[Zawgyi] လာမယ့္ရာသီ ဥေရာပျပိဳင္ပြဲေတြမွာ ပရီးမီးယားလိဂ္ကလပ္ ဘယ္ႏွစ္သင္းဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္ကို ရရွိမလဲ။ ဒါဟာ ေမးခြန္းတစ္ခု ျဖစ္လာေနျပီး အဲ့သည္အတြက္ အေျဖကို ေဖာ္ျပေပးပါမယ္။
ပရီးမီးယားလိဂ္ကလပ္ ဘယ္ႏွစ္သင္းက ခ်န္ပီယံလိဂ္နဲ႔ ယူရိုပါလိဂ္ဝင္ခြင့္ ရႏုိင္မလဲ
အဂၤလန္ကလပ္ ၄ သင္းဟာ ခ်န္ပီယံလိဂ္နဲ႔ ယူရိုပါလိဂ္ ဆီမီးဖိုင္နယ္ေတြကို တက္ေရာက္ထားျပီး ဒါဟာ ၃၅ ႏွစ္အတြင္း ပထမဆံုးအၾကိမ္လည္းျဖစ္တယ္။ ျဖစ္ႏုိင္ေခ်အရေတာ့ ဆုဖလားႏွစ္လံုးကို အဂၤလန္ကလပ္ေတြ အႏုိင္ရခဲ့မယ္ဆိုရင္ ခ်န္ပီယံလိဂ္ဝင္ခြင့္ ေလးေနရာက အေျပာင္းအလဲ ရွိလာႏုိင္ပါတယ္။
ခ်န္ပီယံလိဂ္ဝင္ခြင့္ စည္းမ်ဥ္းမ်ား
- လိဂ္အဆင့္ ရပ္တည္မႈ – ပံုမွန္အားျဖင့္ ပရီးမီးယားလိဂ္ ခ်န္ပီယံနဲ႔ အဆင့္ႏွစ္၊ အဆင့္သံုးအသင္းေတြက ခ်န္ပီယံလိဂ္ အုပ္စုအဆင့္ကို တိုက္ရိုက္ဝင္ခြင့္ ရပါမယ္။ ၂၀၁၈-၁၉ ေဘာလံုးရာသီကစလို႔ အဆင့္ေလးအသင္းက အုပ္စု တိုက္ရိုက္ဝင္ခြင့္ကို ရရွိခဲ့ ပါတယ္။
ေအာက္ပါစည္းမ်ဥ္းမ်ားနဲ႔လည္း ခ်န္ပီယံလိဂ္ဝင္ခြင့္ရႏုိင္
- ခ်န္ပီယံလိဂ္ဖလား အႏုိင္ရရင္ – ခ်န္ပီယံအသင္းဟာ လိဂ္ရပ္တည္မႈအဆင့္ မလိုပါပဲ လာမယ့္ရာသီ ခ်န္ပီယံလိဂ္ အုပ္စုတြင္း တိုက္ရိုက္ဝင္ခြင့္ အာမခံခ်က္ ရပါမယ္။
- ယူရိုပါလိဂ္ အႏုိင္ရရင္ – ခ်န္ပီယံအသင္းဟာ လိဂ္ရပ္တည္မႈအဆင့္ မလိုပါပဲ လာမယ့္ရာသီ ခ်န္ပီယံလိဂ္ အုပ္စုတြင္း တိုက္ရိုက္ ဝင္ခြင့္ အာမခံခ်က္ ရပါမယ္။
ယူရိုပါလိဂ္ ဝင္ခြင့္ စည္းမ်ဥ္းမ်ား
- လိဂ္အဆင့္ ရပ္တည္မႈ – ပံုမွန္အားျဖင့္ ပရီးမီးယားလိဂ္ အဆင့္ငါးအသင္းေတြ ယူရိုပါလိဂ္အုပ္စုအဆင့္ကို တိုက္ရိုက္ဝင္ခြင့္ ရပါမယ္။
- အက္ေအဖလား အႏုိင္ရအသင္းက ယူရိုပါလိဂ္ အုပ္စုအဆင့္ကို တိုက္ရိုက္ ဝင္ခြင့္ရပါမယ္။
- လိဂ္ဖလား အႏုိင္ရအသင္းက ယူရိုပါလိဂ္ ဒုတိယအဆင့္ေျခစစ္ပြဲကေန ဝင္ခြင့္ရပါမယ္။
ခၽြင္းခ်က္ – အကယ္လို႔ အက္ေအဖလား အႏုိင္ရ အသင္းက အဆင့္ ငါးနဲ႔ အဆိုပါအဆင့္ထက္ ျမင့္တဲ့ လိဂ္ရပ္တည္မႈ ရပါက ပရီးမီးယားလိဂ္မွာ ခ်န္ပီယံလိဂ္ဝင္ခြင့္မရတဲ့ လိဂ္အဆင့္ ရပ္တည္မႈ အျမင့္ဆံုး အသင္းက ယူရိုပါလိဂ္ဝင္ခြင့္ ရပါမယ္။
လိဂ္အဆင့္ရပ္တည္မႈမွာ အဆင့္ေလးေနရာအသင္းက ခ်န္ပီယံလိဂ္ဝင္ခြင့္ အာမခံခ်က္ရွိလား?
