အာဆင္နယ္ ဇန္န၀ါရီမွာ ေခၚယူဖို႔ ပစ္မွတ္ထားလာတဲ့ ခံစစ္မွဴး ၃ ဦး

[Zawgyi] အာဆင္နယ္အသင္းက ဒီတေလာမွာ ခံစစ္သမားေတြ ဒဏ္ရာျပႆနာ အၾကပ္အတည္း ရင္ဆိုင္ေနရပါတယ္။ အမ္မရီ ပြဲတိုင္းလိုလို သံုးေနတဲ့ ေရာ့ဟိုးဒင္းကလည္း မန္ယူနို္က္တက္နဲ႕ ပြဲမွာ ရသြားတဲ့ ဒူးဒဏ္ရာေၾကာင့္ ရာသီကုန္ထိ နားရဖြယ္ ရွိပါတယ္။ ဒဏ္ရာမွ ျပန္လည္သက္သာကာစ ကိုစီရယ္နီနဲ႕ မြန္ရီရယ္လ္ကိုလည္း ပရီးမီးယားလိဂ္ ခရီးရွည္ၾကီးအတြက္ ပံုအပ္ ယံုစားထားလို႔ မရျပန္ပါဘူ။။

လာမယ့္ သီတင္းပတ္ကုန္ ေဆာက္သမ္တန္နဲ႕ပြဲအတြက္ဆိုရင္ မူစတာဖီနဲ႕ ဆိုကေရးတစ္တို႔လည္း ပြဲပယ္ရွိလို႕ မပါ၀င္နိုင္ပါဘူး။ ကုိစီရယ္နီက ယေန႔့ည ကြာရာဘတ္္နဲ႕ ယူရိုပါလိဂ္ပြဲမွာ ပါ၀င္ကစားမယ္ အတည္ျပဳျပီး ျဖစ္လို႔ ေဆာက္သမ္တန္နဲ႕ပြဲ အာဆင္နယ္ ဗဟိုခံစစ္မွာ လစ္ခ်္စတိုင္နာနဲ႕ မြန္ရီရယ္ကို တြဲဖက္ ကစားေစဖြယ္ ရွိပါတယ္။

အမ္မရီနဲ႕ အာဆင္နယ္အေနနဲ႕ လာမယ့္ ဇန္န၀ါရီမွာ ခံစစ္အားျဖည့္ဖို႔ ေစ်းကြက္ထဲ စတင္လႈပ္ရွားေနရျပီျဖစ္ကာ Mirror သတင္းမွာေတာ့ အာဆင္နယ္ ပစ္မွတ္ထားလာတဲ့ ခံစစ္မွဴး ၃ ဦးကို ေဖာ္ျပလာပါတယ္။ ၃ဦးမွာ နွစ္ဦးက ပရီးမီးယားလိဂ္ ျပိဳင္ဘက္အသင္းေတြထံမွ အံ့အားသင့္ဖြယ္ ပါ၀င္ေနတယ္။ မန္ခ်က္စတာ ယူနိုက္တက္မွ အဲရစ္ဘိုင္လီ၊ ခ်ယ္ဆီးမွာ ဂယ္ရီကာေဟးလ္နဲ႕ စပိန္လာလီဂါ ကလပ္ Real Valladolid မွ Fernando Calero တို႔ ျဖစ္ပါတယ္။

စပိန္သား Fernando Calero ကိုေတာ့ စာခ်ဳပ္ပါအတိုင္း ေျပာင္းေရႊ႕ေၾကး ေပါင္ ၁၀ သန္းနဲ႕ ရနုိင္ပါတယ္။ အသက္ ၂၃ နွစ္အရြယ္ အဆိုပါ ခံစစ္မွဴးကပဲ ၃ ေယာက္စာရင္းထဲမွာ ျဖစ္နုိင္ဖြယ္ ေခၚယူနိုင္ဖြယ္ အရွိဆံုးပါ။ ကာေဟးလ္က အသက္ ၃၂ နွစ္ ရွိေနပါျပီ။ ယူနုိက္တက္ အသင္းမွာ မ်က္နွာသာ မရေတာ့တဲ့ အသက္ ၂၄ နွစ္အရြယ္ ဘိုင္လီကို ေစ်းၾကီးေပး ေခၚဖို႔ကလည္း အာဆင္နယ္အတြက္ စြန္႔စားရာ က်ေနမွာပါ။

