[Zawgyi] ရီးရဲမက္ဒရစ္မန္ေနဂ်ာ ဆုိလာရီက သူအလိုရွိတဲ့ ကစားသမားစာရင္းမွာ လာမယ့္ ေႏြမွာ ယူႏိုက္တက္နဲ႔ စာခ်ဳပ္ကုန္မွာျဖစ္ျပီး သက္တမ္းတိုးကိစၥ အဆင္မေျပျဖစ္ေနတဲ့ မာတာကို ေခၚယူဖို႔ အလိုရွိေနပါတယ္။ မာတာကိုေတာ့ အဂၤလန္ျပင္ပကလပ္ေတြက ဇန္နဝါရီမွာ စတင္စကားေျပာခြင့္ရမွာ ျဖစ္ပါတယ္။
စပိန္အေျခစိုက္သတင္းေတြက ေဖာ္ျပမႈမွာေတာ့ ရာသီကုန္မွာ စာခ်ဳပ္ကုန္မယ့္ မာတာကို အလြတ္ေျပာင္းေရႊ႔ေၾကးနဲ႔ ေခၚယူႏိုင္မယ့္ အခြင့္အေရးကို ရီးရဲမက္ဒရစ္က လက္လြတ္မခံလိုပါဘူး။ ရီးရဲမက္ဒရစ္ လူငယ္အကယ္ဒမီက ေပၚထြက္လာခဲ့တဲ့ စပိန္လက္ေရြးစင္ဟာ 2007 မွာ ဗလန္စီယာကို ေျပာင္းေရႊ႔ခဲ့ျပီး အဲ့သည္ေနာက္မွာမွ ယူႏိုက္တက္ကို ေရာက္ရွိခဲ့တာျဖစ္တယ္။
အသက္ 30 အရြယ္ရွိျပီျဖစ္တဲ့ မာတာကို ဘုိုင္ယန္ျမဴနစ္ကလည္း ေခၚယူဖို႔ စိတ္ဝင္စားေနေပမယ့္ ကစားသမားက လာလီဂါကိုပဲ ျပန္ဖို႔ ဦးစားေပးဖြယ္ရွိတယ္။ ဆိုလာရီဟာ ကလပ္အသင္းမွာ အဆင္မေျပျဖစ္ေနတဲ့ အစၥကို ကို ျမင့္မားတဲ့ ေျပာင္းေရႊ႔ေၾကးနဲ႔ ေရာင္းထုတ္ျပီးရင္ အရန္သင့္ အစားဝင္ႏိုင္မယ့္ မာတာကို တိုက္ရိုက္ အစားထိုးလိုတာျဖစ္တယ္။ ကစားသမားရဲ႕ အေတြ႔အၾကံဳ ရင့္က်က္မႈေတြက အသင္းေဖာ္ စပိန္သားေတြအတြက္ အေထာက္အကူျဖစ္ေစမယ္လို႔ ဆိုလာရီဘက္က ယူဆထားဟန္ရွိပါတယ္။
မာတာကို လက္လြတ္ရမယ္ဆိုရင္ ယူႏိုက္တက္အတြက္ေတာ့ ထိခိုက္မႈၾကီးျဖစ္မွာပါ။ မာတာဟာ ယူႏိုက္တက္ အသင္းတြင္းမွာ အရွိန္အဝါရွိသူျဖစ္ျပီး ပရိသတ္အခ်စ္ေတာ္ ကစားသမားလည္းျဖစ္တယ္။ အိုထရတ္ဖိုဒ့္မွာ ယူႏိုက္တက္က ဖူလ္ဟမ္အသင္းကို 4-1 နဲ႔ အႏိုင္ရတဲ့ပြဲမွာဆိုရင္ ကိုယ္တိုင္ ဂိုးသြင္းကာ ဂိုးေထာက္ပံ့မႈလည္း လုပ္ႏိုင္ခဲ့လို႔ ပရီးမီးယားလိဂ္ ကစားသမားဘဝ သြင္းဂိုး 50 + ဂိုးေထာက္ပံ့မႈ 50 ျပည့္ေျမာက္ခဲ့ပါတယ္။
