[Zawgyi] ဘာစီလိုနာရဲ႕ ျပိဳင္ဘက္ ရီးရဲလ္မက္ဒရစ္ နည္းျပေဟာင္း ေမာ္ရင္ညိဳကေတာ့ အဂၤါေန႔ည အန္းဖီးက ဘာစီလိုနာရဲ႕ က်ရွံဳးခန္းမွာ ဘာစီလိုနာ အသင္းသားေတြရဲ႕ စိတ္ဓာတ္ပိုင္း ၾကံ႕ခိုင္မႈကို ေမးခြန္းထုတ္လိုက္ျပီး လီဗာပူးအသင္းရဲ႕ အနုိင္ဂိုးက ၄င္းတို႔ အေျခအေနကို အရွင္းဆံုး ျပသတဲ့ ဥပမာပဲလို႔ ေထာက္ျပသြားခဲ့ပါတယ္။

ခ်န္ပီယံလိဂ္ ဆီမီး ဒုတိယအေက်ာ့ ပြဲစဥ္ကို ဘာစီလိုနာက ၃ ဂိုး အသာနဲ႕ စတင္္ခဲ့တာပါ။ ဒါေပမယ့္ လီဗာပူးအသင္းရဲ႕ အံ့အားသင့္ဖြယ္ ထိုးနွက္မႈကို ခံခဲ့ရျပီး အန္းဖီးမွာ ၄-၀ နဲ႕ ရွံဳးနိမ့္ကာ ျပိဳင္ပြဲက ထြက္ခြာခဲ့ရပါတယ္။ ဒီပြဲအျပီးမွာ ေမာ္ရင္ညိဳက ဘာစီလိုနာ အသင္းသားေတြရဲ႕ စိတ္ဓာတ္ပိုင္း က်ဆင္းေနမႈကို လီဗာပူးရဲ႕ စတုတၳေျမာက္ဂိုးမွာ ရွင္းရွင္းၾကီး ျမင္သာေစခဲ့တယ္လို႔ ေျပာဆိုခဲ့တာပါ။
” ဒီဂိုးကို U14 U15 ပြဲေတြ မွာ ေတြ႕ရင္ ‘ဟာ .. ဒီကေလးေတြေတာ့ ကြင္းထဲ လာအိပ္ေနတာပဲ.. ေဘာလံုး ကစားဖို႔ စိတ္ဓာတ္ကို မရွိဘူး။ ပြဲ အေျခခံေတြေတာင္ နားမလည္တဲ့ ကေလးေတြပဲ’ လို႔ ေျပာမိလိမ့္မယ္။ ဒါေပမယ့္ က်ေနာ္တို႔ အခုေျပာေနတာာက ကမၻာ့အေကာင္းဆံုး ကစားသမားေတြ ပါ၀င္ပါတယ္။ ”
” ဒီဂိုးကို ေပးလိုက္ရတာက သူတို႔ စိတ္ဓာတ္ အေျခအေန ဘယ္လို ရွိတယ္ဆိုတာ ျပသလိုက္တာပဲ။ ဒုတိယပိုင္းမွာ က်ေနာ္ေျပာခဲ့ပါတယ္.. လီဗာပူးသာ ဒုတိယဂိုး သြင္းလိုက္ရင္ ပြဲ အေျခအေနက လံုး၀ ေျပာင္းလဲျပီး လိုက္ရ ခက္ခဲသြားမယ္လို႔။ ဘာစီလိုနာမွာ ကမၻာ့အေကာင္းဆံုး ကစားသမား အခ်ိဳ႕ ရွိပါတယ္။ သူတို႔ အေနအထား ေျခစြမ္း အဆင့္နဲ႕ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲ ဆီမီးဖိုင္နယ္ေတြမွာ နွစ္တိုင္း ဘာစီလိုနာ Vs ရီးရဲလ္ မက္ဒရစ္လို႔ ျမင္ေနရမွာပါ။” လို႔ ေမာ္ရင္ညိဳက ေထာက္ျပေျပာဆိုခဲ့ပါတယ္။

လီဗာပူးအသင္းရဲ႕ စတုတၳေျမာက္ဂိုး အနိုင္ဂိုးဟာ လူငယ္ခံစစ္မွဴး ထရန္႔ အလက္ဇႏၵါး အာနိုးက ပါးပါးနပ္နပ္နဲ႕ ျပိဳင္ဘက္ ခံစစ္မွဴးေတြ အဆင္သင့္ မျဖစ္ေသးခင္ ခပ္သြက္သြက္ ကန္တင္ေပးခဲ့တာ ျဖစ္ျပီး အုိရီဂီက အမွားအယြင္းမရွိ ကန္သြင္းခဲ့တာပါ။ ဒီ ဂိုးကပဲ ဘာစီလိုနာကို ခ်န္ပီယံလိဂ္က လက္ျပနႈတ္ဆက္ေစခဲ့ပါတယ္။
