[Zawgyi] ယူနိုက္တက္မွ ဆယ္ေက်ာ္သက္ လူငယ္ကစားသမား နွစ္ေယာက္ ျဖစ္တဲ့ ေမဆန္ဂရင္းဝုဒ္ နဲ႔ ဂ်ိမ္းစ္ဂါနာတို႔ဟာ ယေန႔ညမွာ ကစားမယ့္ ဗလန္စီယာအသင္းနဲ႔ ခ်န္ပီယံလိဂ္ အုပ္စု H ေနာက္ဆုံးပြဲစဥ္မွာ ပါဝင္ၾကမွာျဖစ္ပါတယ္။ နွစ္ေယာက္လံုးက ၁၇ နွစ္အရြယ္ ကြင္းလယ္ကစားသမားေလးေတြ ျဖစ္ပါတယ္။
ေမဆန္ဂရင္းဝုဒ္ ဟာ လြန္ခဲ့တဲ့ ႏွစ္လကမွ ပေရာ္ဖက္ရွင္နယ္ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာျဖစ္ၿပီး ယူ18 အသင္းအတြက္ 15ပြဲမွာ 18ဂိုးထိ သြင္းယူနိုင္ခဲ့ပါတယ္။ ေယာ့ခ္ရွီးယား ေဒသဖြား ဂရင္းဟာ ေအာက္တိုဘာ လက ဝုလ္ဗ္အသင္းနဲ႔ ကစားခဲ့တဲ့သူ႔ရဲ့ U23 ပြဲဦးထြက္မွာလဲ ဂိုးသြင္းခဲ့သူပါ။
ဂရင္းဝုဒ္ က ယူအီးအက္ဖ္ေအ လူငယ္လိဂ္ ငါးပြဲမွာ ငါးဂိုးသြင္းထားတာေၾကာင့္ ခ်န္ပီယံလိဂ္ မွာ ရႈံးထြက္အဆင့္တက္ေရာက္သြားၿပီျဖစ္တဲ့ ယူနိုက္တက္ စီနီယာအသင္းရဲ႕ အုပ္စုေနာက္ဆံုးပြဲမွာ ဂရင္းနဲ႔ ဂါနာတို႔ကို ပါဝင္ကစားေစဖို႔ ဟိုေဆးေမာ္ရင္ညိဳ က ဆုံးျဖတ္ထားပါတယ္။ အဂါၤေန႔ မွာ သူတို႔ႏွစ္ဦးလုံး အသင္းႀကီးနဲ႔ ေလ့က်င့္ေရး ဆင္းခဲ့ၿပီး ဗလန္စီယာ နဲ႔ ခ်န္ပီယံလိဂ္ အုပ္စုေနာက္ဆုံးပြဲမွာ ပါဝင္ၾကမွာပါ။
သူတို႕ကို အေမရိကန္ ရာသီႀကိဳခရီးမွာလဲ ေမာ္ရင္ညိဳ က ေခၚေဆာင္ခဲဲ့ဖူးၿပီး ထိုစဥ္က ရီးရဲလ္မက္ဒရစ္ နဲ႔ ေနာက္ဆုံးပြဲအၿပီးမွာ ဂ်ိမ္းစ္ဂါနာရဲ႕ အမည္ကို ထုတ္ေျပာကာ အေတြ႕အၾကဳံေတြကေန အက်ိဳးမ်ားစြာ ရယူနိုင္ခဲ့တယ္လို႔ ဆိုခဲ့ဖူးပါတယ္။ မာေဆးဆိုဒ္သား ကြင္းလယ္ ကစားသမားေလး ဂ်ိမ္းစ္ ဂါနာဟာလဲ အသက္ ၁ရႏွစ္သာ ရွိေသးၿပီး အဂၤလန္ U18 အသင္းေခါင္းေဆာင္ ျဖစ္ပါတယ္။
