ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ပရိသတ္ေတြအတြက္ အစီအစဥ္ၾကီးေတြ လုပ္ေပးေနၾကတဲ့ လီဗာပူးနဲ႔ စပါး

ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲကို တက္ေရာက္ႏုိင္ခဲ့တဲ့ အဂၤလန္အသင္းေတြျဖစ္တဲ့ လီဗာပူးနဲ႔ စပါးတို႔ဟာ ဇြန္လ 1 ရက္ (ျမန္မာစံေတာ္ခ်ိန္ 2 ရက္) မွာ ယွဥ္ျပိဳင္ကစားရမယ့္ ဗိုလ္လုပြဲအတြက္ သက္ဆုိင္ရာ အသင္းပရိသတ္ေတြကို အေကာင္းဆံုး အစီအစဥ္ေတြနဲ႔ ကူညီေပးႏုိင္ဖုိ႔ စတင္ကာ ၾကိဳးစားေနပါျပီ။

ႏွစ္သင္းဟာ ဗိုလ္လုပြဲအတြက္ လက္မွတ္ေစာင္ရည္ 17,000 ေလာက္ ရရွိၾကမွာပါ။ ကလပ္အသင္းေတြက လက္မွတ္ေတြကို စတင္ေရာင္းခ်ေပးေနျပီး ႏွစ္သင္းလံုးဟာ ပရိသတ္ေတြအတြက္ ကလပ္ဝဘ္ဆိုဒ္ေတြကေန လက္မွတ္ 4,000 စီ ေရာင္းခ်ေပးဖို႔လည္း စီစဥ္ေနၾကပါတယ္။

မက္ဒရစ္ျမိဳ႕ေတာ္မွာ ယွဥ္ျပိဳင္မယ့္ ဗိုလ္လုပြဲအတြက္ လီဗာပူးဘက္ကေတာ့ ပရိသတ္ 70,000 ကို ေခၚေဆာင္သြားဖို႔ စီစဥ္ေနပါတယ္။ မႏွစ္က ဗိုလ္လုပြဲတုန္းကလည္း လီဗာပူးပရိသတ္ 40,000 ဟာ ယာဂင္ကေလာ့ပ္နဲ႔ အသင္းသားေတြကို အားေပးဖို႔ ယူကရိန္းကို လိုက္ပါသြားဖူးပါတယ္။ လက္မွတ္ခနဲ႔ ေလယာဥ္ခေတြ ေစ်းအရမ္းတက္ေနေပမယ့္ မာေဆးဆိုဒ္ရဲ႕အဖြဲ႔က လီဗာပူးပရိသတ္ေတြကို လုိက္ပါေစာင့္ေရွာက္ဖို႔ ပါဝင္သြားရမွာပါ။

မက္ဒရစ္ကိုသြားမယ့္ ေလယာဥ္လက္မွတ္ခနဲ႔ ဟိုတယ္ေစ်းႏႈန္းေတြ အရမ္းၾကီးျမင့္ေနတာေၾကာင့္ လီဗာပူးဘက္က အားကစားတာဝန္ခံ Thomas Cook က ေလယာဥ္လက္မွတ္ေတြကို မဲေဖာက္ေပးမႈအျပင္ လုပ္ေပးႏုိင္တာေတြကုိ အေကာင္းဆံုး လုပ္ေဆာင္ေပးေနပါတယ္။ ဒါေပမယ့္လည္း ပရိသတ္အင္အားနဲ႔ ရထားတဲ့ လက္မွတ္ႏႈန္းထားက မမွ်တဘူး ျဖစ္ေနပါတယ္။ လက္မွတ္မရတဲ့ ပရိသတ္ေတြကေတာ့ မက္ဒရစ္ျမိဳ႕က အက္သလက္တီကို ကြင္းျပင္ပမွာ စုရံုးအားေပးၾကဖို႔ ရွိေနျပီး လံုျခံဳေရးအရ အသင္းဘက္ကလည္း အစီအစဥ္ေတြ လုပ္ေပးရေတာ့မွာပါ။

ေတာ္တင္ဟမ္ဘက္ကလည္း လန္ဒန္ကေန မက္ဒရစ္ကိုသြားမယ့္ ေလယာဥ္လမ္းေၾကာင္းေတြကို စီစဥ္ေပးေနျပီး လီဗာပူးနဲ႔ တူညီတဲ့လက္မွတ္ႏႈန္းထားပဲ ရခဲ့တာေၾကာင့္ ေထာင္ေပါင္းမ်ားစြာေသာ ပရိသတ္ေတြ ကြင္းထဲဝင္ခြင့္ရမွာ မဟုတ္ေတာ့ပါဘူး။ အဲ့သည္အတြက္ စပါးဘက္က လန္ဒန္က အိမ္ကြင္းကိုပဲ ဖြင့္လွစ္ျပီး အားေပးႏုိင္ဖုိ႔ အစီအစဥ္တစ္ခု လုပ္လာပါတယ္။

စပါးရဲ႕ ခ်န္ပီယံလိဂ္သမိုင္းမွာ ပထမဆံုးအၾကိမ္အျဖစ္ ဗိုလ္လုပြဲကို တက္ေရာက္လာႏုိင္တာျဖစ္ျပီး ေျမာက္လန္ဒန္အသင္းဟာ ျမိဳ႕ေတာ္ထဲက ေကာင္စီအဖြဲ႔ဝင္ေတြ၊ ရဲအဖြဲ႔ဝင္ေတြနဲ႔အတူ အိမ္ကြင္းဖြင့္ျပီး အားေပးႏုိင္ဖုိ႔ ညိႏိႈင္းစကားေျပာေနရပါတယ္။ အကယ္လို႔ ခြင့္ျပဳခ်က္ရမယ္ဆိုရင္ ပရိသတ္ 62,000 ဆံ့ အိမ္ကြင္းမွာ ဥေရာပမွာ အၾကီးဆံုးေသာ LED စခရင္ေတြနဲ႔အတူ ဗိုလ္လုပြဲကို တုိက္ရိုက္ျပသသြားမွာ ျဖစ္ပါတယ္။

