အက္သလက္တီကိုကေန ထြက္ခြာေတာ့မယ့္ ဂရစ္စမန္း ဘယ္အသင္းကို သြားမွာလဲ

အက္သလက္တီကိုအသင္းမွ တိုက္စစ္သမား ဂရစ္စမန္းက ေႏြမွာ မက္ဒရစ္အေျခစိုက္ ကလပ္အသင္းကေန ထြက္ခြာမွာျဖစ္ေၾကာင္း အတည္ျပဳလုိက္ပါျပီ။

အက္သလက္တီကို ဝဘ္ဆိုဒ္ကေန အေၾကာင္းၾကားခဲ့တာက ” အရမ္းကိုေကာင္းတဲ့ ငါးရာသီျဖစ္ခဲ့ပါတယ္။ အရာအားလံုးအတြက္ ေက်းဇူးတင္ပါတယ္။ က်ေန္ာ ႏွလံုးသားထဲ အျမဲရွိေနေတာ့မွာပါ ” လို႔ ႏုတ္ဆက္စကား ဆိုခဲ့တာျဖစ္တယ္။

အသက္ 28 ႏွစ္အရြယ္ တိုက္စစ္သမားဟာ မႏွစ္တုန္းကေတာ့ ဘာစီလိုနာကို ေျပာင္းဖို႔ သတင္းၾကီးခဲ့ပါတယ္။ ဘာစီလိုနာဟာ ျပင္သစ္သား တိုက္စစ္သမားကို ေခၚယူဖို႔ရာ စိတ္ဝင္စားမႈ အရွိဆံုး အသင္းျဖစ္ျပီး သူ႔ရဲ႕ စာခ်ဳပ္ပါ ေျပာင္းေရႊ႔ေၾကး ေပါင္ 108 သန္းကို ေပးဖို႔ ဆႏၵရွိတဲ့ အသင္းလည္းျဖစ္တယ္။

မႏွစ္က ေႏြတုန္းက ဂရစ္စမန္းဟာ နာရီဝက္ၾကာ ဗီဒီရွက္တစ္ခုကို စပိန္တီဗီရုပ္သံ Movistar ကေန ထုတ္လႊင့္ခဲ့ျပီး သူ႔ရဲ႕အနာ၈တ္က ဘာစီလိုနာလား၊ တီကိုလညးဆိုတာကို အေျဖျပန္ဖုိ႔ ေရြးခ်ယ္ခဲ့တာပါ။ ဗီဒီယိုတစ္ခုမွာ သူအသင္းမွာ ဆက္ေနမယ္လို႔ ရိုက္ကူးထားျပီး၊ က်န္တစ္ခုကေတာ့ သူထြက္ခြာမယ္လို႔ ရိုက္ကူးထားခဲ့တယ္။ ေနာက္ဆံုးမွာ ဂရစ္စမန္းက အက္သလက္တီကိုမွာ သူဆက္ေနမယ္ဆိုတဲ့ ဗီဒီယိုကို ခ်ျပခဲ့ပါတယ္။

ေနာက္ထပ္ တစ္လအၾကာမွာေတာ့ ဂရစ္စမန္းဟာ ျပင္သစ္အသင္းနဲ႔ ကမၻာဖလားအႏိုင္ရခဲ့တယ္။ ဗိုလ္လုပြဲမွာ ခရိုေအးရွားဘက္ သြင္းယူခဲ့တဲ့ သြင္းဂိုးအပါအဝင္ သြင္းဂိုး 4 ဂိုးထိ ရခဲ့ပါတယ္။ ဒါေပမယ့္လည္း တီကိုဟာ ဒီရာသီ ခ်န္ပီယံလိဂ္မွာ ဂ်ဴဗင္တပ္ရဲ႕ ေက်ာ္ျဖတ္ျခင္းကို ခံခဲ့ရသလို လာလီဂါမွာလည္း ဒုတိယေနရာကေန ရာသီသိမ္းမွာျဖစ္တယ္။

ဂရစ္စမန္းဟာ 2014 ခုႏွစ္က ရီးရဲလ္ဆိုစီဒက္ကေန တီကို ကို ေျပာင္းလာျပီးေနာက္ ယူရိုပါလိဂ္ဖလားကို အႏုိင္ရထားပါတယ္။ ဘာစီလိုနာကို ေျပာင္းမယ္လို႔ ယူဆေနေပမယ့္ ေႏြမွာ အင္အားျဖည့္ဖို႔ ၾကိဳးစားေနတဲ့ အသင္းေတြထဲမွာ ရီးရဲလ္မက္ဒရစ္၊ ဘိုင္ယန္နဲ႔ ဂ်ဴဗင္တပ္တို႔လည္း ရွိေနေသးတာျဖစ္ပါတယ္။

