လီဗာပူးတိုက္စစ္မွဴး ဖာမင္ႏိုဟာ ဘာစီလိုနာနဲ႔ ခ်န္ပီယံလိဂ္ပြဲၾကိဳ ေလ့က်င့္ေရး အစီအစဥ္မွာ ျပန္လည္ပါဝင္လာပါတယ္။ အဂၤါေန႔အတြက္ မဲဝုဒ္မွာ ျပဳလုပ္တဲ့ ကြင္းဖြင့္ေလ့က်င့္ေရးမွာ ဖာမင္ႏို ပါဝင္လာတာျဖစ္ျပီး စပိန္ေျမကို သြားေရာက္ဖုိ႔ ေက်ာနံပါတ္ 9 ဝတ္ တိုက္စစ္သမားက အဆင္သင့္ျဖစ္ေနျပီလို႔ ယူဆရတယ္။

ဆာလက္နည္းတူ ဒီအပတ္မွာ ဒဏ္ရာရေနတယ္လို႔ ေကာလဟာလ သတင္းေတြ ထြက္ေပၚေနတဲ့ ဆာလက္လည္း ေလ့က်င့္ေရးမွာ ျပန္လည္ ပါဝင္လာခဲ့ပါတယ္။ ဘရာဇီးတိုက္စစ္သမားက ေသာၾကာေန႔မွာ ယွဥ္ျပိဳင္ကစားခဲ့တဲ့ ဟက္ဒါဖီးနဲ႔ပြဲကို ပါဝင္ႏုိင္ခဲ့ျခင္း မရွိပဲ ဘာစီလိုနာနဲ႔ပြဲမွာ ၾကံ႕ခိုင္မႈ အခ်ိန္မွီ ျပန္ေကာင္းလာႏုိင္ပမလား ေမးခြန္းထုတ္ခံထားရတာပါ။
ယာဂင္ကေလာ့ပ္က ဟက္ဒါဖီးနဲ႔ပြဲအျပီးမွာ ဖာမင္ႏိုဟာ ၾကြက္သားဒဏ္ရာ ရေနတာျဖစ္ေၾကာင္း ေျပာဆိုထားခဲ့တယ္။ ဒီကေန႔ ေလ့က်င့္ေရး ျမင္ကြင္းအရေတာ့ မာေနး၊ ဆာလက္၊ ဖာမင္ႏိုတို႔ဟာ ၾကံ႕ခိုင္မႈေတြ အေကာင္းဆံုး ရွိေနသလို စီနီယာကစားသမားအားလံုး ေကာင္းေကာင္းမြန္မြန္ပဲ ေလ့က်င့္ေရး ဆင္းခဲ့ၾကပါတယ္။
ဒါေပမယ့္ ဒီေန႔က ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ပြဲ မတိုင္ခင္ ပထမရက္ျဖစ္ျပီး မနက္ျဖန္မွာ ေလ့က်င့္ေရးတစ္ခု ထပ္မံ ရွိပါဦၚမယ္။ ဖာမင္ႏိုရဲ႕ အေျခအေနက မနက္ျဖန္မွ အတည္ျပဳႏုိင္မွာျဖစ္ျပီး ေလ့က်င့္ေရးမွာ သူ႔ကို ပံုစံေကာင္းနဲ႔ ျပန္ျမင္ရတာကေတာ့ ယာဂင္ကေလာ့ပ္အတြက္ေကာ လီဗာပူးအတြက္ပါ သတင္းေကာင္းတစ္ခုပဲ ျဖစ္တယ္။
ဖာမင္ႏိုဟာ လီဗာပူးကို ယာဂင္ကေလာ့ပ္ တာဝန္ယူျပီးတဲ့ေနာက္ပိုင္း ယွဥ္ျပိဳင္ကစားရတဲ့ ကလပ္အသင္းရဲ႕ ဥေရာပပြဲ 38 ပြဲလံုးမွာ ပြဲအားလံုးကို ပါဝင္ထားတဲ့ တစ္ဦးတည္းေသာ ကစားသမားပါ။ ဘာစီလိုနာနဲ႔ ယွဥ္ျပိဳင္ရမယ့္ပြဲဟာ ယာဂင္ကေလာ့ပ္နဲ႔တူ ဖာမင္ႏိုရဲ႕ လီဗာပူးအတြက္ ယွဥ္ျပိဳင္ကစားေပးရမယ့္ 39 ပြဲေျမာက္ ဥေရာပပြဲလည္း ျဖစ္ပါတယ္။