ဘာစီလိုနာဟာ ျပီးခဲ့တဲ့ နွစ္ကလည္း ရိုးမားကို ကြာတားဖိုင္နယ္ ပထမအေက်ာ့ အိမ္ကြင္းမွာ ၄-၁ နဲ႕ အသာစီး ရထားျပီးမွ ဒုတိယအေက်ာ့ ရိုးမားကြင္းမွာ ၃-၀ နဲ႕ ရွံဳးကာ ျပိဳင္ပြဲက ထြက္ခြာခဲ့ရပါေသးတယ္။ ဘာစီလိုနာနည္းျပ ဗယ္ဗာဒီ အေနနဲ႕ ပထမအေက်ာ့ ၃ ဂိုး အသာရထားျပီး မွ ဒီလို ျပန္ ရွံဳးရွံဳးေနတာ အတြက္ ရွင္းျပဖို႔ ခက္ခဲလိမ့္မယ္လို႔ ေမာ္ရင္ညိဳက မွတ္ခ်က္ျပဳခဲ့ပါတယ္။
” က်ေနာ့္အတြက္ဆိုရင္ ဒါက ရွင္းျပဖို႔ ေတာ္ေတာ္ၾကီး ခက္ခဲမယ့္ ကိစၥပါ။ က်ေနာ့္အသင္းသာဆို ပထမအေက်ာ့ ၃-၀ နဲ႕ နုိင္ျပီးမွ ဒုေက်ာ့ ၄-၀ နဲ႕ ျပန္ရွံဳးမယ္ ဆိုရင္ က်ေနာ္ ယံုဖုိ႔ေတာင္ ေတာ္ေတာ္ ခက္ေနမွာ။ ဗယ္ဗာဒီ ဒီကိစၥကို ဘယ္လိုရွင္းျပမလဲ က်ေနာ္ ျမင္ခ်င္ပါေသးတယ္။ ဒါေပမယ့္ ေတာ္ေတာ္ေတာ့ ခက္ခဲမွာပါ။” လို႕ ၄င္းက ဆိုပါတယ္။
Sports Home Time

[Unicode] ဘာစီလိုနာရဲ့ ပြိုင်ဘက် ရီးရဲလ်မက်ဒရစ် နည်းပြဟောင်း မော်ရင်ညိုကတော့ အင်္ဂါနေ့ည အန်းဖီးက ဘာစီလိုနာရဲ့ ကျရှုံးခန်းမှာ ဘာစီလိုနာ အသင်းသားတွေရဲ့ စိတ်ဓာတ်ပိုင်း ကြံ့ခိုင်မှုကို မေးခွန်းထုတ်လိုက်ပြီး လီဗာပူးအသင်းရဲ့ အနိုင်ဂိုးက ၎င်းတို့ အခြေအနေကို အရှင်းဆုံး ပြသတဲ့ ဥပမာပဲလို့ ထောက်ပြသွားခဲ့ပါတယ်။
ချန်ပီယံလိဂ် ဆီမီး ဒုတိယအကျော့ ပွဲစဉ်ကို ဘာစီလိုနာက ၃ ဂိုး အသာနဲ့ စတင်ခဲ့တာပါ။ ဒါပေမယ့် လီဗာပူးအသင်းရဲ့ အံ့အားသင့်ဖွယ် ထိုးနှက်မှုကို ခံခဲ့ရပြီး အန်းဖီးမှာ ၄-၀ နဲ့ ရှုံးနိမ့်ကာ ပြိုင်ပွဲက ထွက်ခွာခဲ့ရပါတယ်။ ဒီပွဲအပြီးမှာ မော်ရင်ညိုက ဘာစီလိုနာ အသင်းသားတွေရဲ့ စိတ်ဓာတ်ပိုင်း ကျဆင်းနေမှုကို လီဗာပူးရဲ့ စတုတ္ထမြောက်ဂိုးမှာ ရှင်းရှင်းကြီး မြင်သာစေခဲ့တယ်လို့ ပြောဆိုခဲ့တာပါ။
” ဒီဂိုးကို U14 U15 ပွဲတွေ မှာ တွေ့ရင် ‘ဟာ .. ဒီကလေးတွေတော့ ကွင်းထဲ လာအိပ်နေတာပဲ.. ဘောလုံး ကစားဖို့ စိတ်ဓာတ်ကို မရှိဘူး။ ပွဲ အခြေခံတွေတောင် နားမလည်တဲ့ ကလေးတွေပဲ’ လို့ ပြောမိလိမ့်မယ်။ ဒါပေမယ့် ကျနော်တို့ အခုပြောနေတာာက ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေ ပါဝင်ပါတယ်။ ”
