ယူရိုပါလိဂ္ ဗိုလ္လုပြဲအျပီး ခ်ယ္ဆီးကို ႏုတ္ဆက္ထြက္ခြာမယ့္ အီဒင္ဟာဇက္

အီဒင္ဟာဇက္ကေတာ့ သူ႔ရဲ႕ အနာဂတ္အတြက္ ဆံုးျဖတ္ခ်က္ကို ျပဳလုပ္ထားခဲ့ျပီျဖစ္ျပီး ရီးရဲလ္မက္ဒရစ္ အသင္းကို ေျပာင္းေရႊ႔ဖို႔ စိတ္ပိုင္းျဖတ္ခဲ့ပါျပီ။ ဒါေပမယ့္လို႔ ဘယ္ဂ်ီယံကစားသမားဟာ ကလပ္အသင္းကေန ထြက္ခြာမယ့္ သူ႔ရဲ႕ဆံုးျဖတ္ခ်က္ကို ေၾကညာေပးဖို႔ေတာ့ ယူရိုပါလိဂ္ ဗိုလ္လုပြဲကို ေစာင့္ေပးရမွာ ျဖစ္ပါတယ္။

ခ်ယ္ဆီးအသင္း ဘုတ္အဖြဲ႔အား ဟာဇက္က သူ႔ရဲ႕ေနာက္ဆံုး ပရီးမီးယားလိဂ္ပြဲကို ကစားေပးခဲ့ျပီဆိုတာကို အသိေပးထားျပီးပါျပီ။ ကလပ္အသင္းဘက္က ရီးရဲလ္မက္ဒရစ္နဲ႔ အေျပာင္းအေရႊ႔ဆိုင္ရာ ညိႏိႈင္းမႈေတြကို ဆက္လက္ လုပ္ေဆာင္ရမွာျဖစ္ျပီး ေျပာင္းေရႊ႔ေၾကး ေပါင္ သန္း 100 ရရွိဖို႔ ၾကိဳးစားသြားရမွာ ျဖစ္ပါတယ္။ စပိန္ကလပ္ဘက္က ဒီလမကုန္ခင္မွာပဲ သေဘာတူညီမႈကို ရွာေဖြသြားေတာ့မွာပါ။

ခ်ယ္ဆီးဟာ ဒီရာသီအတြက္ ေနာက္ဆံုးေသာပြဲကိုေတာ့ ေမလ 29 ရက္ေန႔ ယူရိုပါလိဂ္ ဗိုလ္လုပြဲအျဖစ္ အာဆင္နယ္နဲ႔ ယွဥ္ျပိဳင္ကစားသြားရမွာျဖစ္ပါတယ္။ အဲ့တာျပီးမွ သူ႔ရဲ႕အနာဂတ္ အစီအစဥ္ေတြကို ထုတ္ေဖာ္ ေၾကညာမႈ ျပဳလုပ္ႏုိင္မွာပါ။ ဒီရာသီအတြက္ အေျခအေနေတြကို ရွင္းလင္းလိုျပီလို႔ ဟာဇက္က ေျပာပါတယ္။

ဟာဇက္က “ ဟုတ္ပါတယ္။ က်ေန္ာ ျဖစ္ခ်င္ခဲ့တယ္။ ဒါေပမယ့္ မျဖစ္ခဲ့ပါဘူး။ ပရိသတ္ေတြနဲ႔ ခင္ဗ်ားတို႔ေတြ ေစာင့္ေမွ်ာ္ေနသလိုပဲ က်ေနာ္လည္း ေစာင့္ေမွ်ာ္ေနဆဲ ျဖစ္ပါတယ္။ က်ေန္ာရဲ႕ ဆံုးျဖတ္ခ်က္ကို ျပဳလုပ္ထားျပီးပါျပီ။ ဒါေပမယ့္ က်ေန္ာနဲ႔ပဲ ဆုိင္တာေတာ့ မဟုတ္ဘူး။ အရင္ႏွစ္ပတ္ေလာက္တည္းက ကလပ္ကို ေျပာထားခဲ့ပါတယ္။ က်ေန္ာတုိ႔ ဗိုလ္လုပြဲ ကစားရမွာျဖစ္ျပီး ၾကည့္ၾကတာေပါ့။

အဲ့တာက အေႏွာက္အယွက္ျဖစ္ေနလား? မျဖစ္ပါဘူး။ ကြင္းထဲမွာ ကစားေနရခ်ိန္မွာေတာ့ ေဘာလံုးနဲ႔ပဲ အထူးအာရံုစိုက္ ကစားပါတယ္။ က်ေန္ာ ကြင္းထဲမွာ ရွိေနခ်ိန္မွာ အစြမ္းကုန္ ေပးဆပ္ကစားပါတယ္။ က်ေန္ာရဲ႕ အေျခအေနနဲ႔ ကလပ္အသင္းရဲ႕ အေျခအေနကို မစဥ္းစားပါဘူး။ ပြဲေတြကို အႏုိင္ရဖို႔ပဲ စဥ္းစားပါတယ္ ” လို႔ ေျပာပါတယ္။

ရာသီကုန္ အဆင္ေလးအတြင္း ဝင္ႏုိင္ခဲ့တာက ဆံုးျဖတ္ခ်က္ေတြကို ေျပာင္းလဲဖို႔ ျဖစ္ေစသလားဆိုတဲ့ ေမးခြန္းကိုေတာ့ ဟာဇက္က “ မျဖစ္ပါဘူး။ အဲ့တာက က်ေန္ာ ဆံုးျဖတ္ခ်က္ကို မျပင္ေစခဲ့ဘူး။ က်ေန္ာကေတာ့ ကိုယ္ဆံုးျဖတ္ရမွာကို ဆံုးျဖတ္ခဲ့ပါတယ္။ ဒါေလာက္ပါပဲ ” လို႔ ျပန္လည္ ေျဖဆိုခဲ့ပါတယ္။