ေနာက္ဆံုး ျပဳလုပ္ထားတဲ့ သတင္းစာ ရွင္းလင္းပြဲမွာလည္း အမ္မရီက လာမယ့္အေျပာင္းအေရႊ႕မွာ ခံစစ္မွဴး တစ္ေယာက္ ေခၚယူနိုင္ရင္ လက္ရွိျပႆနာေတြအတြက္ ေျပလည္နုိင္လိမ့္မယ္ လို႔ ဆိုထားတာပါ။

“ကုိစီရယ္နီ ျပန္လာနုိင္တာက အသင္းအတြက္ အေရးၾကီးပါတယ္.. ကြန္စတန္တီနို မာဗရိုပါနစ္ ဒဏ္ရာ အေျခအေနကေန သက္သာ တိုးတက္လာတာကိုလည္း ေစာင့္ၾကည့္ေနတယ္။ မြန္ရီရယ္လည္း ဗဟိုခံစစ္မွာ ကစားနုိင္ပါတယ္.. ဒါေပမယ့္ အဲဒီေနရာမွာ အျမဲ ကစားတဲ့သူမ်ိဳး ရွိေနရင္ ပိုေကာင္းတာေပါ့။” လို႔ အမ္မရီက ေျပာၾကားခဲ့ပါတယ္။

ဇန္န၀ါရီမွာ အမ္မရီ ဘယ္လို အကြက္ေရႊ႕မလဲနဲ႕ ဘယ္ကစားသမား ေရာက္လာမလဲက စိတ္၀င္စားဖို႔ ေကာင္းေနပါတယ္။ အာဆင္နယ္ ပရိသတ္ေတြ အေနနဲ႕ ဆိုရင္ေကာ ဘယ္သူ ေရာက္လာေစခ်င္လဲ ေျပာခဲ့ပါဦး။

Sports Home Time

[Unicode] အာဆင်နယ်အသင်းက ဒီတလောမှာ ခံစစ်သမားတွေ ဒဏ်ရာပြဿနာ အကြပ်အတည်း ရင်ဆိုင်နေရပါတယ်။ အမ်မရီ ပွဲတိုင်းလိုလို သုံးနေတဲ့ ရော့ဟိုးဒင်းကလည်း မန်ယူနိုက်တက်နဲ့ ပွဲမှာ ရသွားတဲ့ ဒူးဒဏ်ရာကြောင့် ရာသီကုန်ထိ နားရဖွယ် ရှိပါတယ်။ ဒဏ်ရာမှ ပြန်လည်သက်သာကာစ ကိုစီရယ်နီနဲ့ မွန်ရီရယ်လ်ကိုလည်း ပရီးမီးယားလိဂ် ခရီးရှည်ကြီးအတွက် ပုံအပ် ယုံစားထားလို့ မရပြန်ပါဘူ။။

လာမယ့် သီတင်းပတ်ကုန် ဆောက်သမ်တန်နဲ့ပွဲအတွက်ဆိုရင် မူစတာဖီနဲ့ ဆိုကရေးတစ်တို့လည်း ပွဲပယ်ရှိလို့ မပါဝင်နိုင်ပါဘူး။ ကိုစီရယ်နီက ယနေ့ည ကွာရာဘတ်နဲ့ ယူရိုပါလိဂ်ပွဲမှာ ပါဝင်ကစားမယ် အတည်ပြုပြီး ဖြစ်လို့ ဆောက်သမ်တန်နဲ့ပွဲ အာဆင်နယ် ဗဟိုခံစစ်မှာ လစ်ချ်စတိုင်နာနဲ့ မွန်ရီရယ်ကို တွဲဖက် ကစားစေဖွယ် ရှိပါတယ်။