မာတာကေတာ့ ” သြင္းဂိုးနဲ႔ ဂိုးေထာက္ပံ့မႈမွာ 50+50 စီ ျပည့္ခဲ့တာက ေကာင္းပါတယ္။ ပရီးမီးယားလိဂ္ကို ေျပာင္းလာခဲ့ျပီးတဲ့ေနာက္ က်ေနာ္ရဲ႕ ကစားသမားဘဝကို အရမ္းပဲ စိတ္လႈပ္ရွားသလို၊ တြန္းအားေတြလည္း ျဖစ္ခဲ့တယ္။ ဒီကာလေတြအတြင္း တကယ္ကို ေပ်ာ္ရႊင္ပါတယ္။ ဒီေလာက္ ဂိုးမ်ားမ်ားနဲ႔ ဂိုးေထာက္ပံ့မႈေတြကို ခပ္မ်ားမ်ား လုပ္ႏိုင္ခဲ့တာက က်ေနာ္ ကံေကာင္းတာပါပဲ။ က်ေနာ္ ဂိုးေတြ ထပ္သြင္းဖို႔နဲ႔ ဂိုးေထာက္ပံ့မႈေတြ ထပ္လုပ္ဖို႔ကို ဆာေလာင္ေနဆဲျဖစ္ပါတယ္။ ကြင္းထဲမွာ ပါဝင္ကစားရတာကိုလည္း ေပ်ာ္ရႊင္ေနေသးလို႔ ဆက္ျပီး ကစားႏိုင္ဖုိ႔ ေမွ်ာ္လင့္ပါတယ္ ” လို႔ ေျပာခဲ့တာျဖစ္တယ္။
မာတာရဲ႕ ကစားဟန္ဟာ ပရီးမီးယားလိဂ္ထက္စာရင္ လာလီဂါနဲ႔ ပိုမိုသင့္ေလ်ာ္မႈရွိတာပါ။ ဒါေပမယ့္လို႔ ကစားသမားက ပရီးမီးယားလိဂ္ရဲ႕ ရုပ္ပိုင္းဆိုင္ရာ တုိက္ခိုက္မႈေတြကို ရင္ဆိုင္ႏိုင္စြမ္း ရွိသူျဖစ္တယ္။ ပရီးမီးယားလိဂ္ကို ဂြာဒီယိုလာ ေရာက္လာျပီးေနာက္ပိုင္း နည္းစနစ္အသားေပးမႈေတြ ပိုမိုအားသန္လာခဲ့ျပီး မာတာလို နည္းစနစ္သမားေတြအတြက္ ပိုမိုအံဝင္ခြင့္က် ရွိလာခဲ့တာျဖစ္ပါတယ္။
Sports Home Time

[Unicode] ရီးရဲမက်ဒရစ်မန်နေဂျာ ဆိုလာရီက သူအလိုရှိတဲ့ ကစားသမားစာရင်းမှာ လာမယ့် နွေမှာ ယူနိုက်တက်နဲ့ စာချုပ်ကုန်မှာဖြစ်ပြီး သက်တမ်းတိုးကိစ္စ အဆင်မပြေဖြစ်နေတဲ့ မာတာကို ခေါ်ယူဖို့ အလိုရှိနေပါတယ်။ မာတာကိုတော့ အင်္ဂလန်ပြင်ပကလပ်တွေက ဇန်နဝါရီမှာ စတင်စကားပြောခွင့်ရမှာ ဖြစ်ပါတယ်။
စပိန်အခြေစိုက်သတင်းတွေက ဖော်ပြမှုမှာတော့ ရာသီကုန်မှာ စာချုပ်ကုန်မယ့် မာတာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် အခွင့်အရေးကို ရီးရဲမက်ဒရစ်က လက်လွတ်မခံလိုပါဘူး။ ရီးရဲမက်ဒရစ် လူငယ်အကယ်ဒမီက ပေါ်ထွက်လာခဲ့တဲ့ စပိန်လက်ရွေးစင်ဟာ 2007 မှာ ဗလန်စီယာကို ပြောင်းရွှေ့ခဲ့ပြီး အဲ့သည်နောက်မှာမှ ယူနိုက်တက်ကို ရောက်ရှိခဲ့တာဖြစ်တယ်။
