အန္ဖီးမွာ ဘာစီလိုနာကို အႏုိင္ယူျပီး မယံုႏုိင္စရာ အလွည့္အေျပာင္းျဖစ္ေစဖို႔ ထရန္႔ စိတ္ပိုင္းျဖတ္

ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ ပထမအေက်ာ့မွာ ဘာစီလိုနာက လီဗာပူးကို 3-0 နဲ႔ အႏုိင္ရထားျပီး ဒုတိယအေက်ာ့အျဖစ္ အန္ဖီးကြင္းမွာ လာေရာက္ ယွဥ္ျပိဳင္ျပီျဖစ္ပါတယ္။ ဒီပြဲမွာေတာ့ လီဗာပူးဘက္က တုိက္စစ္သမားေတြျဖစ္တဲ့ ဆာလက္နဲ႔ ဖာမင္ႏိုတို႔ မပါႏုိင္ပါဘူး။

ေရပန္းစားမႈအရ ဘာစီလိုနာက ဗိုလ္လုပြဲကို တက္ေရာက္မယ္လို႔ အေလးသာေနေပမယ့္ မာေဆးဆိုဒ္ဖြား လီဗာပူးသားေလး ထရန္႔ကေတာ့ သူ႔ရဲ႕ကစားသမားဘဝ အေကာင္းဆံုးပြဲအျဖစ္ ဘာစီလိုနာကို ယွဥ္ျပိဳင္ျပီး အံ့မခန္းတဲ့ အလွည့္အေျပာင္းကို ျဖစ္လာေစဖို႔ စိတ္ပိုင္းျဖတ္ထားေၾကာင္း ေျပာဆုိလာခဲ့ပါတယ္။

ကစားသမားဘဝ အေရးပါဆံုး သီတင္းပတ္ ျဖစ္လာမလားဆိုတဲ့ ေမးခြန္းကို ထရန္႔က ေျပာရာမွာ “ ေသခ်ာတာေပါ့။ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို ေရာက္ဖုိ႔နဲ႔ ပရီးမီးယားလိဂ္ ေနာက္ဆံုးအပတ္ကို ကစားရဖို႔ အခြင့္အေရးရလာျပီး ျပိဳင္ပြဲလမ္းေၾကာင္းမွာ ရွိေနေသးတယ္ဆိုရင္ ဒီအပတ္က တကယ္ကို ၾကီးက်ယ္တဲ့ သီတင္းပတ္ပါပဲ။

ဒီလိုအသင္းအတြက္ အစိတ္အပိုင္း အေနနဲ႔ ပါဝင္ခြင့္ရတာကို ဂုဏ္ယူပါတယ္။ ဘာေတြပဲျဖစ္လာပါေစ က်န္ေနေသးတဲ့ ႏွစ္ပြဲကို က်ေန္ာတုိ႔ အေကာင္းဆံုး ယွဥ္ျပိဳင္ပါမယ္။ လာမယ့္ ရာသီေတြမွာ အသင္းကို တြန္းအားျဖစ္ေစဖို႔ က်ေန္ာတို႔ ဘာေတြရမလဲ ၾကည့္ရမွာေပါ့။ က်ေန္ာတို႔အတြက္ အၾကီးက်ယ္ဆံုး သီတင္းပတ္ပဲ ျဖစ္ပါတယ္။ ဒီလို ယွဥ္ျပိဳင္မႈနဲ႔ ဒီလိုကလပ္အသင္းမွာ လူတိုင္း ပါဝင္ခ်င္မွာပါပဲ။

ဒီအဆင့္က ကလပ္အသင္း ေဘာလံုးရာသီတုိင္း ေရာက္ေနသင့္တဲ့ ေနရာျဖစ္ျပီး အခ်ိန္အၾကာၾကီး ရွိခဲ့တဲ့ ေနရာမွန္ကို ျပန္ေရာက္လာတာက ေကာင္းပါတယ္။ အသင္းအေနနဲ႔ ျဖစ္ႏုိင္သေလာက္ ေအာင္ျမင္တာကို လိုခ်င္ပါတယ္။ ပရီးမီးယားလိဂ္ ေအာင္ျမင္ဖို႔ အခြင့္အေရးက က်ေန္ာတုိ႔ လက္ထဲမွာ မရွိေတာ့ဘူးဆိုတာ နားလည္ပါတယ္။ ဒါေပမယ့္ ခ်န္ပီယံလိဂ္ကေတာ့ ေမွ်ာ္လင့္ခ်က္ ေသးေသးေလး ရွိေနဆဲပါ။ အဲ့သည္ေမွ်ာ္လင့္ခ်က္အတြက္ အဆံုးထိေအာင္ ယွဥ္ျပိဳင္သြားရပါမယ္ ” လို႔ျဖစ္တယ္။

