Player Ratings | လီဗာပူးရဲ႕ ခမ္းနားတဲ့ Come Back ပြဲမွာ ဘယ္သူေတြ ေတာက္ပျပီး ဘယ္သူေတြ က်ရွံဳွးခဲ့သလဲ

[Zawgyi] အန္းဖီးက စိတ္လႈပ္ရွားစရာေကာင္းတဲ့ည အၿပီးမွာ လီဗာပူးနဲ႔ ဘာစီလိုနာ ကစားသမားေတြရဲ႕ အဆင့္ သတ္မွတ္ခ်က္ Rating ေတြကို ေလ့လာၾကည့္ပါမယ္။ ဘယ္သူက 10/10 ရၿပီး ဘယ္သူေတြ 3/10 ရၾကလဲ?

လီဗာပူး

အဲလစ္ဆန္ – 9

ဘာစီလိုနာကို ဟန႔္တားၿပီး အေရးပါတဲ့ အေဝးဂိုး မေပးရဖို႔ အရမ္းေကာင္းတဲ့ ကာကြယ္မႈေတြ ငါးႀကိမ္ ျပဳလုပ္ခဲ့ကာ clean sheet ရယူႏိူင္ခဲ့ ပါတယ္။

အာႏိူး – 10

အေကာင္းဆုံးကစားသမားပါ။ အသင္းေဖာ္ေတြထက္ ေဘာလုံးထိခ်က္၊ ေပးပို႔မႈ၊ ျဖတ္တင္ေပးပို႔မႈေတြ ပိုမ်ားေအာင္ လုပ္ခဲ့ပါတယ္။ ေထာင့္နား ကေန ႐ုတ္တရက္ ဂိုးေရွ႕ကို တင္ေပးလိုက္တဲ့ေဘာလုံးဟာ လီဗာပူး အတြက္ အႏိုင္ဂိုးကို ျဖစ္ေစခဲ့ပါတယ္။

မာတစ္ – 9

ေလထဲကေဘာလုံးေရာ၊ ေျမျပင္က ေဘာလုံးအတြက္ပါ ျပင္းျပင္းထန္ထန္ ယွဥ္ၿပိဳင္ၿပီး အေကာင္းဆုံး စြမ္းေဆာင္ျပခဲ့ပါတယ္။ မက္ဆီေပၚ ျပစ္ဒဏ္က်ဴးလြန္မႈေၾကာင့္ အဝါကဒ္ တစ္ကဒ္ ရရွိခဲ့ပါေသးတယ္။

ဗန္ဒိုက္ – 8

တန္ုင္ငံတည္းသား ဝစ္ဂ္နယ္ဒယ္က ဂိုးေတြ သြင္းယူခဲ့လို႔ နာမည္ပိုႀကီးခဲ့ေပမယ့္ ဗန္ဒိုက္ကလဲ အေကာင္းဆုံး စြမ္းေဆာင္ခဲ့တာပါပဲ။ ႐ုတ္႐ုတ္သဲသဲ အျဖစ္ဆုံးေနရာမွာ သူက သိသိသာသာ တည္ၿငိမ္သူျဖစ္ပါတယ္။

ေရာဘတ္ဆန္ – 7

ဆြာရက္ဇ္နဲ႔ ခိုက္မိတဲ့ဒဏ္ရာေၾကာင့္ ဒုတိယပိုင္းအစမွာပဲ ကြင္းထဲကေန ထြက္ခြာခဲ့ရပါတယ္။ ဒါေပမယ့္ ပထမပိုင္းမွာလဲ ေတာင္ပံတေလွ်ာက္ မေမာမပန္း ေျပးလႊားခဲ့ကာ အေကာင္းဆုံး ႀကိဳးစားခဲ့ပါတယ္။

ဖာဘင္ညိဳ – 8

အင္အားႀကီးမားတဲ့ ကစားပုံနဲ႔အတူ သူဟာ တျဖည္းျဖည္းနဲ႔ အေကာင္းဆုံး ကြင္းလယ္ခံစစ္ ကစားသမား တစ္ေယာက္ျဖစ္လာပါတယ္။ တစ္ပြဲလုံး အင္အားအျပည့္နဲ႔  စြမ္းေဆာင္ခဲ့သူပါ။