ဖာမင္ႏိုဟာ ဒီရာသီ လီဗာပူးအသင္းအတြက္ ပရီးမီးယားလိဂ္မွာေကာ၊ ခ်န္ပီယံလိဂ္မွာပါ အေရးပါတဲ့ ကစားသမားတစ္ဦး ျဖစ္ေနဆဲပါ။ သူဟာ ခ်န္ပီယံလိဂ္သြင္းဂိုး 3 ဂိုး သြင္းယူထားပါတယ္။ အဲ့သည္ထဲက ႏွစ္ၾကိမ္ကေတာ့ ကြာတားအဆင့္မွာ ေပၚတိုကို ႏွစ္ေက်ာ့ေပါင္း 6-1 နဲ႔ အႏုိင္ရခ်ိန္မွာ သြင္းယူခဲ့တာျဖစ္တယ္။
လီဗာပူးတိုက္စစ္အတြက္ ဖာမင္ႏိုရဲ႕ လႈပ္အား၊ ကစားကြက္ပူးေပါင္းမႈနဲ႔ အခြင့္အေရးဖန္တီးမႈေတြကို အားကိုးေနရတာျဖစ္ျပီး ကြင္းလယ္ဖန္တီးမႈေတြအစား တုိက္စစ္ပိုင္း ဖလွယ္ကစားမႈကပဲ လီဗားပူးအသင္း အဓိက အားကိုးအားထား ျပဳေနရတာပါ။ ဖာမင္ႏို မကစားႏုိင္ရင္ တိုက္စစ္ပိုင္းမွာ ၾကီးၾကီးမားမား ကြာျခားသြားမွာ ျဖစ္ပါတယ္။
Sports Home Time

[Unicode] လီဗာပူးတိုက်စစ်မှူး ဖာမင်နိုဟာ ဘာစီလိုနာနဲ့ ချန်ပီယံလိဂ်ပွဲကြို လေ့ကျင့်ရေး အစီအစဉ်မှာ ပြန်လည်ပါဝင်လာပါတယ်။ အင်္ဂါနေ့အတွက် မဲဝုဒ်မှာ ပြုလုပ်တဲ့ ကွင်းဖွင့်လေ့ကျင့်ရေးမှာ ဖာမင်နို ပါဝင်လာတာဖြစ်ပြီး စပိန်မြေကို သွားရောက်ဖို့ ကျောနံပါတ် 9 ဝတ် တိုက်စစ်သမားက အဆင်သင့်ဖြစ်နေပြီလို့ ယူဆရတယ်။
ဆာလက်နည်းတူ ဒီအပတ်မှာ ဒဏ်ရာရနေတယ်လို့ ကောလဟာလ သတင်းတွေ ထွက်ပေါ်နေတဲ့ ဆာလက်လည်း လေ့ကျင့်ရေးမှာ ပြန်လည် ပါဝင်လာခဲ့ပါတယ်။ ဘရာဇီးတိုက်စစ်သမားက သောကြာနေ့မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဟက်ဒါဖီးနဲ့ပွဲကို ပါဝင်နိုင်ခဲ့ခြင်း မရှိပဲ ဘာစီလိုနာနဲ့ပွဲမှာ ကြံ့ခိုင်မှု အချိန်မှီ ပြန်ကောင်းလာနိုင်ပမလား မေးခွန်းထုတ်ခံထားရတာပါ။