မရွိပါဘူး။ ရာသီကုန္မွာ ယူရိုပါလိဂ္နဲ႔ ခ်န္ပီယံလိဂ္ကို အဂၤလန္ကလပ္ေတြ အႏုိင္ရရင္ လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ၄င္း ခ်န္ပီယံ အသင္းေတြရဲ႕ လိဂ္ရပ္တည္မႈကို ထည့္မတြက္ပါဘူး။ အဆိုပါအသင္းေတြက အဆင့္ေလး မဝင္ရင္ေတာင္ ခ်န္ပီယံလိဂ္ဝင္ခြင့္ ရမွာျဖစ္တယ္။
ခ်န္ပီယံလိဂ္မွာ စပါးက ဗိုလ္စြဲျပီး အဆင့္ေလးမဝင္ရင္ေတာင္ ခ်န္ပီယံလိဂ္ဝင္ခြင့္ရမွာျဖစ္တယ္။ အာဆင္နယ္နဲ႔ ခ်ယ္ဆီးတို႔က ယူရိုပါလိဂ္မွာ ဆီမီးအဆင့္ေတြ ေရာက္ေနျပီး အႏုိင္ရမယ္ဆိုရင္ လိဂ္ရပ္တည္မႈမွာ အဆင့္ေလးမဝင္ရင္ေတာင္ ခ်န္ပီယံလိဂ္ဝင္ခြင့္ တိုက္ရိုက္ရမွာျဖစ္တယ္။ ႏွစ္ခုလံုးျဖစ္လာခဲ့ရင္ အမွတ္ေပးလိဂ္ အဆင့္ရပ္တည္မႈ အဆင့္ေလးအသင္းကေတာ့ ယူရိုပါလိဂ္ဝင္ခြင့္ရပါမယ္။
အဂၤလန္ အမွတ္ေပးခ်န္ပီယံ၊ ခ်န္ပီယံလိဂ္ခ်န္ပီယံ၊ ယူရိုပါလိဂ္ခ်န္ပီယံ၊ အက္ဖ္ေအခ်န္ပီယံ၊ လိဂ္ခ်န္ပီယံ အားလံုးအပါ အဂၤလန္ကလပ္ ၇ သင္း ကပဲ ဥေရာပျပိဳင္ပြဲေတြမွာ ပါဝင္ခြင့္ရမွာ ျဖစ္ပါတယ္။
Sports Home Time

[Unicode] လာမယ့်ရာသီ ဥရောပပြိုင်ပွဲတွေမှာ ပရီးမီးယားလိဂ်ကလပ် ဘယ်နှစ်သင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရရှိမလဲ။ ဒါဟာ မေးခွန်းတစ်ခု ဖြစ်လာနေပြီး အဲ့သည်အတွက် အဖြေကို ဖော်ပြပေးပါမယ်။
ပရီးမီးယားလိဂ်ကလပ် ဘယ်နှစ်သင်းက ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ဝင်ခွင့် ရနိုင်မလဲ
အင်္ဂလန်ကလပ် ၄ သင်းဟာ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်တွေကို တက်ရောက်ထားပြီး ဒါဟာ ၃၅ နှစ်အတွင်း ပထမဆုံးအကြိမ်လည်းဖြစ်တယ်။ ဖြစ်နိုင်ချေအရတော့ ဆုဖလားနှစ်လုံးကို အင်္ဂလန်ကလပ်တွေ အနိုင်ရခဲ့မယ်ဆိုရင် ချန်ပီယံလိဂ်ဝင်ခွင့် လေးနေရာက အပြောင်းအလဲ ရှိလာနိုင်ပါတယ်။
ချန်ပီယံလိဂ်ဝင်ခွင့် စည်းမျဉ်းများ
- လိဂ်အဆင့် ရပ်တည်မှု – ပုံမှန်အားဖြင့် ပရီးမီးယားလိဂ် ချန်ပီယံနဲ့ အဆင့်နှစ်၊ အဆင့်သုံးအသင်းတွေက ချန်ပီယံလိဂ် အုပ်စုအဆင့်ကို တိုက်ရိုက်ဝင်ခွင့် ရပါမယ်။ ၂၀၁၈-၁၉ ဘောလုံးရာသီကစလို့ အဆင့်လေးအသင်းက အုပ်စု တိုက်ရိုက်ဝင်ခွင့်ကို ရရှိခဲ့ ပါတယ်။
အောက်ပါစည်းမျဉ်းများနဲ့လည်း ချန်ပီယံလိဂ်ဝင်ခွင့်ရနိုင်