မီလ္နာ – 7

သူဟာ ေဘာလုံးျပန္လုရာမွာ 13 ၾကိမ္ ေအာင္ျမင္ခဲ့ၿပီး ဒါဟာ အသင္းေဖာ္ေတြထဲမွာ အမ်ားဆုံးပါ။ ဒီပြဲႀကီး ပြဲေကာင္းအတြက္ အဓိက ကြင္းလယ္ အင္ဂ်င္လဲ ျဖစ္ပါတယ္။

ဟန္ဒါဆန္ – 8

ဒူးေခါင္း ဒဏ္ရာၿပီးေနာက္ ပထမပိုင္းမွာ သူ႔အခ်ိန္ေတြကုန္ဆုံးၿပီလို႔ ထင္ခဲ့ရပါတယ္။ ဒါေပမယ့္ တစ္သင္းလုံးထက္ သာတဲ့ မဆုတ္မနစ္တဲ့ စြမ္းအင္နဲ႔အတူ ေကာင္းေကာင္းစြမ္းေဆာင္ခဲ့ပါတယ္။

မာေနး – 8

ပထမပိုင္းမွာ ဘာစီလိုနာ ခံစစ္ေလးေယာက္ကို လွ်ာထြက္မတတ္ ဒုကၡေပးခဲ့သူပါ။ ဂိုးေတြမွာ တိုက္႐ိုက္ ပတ္သတ္ျခင္းမရွိေပမယ့္ ကတ္တလန္သားေတြကို အေႏွာင့္အယွက္ေပးဖို႔ တခ်ိန္လုံး ေျပးလႊားေနတာ ျဖစ္ပါတယ္။

ရွာကြီရီ – 6

ပထမပိုင္းမွာ ဆိုးဝါးခဲ့ေပမယ့္ ေနာက္ပိုင္းမွာ ႀကီးက်ယ္တဲ့ စိတ္ဓာတ္ႀကံ့ခိူင္မႈကို ျပသခဲ့ၿပီး ဝစ္ဂ္နယ္ဒန္ရဲ႕ ဒုတိယဂိုးကို ဖန္တီးေပးခဲ့ပါတယ္။

အိုရီဂီ – 9

အေရးပါတဲ့ ႏွစ္ဂိုး သြင္းယူခဲ့သူပါ။ ေနာက္ဆုံးဂိုးမွာဆိုရင္လဲ ေထာင့္ကေန ႐ုတ္တရက္ သူ႔ဆီ ေရာက္လာတဲ့ ေဘာလုံးကို ဂိုးရဲ႕ ဘယ္ေထာင့္ထဲ အမွားအယြင္းမရွိ ကန္သြင္းခဲ့ပါတယ္။ ဖိုင္နယ္မွာ ပြဲထြက္ မပါဝင္ဖို႔ မ်ားေနေပမယ့္ သူ႔ရဲ႕စြမ္းေဆာင္ရည္ကေတာ့ မေမ့ႏိူင္စရာျဖစ္ခဲ့ပါတယ္။

ဝစ္ဂ္နယ္ဒန္ – 9

ေရာဘတ္ဆန္နဲ႔ လူစားလဲခဲ့ၿပီးေနာက္ သူဟာ ကြင္းလယ္မွာ တည္တည္ၿငိမ္ၿငိမ္ စြမ္းေဆာင္ခဲ့ၿပီး ႏွစ္ဂိုးေတာင္ သြင္းယူခဲ့ပါတယ္။ သူ႔ရဲ႕ ေခါင္းတိုက္ဂိုးဟာ ရင္သပ္ရႈေမာဖြယ္ပါ။ သူသာ လူစား မဝင္ခဲ့ရင္ ပြဲရဲ႕အေျဖက တမ်ိဳးျဖစ္သြားႏိုင္ပါတယ္။

ဘာစီလိုနာ

တာစတီဂ်န္ – 4

ေရာဘတ္ဆန္ နဲ႔ ဗန္ဒိုက္တို႔ဆီကေန ေကာင္းမြန္တဲ့ ကာကြယ္မႈႏွစ္ႀကိမ္ျပဳလုပ္ခဲ့ပါတယ္။ဒါေပမယ့္ လီဗာပူး ရခဲ့တဲ့ ေလးဂိုးကိုေတာ့ ဘာမွ မတတ္ႏိူင္ခဲ့ပါဘူး။

