လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ဒီႏွစ္ေတြအတြင္း ဥေရာပမွာ အိမ္ကြင္းခံတပ္အျဖစ္ နာမည္ေက်ာ္တဲ့ ကက္တလန္အသင္းရဲ႕ ကြင္းမွာ ကစားရဖို႔ကို စိုးရိမ္ပူပန္ေနျခင္း မရွိပါဘူးဆိုျပီး ထုတ္ေျပာလာပါတယ္။
ဘာစီလိုနာရဲ႕ နာမည္ေက်ာ္ ႏ်ဴးကပ္ကြင္းကို သြားေရာက္ယွဥ္ျပိဳင္ဖုိ႔ အေၾကာက္တရားေတြ မရွိပါဘူးလို႔ ေျပာဆိုတဲ့ ယာဂင္ကေလာ့ပ္ရဲ႕ လီဗာပူးဟာ ပထမအေက်ာ့ကို စပိန္ေျမမွာ သြားေရာက္ကစားရမွာျဖစ္ျပီး ဒုတိယအေက်ာ့ကိုေတာ့ ေမလ 7 ရက္ေန႔ အန္ဖီးကြင္းမွာ ျပန္လည္ ဧည့္ခံရမွာ ျဖစ္ပါတယ္။
လီဗာပူးအသင္း ဆီမီးဖိုင္နယ္ပြဲအတြက္ အဖြင့္ပြဲကစားရမယ့္ ဘာစီလိုနာဟာ ဒီရာသီမွာ ခ်န္ပီယံလိဂ္ အိမ္ကြင္းပြဲ 5 ပြဲ ကစားျပီး 4 ပြဲကို အႏုိင္ရထားကာ ေတာ္တင္ဟမ္တစ္သင္းတည္းကို သေရက်ထားခဲ့တာျဖစ္တယ္။ ဒါ့အျပင္ ရံွဴးထြက္အဆင့္ေတြမွာ လိုင္ယြန္နဲ႔ ယူႏုိက္တက္ကို 5-1, 3-0 ဆိုတဲ့ ရလဒ္ေတြနဲ႔ အႏုိင္ယူထားခဲ့ပါတယ္။
ခ်န္ပီယံလိဂ္ 16 သင္းအဆင့္မွာ ဘိုင္ယန္တို႔ရဲ႕ နာမည္ေက်ာ္ Allianz Arena ထံသြားျပီး အႏုိုင္ယူခဲ့တဲ့ ယာဂင္ကေလာ့ပ္ကေတာ့ ဥေရာပ အစဥ္အလာကြင္းမွာ တူညီတဲ့ ရလဒ္မ်ိဳး စြမ္းေဆာင္ျပလို႔စိတ္ ျပင္းျပေနပါတယ္။
ဂ်ာမာန္သားၾကီးက ေျပာရာမွာ ” ႏ်ဴးကပ္က ေဘာလံုးကစားတဲ့ကြင္းပါ။ ၾကီးမားတဲ့ကြင္းျဖစ္ေပမယ့္ ေဘာလံုးေလာကရဲ႕ ဘုရားေက်ာင္းၾကီး မဟုတ္ပါဘူး။ အျခားအသင္းေတြ ဒီကြင္းကို လာကစားတဲ့အခါ ဆိုးရြားတဲ့ အခ်ိန္ေတြ ျဖစ္ခဲ့တယ္။ ဒါကို က်ေန္ာတို႔ အေတြ႔အၾကံဳေတြ ရွိထားပါျပီ။ က်ေန္ာတုိ႔ကေတာ့ အေကာင္းဆံုး ကစားႏုိင္ဖုိ႔ ေမွ်ာ္လင့္ထားပါတယ္ ” ဆိုျပီး ျဖစ္ပါတယ္။
ယံုၾကည္မႈေတြ ရွိေနေပမယ့္ ဆီမီးဖိုင္နယ္မွာ ေတြ႔ဆံုေနတဲ့ ဘာစီလိုနာနဲ႔ပြဲမွာ လီဗာပူးထက္ အိမ္ရွင္အသင္းက ေရပန္းစားမႈ ပိုေကာင္းေနမယ္ဆိုတာ ယာဂင္ကေလာ့ပ္ နားလည္ထားပါတယ္။
