အန္ဖီးကို ျပန္လာျပီလို႔ လီဗာပူးပရိသတ္ေတြအား အေၾကာင္းၾကားလိုက္တဲ့ လူးဝစ္ဆြာရက္စ္

လီဗာပူးတိုက္စစ္မွဴး လူးဝစ္ဆြာရက္စ္က အန္ဖီးကြင္းပံုနဲ႔အတူ ခ်န္ပီယံလိဂ္ပြဲ ကစားဖို႔ အသင္းေဟာင္းထံ ျပန္လာျပီျဖစ္ေၾကာင္း အေၾကာင္းၾကားမႈကို ျပဳလုပ္လာခဲ့ပါတယ္။

အန္ဖီးကြင္းကို အျမင့္ကေန ျမင္ေနရတဲ့ ပံုနဲ႔အတူ ဆြာရက္စ္က သူ႔ရဲ႕ အင္စတာဂရမ္ကေန ေဖာ္ျပခဲ့မႈလည္းျဖစ္တယ္။ ဂၽြန္လန္ႏြန္ေလဆိပ္ကို ေရာက္လာခဲ့ျပီျဖစ္တဲ့ ဘာစီလိုနာအသင္းဟာ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ ဒုတိယအေက်ာ့အျဖစ္ မနက္ျဖန္မွာေတာ့ အန္ဖီးကြင္းမွာ ယွဥ္ျပိဳင္ကစားရမွာျဖစ္ပါတယ္။

လူးဝစ္ဆြာရက္စ္က အန္ဖီးကြင္းပံုနဲ႔အတူ ‘ အန္ဖီးကြင္းကို ထပ္ျမင္ရဖို႔ အရမ္းကို စိတ္လႈပ္ရွားေနျပီ ‘ ဆိုတဲ့ စာသားကို အင္စတာဂရမ္ကေန ေဖာ္ျပခဲ့တာလည္းျဖစ္တယ္။ ဆြာရက္စ္က လီဗာပူးကစားသမားဘဝအျဖစ္ သံုးရာသီခြဲၾကာ မာေဆးဆိုဒ္မွာ ကစားခဲ့သူလည္းျဖစ္ပါတယ္။

အရင္အပတ္တုန္းက ႏ်ဴးကမ့္မွာ ယွဥ္ျပိဳင္ကစားတဲ့ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ပြဲမွာ ဆြာရက္စ္ဟာ အသင္းေဟာင္းနဲ႔ ျပန္လည္ရင္ဆုိင္ျပီး အဖြင့္ဂိုး သြင္းယူခဲ့ပါေသးတယ္။ အဲ့သည္ပြဲမွာ ဆြာရက္စ္ဟာ လီဗာပူးဘက္ကို သြင္းယူတဲ့ဂိုးအတြက္ ေအာင္ပြဲခံခဲ့သလို လီဗာပူးအသင္းသား ေရာ္ဘတ္ဆန္နဲ႔လည္း ထိပ္တိုက္ေတြ႔မႈေတြ ရွိထားခဲ့ေသးတာပါ။

အန္ဖီးဂႏၱဝင္ၾကီး ကာေရဂါက အသင္းေဖာ္ေဟာင္းျဖစ္ခဲ့တဲ့ ဆြာရက္စ္ကို အန္ဖီးကြင္းကို ျပန္လာရခ်ိန္မွာ ရင္ဆိုင္ရမယ့္ အေနအထားအေပၚ သတိေပးမႈ လုပ္ထားပါတယ္။ ႏ်ဴးကပ္ကြင္းမွာ ဘာစီလိုနာကစားသမားအျဖစ္ လီဗာပူးအသင္းသားေတြကို ခပ္ၾကမ္းၾကမ္း ကစားခဲ့တဲ့ ဆြာရက္စ္က အန္ဖီးရဲ႕ စိန္ေခၚမႈေတြကို ရင္ဆိုင္ရလိမ့္မယ္လို႔ ကာေရဂါက သူ႔အျမင္ကို ဖြင့္ဟထားခဲ့တယ္။

ဆြာရက္စ္ဟာ ေနာက္ထပ္ ဘာစီလိုနာ ကစားသမား ေကာ္တင္ညိဳနဲ႔အတူ အသင္းေဟာင္းကို အန္ဖီးကြင္းမွာ ျပန္လည္ရင္ဆိုင္ရခ်ိန္မွာ လီဗာပူးဘက္မွာေတာ့ အဓိက ကစားသမားေတြျဖစ္တဲ့ ဖာမင္ႏိုနဲ႔ ဆာလက္တို႔ ဒဏ္ရာေတြေၾကာင့္ ပါဝင္ႏုိင္မွာ မဟုတ္ပါဘူး။