ေရာဘတ္တို – 3

မာေနးဆီက ေဘာလုံးကို အေရးပါတဲ့ ဖ်က္ဆီးမႈ ျပဳလုပ္ႏိူင္ခဲ့ေပမယ့္ ပြဲခ်ိန္ အမ်ားစုမွာ သူ႔ရဲ႕ ညာေတာင္ပံ က ဆိုးဆိုးဝါးဝါး ေနရာလြတ္ေနတာ ျဖစ္ပါတယ္။

ပီေကး – 3

လီဗာပူးရဲ႕ ေရွ႕တန္း သုံးေယာက္ကို ဟန႔္တားဖို႔ ႐ုန္းကန္ခဲ့ရၿပီး အလုံးအရင္းနဲ႔ ဝင္လာတဲ့ တိုက္စစ္ကို မထိန္းခ်ဳပ္ႏိူင္ခဲ့ပါဘူး။

လန္းဂလက္ – 3

35 မိနစ္မွာ ပင္နယ္တီ ေပးရလုနီးပါးျဖစ္ခဲ့ၿပီး ဟန္ဒါဆန္ကို မေတာ္တဆ ဒဏ္ရာရေစခဲ့ပါတယ္။

ေဂ်ာ္ဒီအယ္ဘာ – 4

ပထမပိုင္းမွာ ဂိုးရမလို ျဖစ္ခဲ့ေပမယ့္ ခံစစ္ပိုင္းမွာေတာ့ အသင္းကို အနည္းငယ္သာ ကူညီေပးခဲ့ပါတယ္။

ဘတ္စ္ကြက္စ္ – 4

ဖာဘင္ညိဳ အေပၚ ျပစ္ဒဏ္က်ဴးလြန္ခဲ့လို႔ ပထမပိုင္းမွာ အဝါကဒ္ျပသခံခဲ့ရပါတယ္။

ဗီဒယ္ – 3

ေဘာလုံးထိန္းသိမ္းမႈ ေပါ့ေလ်ာ့ခဲ့ၿပီး လီဗာပူး တန္ျပန္တိုက္စစ္ ဆင္ႏိူင္ေစခဲ့တဲ့ မေသခ်ာတဲ့ ေပးပို႔မႈေတြ မ်ားစြာလူပ္ခဲ့ပါတယ္။

ရာကီတစ္ – 4

ဆိုးဝါးတဲ့ ကစားပုံေၾကာင့္ မိနစ္ 80 မွာ လူစားလဲခံခဲ့ရပါတယ္။ 53 မိနစ္မွာ လက္ထိေဘာအတြက္ အဝါကဒ္ ရရွိခဲ့ပါတယ္။

ေကာ္တင္ညိဳ – 5

1-0 ျဖစ္ေနခ်ိန္ 16 မိနစ္မွာ ပြဲအေျခအေနကိုေျပာင္းလဲဖို႔ သူ႔အခြင့္အေရးကို ေကာင္းေကာင္း လုပ္ေဆာင္ ခဲ့သင့္ပါတယ္။ ဒါေပမယ့္ လီဗာပူး ဂိုးသမား အဲလစ္ဆန္ က ေကာင္းေကာင္း ကာကြယ္ျပခဲ့တာပါ။

မက္ဆီ – 5

ၿခိမ္းေျခာက္မႈ အနည္းငယ္သာ ျပဳလုပ္ႏိုင္ခဲ့ေပမယ့္ အဲလစ္ဆန္ရဲ႕ ကာကြယ္မႈေၾကာင့္ သူ႔ႀကိဳးစားမႈက အလကား ျဖစ္ခဲ့ပါတယ္။

ဆြာရက္ဇ္ – 5

ဒုတိယပိုင္းမွာ သူ႔ရဲ႕ အားေပ်ာ့တဲ့ကန္ခ်က္ကို အဲလစ္ဆန္က ေကာင္းေကာင္း ဖမ္းျပႏိူင္ခဲ့ပါတယ္။