အန္ဖီးမွာ ယွဥ္ျပိဳင္ကစားမယ့္ ခ်န္ပီယံလိဂ္ပြဲကို ကစားသမား အေနနဲ႔ေကာ အသင္းပရိသတ္ အေနနဲ႔ပါ ပါဝင္ထားတဲ့ အေတြ႔အၾကံဳေတြအရ ထရန္႔ကေတာ့ အန္ဖီးဟာ မျဖစ္ႏုိင္တာေတြကို ျဖစ္လာေစဖို႔ရာ ေနရာေကာင္းအျဖစ္ ယံုၾကည္ပါတယ္။ ဒီအတြက္ အသင္းအားေပးသူေတြက အဓိက က်ပါေၾကာင္း မာေဆးဆိုဒ္သားက ဆိုပါတယ္။

ထရန္႔က “ မယံုႏုိင္ေလာက္တဲ့ ခ်န္ပီယံည သမုိင္းေၾကာင္းေတြ၊ ရလဒ္ေတြျဖစ္ေပၚထားခဲ့လို႔ လူေတြ အထင္မေသးရဲတဲ့ ေဘာလံုးကြငး္ေတြရွိပါတယ္။ အန္ဖီးက အဲ့သည္ထဲက တစ္ကြင္းပါ။ ဒီေတာ့ အသင္းပရိသတ္ေတြက ဘာမဆို ျဖစ္လာႏုိင္တဲ့ဆိုတဲ့ ယံုၾကည္ခ်က္နဲ႔ က်ေန္ာတုိ႔ေနာက္မွာ ရွိေပးမယ္ဆိုရင္ အေျပာင္းအလဲၾကီးေတြကို က်ေန္ာတုိ႔ လုပ္ႏုိင္ပါမယ္။

ဒီပြဲက ခက္ခဲမယ္ဆိုတာ က်ေန္ာတုိ႔ သိပါတယ္။ တကယ္ကို ယွဥ္ျပိဳင္ရခက္ခဲမယ့္ တိုက္ပြဲဆိုတာလည္း သိတယ္။ ဒါေပမယ့္လို႔ မယံုႏုိင္စရာေတြ ျဖစ္လာႏုိင္ခဲ့တယ္ဆိုရင္။ အဲ့တာက အန္ဖီးမွာပဲ ျဖစ္ပါလိမ့္မယ္ ” လို႔ ၾကံဳးဝါးသြားခဲ့ပါတယ္။

Sports Home Time

[Unicode] ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့မှာ ဘာစီလိုနာက လီဗာပူးကို 3-0 နဲ့ အနိုင်ရထားပြီး ဒုတိယအကျော့အဖြစ် အန်ဖီးကွင်းမှာ လာရောက် ယှဉ်ပြိုင်ပြီဖြစ်ပါတယ်။ ဒီပွဲမှာတော့ လီဗာပူးဘက်က တိုက်စစ်သမားတွေဖြစ်တဲ့ ဆာလက်နဲ့ ဖာမင်နိုတို့ မပါနိုင်ပါဘူး။

ရေပန်းစားမှုအရ ဘာစီလိုနာက ဗိုလ်လုပွဲကို တက်ရောက်မယ်လို့ အလေးသာနေပေမယ့် မာဆေးဆိုဒ်ဖွား လီဗာပူးသားလေး ထရန့်ကတော့ သူ့ရဲ့ကစားသမားဘဝ အကောင်းဆုံးပွဲအဖြစ် ဘာစီလိုနာကို ယှဉ်ပြိုင်ပြီး အံ့မခန်းတဲ့ အလှည့်အပြောင်းကို ဖြစ်လာစေဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ပြောဆိုလာခဲ့ပါတယ်။

ကစားသမားဘဝ အရေးပါဆုံး သီတင်းပတ် ဖြစ်လာမလားဆိုတဲ့ မေးခွန်းကို ထရန့်က ပြောရာမှာ “ သေချာတာပေါ့။ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ရောက်ဖို့နဲ့ ပရီးမီးယားလိဂ် နောက်ဆုံးအပတ်ကို ကစားရဖို့ အခွင့်အရေးရလာပြီး ပြိုင်ပွဲလမ်းကြောင်းမှာ ရှိနေသေးတယ်ဆိုရင် ဒီအပတ်က တကယ်ကို ကြီးကျယ်တဲ့ သီတင်းပတ်ပါပဲ။