” ဒီဂိုးကို ပေးလိုက်ရတာက သူတို့ စိတ်ဓာတ် အခြေအနေ ဘယ်လို ရှိတယ်ဆိုတာ ပြသလိုက်တာပဲ။ ဒုတိယပိုင်းမှာ ကျနော်ပြောခဲ့ပါတယ်.. လီဗာပူးသာ ဒုတိယဂိုး သွင်းလိုက်ရင် ပွဲ အခြေအနေက လုံး၀ ပြောင်းလဲပြီး လိုက်ရ ခက်ခဲသွားမယ်လို့။ ဘာစီလိုနာမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမား အချို့ ရှိပါတယ်။ သူတို့ အနေအထား ခြေစွမ်း အဆင့်နဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ဆီမီးဖိုင်နယ်တွေမှာ နှစ်တိုင်း ဘာစီလိုနာ Vs ရီးရဲလ် မက်ဒရစ်လို့ မြင်နေရမှာပါ။” လို့ မော်ရင်ညိုက ထောက်ပြပြောဆိုခဲ့ပါတယ်။
လီဗာပူးအသင်းရဲ့ စတုတ္ထမြောက်ဂိုး အနိုင်ဂိုးဟာ လူငယ်ခံစစ်မှူး ထရန့် အလက်ဇန္ဒါး အာနိုးက ပါးပါးနပ်နပ်နဲ့ ပြိုင်ဘက် ခံစစ်မှူးတွေ အဆင်သင့် မဖြစ်သေးခင် ခပ်သွက်သွက် ကန်တင်ပေးခဲ့တာ ဖြစ်ပြီး အိုရီဂီက အမှားအယွင်းမရှိ ကန်သွင်းခဲ့တာပါ။ ဒီ ဂိုးကပဲ ဘာစီလိုနာကို ချန်ပီယံလိဂ်က လက်ပြနှုတ်ဆက်စေခဲ့ပါတယ်။
ဘာစီလိုနာဟာ ပြီးခဲ့တဲ့ နှစ်ကလည်း ရိုးမားကို ကွာတားဖိုင်နယ် ပထမအကျော့ အိမ်ကွင်းမှာ ၄-၁ နဲ့ အသာစီး ရထားပြီးမှ ဒုတိယအကျော့ ရိုးမားကွင်းမှာ ၃-၀ နဲ့ ရှုံးကာ ပြိုင်ပွဲက ထွက်ခွာခဲ့ရပါသေးတယ်။ ဘာစီလိုနာနည်းပြ ဗယ်ဗာဒီ အနေနဲ့ ပထမအကျော့ ၃ ဂိုး အသာရထားပြီး မှ ဒီလို ပြန် ရှုံးရှုံးနေတာ အတွက် ရှင်းပြဖို့ ခက်ခဲလိမ့်မယ်လို့ မော်ရင်ညိုက မှတ်ချက်ပြုခဲ့ပါတယ်။
” ကျနော့်အတွက်ဆိုရင် ဒါက ရှင်းပြဖို့ တော်တော်ကြီး ခက်ခဲမယ့် ကိစ္စပါ။ ကျနော့်အသင်းသာဆို ပထမအကျော့ ၃-၀ နဲ့ နိုင်ပြီးမှ ဒုကျော့ ၄-၀ နဲ့ ပြန်ရှုံးမယ် ဆိုရင် ကျနော် ယုံဖို့တောင် တော်တော် ခက်နေမှာ။ ဗယ်ဗာဒီ ဒီကိစ္စကို ဘယ်လိုရှင်းပြမလဲ ကျနော် မြင်ချင်ပါသေးတယ်။ ဒါပေမယ့် တော်တော်တော့ ခက်ခဲမှာပါ။” လို့ ၎င်းက ဆိုပါတယ်။
Sports Home Time