ဆီမီဒို – 4

89 မိနစ္မွာ ၿခိမ္းေျခာက္ႏိူင္တဲ့ ျဖတ္တင္ေပးပို႔မႈ လုပ္ခဲ့ေပမယ့္ ဗန္ဒိုက္က ေကာင္းေကာင္း တားဆီးခဲ့ပါတယ္။ 76 မိနစ္မွာ သူလဲ အဝါကဒ္ ျပသခံခဲ့ရပါတယ္။

အာသာ – 3

74 မိနစ္မွာ ဗီဒယ္နဲ႔ လူစားလဲခဲ့ၿပီးေနာက္ ဘရာဇီး ကြင္းလယ္လူဟာ အနည္းငယ္သာ ကူညီ ေပးႏိူင္ခဲ့တာပါ။

Sports Home Time

[Unicode] အန်းဖီးက စိတ်လှုပ်ရှားစရာကောင်းတဲ့ည အပြီးမှာ လီဗာပူးနဲ့ ဘာစီလိုနာ ကစားသမားတွေရဲ့ အဆင့် သတ်မှတ်ချက် Rating တွေကို လေ့လာကြည့်ပါမယ်။ ဘယ်သူက 10/10 ရပြီး ဘယ်သူတွေ 3/10 ရကြလဲ?

လီဗာပူး

အဲလစ်ဆန် – 9

ဘာစီလိုနာကို ဟန့်တားပြီး အရေးပါတဲ့ အဝေးဂိုး မပေးရဖို့ အရမ်းကောင်းတဲ့ ကာကွယ်မှုတွေ ငါးကြိမ် ပြုလုပ်ခဲ့ကာ clean sheet ရယူနိူင်ခဲ့ ပါတယ်။

အာနိူး – 10

အကောင်းဆုံးကစားသမားပါ။ အသင်းဖော်တွေထက် ဘောလုံးထိချက်၊ ပေးပို့မှု၊ ဖြတ်တင်ပေးပို့မှုတွေ ပိုများအောင် လုပ်ခဲ့ပါတယ်။ ထောင့်နား ကနေ ရုတ်တရက် ဂိုးရှေ့ကို တင်ပေးလိုက်တဲ့ဘောလုံးဟာ လီဗာပူး အတွက် အနိုင်ဂိုးကို ဖြစ်စေခဲ့ပါတယ်။

မာတစ် – 9

လေထဲကဘောလုံးရော၊ မြေပြင်က ဘောလုံးအတွက်ပါ ပြင်းပြင်းထန်ထန် ယှဉ်ပြိုင်ပြီး အကောင်းဆုံး စွမ်းဆောင်ပြခဲ့ပါတယ်။ မက်ဆီပေါ် ပြစ်ဒဏ်ကျူးလွန်မှုကြောင့် အဝါကဒ် တစ်ကဒ် ရရှိခဲ့ပါသေးတယ်။

ဗန်ဒိုက် – 8

တန်ုင်ငံတည်းသား ဝစ်ဂ်နယ်ဒယ်က ဂိုးတွေ သွင်းယူခဲ့လို့ နာမည်ပိုကြီးခဲ့ပေမယ့် ဗန်ဒိုက်ကလဲ အကောင်းဆုံး စွမ်းဆောင်ခဲ့တာပါပဲ။ ရုတ်ရုတ်သဲသဲ အဖြစ်ဆုံးနေရာမှာ သူက သိသိသာသာ တည်ငြိမ်သူဖြစ်ပါတယ်။

ရောဘတ်ဆန် – 7

ဆွာရက်ဇ်နဲ့ ခိုက်မိတဲ့ဒဏ်ရာကြောင့် ဒုတိယပိုင်းအစမှာပဲ ကွင်းထဲကနေ ထွက်ခွာခဲ့ရပါတယ်။ ဒါပေမယ့် ပထမပိုင်းမှာလဲ တောင်ပံတလျှောက် မမောမပန်း ပြေးလွှားခဲ့ကာ အကောင်းဆုံး ကြိုးစားခဲ့ပါတယ်။

ဖာဘင်ညို – 8

အင်အားကြီးမားတဲ့ ကစားပုံနဲ့အတူ သူဟာ တဖြည်းဖြည်းနဲ့ အကောင်းဆုံး ကွင်းလယ်ခံစစ် ကစားသမား တစ်ယောက်ဖြစ်လာပါတယ်။ တစ်ပွဲလုံး အင်အားအပြည့်နဲ့ စွမ်းဆောင်ခဲ့သူပါ။