မန္ေနဂ်ာ ယာဂင္ကေလာ့ပ္ကေတာ့ အေကာင္းဆံုး ၾကိဳးစားၾကဖို႔နဲ႔ ဖိုင္နယ္ကို မတက္ႏုိင္ရင္ေတာင္ ဘာစီလိုနာကို အေကာင္းဆံုး တုန္႔ျပန္ဖုိ႔ အသင္းေဖာ္ေတြကို တုိက္တြန္းထားပါတယ္။

Sports Home Time

[Unicode] လီဗာပူးတိုက်စစ်မှူး လူးဝစ်ဆွာရက်စ်က အန်ဖီးကွင်းပုံနဲ့အတူ ချန်ပီယံလိဂ်ပွဲ ကစားဖို့ အသင်းဟောင်းထံ ပြန်လာပြီဖြစ်ကြောင်း အကြောင်းကြားမှုကို ပြုလုပ်လာခဲ့ပါတယ်။

အန်ဖီးကွင်းကို အမြင့်ကနေ မြင်နေရတဲ့ ပုံနဲ့အတူ ဆွာရက်စ်က သူ့ရဲ့ အင်စတာဂရမ်ကနေ ဖော်ပြခဲ့မှုလည်းဖြစ်တယ်။ ဂျွန်လန်နွန်လေဆိပ်ကို ရောက်လာခဲ့ပြီဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့အဖြစ် မနက်ဖြန်မှာတော့ အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

လူးဝစ်ဆွာရက်စ်က အန်ဖီးကွင်းပုံနဲ့အတူ ‘ အန်ဖီးကွင်းကို ထပ်မြင်ရဖို့ အရမ်းကို စိတ်လှုပ်ရှားနေပြီ ‘ ဆိုတဲ့ စာသားကို အင်စတာဂရမ်ကနေ ဖော်ပြခဲ့တာလည်းဖြစ်တယ်။ ဆွာရက်စ်က လီဗာပူးကစားသမားဘဝအဖြစ် သုံးရာသီခွဲကြာ မာဆေးဆိုဒ်မှာ ကစားခဲ့သူလည်းဖြစ်ပါတယ်။

အရင်အပတ်တုန်းက နျူးကမ့်မှာ ယှဉ်ပြိုင်ကစားတဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲမှာ ဆွာရက်စ်ဟာ အသင်းဟောင်းနဲ့ ပြန်လည်ရင်ဆိုင်ပြီး အဖွင့်ဂိုး သွင်းယူခဲ့ပါသေးတယ်။ အဲ့သည်ပွဲမှာ ဆွာရက်စ်ဟာ လီဗာပူးဘက်ကို သွင်းယူတဲ့ဂိုးအတွက် အောင်ပွဲခံခဲ့သလို လီဗာပူးအသင်းသား ရော်ဘတ်ဆန်နဲ့လည်း ထိပ်တိုက်တွေ့မှုတွေ ရှိထားခဲ့သေးတာပါ။

အန်ဖီးဂန္တဝင်ကြီး ကာရေဂါက အသင်းဖော်ဟောင်းဖြစ်ခဲ့တဲ့ ဆွာရက်စ်ကို အန်ဖီးကွင်းကို ပြန်လာရချိန်မှာ ရင်ဆိုင်ရမယ့် အနေအထားအပေါ် သတိပေးမှု လုပ်ထားပါတယ်။ နျူးကပ်ကွင်းမှာ ဘာစီလိုနာကစားသမားအဖြစ် လီဗာပူးအသင်းသားတွေကို ခပ်ကြမ်းကြမ်း ကစားခဲ့တဲ့ ဆွာရက်စ်က အန်ဖီးရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရလိမ့်မယ်လို့ ကာရေဂါက သူ့အမြင်ကို ဖွင့်ဟထားခဲ့တယ်။

ဆွာရက်စ်ဟာ နောက်ထပ် ဘာစီလိုနာ ကစားသမား ကော်တင်ညိုနဲ့အတူ အသင်းဟောင်းကို အန်ဖီးကွင်းမှာ ပြန်လည်ရင်ဆိုင်ရချိန်မှာ လီဗာပူးဘက်မှာတော့ အဓိက ကစားသမားတွေဖြစ်တဲ့ ဖာမင်နိုနဲ့ ဆာလက်တို့ ဒဏ်ရာတွေကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

မန်နေဂျာ ယာဂင်ကလော့ပ်ကတော့ အကောင်းဆုံး ကြိုးစားကြဖို့နဲ့ ဖိုင်နယ်ကို မတက်နိုင်ရင်တောင် ဘာစီလိုနာကို အကောင်းဆုံး တုန့်ပြန်ဖို့ အသင်းဖော်တွေကို တိုက်တွန်းထားပါတယ်။

Sports Home Time