ဒီလိုအသင်းအတွက် အစိတ်အပိုင်း အနေနဲ့ ပါဝင်ခွင့်ရတာကို ဂုဏ်ယူပါတယ်။ ဘာတွေပဲဖြစ်လာပါစေ ကျန်နေသေးတဲ့ နှစ်ပွဲကို ကျနေ်ာတို့ အကောင်းဆုံး ယှဉ်ပြိုင်ပါမယ်။ လာမယ့် ရာသီတွေမှာ အသင်းကို တွန်းအားဖြစ်စေဖို့ ကျနေ်ာတို့ ဘာတွေရမလဲ ကြည့်ရမှာပေါ့။ ကျနေ်ာတို့အတွက် အကြီးကျယ်ဆုံး သီတင်းပတ်ပဲ ဖြစ်ပါတယ်။ ဒီလို ယှဉ်ပြိုင်မှုနဲ့ ဒီလိုကလပ်အသင်းမှာ လူတိုင်း ပါဝင်ချင်မှာပါပဲ။

ဒီအဆင့်က ကလပ်အသင်း ဘောလုံးရာသီတိုင်း ရောက်နေသင့်တဲ့ နေရာဖြစ်ပြီး အချိန်အကြာကြီး ရှိခဲ့တဲ့ နေရာမှန်ကို ပြန်ရောက်လာတာက ကောင်းပါတယ်။ အသင်းအနေနဲ့ ဖြစ်နိုင်သလောက် အောင်မြင်တာကို လိုချင်ပါတယ်။ ပရီးမီးယားလိဂ် အောင်မြင်ဖို့ အခွင့်အရေးက ကျနေ်ာတို့ လက်ထဲမှာ မရှိတော့ဘူးဆိုတာ နားလည်ပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ်ကတော့ မျှော်လင့်ချက် သေးသေးလေး ရှိနေဆဲပါ။ အဲ့သည်မျှော်လင့်ချက်အတွက် အဆုံးထိအောင် ယှဉ်ပြိုင်သွားရပါမယ် ” လို့ဖြစ်တယ်။

အန်ဖီးမှာ ယှဉ်ပြိုင်ကစားမယ့် ချန်ပီယံလိဂ်ပွဲကို ကစားသမား အနေနဲ့ကော အသင်းပရိသတ် အနေနဲ့ပါ ပါဝင်ထားတဲ့ အတွေ့အကြုံတွေအရ ထရန့်ကတော့ အန်ဖီးဟာ မဖြစ်နိုင်တာတွေကို ဖြစ်လာစေဖို့ရာ နေရာကောင်းအဖြစ် ယုံကြည်ပါတယ်။ ဒီအတွက် အသင်းအားပေးသူတွေက အဓိက ကျပါကြောင်း မာဆေးဆိုဒ်သားက ဆိုပါတယ်။

ထရန့်က “ မယုံနိုင်လောက်တဲ့ ချန်ပီယံည သမိုင်းကြောင်းတွေ၊ ရလဒ်တွေဖြစ်ပေါ်ထားခဲ့လို့ လူတွေ အထင်မသေးရဲတဲ့ ဘောလုံးကွင်းတွေရှိပါတယ်။ အန်ဖီးက အဲ့သည်ထဲက တစ်ကွင်းပါ။ ဒီတော့ အသင်းပရိသတ်တွေက ဘာမဆို ဖြစ်လာနိုင်တဲ့ဆိုတဲ့ ယုံကြည်ချက်နဲ့ ကျနေ်ာတို့နောက်မှာ ရှိပေးမယ်ဆိုရင် အပြောင်းအလဲကြီးတွေကို ကျနေ်ာတို့ လုပ်နိုင်ပါမယ်။

ဒီပွဲက ခက်ခဲမယ်ဆိုတာ ကျနေ်ာတို့ သိပါတယ်။ တကယ်ကို ယှဉ်ပြိုင်ရခက်ခဲမယ့် တိုက်ပွဲဆိုတာလည်း သိတယ်။ ဒါပေမယ့်လို့ မယုံနိုင်စရာတွေ ဖြစ်လာနိုင်ခဲ့တယ်ဆိုရင်။ အဲ့တာက အန်ဖီးမှာပဲ ဖြစ်ပါလိမ့်မယ် ” လို့ ကြုံးဝါးသွားခဲ့ပါတယ်။

Sports Home Time