မီလ်နာ – 7

သူဟာ ဘောလုံးပြန်လုရာမှာ 13 ကြိမ် အောင်မြင်ခဲ့ပြီး ဒါဟာ အသင်းဖော်တွေထဲမှာ အများဆုံးပါ။ ဒီပွဲကြီး ပွဲကောင်းအတွက် အဓိက ကွင်းလယ် အင်ဂျင်လဲ ဖြစ်ပါတယ်။

ဟန်ဒါဆန် – 8

ဒူးခေါင်း ဒဏ်ရာပြီးနောက် ပထမပိုင်းမှာ သူ့အချိန်တွေကုန်ဆုံးပြီလို့ ထင်ခဲ့ရပါတယ်။ ဒါပေမယ့် တစ်သင်းလုံးထက် သာတဲ့ မဆုတ်မနစ်တဲ့ စွမ်းအင်နဲ့အတူ ကောင်းကောင်းစွမ်းဆောင်ခဲ့ပါတယ်။

မာနေး – 8

ပထမပိုင်းမှာ ဘာစီလိုနာ ခံစစ်လေးယောက်ကို လျှာထွက်မတတ် ဒုက္ခပေးခဲ့သူပါ။ ဂိုးတွေမှာ တိုက်ရိုက် ပတ်သတ်ခြင်းမရှိပေမယ့် ကတ်တလန်သားတွေကို အနှောင့်အယှက်ပေးဖို့ တချိန်လုံး ပြေးလွှားနေတာ ဖြစ်ပါတယ်။

ရှာကွီရီ – 6

ပထမပိုင်းမှာ ဆိုးဝါးခဲ့ပေမယ့် နောက်ပိုင်းမှာ ကြီးကျယ်တဲ့ စိတ်ဓာတ်ကြံ့ခိူင်မှုကို ပြသခဲ့ပြီး ဝစ်ဂ်နယ်ဒန်ရဲ့ ဒုတိယဂိုးကို ဖန်တီးပေးခဲ့ပါတယ်။

အိုရီဂီ – 9

အရေးပါတဲ့ နှစ်ဂိုး သွင်းယူခဲ့သူပါ။ နောက်ဆုံးဂိုးမှာဆိုရင်လဲ ထောင့်ကနေ ရုတ်တရက် သူ့ဆီ ရောက်လာတဲ့ ဘောလုံးကို ဂိုးရဲ့ ဘယ်ထောင့်ထဲ အမှားအယွင်းမရှိ ကန်သွင်းခဲ့ပါတယ်။ ဖိုင်နယ်မှာ ပွဲထွက် မပါဝင်ဖို့ များနေပေမယ့် သူ့ရဲ့စွမ်းဆောင်ရည်ကတော့ မမေ့နိူင်စရာဖြစ်ခဲ့ပါတယ်။

ဝစ်ဂ်နယ်ဒန် – 9

ရောဘတ်ဆန်နဲ့ လူစားလဲခဲ့ပြီးနောက် သူဟာ ကွင်းလယ်မှာ တည်တည်ငြိမ်ငြိမ် စွမ်းဆောင်ခဲ့ပြီး နှစ်ဂိုးတောင် သွင်းယူခဲ့ပါတယ်။ သူ့ရဲ့ ခေါင်းတိုက်ဂိုးဟာ ရင်သပ်ရှုမောဖွယ်ပါ။ သူသာ လူစား မဝင်ခဲ့ရင် ပွဲရဲ့အဖြေက တမျိုးဖြစ်သွားနိုင်ပါတယ်။

ဘာစီလိုနာ

တာစတီဂျန် – 4

ရောဘတ်ဆန် နဲ့ ဗန်ဒိုက်တို့ဆီကနေ ကောင်းမွန်တဲ့ ကာကွယ်မှုနှစ်ကြိမ်ပြုလုပ်ခဲ့ပါတယ်။ဒါပေမယ့် လီဗာပူး ရခဲ့တဲ့ လေးဂိုးကိုတော့ ဘာမှ မတတ်နိူင်ခဲ့ပါဘူး။

