်အစွန်ခံစစ်သမား ဘန်ချီဝဲလ်အား ပေါင် သန်း 50 နဲ့ ခေါ်ယူဖို့ စိတ်ဝင်စားလာနေပါတယ်။
- လီဗာပူးကနေ အငှားထွက်ကစားနေတဲ့ လူငယ်ကွင်းလယ်လူ အယ်ဂျာရီယာဟာ စကော့ကလပ်မှာ မပျော်ရွှင်ဖြစ်နေပါတယ်။ ယူရိုပါလိဂ်ပွဲမှာတော့ အယ်ဂျာရီယာ ချန်လှပ်ခံခဲ့ရပြီး ဒီရက်ပိုင်းအတွင်း ကစားသမားရဲ့ အနာဂတ်ကို ရိန်းဂျားဘက်က ဆုံးဖြတ်ပေးဖွယ်ရှိပြီး လီဗာပူးကို ပြန်ပို့နိုင်ပါတယ်။
- ယူနိုက်တက်ရဲ့ အပြောင်းအရွှေ့ဆိုင်ရာ လှုပ်ရှားမှုအားနည်းခြင်းကို မော်ရင်ညိုက အတော်လေး ဒေါသထွက်နေတယ်လို့ သိရပါတယ်။ မော်ရင်ညိုက ကလပ်အသင်း ပုံစံကောင်းတွေကို ပြန်ရလာအောင် ကစားသမားသစ်တွေ ခေါ်ယူလိုပြီး ကလပ်အသင်းဘက်ကတော့ မန်နေဂျာကို အသုံးစရိတ်ချပေးဖို့ ယုံကြည်မှုတွေ နည်းပါးနေတာပါ။
- အီတလီဘက်က ဖော်ပြလာတဲ့ သတင်းတွေမှာတော့ ဂျူဗင်တပ်ဟာ ကွင်းလယ်လူဟောင်း ပေါ့ဘာကို ယူရို သန်း 80 နဲ့ ပြန်ခေါ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဆိုပါတယ်။ ယူနိုက်တက်မှာ အထိုင်မကျဖြစ်နေတဲ့ ပေါ့ဘာဟာ အသင်းပြောင်းလိုနေပြီး အသင်းဟောင်း ဂျူဗင်တပ်ထံ ပြန်သွားဖို့ကို စိတ်ဝင်စားနေဆဲဖြစ်ပါတယ်။
- ပေါ်တူဂီကလပ် ဘင်ဖီကာကနေ ပရီးမီးယားလိဂ် ဝုဗ်အသင်းကို အငှားလာကစားနေတဲ့ တိုက်စစ်သမား Raul Jimenez ဟာ အင်္ဂလန်ကလပ်ထံ ပေါင် သန်း 30 နဲ့ အပြီးသတ်ပြောင်းဖို့ရာ လာမယ့် နွေအပြောင်းအရွှေ့ထိ စောင့်ဆိုင်းသွားရမှာဖြစ်ပါတယ်။
- တော်တင်ဟမ်နဲ့ပွဲမတိုင်ခင်မှာ ဘာစီလိုနာတိုက်စစ်သမား ဒမ်ဘီလီဟာ လေ့ကျင့်ချိန်တွေ နောက်ကျခဲ့တဲ့အတွက် အဝတ်လဲခန်းတွင်း အသင်းဖော်တွေကို တောင်းပန်မှု ပြုလုပ်သွားပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ်ထံ ပြောင်းလာမယ့်ကိစ္စတွေက ဖြစ်နိုင်ဖို့ ပိုခဲယဉ်းလာပါပြီ။
- တော်တင်ဟမ်အသင်းဟာ လာလီဂါကနေ အဲဗာတန်အသင်းကို အငှားလာကစားနေတဲ့ ကွင်းလယ်လူ ဂိုးမက်စ်ကို အပြီးသတ်စာချုပ်ဖြင့် ခေါ်ယူနိုင်ဖို့ ချိန်ရွယ်နေပါတယ်။ အဲဗာတန်ကလည်း ခေါ်ယူလိုပေမယ့် အပြီးသတ်ခေါ်ယူဖို့တော့ နှောင့်နှေးနေတာပါ။
- နယူးကာဆယ်အသင်းဟာ အသင်းရဲ့သွင်းဂိုးပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် ဂျပန်တိုက်စစ်မှူး Ritsu Doan ကို ခေါ်ယူလိုနေပါတယ်။
- ချန်ပီယံလိဂ်ပွဲအဖြစ် အိမ်ကွင်းမှာ စီအက်ကေအေကို 3-0 နဲ့ အရေးနိမ့်တဲ့ပွဲမှာ ရီးရဲမက်ဒရစ်ပရိသတ်တွေရဲ့ လှောင်ပြောင်းခြင်းကို ခံခဲ့ရတဲ့နောက် အစ္စကိုဟာ မက်ဒရစ်အခြေစိုက် ကလပ်အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပြီလို့ သိရပါတယ်။ အစ္စကိုဟာ ချယ်ဆီး၊ အာဆင်နယ်အပြင် မန်စီးတီးနဲ့ သတင်းတွေ ထွက်နေတာပါ။
- ယူနိုက်တက်ဟာ အသင်းခေါင်းဆောင် ဗလန်စီယာကို သက်တမ်းတိုးမှာ မဟုတ်ပဲ ဇန်ဝါရီအပြောင်းအရွှေ့မှာ အသင်းက ထွက်ခွာလိုရင်လည်း ထွက်ခွာခွင့်ပေးဖို့ လမ်းဖွင့်ပေးလိုက်ပါပြီ။
- တော်တင်ဟမ်တိုက်စစ်မှူး ဟယ်ရီကိန်းဟာ အကိုဖြစ်သူ ချာလီကို သူ့ရဲ့ ဘောလုံးဆိုင်ရာ မန်နေဂျာနဲ့ ကိုယ်စားလှယ်အဖြစ် လက်မှတ်ထိုး ခန့်အပ်လိုက်ပါတယ်။
- ချယ်ဆီးမန်နေဂျာဆာရီက အသင်းခေါင်းဆောင်ဟာဟေးကို ဇန်နဝါရီမှာ ထွက်ခွာပြီး အာဆင်နယ်နဲ့ လက်မှတ်ထိုးလိုက လုပ်နိုင်ကြောင့် ခွင့်ပြုပေးလိုက်ပါပြီ။
Sports Home Time