Sports Home Time

[Unicode] ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တဲ့ အင်္ဂလန်အသင်းတွေဖြစ်တဲ့ လီဗာပူးနဲ့ စပါးတို့ဟာ ဇွန်လ 1 ရက် (မြန်မာစံတော်ချိန် 2 ရက်) မှာ ယှဉ်ပြိုင်ကစားရမယ့် ဗိုလ်လုပွဲအတွက် သက်ဆိုင်ရာ အသင်းပရိသတ်တွေကို အကောင်းဆုံး အစီအစဉ်တွေနဲ့ ကူညီပေးနိုင်ဖို့ စတင်ကာ ကြိုးစားနေပါပြီ။

နှစ်သင်းဟာ ဗိုလ်လုပွဲအတွက် လက်မှတ်စောင်ရည် 17,000 လောက် ရရှိကြမှာပါ။ ကလပ်အသင်းတွေက လက်မှတ်တွေကို စတင်ရောင်းချပေးနေပြီး နှစ်သင်းလုံးဟာ ပရိသတ်တွေအတွက် ကလပ်ဝဘ်ဆိုဒ်တွေကနေ လက်မှတ် 4,000 စီ ရောင်းချပေးဖို့လည်း စီစဉ်နေကြပါတယ်။

မက်ဒရစ်မြို့တော်မှာ ယှဉ်ပြိုင်မယ့် ဗိုလ်လုပွဲအတွက် လီဗာပူးဘက်ကတော့ ပရိသတ် 70,000 ကို ခေါ်ဆောင်သွားဖို့ စီစဉ်နေပါတယ်။ မနှစ်က ဗိုလ်လုပွဲတုန်းကလည်း လီဗာပူးပရိသတ် 40,000 ဟာ ယာဂင်ကလော့ပ်နဲ့ အသင်းသားတွေကို အားပေးဖို့ ယူကရိန်းကို လိုက်ပါသွားဖူးပါတယ်။ လက်မှတ်ခနဲ့ လေယာဉ်ခတွေ ဈေးအရမ်းတက်နေပေမယ့် မာဆေးဆိုဒ်ရဲ့အဖွဲ့က လီဗာပူးပရိသတ်တွေကို လိုက်ပါစောင့်ရှောက်ဖို့ ပါဝင်သွားရမှာပါ။

မက်ဒရစ်ကိုသွားမယ့် လေယာဉ်လက်မှတ်ခနဲ့ ဟိုတယ်ဈေးနှုန်းတွေ အရမ်းကြီးမြင့်နေတာကြောင့် လီဗာပူးဘက်က အားကစားတာဝန်ခံ Thomas Cook က လေယာဉ်လက်မှတ်တွေကို မဲဖောက်ပေးမှုအပြင် လုပ်ပေးနိုင်တာတွေကို အကောင်းဆုံး လုပ်ဆောင်ပေးနေပါတယ်။ ဒါပေမယ့်လည်း ပရိသတ်အင်အားနဲ့ ရထားတဲ့ လက်မှတ်နှုန်းထားက မမျှတဘူး ဖြစ်နေပါတယ်။ လက်မှတ်မရတဲ့ ပရိသတ်တွေကတော့ မက်ဒရစ်မြို့က အက်သလက်တီကို ကွင်းပြင်ပမှာ စုရုံးအားပေးကြဖို့ ရှိနေပြီး လုံခြုံရေးအရ အသင်းဘက်ကလည်း အစီအစဉ်တွေ လုပ်ပေးရတော့မှာပါ။

တော်တင်ဟမ်ဘက်ကလည်း လန်ဒန်ကနေ မက်ဒရစ်ကိုသွားမယ့် လေယာဉ်လမ်းကြောင်းတွေကို စီစဉ်ပေးနေပြီး လီဗာပူးနဲ့ တူညီတဲ့လက်မှတ်နှုန်းထားပဲ ရခဲ့တာကြောင့် ထောင်ပေါင်းများစွာသော ပရိသတ်တွေ ကွင်းထဲဝင်ခွင့်ရမှာ မဟုတ်တော့ပါဘူး။ အဲ့သည်အတွက် စပါးဘက်က လန်ဒန်က အိမ်ကွင်းကိုပဲ ဖွင့်လှစ်ပြီး အားပေးနိုင်ဖို့ အစီအစဉ်တစ်ခု လုပ်လာပါတယ်။

စပါးရဲ့ ချန်ပီယံလိဂ်သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ဗိုလ်လုပွဲကို တက်ရောက်လာနိုင်တာဖြစ်ပြီး မြောက်လန်ဒန်အသင်းဟာ မြို့တော်ထဲက ကောင်စီအဖွဲ့ဝင်တွေ၊ ရဲအဖွဲ့ဝင်တွေနဲ့အတူ အိမ်ကွင်းဖွင့်ပြီး အားပေးနိုင်ဖို့ ညိနှိုင်းစကားပြောနေရပါတယ်။ အကယ်လို့ ခွင့်ပြုချက်ရမယ်ဆိုရင် ပရိသတ် 62,000 ဆံ့ အိမ်ကွင်းမှာ ဥရောပမှာ အကြီးဆုံးသော LED စခရင်တွေနဲ့အတူ ဗိုလ်လုပွဲကို တိုက်ရိုက်ပြသသွားမှာ ဖြစ်ပါတယ်။

Sports Home Time