- ချန်ပီယံလိဂ်ဖလား အနိုင်ရရင် – ချန်ပီယံအသင်းဟာ လိဂ်ရပ်တည်မှုအဆင့် မလိုပါပဲ လာမယ့်ရာသီ ချန်ပီယံလိဂ် အုပ်စုတွင်း တိုက်ရိုက်ဝင်ခွင့် အာမခံချက် ရပါမယ်။
- ယူရိုပါလိဂ် အနိုင်ရရင် – ချန်ပီယံအသင်းဟာ လိဂ်ရပ်တည်မှုအဆင့် မလိုပါပဲ လာမယ့်ရာသီ ချန်ပီယံလိဂ် အုပ်စုတွင်း တိုက်ရိုက် ဝင်ခွင့် အာမခံချက် ရပါမယ်။
ယူရိုပါလိဂ် ဝင်ခွင့် စည်းမျဉ်းများ
- လိဂ်အဆင့် ရပ်တည်မှု – ပုံမှန်အားဖြင့် ပရီးမီးယားလိဂ် အဆင့်ငါးအသင်းတွေ ယူရိုပါလိဂ်အုပ်စုအဆင့်ကို တိုက်ရိုက်ဝင်ခွင့် ရပါမယ်။
- အက်အေဖလား အနိုင်ရအသင်းက ယူရိုပါလိဂ် အုပ်စုအဆင့်ကို တိုက်ရိုက် ဝင်ခွင့်ရပါမယ်။
- လိဂ်ဖလား အနိုင်ရအသင်းက ယူရိုပါလိဂ် ဒုတိယအဆင့်ခြေစစ်ပွဲကနေ ဝင်ခွင့်ရပါမယ်။
ချွင်းချက် – အကယ်လို့ အက်အေဖလား အနိုင်ရ အသင်းက အဆင့် ငါးနဲ့ အဆိုပါအဆင့်ထက် မြင့်တဲ့ လိဂ်ရပ်တည်မှု ရပါက ပရီးမီးယားလိဂ်မှာ ချန်ပီယံလိဂ်ဝင်ခွင့်မရတဲ့ လိဂ်အဆင့် ရပ်တည်မှု အမြင့်ဆုံး အသင်းက ယူရိုပါလိဂ်ဝင်ခွင့် ရပါမယ်။
လိဂ်အဆင့်ရပ်တည်မှုမှာ အဆင့်လေးနေရာအသင်းက ချန်ပီယံလိဂ်ဝင်ခွင့် အာမခံချက်ရှိလား?
မရှိပါဘူး။ ရာသီကုန်မှာ ယူရိုပါလိဂ်နဲ့ ချန်ပီယံလိဂ်ကို အင်္ဂလန်ကလပ်တွေ အနိုင်ရရင် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ၎င်း ချန်ပီယံ အသင်းတွေရဲ့ လိဂ်ရပ်တည်မှုကို ထည့်မတွက်ပါဘူး။ အဆိုပါအသင်းတွေက အဆင့်လေး မဝင်ရင်တောင် ချန်ပီယံလိဂ်ဝင်ခွင့် ရမှာဖြစ်တယ်။
ချန်ပီယံလိဂ်မှာ စပါးက ဗိုလ်စွဲပြီး အဆင့်လေးမဝင်ရင်တောင် ချန်ပီယံလိဂ်ဝင်ခွင့်ရမှာဖြစ်တယ်။ အာဆင်နယ်နဲ့ ချယ်ဆီးတို့က ယူရိုပါလိဂ်မှာ ဆီမီးအဆင့်တွေ ရောက်နေပြီး အနိုင်ရမယ်ဆိုရင် လိဂ်ရပ်တည်မှုမှာ အဆင့်လေးမဝင်ရင်တောင် ချန်ပီယံလိဂ်ဝင်ခွင့် တိုက်ရိုက်ရမှာဖြစ်တယ်။ နှစ်ခုလုံးဖြစ်လာခဲ့ရင် အမှတ်ပေးလိဂ် အဆင့်ရပ်တည်မှု အဆင့်လေးအသင်းကတော့ ယူရိုပါလိဂ်ဝင်ခွင့်ရပါမယ်။
အင်္ဂလန် အမှတ်ပေးချန်ပီယံ၊ ချန်ပီယံလိဂ်ချန်ပီယံ၊ ယူရိုပါလိဂ်ချန်ပီယံ၊ အက်ဖ်အေချန်ပီယံ၊ လိဂ်ချန်ပီယံ အားလုံးအပါ အင်္ဂလန်ကလပ် ၇ သင်း ကပဲ ဥရောပပြိုင်ပွဲတွေမှာ ပါဝင်ခွင့်ရမှာ ဖြစ်ပါတယ်။
Sports Home Time