Sports Home Time

[Unicode] အီဒင်ဟာဇက်ကတော့ သူ့ရဲ့ အနာဂတ်အတွက် ဆုံးဖြတ်ချက်ကို ပြုလုပ်ထားခဲ့ပြီဖြစ်ပြီး ရီးရဲလ်မက်ဒရစ် အသင်းကို ပြောင်းရွှေ့ဖို့ စိတ်ပိုင်းဖြတ်ခဲ့ပါပြီ။ ဒါပေမယ့်လို့ ဘယ်ဂျီယံကစားသမားဟာ ကလပ်အသင်းကနေ ထွက်ခွာမယ့် သူ့ရဲ့ဆုံးဖြတ်ချက်ကို ကြေညာပေးဖို့တော့ ယူရိုပါလိဂ် ဗိုလ်လုပွဲကို စောင့်ပေးရမှာ ဖြစ်ပါတယ်။

ချယ်ဆီးအသင်း ဘုတ်အဖွဲ့အား ဟာဇက်က သူ့ရဲ့နောက်ဆုံး ပရီးမီးယားလိဂ်ပွဲကို ကစားပေးခဲ့ပြီဆိုတာကို အသိပေးထားပြီးပါပြီ။ ကလပ်အသင်းဘက်က ရီးရဲလ်မက်ဒရစ်နဲ့ အပြောင်းအရွှေ့ဆိုင်ရာ ညိနှိုင်းမှုတွေကို ဆက်လက် လုပ်ဆောင်ရမှာဖြစ်ပြီး ပြောင်းရွှေ့ကြေး ပေါင် သန်း 100 ရရှိဖို့ ကြိုးစားသွားရမှာ ဖြစ်ပါတယ်။ စပိန်ကလပ်ဘက်က ဒီလမကုန်ခင်မှာပဲ သဘောတူညီမှုကို ရှာဖွေသွားတော့မှာပါ။

ချယ်ဆီးဟာ ဒီရာသီအတွက် နောက်ဆုံးသောပွဲကိုတော့ မေလ 29 ရက်နေ့ ယူရိုပါလိဂ် ဗိုလ်လုပွဲအဖြစ် အာဆင်နယ်နဲ့ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။ အဲ့တာပြီးမှ သူ့ရဲ့အနာဂတ် အစီအစဉ်တွေကို ထုတ်ဖော် ကြေညာမှု ပြုလုပ်နိုင်မှာပါ။ ဒီရာသီအတွက် အခြေအနေတွေကို ရှင်းလင်းလိုပြီလို့ ဟာဇက်က ပြောပါတယ်။

ဟာဇက်က “ ဟုတ်ပါတယ်။ ကျနေ်ာ ဖြစ်ချင်ခဲ့တယ်။ ဒါပေမယ့် မဖြစ်ခဲ့ပါဘူး။ ပရိသတ်တွေနဲ့ ခင်ဗျားတို့တွေ စောင့်မျှော်နေသလိုပဲ ကျနော်လည်း စောင့်မျှော်နေဆဲ ဖြစ်ပါတယ်။ ကျနေ်ာရဲ့ ဆုံးဖြတ်ချက်ကို ပြုလုပ်ထားပြီးပါပြီ။ ဒါပေမယ့် ကျနေ်ာနဲ့ပဲ ဆိုင်တာတော့ မဟုတ်ဘူး။ အရင်နှစ်ပတ်လောက်တည်းက ကလပ်ကို ပြောထားခဲ့ပါတယ်။ ကျနေ်ာတို့ ဗိုလ်လုပွဲ ကစားရမှာဖြစ်ပြီး ကြည့်ကြတာပေါ့။

အဲ့တာက အနှောက်အယှက်ဖြစ်နေလား? မဖြစ်ပါဘူး။ ကွင်းထဲမှာ ကစားနေရချိန်မှာတော့ ဘောလုံးနဲ့ပဲ အထူးအာရုံစိုက် ကစားပါတယ်။ ကျနေ်ာ ကွင်းထဲမှာ ရှိနေချိန်မှာ အစွမ်းကုန် ပေးဆပ်ကစားပါတယ်။ ကျနေ်ာရဲ့ အခြေအနေနဲ့ ကလပ်အသင်းရဲ့ အခြေအနေကို မစဉ်းစားပါဘူး။ ပွဲတွေကို အနိုင်ရဖို့ပဲ စဉ်းစားပါတယ် ” လို့ ပြောပါတယ်။

ရာသီကုန် အဆင်လေးအတွင်း ဝင်နိုင်ခဲ့တာက ဆုံးဖြတ်ချက်တွေကို ပြောင်းလဲဖို့ ဖြစ်စေသလားဆိုတဲ့ မေးခွန်းကိုတော့ ဟာဇက်က “ မဖြစ်ပါဘူး။ အဲ့တာက ကျနေ်ာ ဆုံးဖြတ်ချက်ကို မပြင်စေခဲ့ဘူး။ ကျနေ်ာကတော့ ကိုယ်ဆုံးဖြတ်ရမှာကို ဆုံးဖြတ်ခဲ့ပါတယ်။ ဒါလောက်ပါပဲ ” လို့ ပြန်လည် ဖြေဆိုခဲ့ပါတယ်။

Sports Home Time