အသက် 30 အရွယ်ရှိပြီဖြစ်တဲ့ မာတာကို ဘိုုင်ယန်မြူနစ်ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် ကစားသမားက လာလီဂါကိုပဲ ပြန်ဖို့ ဦးစားပေးဖွယ်ရှိတယ်။ ဆိုလာရီဟာ ကလပ်အသင်းမှာ အဆင်မပြေဖြစ်နေတဲ့ အစ္စကို ကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ရောင်းထုတ်ပြီးရင် အရန်သင့် အစားဝင်နိုင်မယ့် မာတာကို တိုက်ရိုက် အစားထိုးလိုတာဖြစ်တယ်။ ကစားသမားရဲ့ အတွေ့အကြုံ ရင့်ကျက်မှုတွေက အသင်းဖော် စပိန်သားတွေအတွက် အထောက်အကူဖြစ်စေမယ်လို့ ဆိုလာရီဘက်က ယူဆထားဟန်ရှိပါတယ်။
မာတာကို လက်လွတ်ရမယ်ဆိုရင် ယူနိုက်တက်အတွက်တော့ ထိခိုက်မှုကြီးဖြစ်မှာပါ။ မာတာဟာ ယူနိုက်တက် အသင်းတွင်းမှာ အရှိန်အဝါရှိသူဖြစ်ပြီး ပရိသတ်အချစ်တော် ကစားသမားလည်းဖြစ်တယ်။ အိုထရတ်ဖိုဒ့်မှာ ယူနိုက်တက်က ဖူလ်ဟမ်အသင်းကို 4-1 နဲ့ အနိုင်ရတဲ့ပွဲမှာဆိုရင် ကိုယ်တိုင် ဂိုးသွင်းကာ ဂိုးထောက်ပံ့မှုလည်း လုပ်နိုင်ခဲ့လို့ ပရီးမီးယားလိဂ် ကစားသမားဘဝ သွင်းဂိုး 50 + ဂိုးထောက်ပံ့မှု 50 ပြည့်မြောက်ခဲ့ပါတယ်။
မာတာကတော့ ” သွင်းဂိုးနဲ့ ဂိုးထောက်ပံ့မှုမှာ 50+50 စီ ပြည့်ခဲ့တာက ကောင်းပါတယ်။ ပရီးမီးယားလိဂ်ကို ပြောင်းလာခဲ့ပြီးတဲ့နောက် ကျနော်ရဲ့ ကစားသမားဘဝကို အရမ်းပဲ စိတ်လှုပ်ရှားသလို၊ တွန်းအားတွေလည်း ဖြစ်ခဲ့တယ်။ ဒီကာလတွေအတွင်း တကယ်ကို ပျော်ရွှင်ပါတယ်။ ဒီလောက် ဂိုးများများနဲ့ ဂိုးထောက်ပံ့မှုတွေကို ခပ်များများ လုပ်နိုင်ခဲ့တာက ကျနော် ကံကောင်းတာပါပဲ။ ကျနော် ဂိုးတွေ ထပ်သွင်းဖို့နဲ့ ဂိုးထောက်ပံ့မှုတွေ ထပ်လုပ်ဖို့ကို ဆာလောင်နေဆဲဖြစ်ပါတယ်။ ကွင်းထဲမှာ ပါဝင်ကစားရတာကိုလည်း ပျော်ရွှင်နေသေးလို့ ဆက်ပြီး ကစားနိုင်ဖို့ မျှော်လင့်ပါတယ် ” လို့ ပြောခဲ့တာဖြစ်တယ်။
မာတာရဲ့ ကစားဟန်ဟာ ပရီးမီးယားလိဂ်ထက်စာရင် လာလီဂါနဲ့ ပိုမိုသင့်လျော်မှုရှိတာပါ။ ဒါပေမယ့်လို့ ကစားသမားက ပရီးမီးယားလိဂ်ရဲ့ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေကို ရင်ဆိုင်နိုင်စွမ်း ရှိသူဖြစ်တယ်။ ပရီးမီးယားလိဂ်ကို ဂွာဒီယိုလာ ရောက်လာပြီးနောက်ပိုင်း နည်းစနစ်အသားပေးမှုတွေ ပိုမိုအားသန်လာခဲ့ပြီး မာတာလို နည်းစနစ်သမားတွေအတွက် ပိုမိုအံဝင်ခွင့်ကျ ရှိလာခဲ့တာဖြစ်ပါတယ်။
Sports Home Time