” ဘာစီလိုနာနဲ႔ ရင္ဆိုင္ကစားမယ္ဆိုရင္ ကိုယ္အသင္းက ေရပန္းစားမွာ မဟုတ္တာက ေသခ်ာပါတယ္။ ေဘာလံုးပရိသတ္ေတြ အားလံုးအတြက္ ထူးျခားတဲ့ပြဲေကာင္း ျဖစ္လာပါလိမ့္မယ္ ” လို႔ ကေလာ့ပ္က ေျပာခဲ့တယ္။
ဘာစီလိုနာက လာလီဂါအမွတ္ေပးခ်န္ပီယံ ျဖစ္ထားခဲ့ျပီျဖစ္ျပီး လီဗာပူးကေတာ့ ျပည္တြင္းမွာ မန္စီးတီးနဲ႔ ယွဥ္ျပိဳင္ေနရဆဲျဖစ္တယ္။ ေမွ်ာ္လင့္ခ်က္ေတြ ဆက္ရွိေနဆဲ အေနအထားလည္း ျဖစ္လာပါတယ္။ ႏွစ္သင္းလံုးဟာ ေနာက္ဆံုးယွဥ္ျပိဳင္ထားတဲ့ အမွတ္ေပးပြဲေတြမွာ ေတာက္ေလွ်ာက္ ရလဒ္ေကာင္းေတြ ရေနခဲ့ျပီး ခ်န္ပီယံလိဂ္ ငါးၾကိမ္စီ အႏုိင္ရထားမႈကို ထပ္တိုးခြင့္ရဖို႔ ဘယ္အသင္းက ဗိုလ္လုပြဲကို တက္ေရာက္ႏုိင္မလဲဆိုတာ မၾကာခင္မွာ အေျဖေပၚမွာပဲ ျဖစ္ပါတယ္။
Sports Home Time

[Unicode] လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ဒီနှစ်တွေအတွင်း ဥရောပမှာ အိမ်ကွင်းခံတပ်အဖြစ် နာမည်ကျော်တဲ့ ကက်တလန်အသင်းရဲ့ ကွင်းမှာ ကစားရဖို့ကို စိုးရိမ်ပူပန်နေခြင်း မရှိပါဘူးဆိုပြီး ထုတ်ပြောလာပါတယ်။
ဘာစီလိုနာရဲ့ နာမည်ကျော် နျူးကပ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ဖို့ အကြောက်တရားတွေ မရှိပါဘူးလို့ ပြောဆိုတဲ့ ယာဂင်ကလော့ပ်ရဲ့ လီဗာပူးဟာ ပထမအကျော့ကို စပိန်မြေမှာ သွားရောက်ကစားရမှာဖြစ်ပြီး ဒုတိယအကျော့ကိုတော့ မေလ 7 ရက်နေ့ အန်ဖီးကွင်းမှာ ပြန်လည် ဧည့်ခံရမှာ ဖြစ်ပါတယ်။
လီဗာပူးအသင်း ဆီမီးဖိုင်နယ်ပွဲအတွက် အဖွင့်ပွဲကစားရမယ့် ဘာစီလိုနာဟာ ဒီရာသီမှာ ချန်ပီယံလိဂ် အိမ်ကွင်းပွဲ 5 ပွဲ ကစားပြီး 4 ပွဲကို အနိုင်ရထားကာ တော်တင်ဟမ်တစ်သင်းတည်းကို သရေကျထားခဲ့တာဖြစ်တယ်။ ဒါ့အပြင် ရံှူးထွက်အဆင့်တွေမှာ လိုင်ယွန်နဲ့ ယူနိုက်တက်ကို 5-1, 3-0 ဆိုတဲ့ ရလဒ်တွေနဲ့ အနိုင်ယူထားခဲ့ပါတယ်။