ယာဂင်ကလော့ပ်က ဟက်ဒါဖီးနဲ့ပွဲအပြီးမှာ ဖာမင်နိုဟာ ကြွက်သားဒဏ်ရာ ရနေတာဖြစ်ကြောင်း ပြောဆိုထားခဲ့တယ်။ ဒီကနေ့ လေ့ကျင့်ရေး မြင်ကွင်းအရတော့ မာနေး၊ ဆာလက်၊ ဖာမင်နိုတို့ဟာ ကြံ့ခိုင်မှုတွေ အကောင်းဆုံး ရှိနေသလို စီနီယာကစားသမားအားလုံး ကောင်းကောင်းမွန်မွန်ပဲ လေ့ကျင့်ရေး ဆင်းခဲ့ကြပါတယ်။
ဒါပေမယ့် ဒီနေ့က ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲ မတိုင်ခင် ပထမရက်ဖြစ်ပြီး မနက်ဖြန်မှာ လေ့ကျင့်ရေးတစ်ခု ထပ်မံ ရှိပါဦါ်မယ်။ ဖာမင်နိုရဲ့ အခြေအနေက မနက်ဖြန်မှ အတည်ပြုနိုင်မှာဖြစ်ပြီး လေ့ကျင့်ရေးမှာ သူ့ကို ပုံစံကောင်းနဲ့ ပြန်မြင်ရတာကတော့ ယာဂင်ကလော့ပ်အတွက်ကော လီဗာပူးအတွက်ပါ သတင်းကောင်းတစ်ခုပဲ ဖြစ်တယ်။
ဖာမင်နိုဟာ လီဗာပူးကို ယာဂင်ကလော့ပ် တာဝန်ယူပြီးတဲ့နောက်ပိုင်း ယှဉ်ပြိုင်ကစားရတဲ့ ကလပ်အသင်းရဲ့ ဥရောပပွဲ 38 ပွဲလုံးမှာ ပွဲအားလုံးကို ပါဝင်ထားတဲ့ တစ်ဦးတည်းသော ကစားသမားပါ။ ဘာစီလိုနာနဲ့ ယှဉ်ပြိုင်ရမယ့်ပွဲဟာ ယာဂင်ကလော့ပ်နဲ့တူ ဖာမင်နိုရဲ့ လီဗာပူးအတွက် ယှဉ်ပြိုင်ကစားပေးရမယ့် 39 ပွဲမြောက် ဥရောပပွဲလည်း ဖြစ်ပါတယ်။
ဖာမင်နိုဟာ ဒီရာသီ လီဗာပူးအသင်းအတွက် ပရီးမီးယားလိဂ်မှာကော၊ ချန်ပီယံလိဂ်မှာပါ အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်နေဆဲပါ။ သူဟာ ချန်ပီယံလိဂ်သွင်းဂိုး 3 ဂိုး သွင်းယူထားပါတယ်။ အဲ့သည်ထဲက နှစ်ကြိမ်ကတော့ ကွာတားအဆင့်မှာ ပေါ်တိုကို နှစ်ကျော့ပေါင်း 6-1 နဲ့ အနိုင်ရချိန်မှာ သွင်းယူခဲ့တာဖြစ်တယ်။
လီဗာပူးတိုက်စစ်အတွက် ဖာမင်နိုရဲ့ လှုပ်အား၊ ကစားကွက်ပူးပေါင်းမှုနဲ့ အခွင့်အရေးဖန်တီးမှုတွေကို အားကိုးနေရတာဖြစ်ပြီး ကွင်းလယ်ဖန်တီးမှုတွေအစား တိုက်စစ်ပိုင်း ဖလှယ်ကစားမှုကပဲ လီဗားပူးအသင်း အဓိက အားကိုးအားထား ပြုနေရတာပါ။ ဖာမင်နို မကစားနိုင်ရင် တိုက်စစ်ပိုင်းမှာ ကြီးကြီးမားမား ကွာခြားသွားမှာ ဖြစ်ပါတယ်။
Sports Home Time