ေဒးဗစ္ဒီဂီယာနဲ႔ နီမန္ဂ်ာ မာတစ္တို႔ဟာ ဗလန္စီယာ နဲ႔ပြဲမွာ အနားေပးခံရမယ့္ အလားအလာရွိပါတယ္။ ဖူလ္ဟမ္ ကို 4-1 နဲ႔နိုင္ခဲ့တဲ့ ပြဲအၿပီး ေမာ္ရင္ညိဳ က စပိန္မွာကစားရမယ့္ပြဲအတြက္ ကစားသမားေတြကို အလဲအလွယ္ လုပ္မယ္လို႔ေျပာခဲ့ပါတယ္။
“က်ေနာ္တို႔ကစားသမားေတြကို အနားေပးဖို႔လိုပါတယ္။ ဗလန္စီယာ ကိုသြားမယ္. ကစားသမားအခ်ိဳ႕ကို အနားေပးၿပီး တခ်ိဳ႕ကို ကစားေစမွာပါ။ ေပါလ္ဟာ ဗလန္စီယာ နဲ႔ပြဲမွာ ပါဝင္မွာပါ။ အဲ့ဒါက ေကာင္းမြန္တဲ့ ကစားပြဲျဖစ္လာမွာ ျဖစ္ၿပီး သူ ဘယ္ေလာက္ေကာင္းတယ္ဆိုတာ ျပသသြားမွာပါ.” လို႔ ေမာ္ရင္ညိဳက ဆိုပါတယ္။
ဗလန္စီယာ နဲ႔ပြဲအတြက္ အတည္ျပဳလူစာရင္းမွာေတာ့ ဆာဂ်ီယို ရိုမီရို၊ လီးဂရန့္၊ အက္ရွ္ေလယန္း၊ အန္တိုနီယို ဗလန္စီယာ၊ အဲရစ္ဘိုင္လီ၊ ဖီးလ္ဂ်ဳံးစ္၊ မားကို႔စ္ရိုဂ်ိဳ၊ ဖရက္၊ ပါရဲရား၊ ဟာရဲရား၊ စေကာ့မက္တိုမီေနး၊ ဂ်ိမ္းစ္ဂါနာ၊ ေပါလ္ေပါ့ဘာ၊ လင္ဂတ္၊ ဖယ္လိုင္နီ၊ မာတာ၊ လူကာကူ၊ ရက္ရွ္ဖို႔ဒ္ နဲ႔ ေမဆန္ဂရင္းဝုဒ္တို႔ ပါဝင္လာခဲ့ပါတယ္။
အလက္ဆစ္ဆန္းခ်က္၊ ဗစ္တာလင္ဒီေလာ့ဖ္၊ အန္သိုနီ မာရွယ္နဲ႔ လုခ္ေရွာတို႔ဟာ ဒဏ္ရာျပသနာေတြေၾကာင့္ ဖူလ္ဟမ္နဲ႔ပြဲကို လြဲေခ်ာ္ခဲ့ၿပီး စပိန္ကိုလဲမလိုက္နိုင္ခဲ့ပါဘူး။ စေမာလင္း၊ ဒါမီးယန္း နဲ႔ ဒီယိုဂို ဒယ္ေလာ့တို႔ဟာလဲ ေလ့က်င့္ေရးမွာ မပါခဲ့ဘဲ ခရီးကိုလဲ လိုက္ပါခဲ့ျခင္းမရွိပါဘူး။
ေနာက္တနဂၤေႏြေန႔မွာေတာ့ ယူနိုက္တက္ ဟာ အန္ဖီးလ္မွာ လီဗာပူး ကို ရင္ဆိုင္ရမွာျဖစ္ၿပီး ဒီဇင္ဘာ 22 မွာ ကာဒစ္ဖ္ကို သြားရမွာပါ။ ေဘာက္ဆင္ေဒးမွာ ဟက္ဒါဖီးလ္ကို သြားေရာက္ ကစားရမွာျဖစ္ၿပီး ဒီဇင္ဘာ ၃ဝ မွာေတာ့ ဘုန္းေမာက္ကို လက္ခံကစားကာ 2018ကို ကုန္ဆုံးမွာျဖစ္ပါတယ္။
Sports Home Time