အမ်မရီနဲ့ အာဆင်နယ်အနေနဲ့ လာမယ့် ဇန်နဝါရီမှာ ခံစစ်အားဖြည့်ဖို့ ဈေးကွက်ထဲ စတင်လှုပ်ရှားနေရပြီဖြစ်ကာ Mirror သတင်းမှာတော့ အာဆင်နယ် ပစ်မှတ်ထားလာတဲ့ ခံစစ်မှူး ၃ ဦးကို ဖော်ပြလာပါတယ်။ ၃ဦးမှာ နှစ်ဦးက ပရီးမီးယားလိဂ် ပြိုင်ဘက်အသင်းတွေထံမှ အံ့အားသင့်ဖွယ် ပါဝင်နေတယ်။ မန်ချက်စတာ ယူနိုက်တက်မှ အဲရစ်ဘိုင်လီ၊ ချယ်ဆီးမှာ ဂယ်ရီကာဟေးလ်နဲ့ စပိန်လာလီဂါ ကလပ် Real Valladolid မှ Fernando Calero တို့ ဖြစ်ပါတယ်။

စပိန်သား Fernando Calero ကိုတော့ စာချုပ်ပါအတိုင်း ပြောင်းရွှေ့ကြေး ပေါင် ၁၀ သန်းနဲ့ ရနိုင်ပါတယ်။ အသက် ၂၃ နှစ်အရွယ် အဆိုပါ ခံစစ်မှူးကပဲ ၃ ယောက်စာရင်းထဲမှာ ဖြစ်နိုင်ဖွယ် ခေါ်ယူနိုင်ဖွယ် အရှိဆုံးပါ။ ကာဟေးလ်က အသက် ၃၂ နှစ် ရှိနေပါပြီ။ ယူနိုက်တက် အသင်းမှာ မျက်နှာသာ မရတော့တဲ့ အသက် ၂၄ နှစ်အရွယ် ဘိုင်လီကို ဈေးကြီးပေး ခေါ်ဖို့ကလည်း အာဆင်နယ်အတွက် စွန့်စားရာ ကျနေမှာပါ။

နောက်ဆုံး ပြုလုပ်ထားတဲ့ သတင်းစာ ရှင်းလင်းပွဲမှာလည်း အမ်မရီက လာမယ့်အပြောင်းအရွှေ့မှာ ခံစစ်မှူး တစ်ယောက် ခေါ်ယူနိုင်ရင် လက်ရှိပြဿနာတွေအတွက် ပြေလည်နိုင်လိမ့်မယ် လို့ ဆိုထားတာပါ။

“ကိုစီရယ်နီ ပြန်လာနိုင်တာက အသင်းအတွက် အရေးကြီးပါတယ်.. ကွန်စတန်တီနို မာဗရိုပါနစ် ဒဏ်ရာ အခြေအနေကနေ သက်သာ တိုးတက်လာတာကိုလည်း စောင့်ကြည့်နေတယ်။ မွန်ရီရယ်လည်း ဗဟိုခံစစ်မှာ ကစားနိုင်ပါတယ်.. ဒါပေမယ့် အဲဒီနေရာမှာ အမြဲ ကစားတဲ့သူမျိုး ရှိနေရင် ပိုကောင်းတာပေါ့။” လို့ အမ်မရီက ပြောကြားခဲ့ပါတယ်။

ဇန်နဝါရီမှာ အမ်မရီ ဘယ်လို အကွက်ရွှေ့မလဲနဲ့ ဘယ်ကစားသမား ရောက်လာမလဲက စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ အာဆင်နယ် ပရိသတ်တွေ အနေနဲ့ ဆိုရင်ကော ဘယ်သူ ရောက်လာစေချင်လဲ ပြောခဲ့ပါဦး။

Sports Home Time