ရောဘတ်တို – 3

မာနေးဆီက ဘောလုံးကို အရေးပါတဲ့ ဖျက်ဆီးမှု ပြုလုပ်နိူင်ခဲ့ပေမယ့် ပွဲချိန် အများစုမှာ သူ့ရဲ့ ညာတောင်ပံ က ဆိုးဆိုးဝါးဝါး နေရာလွတ်နေတာ ဖြစ်ပါတယ်။

ပီကေး – 3

လီဗာပူးရဲ့ ရှေ့တန်း သုံးယောက်ကို ဟန့်တားဖို့ ရုန်းကန်ခဲ့ရပြီး အလုံးအရင်းနဲ့ ဝင်လာတဲ့ တိုက်စစ်ကို မထိန်းချုပ်နိူင်ခဲ့ပါဘူး။

လန်းဂလက် – 3

35 မိနစ်မှာ ပင်နယ်တီ ပေးရလုနီးပါးဖြစ်ခဲ့ပြီး ဟန်ဒါဆန်ကို မတော်တဆ ဒဏ်ရာရစေခဲ့ပါတယ်။

ဂျော်ဒီအယ်ဘာ – 4

ပထမပိုင်းမှာ ဂိုးရမလို ဖြစ်ခဲ့ပေမယ့် ခံစစ်ပိုင်းမှာတော့ အသင်းကို အနည်းငယ်သာ ကူညီပေးခဲ့ပါတယ်။

ဘတ်စ်ကွက်စ် – 4

ဖာဘင်ညို အပေါ် ပြစ်ဒဏ်ကျူးလွန်ခဲ့လို့ ပထမပိုင်းမှာ အဝါကဒ်ပြသခံခဲ့ရပါတယ်။

ဗီဒယ် – 3

ဘောလုံးထိန်းသိမ်းမှု ပေါ့လျော့ခဲ့ပြီး လီဗာပူး တန်ပြန်တိုက်စစ် ဆင်နိူင်စေခဲ့တဲ့ မသေချာတဲ့ ပေးပို့မှုတွေ များစွာလူပ်ခဲ့ပါတယ်။

ရာကီတစ် – 4

ဆိုးဝါးတဲ့ ကစားပုံကြောင့် မိနစ် 80 မှာ လူစားလဲခံခဲ့ရပါတယ်။ 53 မိနစ်မှာ လက်ထိဘောအတွက် အဝါကဒ် ရရှိခဲ့ပါတယ်။

ကော်တင်ညို – 5

1-0 ဖြစ်နေချိန် 16 မိနစ်မှာ ပွဲအခြေအနေကိုပြောင်းလဲဖို့ သူ့အခွင့်အရေးကို ကောင်းကောင်း လုပ်ဆောင် ခဲ့သင့်ပါတယ်။ ဒါပေမယ့် လီဗာပူး ဂိုးသမား အဲလစ်ဆန် က ကောင်းကောင်း ကာကွယ်ပြခဲ့တာပါ။

မက်ဆီ – 5

ခြိမ်းခြောက်မှု အနည်းငယ်သာ ပြုလုပ်နိုင်ခဲ့ပေမယ့် အဲလစ်ဆန်ရဲ့ ကာကွယ်မှုကြောင့် သူ့ကြိုးစားမှုက အလကား ဖြစ်ခဲ့ပါတယ်။

ဆွာရက်ဇ် – 5

ဒုတိယပိုင်းမှာ သူ့ရဲ့ အားပျော့တဲ့ကန်ချက်ကို အဲလစ်ဆန်က ကောင်းကောင်း ဖမ်းပြနိူင်ခဲ့ပါတယ်။

ဆီမီဒို – 4

89 မိနစ်မှာ ခြိမ်းခြောက်နိူင်တဲ့ ဖြတ်တင်ပေးပို့မှု လုပ်ခဲ့ပေမယ့် ဗန်ဒိုက်က ကောင်းကောင်း တားဆီးခဲ့ပါတယ်။ 76 မိနစ်မှာ သူလဲ အဝါကဒ် ပြသခံခဲ့ရပါတယ်။

အာသာ – 3

74 မိနစ်မှာ ဗီဒယ်နဲ့ လူစားလဲခဲ့ပြီးနောက် ဘရာဇီး ကွင်းလယ်လူဟာ အနည်းငယ်သာ ကူညီ ပေးနိူင်ခဲ့တာပါ။

Sports Home Time