[Unicode] ယူနိုက်တက်မှ ဆယ်ကျော်သက် လူငယ်ကစားသမား နှစ်ယောက် ဖြစ်တဲ့ မေဆန်ဂရင်းဝုဒ် နဲ့ ဂျိမ်းစ်ဂါနာတို့ဟာ ယနေ့ညမှာ ကစားမယ့် ဗလန်စီယာအသင်းနဲ့ ချန်ပီယံလိဂ် အုပ်စု H နောက်ဆုံးပွဲစဉ်မှာ ပါဝင်ကြမှာဖြစ်ပါတယ်။ နှစ်ယောက်လုံးက ၁၇ နှစ်အရွယ် ကွင်းလယ်ကစားသမားလေးတွေ ဖြစ်ပါတယ်။
မေဆန်ဂရင်းဝုဒ် ဟာ လွန်ခဲ့တဲ့ နှစ်လကမှ ပရော်ဖက်ရှင်နယ် စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး ယူ18 အသင်းအတွက် 15ပွဲမှာ 18ဂိုးထိ သွင်းယူနိုင်ခဲ့ပါတယ်။ ယော့ခ်ရှီးယား ဒေသဖွား ဂရင်းဟာ အောက်တိုဘာ လက ဝုလ်ဗ်အသင်းနဲ့ ကစားခဲ့တဲ့သူ့ရဲ့ U23 ပွဲဦးထွက်မှာလဲ ဂိုးသွင်းခဲ့သူပါ။ ဂရင်းဝုဒ် က ယူအီးအက်ဖ်အေ လူငယ်လိဂ် ငါးပွဲမှာ ငါးဂိုးသွင်းထားတာကြောင့် ချန်ပီယံလိဂ် မှာ ရှုံးထွက်အဆင့်တက်ရောက်သွားပြီဖြစ်တဲ့ ယူနိုက်တက် စီနီယာအသင်းရဲ့ အုပ်စုနောက်ဆုံးပွဲမှာ ဂရင်းနဲ့ ဂါနာတို့ကို ပါဝင်ကစားစေဖို့ ဟိုဆေးမော်ရင်ညို က ဆုံးဖြတ်ထားပါတယ်။ အဂါင်္နေ့ မှာ သူတို့နှစ်ဦးလုံး အသင်းကြီးနဲ့ လေ့ကျင့်ရေး ဆင်းခဲ့ပြီး ဗလန်စီယာ နဲ့ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲမှာ ပါဝင်ကြမှာပါ။
သူတို့ကို အမေရိကန် ရာသီကြိုခရီးမှာလဲ မော်ရင်ညို က ခေါ်ဆောင်ခဲဲ့ဖူးပြီး ထိုစဉ်က ရီးရဲလ်မက်ဒရစ် နဲ့ နောက်ဆုံးပွဲအပြီးမှာ ဂျိမ်းစ်ဂါနာရဲ့ အမည်ကို ထုတ်ပြောကာ အတွေ့အကြုံတွေကနေ အကျိုးများစွာ ရယူနိုင်ခဲ့တယ်လို့ ဆိုခဲ့ဖူးပါတယ်။ မာဆေးဆိုဒ်သား ကွင်းလယ် ကစားသမားလေး ဂျိမ်းစ် ဂါနာဟာလဲ အသက် ၁ရနှစ်သာ ရှိသေးပြီး အင်္ဂလန် U18 အသင်းခေါင်းဆောင် ဖြစ်ပါတယ်။