ချန်ပီယံလိဂ် 16 သင်းအဆင့်မှာ ဘိုင်ယန်တို့ရဲ့ နာမည်ကျော် Allianz Arena ထံသွားပြီး အနိုင်ယူခဲ့တဲ့ ယာဂင်ကလော့ပ်ကတော့ ဥရောပ အစဉ်အလာကွင်းမှာ တူညီတဲ့ ရလဒ်မျိုး စွမ်းဆောင်ပြလို့စိတ် ပြင်းပြနေပါတယ်။
ဂျာမာန်သားကြီးက ပြောရာမှာ ” နျူးကပ်က ဘောလုံးကစားတဲ့ကွင်းပါ။ ကြီးမားတဲ့ကွင်းဖြစ်ပေမယ့် ဘောလုံးလောကရဲ့ ဘုရားကျောင်းကြီး မဟုတ်ပါဘူး။ အခြားအသင်းတွေ ဒီကွင်းကို လာကစားတဲ့အခါ ဆိုးရွားတဲ့ အချိန်တွေ ဖြစ်ခဲ့တယ်။ ဒါကို ကျနေ်ာတို့ အတွေ့အကြုံတွေ ရှိထားပါပြီ။ ကျနေ်ာတို့ကတော့ အကောင်းဆုံး ကစားနိုင်ဖို့ မျှော်လင့်ထားပါတယ် ” ဆိုပြီး ဖြစ်ပါတယ်။
ယုံကြည်မှုတွေ ရှိနေပေမယ့် ဆီမီးဖိုင်နယ်မှာ တွေ့ဆုံနေတဲ့ ဘာစီလိုနာနဲ့ပွဲမှာ လီဗာပူးထက် အိမ်ရှင်အသင်းက ရေပန်းစားမှု ပိုကောင်းနေမယ်ဆိုတာ ယာဂင်ကလော့ပ် နားလည်ထားပါတယ်။
” ဘာစီလိုနာနဲ့ ရင်ဆိုင်ကစားမယ်ဆိုရင် ကိုယ်အသင်းက ရေပန်းစားမှာ မဟုတ်တာက သေချာပါတယ်။ ဘောလုံးပရိသတ်တွေ အားလုံးအတွက် ထူးခြားတဲ့ပွဲကောင်း ဖြစ်လာပါလိမ့်မယ် ” လို့ ကလော့ပ်က ပြောခဲ့တယ်။
ဘာစီလိုနာက လာလီဂါအမှတ်ပေးချန်ပီယံ ဖြစ်ထားခဲ့ပြီဖြစ်ပြီး လီဗာပူးကတော့ ပြည်တွင်းမှာ မန်စီးတီးနဲ့ ယှဉ်ပြိုင်နေရဆဲဖြစ်တယ်။ မျှော်လင့်ချက်တွေ ဆက်ရှိနေဆဲ အနေအထားလည်း ဖြစ်လာပါတယ်။ နှစ်သင်းလုံးဟာ နောက်ဆုံးယှဉ်ပြိုင်ထားတဲ့ အမှတ်ပေးပွဲတွေမှာ တောက်လျှောက် ရလဒ်ကောင်းတွေ ရနေခဲ့ပြီး ချန်ပီယံလိဂ် ငါးကြိမ်စီ အနိုင်ရထားမှုကို ထပ်တိုးခွင့်ရဖို့ ဘယ်အသင်းက ဗိုလ်လုပွဲကို တက်ရောက်နိုင်မလဲဆိုတာ မကြာခင်မှာ အဖြေပေါ်မှာပဲ ဖြစ်ပါတယ်။
Sports Home Time