Sports Home Time

[Unicode] အက်သလက်တီကိုအသင်းမှ တိုက်စစ်သမား ဂရစ်စမန်းက နွေမှာ မက်ဒရစ်အခြေစိုက် ကလပ်အသင်းကနေ ထွက်ခွာမှာဖြစ်ကြောင်း အတည်ပြုလိုက်ပါပြီ။

အက်သလက်တီကို ဝဘ်ဆိုဒ်ကနေ အကြောင်းကြားခဲ့တာက ” အရမ်းကိုကောင်းတဲ့ ငါးရာသီဖြစ်ခဲ့ပါတယ်။ အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်။ ကျနေ်ာ နှလုံးသားထဲ အမြဲရှိနေတော့မှာပါ ” လို့ နုတ်ဆက်စကား ဆိုခဲ့တာဖြစ်တယ်။

အသက် 28 နှစ်အရွယ် တိုက်စစ်သမားဟာ မနှစ်တုန်းကတော့ ဘာစီလိုနာကို ပြောင်းဖို့ သတင်းကြီးခဲ့ပါတယ်။ ဘာစီလိုနာဟာ ပြင်သစ်သား တိုက်စစ်သမားကို ခေါ်ယူဖို့ရာ စိတ်ဝင်စားမှု အရှိဆုံး အသင်းဖြစ်ပြီး သူ့ရဲ့ စာချုပ်ပါ ပြောင်းရွှေ့ကြေး ပေါင် 108 သန်းကို ပေးဖို့ ဆန္ဒရှိတဲ့ အသင်းလည်းဖြစ်တယ်။

မနှစ်က နွေတုန်းက ဂရစ်စမန်းဟာ နာရီဝက်ကြာ ဗီဒီရှက်တစ်ခုကို စပိန်တီဗီရုပ်သံ Movistar ကနေ ထုတ်လွှင့်ခဲ့ပြီး သူ့ရဲ့အနာ၈တ်က ဘာစီလိုနာလား၊ တီကိုလညးဆိုတာကို အဖြေပြန်ဖို့ ရွေးချယ်ခဲ့တာပါ။ ဗီဒီယိုတစ်ခုမှာ သူအသင်းမှာ ဆက်နေမယ်လို့ ရိုက်ကူးထားပြီး၊ ကျန်တစ်ခုကတော့ သူထွက်ခွာမယ်လို့ ရိုက်ကူးထားခဲ့တယ်။ နောက်ဆုံးမှာ ဂရစ်စမန်းက အက်သလက်တီကိုမှာ သူဆက်နေမယ်ဆိုတဲ့ ဗီဒီယိုကို ချပြခဲ့ပါတယ်။

နောက်ထပ် တစ်လအကြာမှာတော့ ဂရစ်စမန်းဟာ ပြင်သစ်အသင်းနဲ့ ကမ္ဘာဖလားအနိုင်ရခဲ့တယ်။ ဗိုလ်လုပွဲမှာ ခရိုအေးရှားဘက် သွင်းယူခဲ့တဲ့ သွင်းဂိုးအပါအဝင် သွင်းဂိုး 4 ဂိုးထိ ရခဲ့ပါတယ်။ ဒါပေမယ့်လည်း တီကိုဟာ ဒီရာသီ ချန်ပီယံလိဂ်မှာ ဂျူဗင်တပ်ရဲ့ ကျော်ဖြတ်ခြင်းကို ခံခဲ့ရသလို လာလီဂါမှာလည်း ဒုတိယနေရာကနေ ရာသီသိမ်းမှာဖြစ်တယ်။

ဂရစ်စမန်းဟာ 2014 ခုနှစ်က ရီးရဲလ်ဆိုစီဒက်ကနေ တီကို ကို ပြောင်းလာပြီးနောက် ယူရိုပါလိဂ်ဖလားကို အနိုင်ရထားပါတယ်။ ဘာစီလိုနာကို ပြောင်းမယ်လို့ ယူဆနေပေမယ့် နွေမှာ အင်အားဖြည့်ဖို့ ကြိုးစားနေတဲ့ အသင်းတွေထဲမှာ ရီးရဲလ်မက်ဒရစ်၊ ဘိုင်ယန်နဲ့ ဂျူဗင်တပ်တို့လည်း ရှိနေသေးတာဖြစ်ပါတယ်။

Sports Home Time