ဒေးဗစ်ဒီဂီယာနဲ့ နီမန်ဂျာ မာတစ်တို့ဟာ ဗလန်စီယာ နဲ့ပွဲမှာ အနားပေးခံရမယ့် အလားအလာရှိပါတယ်။ ဖူလ်ဟမ် ကို 4-1 နဲ့နိုင်ခဲ့တဲ့ ပွဲအပြီး မော်ရင်ညို က စပိန်မှာကစားရမယ့်ပွဲအတွက် ကစားသမားတွေကို အလဲအလှယ် လုပ်မယ်လို့ပြောခဲ့ပါတယ်။
“ကျနော်တို့ကစားသမားတွေကို အနားပေးဖို့လိုပါတယ်။ ဗလန်စီယာ ကိုသွားမယ်. ကစားသမားအချို့ကို အနားပေးပြီး တချို့ကို ကစားစေမှာပါ။ ပေါလ်ဟာ ဗလန်စီယာ နဲ့ပွဲမှာ ပါဝင်မှာပါ။ အဲ့ဒါက ကောင်းမွန်တဲ့ ကစားပွဲဖြစ်လာမှာ ဖြစ်ပြီး သူ ဘယ်လောက်ကောင်းတယ်ဆိုတာ ပြသသွားမှာပါ.” လို့ မော်ရင်ညိုက ဆိုပါတယ်။
ဗလန်စီယာ နဲ့ပွဲအတွက် အတည်ပြုလူစာရင်းမှာတော့ ဆာဂျီယို ရိုမီရို၊ လီးဂရန့်၊ အက်ရှ်လေယန်း၊ အန်တိုနီယို ဗလန်စီယာ၊ အဲရစ်ဘိုင်လီ၊ ဖီးလ်ဂျုံးစ်၊ မားကို့စ်ရိုဂျို၊ ဖရက်၊ ပါရဲရား၊ ဟာရဲရား၊ စကော့မက်တိုမီနေး၊ ဂျိမ်းစ်ဂါနာ၊ ပေါလ်ပေါ့ဘာ၊ လင်ဂတ်၊ ဖယ်လိုင်နီ၊ မာတာ၊ လူကာကူ၊ ရက်ရှ်ဖို့ဒ် နဲ့ မေဆန်ဂရင်းဝုဒ်တို့ ပါဝင်လာခဲ့ပါတယ်။
အလက်ဆစ်ဆန်းချက်၊ ဗစ်တာလင်ဒီလော့ဖ်၊ အန်သိုနီ မာရှယ်နဲ့ လုခ်ရှောတို့ဟာ ဒဏ်ရာပြသနာတွေကြောင့် ဖူလ်ဟမ်နဲ့ပွဲကို လွဲချော်ခဲ့ပြီး စပိန်ကိုလဲမလိုက်နိုင်ခဲ့ပါဘူး။ စမောလင်း၊ ဒါမီးယန်း နဲ့ ဒီယိုဂို ဒယ်လော့တို့ဟာလဲ လေ့ကျင့်ရေးမှာ မပါခဲ့ဘဲ ခရီးကိုလဲ လိုက်ပါခဲ့ခြင်းမရှိပါဘူး။
နောက်တနင်္ဂနွေနေ့မှာတော့ ယူနိုက်တက် ဟာ အန်ဖီးလ်မှာ လီဗာပူး ကို ရင်ဆိုင်ရမှာဖြစ်ပြီး ဒီဇင်ဘာ 22 မှာ ကာဒစ်ဖ်ကို သွားရမှာပါ။ ဘောက်ဆင်ဒေးမှာ ဟက်ဒါဖီးလ်ကို သွားရောက် ကစားရမှာဖြစ်ပြီး ဒီဇင်ဘာ ၃ဝ မှာတော့ ဘုန်းမောက်ကို လက်ခံကစားကာ 2018ကို ကုန်ဆုံးမှာဖြစ်ပါတယ်။
Sports Home Time